ဒါကို တရုတ် အခြေခံ အဆောက်အုံလို့ ပြောင်းလိုက်
Vol. 53 Ch. 791
ဟီဒီခီယိုကိုနှင့် သူ့သား(၂)ယောက်သည် ငွေအရေးတကြီး လိုအပ်နေပေသည်။ ဘဏ်များနှင့် အာမခံ ကုမ္ပဏီများသည် ၎င်းတို့ အကြွေးများ ဆပ်ရန်၊ ပိုင်ဆိုင်မှုများ ရောင်းချရန် အတင်းအကျပ် ဖိအားပေးနေပြပေသည်။ ငွေမရှိပါက ဟီဒီခီ ယိုကိုသည် အတိုးများပင် မဆပ်နိုင်တော့ဘဲ ဘဏ်များသည် ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံး သိမ်းယူသွားနိုင်ပေသည်။
ကူနီဟီကို ယိုကီနှင့် သူ့ညီဖြစ်သူတို့သည် ခီခ်ကို နာကာဟာရာကို ရင်ဆိုင်ရင် သက်သေများ ရှာဖွေနေပေသည်။ အင်ပါယာစတိတ် အဆောက်အဦးကို ပြန်လည် ထိန်းချုပ်ချင်ကြသည်။ ထိုအဆောက်အဦးကို သူတို့ ဖခင် ဝယ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာ၌ လတ်တလော သူတို့နှင့် မသက်ဆိုင်ချေ။
ကူနီဟီကို ယိုကိုတို့ ညီအစ်ကို(၂)ယောက်သည် ခီခ်ကို နာကာဟာရာ နှင့်နယူးယောက် အိမ်ခြံမြေ သူဌေးကြီး ဒေါ်နယ် ထရမ့်တို့နှင့် ရင်ဆိုင်ကြရတော့သည်။
အမေရိကန် အိမ်ခြံမြေဈေးကွက် ပြိုကျပြီးနောက် ထရမ့်၏ ပိုင်ဆိုင်မှု (၃)ပုံ (၂)ပုံ ကျဆင်းသွားသည်။ သို့ရာတွင် ကုမ္ပဏီအား ဆက်လက် လည်ပတ်နိုင်ရန် ချေငွေများ ဆက်တိုက် ရခဲ့ပေသည်။ သူ၏ ချေးငွေများအတွက် နှစ်စဉ် အတိုးမှာ ကန်ဒေါ်လာ သန်း(၂၀၀)ကျော်ပေသည်။
ထိုအချိန်၌ ထရမ့်သည် ထိုဘဏ်များကို ခြိမ်းခြောက်တော့သည်။ မိမိ ဒေဝါလီခံအောင် လုပ်ပါက ၎င်းတို့ ဘာမှ ပြန်ရတော့မည် မဟုတ်ချေ။ ဘဏ်များမှာ ထပ်မံ ထုတ်ပေးရန်မှ လွဲ၍ ရွေးစရာ မရှိတော့သဖြင့် အတိုးများ ဆိုးငံ့ထားရတော့သည်။
ထရမ့်သည် ထိုအကြပ်အတည်းမှ မည်သို့ ပြန်လည်ကောင်းမွန်လာသနည်း။ အကြောင်းအရင်းတစ်ခုမျာ သူသည် စာအုပ်များ ထုတ်ဝေခဲ့ပြီး အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့လာခဲ့သည်။ နောက်တစ်ချက်မှာ အင်ပါယာစတိတ် အဆောက်အုံ၏ စီမံခန့်ခွဲမှု အခွင့်အရေး ဖြစ်သည်။ ခီခ်ကို နာကာဟာရာနှင့် သူ၏ စာချုပ်တွင် အထင်ရှားဆုံးမှာ နှစ်ရှည်ငှားရမ်းသူ (၂)ယောက်ကို ဖယ်ရှားနိုင်ပါက အဆောက်အုံ၏ စီမံခန့်ခွဲမှု အခွင့်အရေး အပြည့်အဝ ရရှိမည် ဆိုခြင်းပင်။ အဆောက်အဦး၏ (၅၀)ရာခိုင်နှုန်း တန်ဖိုးတိုးလာ ပေလိမ့်မည်။
အင်ပါယာစတိတ် အဆောက်အအုံသည် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများရှိပြီး အဆောက်အုံကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ပေသည်။ အိမ်ငှားအများစုသည် စီမံခန့်ခွဲမှုအပေါ် မကျေမနပ် ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင် ကမ္ဘာ့ကုန်သွယ်ရေး စင်တာရှိ အခန်းငှား အများစုသည် ယခင်က အင်ပါယာစတိတ် အဆောက်အုံမှ ဖြစ်ပေသည်။ သို့အတွက် အင်ပါယာစတိတ် အဆောက်အဦး၏ အဆောက်အဦးတန်ဖိုး ကျဆင်းသွားသည်။
ဟီဒီခီ ယိုကိုနှင့် သူ့သားများသည် ယခုအချိန် ငွေအလွန် လိုအပ်နေပေသည်။ သို့အတွက် ကီရီလန်ကို၏ လူများမှာ ဟီဒီခီယိုကို၏ သား ကူနီဟီကို ယိုကိုကို ရှာရန် ဦးတည်သွားကြသည်။
အင်ပါယာစတိတ် အဆောက်အဦးဝယ်ရန် လူတစ်ယောက် စုံးစမ်းကြောင်း ကြားလိုက်ရသည့်အခါ ကူနီဟီကို ယိုကို အလွန်ဝမ်းသာသွားသည်။ သို့ရာတွင် ပထမဦးစွာ အဆောက်အုံကို ပြန်လည် ထိန်းချုပ်ရန် လိုအပ်သဖြင့် ဒုက္ခရောက်နေကာ ရောင်း၍ မရသေးချေ။
*******
“ဖုန်း.. အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ဖို့ ငါတို့အတွက် ခက်တယ်ကွ.. အဲ့အဆောက်အုံရဲ့ စီမံခန့်ခွဲရေး အခွင့်အာဏာက တော်တော် ဇယားရှုတ်နေတယ်.. အဲ့အဆောက်အဦးကို ဟီဒီခီ ယိုကို ဝယ်ထားပေမယ့် အခု ထရမ့်နဲ့ ပြင်သစ်အာမခံ ကုမ္ပဏီက ပိုင်ဆိုင်ခွင့် ရထားတယ်.. ဂျပန်တွေ အဆောက်အဦးနဲ့ ပတ်သက်ပြီး ဘာမှ လုပ်လို့မရဘူး..”
ကီရီလန်ကို ခေါင်းကိုက်နေပေသည်။ အင်ပါယာစတိတ် အဆောက်အုံကို ဝယ်ရန် မည်သည့်အတွက် ခက်နေရသနည်း။
ဖုန်းယွီမှာ ကီရီလန်ကို ဤမျှအလေးအနက်ထားမည် ထင်မထားမိချေ။ ကီရီလန်ကိုအား ကမ္ဘာ့ ကုန်သွယ်ရေး စင်တာမှ ပြောင်းစေလိုခြင်းသာ ဖြစ်သည်။ အင်ပါယာစတိတ် အဆောက်အုံကို ဝယ်ယူရန် အကြံပေးမှုမှာ ကြုံသလို ပြောလိုက်ခြင်း ဖြစ်သည်။
“ညီနောင်ကီ.. မင်း အင်ပါယာစတိတ် အဆောက်အဦးကို ရောက်ဖူးလား.. ဟောင်းပြီး ပဲ့ယွဲ့ကျနေတယ်တဲ့.. တစ်ချို့ ဝိုင်ယာကြိုးတွေဆို တွဲလောင်းကြီးတွေ ဖြစ်နေတဲ့အပြင် ပြတင်းပေါက်တွေလဲ သေချာ ပိတ်မရတော့ဘူး.. မိုးကြိုးပစ်တဲ့အချိန် အဆောက်အဦးက ယိုစိမ့်မှုဖြစ်ပြီး လျှပ်ကူးတယ်.. အဲ့ အဆောက်အုံကို ဝယ်ရင် ပြုပြင်မွမ်းမံမှုတွေ တော်တော် လုပ်ရလိမ့်မယ်နော်..”
ဖုန်းယွီ သတိပေးသလို ပြောလိုက်သည်။
“ဒါဆို ဘယ်လိုကြီးလဲ.. အဲ့ဒါ အမေရိကန်ရဲ့ အထင်ကရ အဆောက်အဦးလေ.. ငါပိုင်ချင်တယ်.. ငါလူတွေ အကဲဖြတ်ထားတာတော့ အဆောက်အဦးကို သေချာပြန်ပြင်လိုက်ရင် ငှားရမ်းခတွေ တိုးလာမယ်တဲ့.. ငါနစ်နာစရာ မှမရှိတာ..”
ကီရီလန်ကို ခေါင်းမာမာနဲ့ ပြန်ဖြေလာသည်။
အမေရိကန်များသည် ရုရှားမှ ငွေအများအပြား ရှာနိုင်ကြသည်။ ၎င်းတို့သည် ရုရှား စက်ရုံများနှင့် အမှတ်တံဆိပ်များစွာ ရယူသွားကြသည်။ ကီရီလန်ကိုသည် ကလဲ့စားချေလိုပြီး ရုရှားတွင်လည်း သူဌေးကြီးများ ရှိကြောင်း တစ်ကမ္ဘာလုံးကို သိစေလိုသည်။ မည်သို့ပင်ဖြစ်စေ ယခုရင်းနှင်းမြုပ်နှံမှုမှ အရှုံးမပေါ်စေရေးအတွက်မူ သေချာစေရန် ဆောင်ရွက်ရပေမည်။
ဖုန်းယွီ ခေတ္တစဉ်းစားကာ..
“ဖြေရှင်းဖို့က တစ်ခုပဲရှိတယ်.. ငါတို့တွေ အဆောက်အုံ ရောင်းဖို့ သဘောတူခါင့် ရမှဖြစ်မယ်.. ဟီဒီကီ ယိုတို ဆိုတာ အဆောက်အဦးရဲ့ ပိုင်ရှင်ဖြစ်ကြောင်း အရင်းဆုံး. သက်သေပြနိုင်မှ ဖြစ်မယ်..”
ဟီဒီကီ ယိုကိုသည် အကြွေးတင်နေပေသည်။ ဖုန်းယွီနှင့် ကီရီလန်ကိုတို့သည် အဆောက်အဦးအတွက် ကမ်းလှမ်းမှု ကောင်းကောင်း လုပ်နိုင်ပါက သေချာပေါက် ရောင်းချပေလိမ့်မည်။ အခြားရွေးစရာ မရှိတော့ချေ။ သူငြင်းဆန် လျှင်ပင် ဘဏ်များနှင့် အာမခံကုမ္ပဏီများမှ ရောင်းခိုင်းပေလိမ့်မည်။
ဂျပန်နိုင်ငံရှိ ဟီဒီခီ ယိုကို၏ ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဘဏ်များမှ သိမ်းယူခဲ့ပြီး ဘဏ်များတွင် ငွေအမြောက်အများ အကြွေးကျန်နေသေးသည်။ ထိုဘဏ်များသည် ဟီဒီခီ ယိုကို၏ ပြည်ပပိုင်ဆိုင်မှုများကို အနီးကပ် စောင့်ကြည့်နေကြပေသည်။
ဖုန်းယွီသည် အင်ပါယာစတိတ် အဆောက်အဦး၏ ပိုင်ဆိုင်မှုကို ဘဏ်များ ပြန်လည်သိမ်းယူခြင်းမှ တားဆီးရန် လွှဲပြောင်းထားခြင်း ဖြစ်ကြောင်း သံသယ ရှိနေပေသည်။ ဟီဒီခီ ယိုကိုသည် ထိုအဆောက်အဦးကို သူ့သားများအား လွှဲပြောင်းပေးရန် စဉ်းစားသင့်ပေသည်။ သို့ရာတွင် ကူနီဟီကို ယိုကို ဝင်ရောက်စွက်ဖက်၍ ပိုင်ဆိုင်မှုများကို လက်ဆင့်ကမ်းနည်းဖြင့် လွှဲပြောင်းရယူသွားပေသည်။
ဟီဒီခီ ယိုကို ထောင်မှ လွတ်လာပြီးနောက် ဒေဝါလီခံရန် လျှောက်ထားနိုင်ပေသည်။ လွတ်မြောက်ချိန်၌ သူ့အသက် (၈၀)ရောက်နေပြီဖြစ်၍ မည်သို့မျှ ထူးခြားမှု ရှိတော့မည် မဟုတ်ချေ။ ဂျပန်လူမျိုးများသည် ခိုင်မာသည့် မိသားစု တန်ဖိုးရှိကြပေသည်။ ဂျပန်သူဌေးကြိးများအားလုံးသည် ၎င်းတို့ကလေးများအတွက် အမွေချန်ချင်ကြပေသည်။
ဟီဒီခီ ယိုကို၏ လုပ်ငန်း မအောင်မြင်သည့်တိုင် သားသမီးများအတွက် အမွေချန်ထားချင်သေးသည်။ ဤသည်ကလည်း တစ်ကျော့ပြန် ခေါင်းထောင်နိုင်ရေးအတွက် ဖြစ်သည်။ ထို့အပြင် ခီခ်ကို နာကာဟာရာသည် သူ့မိန်းမ တစ်ယောက်၏ သမီးဖြစ်သည်။
သို့အတွက် ဟီဒီခီ ယိုကိုသည် နောင်တွင် ပြန်လည် ဦးမော့ပြီးနောက် ပိုင်ဆိုင်မှုကို ပြန်လည် ရယူမည် ဖြစ်ပေသည်။ ဤသည်က သူ့အတွက် အကောင်းဆုံး သဘောတူညီချက် ဖြစ်ပေလိမ့်မည်။ အဆောက်အဦးကို တစ်ယောက်ယောက် အား စီမံခန့်ခွဲခွင့်ပေးကာ ငှားရမ်းခ မရရှိပါက အကျိုးရှိမည် မဟုတ်ချေ။
ခီခ်ကို နာကာဟာရာသည် သူ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် ကြိုးစားနေခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သည့် အတွက်ကြောင့်ဖြစ်စေ ဟီဒီခီ ယိုကိုသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။
“ဟီဒီခီ ယိုကို က ထောင်ထဲ ရောက်နေတုန်းပဲ.. ငါ့လူတွေ ကူနီဟီကို ယိုကိုနဲ့ အဆက်အသွယ်ရတယ်.. သူက အဲ့လူရဲ့ ပိုင်ဆိုင်မှုတွေရဲ့ တရားဝင် ဆက်ခံသူလေ.”
ကီရီလန်ကို ပြန်ပြောလိုက်သည်။
ကီရီလန်ကိုသည် ဟီဒီခီ ယိုကိုနှင့်လည်း စကေားပြောဆိုနိုင်စေရန် ဆန္ဒရှိနေပေသည်။
“ကျုပ်တို့ ဟီဒီခီ ယိုကိုနဲ့ပဲ စကားပြောနိုင်ပြီး သူ့မိသားစုအတွက် အမွေတစ်ခုချန်ထားချင်လား ဆိုတာ ကြည့်ရမှာပဲ.. အားလုံး သူ့အပေါ်မှာပဲ မူတည်တယ်.. သူသာ ဉာဏ်ကောင်းရင် ဘာလုပ်ရမယ်ဆိုတာ သိလောက်မှာပါ.. ညီနောင်ကီ ငါ့တာဝန်ထားလိုက်.. သူ့နဲ့စကားပြောဖို့ တစ်ယောက်လွှတ်လိုက်မယ်.. ဒီအဆောက်အုံ ဝယ်ကြတာပေါ့..”
အမေရိကန်ရှိ ကျန်းလီပေါင် ဌာနခွဲရုံးသည် ယခင်က အင်ပါယာစတိတ် အဆောက်အုံရှိ မြေညီထပ် ရုံးခန်းကို ဝယ်ယူခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ငှားရမ်းမှုအဖြစ် ပြောင်းသွားပေသည်။ ပြီးခဲ့သည့် (၂)နှစ်ခန့်က ကျင်းလီပေါင်သည် ကော်လံ(၅)ခု အတက်အဆင်းပါ အထပ် (၂၆)ကို ဝယ်ယူခဲ့သည်။
ကျန်းလီပေါင်သည် အမေရိကန်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ လွန်ခဲ့သည့် (၂)နှစ် သမ္မတရွေးကောက်ပွဲများအတွင်း ၎င်းတို့သည် ကိုယ်စားလှယ်လောင်းများ၏ ဇနီးများအား ၎င်းတို့၏ ဖျော်ယမကာများ ထောက်ပံ့ပေးခဲ့ပြီး ပေါ်လွင်စေခဲ့သည်။
ဤနှစ်ပိုင်းသည် အမေရိကန်၌ ကျင်းလီပေါင်အတွက် အကောင်းဆုံး နှစ်များ ဖြစ်ပေသည်။ ဈေးကွက်ဝေစု ရယူရန် ကိုကာကိုလာနှင့် ပက်ပ်စီ အကြား စစ်ပွဲ၌ အခွင့်ကောင်းယူခဲ့ကြပေသည်။ သို့ရာတွင် နောက်ပိုင်း နှစ်များ၌ တရုတ် နိုင်ငံတါင် အခက်အခဲများကြောင့် အမေရိကန်ဈေးကွက်မှ ထွက်ခဲ့ရသည်။
ဖုန်းယွီသည် အင်ပါယာစတိတ် အဆောက်အုံတွင် ငှားရမ်းနေထိုင်သူအားလုံးကို သူတို့ဝယ်ယူပြီးသည်နှင့် ဖယ်ရှားရန် ဆုံးဖြတ်ထားသည်။ ငှားရမ်းသူ အသစ်များကို ရွေးချယ်မည် ဖြစ်ပြီး ထိုအဆောက်အုံကို တရုတ်ကုမ္ပဏီ များ၏ စုဝေးရာအဖြစ် ပြောင်းလဲပြစ်မည် ဖြစ်သည်။ ကျင်းလီပေါင်ကို ထိုအဆောက်အဦးသို့ ပြန်လာခိုင်းရပေမည်။ သူသည် ကျင်းလီပေါင်နှင့် စီးပွားရေး သဘောတူညီမှု အချို့ပင် ပြုလုပ်နိုင်ပေလိမ့်မည်။ သူသည် အမေရိကန်၌ ဌာနခွဲရုံးများ ဖွင့်လှစ်ရန်အတွက် လေအားလျှပ်စစ် ပစ္စည်းများ၊ လေနှင့်မိုး အိမ်သုံးပစ္စည်းများ စသည်တို့ကိုလည်း ခွင့်ပြုပေးမည် ဖြစ်သည်။ အင်ပါယာစတိတ် အဆောက်အဦးကို တရုတ် အခြေခံ အဆောက်အဦး အဖြစ်ပင် အမည်ပြောင်းပစ်ချင်ပေသည်။
--------**$$^$$**--------