အင်ပါယာစတိတ် အဆောက်အုံ
Vol. 53 Ch. 790
နောက်တစ်ပတ်တွင် ဖုန်းယွီသည် ဆော့ဖ်ဝဲအား အကြိမ်းများစွာ စမ်းသပ်ခဲ့ပြီး ဒီပလော်ပါများသည် ဖုန်းယွီ၏ ရလဒ်နှင့် ကိုက်ညီစေရန် အသေးစား မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
နောက်ဆုံး အဖြေများမှာ ဤဆော့ဖ်ဝဲ ကောင်းမွန်ကြောင်း ပြသခဲ့သည်။ သို့ရာတွင် ဆော့ဖ်ဝဲကို အတွေ့အကြုံရှိသည့် စတော့ပွဲစား တစ်ယောက် မပါဝင်ပါက ကွာခြားချက် ကြီးမားပေလိမ့်မည်။ ထိုသင်္ချာပညာရှင် များနှင့် ဆော့ဖ်ဝဲ အင်ဂျင်နီယာများသည် ကုမ္ပဏီများ၏ ရှယ်ယာများကို ထိခိုက်စေနိုင်သည့် သတင်းကောင်းနှင့် သတင်းဆိုးများအကြား ခြားနားချက်ကို မည်သို့ အဖြေထုတ်ရမှန်း မသိနိုင်ချေ။
ဖုန်းယွီသည်လည်း စတော့ပွဲစား အနည်းငယ် ငှားရမ်းချင်ပေသည်။ သို့ရာတွင် ၎င်းတို့ကို ဦးစွာလူတွေ့စစ်ဆေးရန် လိုအပ်ပေသည်။ သူ၏ ရင်းနှီးမြုပ်နှံမှု အာရုံစူးစိုက်မျုသည် လာမည့်နှစ်အတွင်း NYSE တွင်သာ ရှိမည် ဖြစ်ပြီး ဈေးကွက် စောင့်ကြည့်နေရန် အချိန်မရှိချေ။ သင့်တော်သူ ရှာမတွေ့ပါက လေနှင့်မိုး အတိုင်ပင်ခံမှ လူများနှင့်သာ လွှဲပေးရပေမည်။
ကီရီလန်ကိုသည် ဖုန်းယွီ၏ အကြံပေးချက်များကို နားထောင်ကာ စတော့ပွဲစား အနည်းငယ် ထပ်မံငှားရမ်းရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် သူငှားသည့် လူများသည် နာမည်ရှိပြီးသူများကိုသာ အခြေခံထားပေသည်။
ကီရီလန်ကိုသည် အမေရိကန်များအား.. ‘ကြည့်ကြည့်.. မင်း ငွေရှာဖို့အတွက် ရုရှားတစ်ယောက်ဆီ လာနေရပြီ..’ ဟု ပြောချင်သဖြင့် အမေရိကန်တွင် ရင်းနှီးမြုပ်နှံရန် လာခဲ့ခြင်းဖြစ်သည်။ သူသည် မိမိကိုယ်ကို နှိမ်ချထားမည် မဟုတ်ဘဲ သူ့အကြောင်း လူအားလုံး သိစေချင်ပေသည်။
ကီရီလန်ကို၏ ရုံးခန်းသည် အထင်ရှားဆုံးနေရာတွင် တည်ရှိရမည်ဖြစ်ပြီး တစ်ထပ်လုံး ငှားရမ်းရမည် ဖြစ်သည်။ ဤမျှ ကြီးမားသည့် နေရာ မလိုအပ်သော်လည်း ထိုသို့ သာ လုပ်ချင်ကြောင်း အခိုင်အမာ ပြောနေပေသည်။
ကီရီလန်ကိုသည် တရုတ်နိုင်ငံရှိ ဖုန်းယွီ၏ ကုမ္ပဏီများသို့ ရောက်ဖူးပေသည်။ သူသည် ဖုန်းယွီ၏ ပေါ့ပေါ့ပါးပါးနှင့် ပွင့်လင်းသော အပြင်အဆင်များကို ကြိုက်ပေသည်။ သို့ရာတွင် ကမ္ဘာ့ ကုန်သွယ်ရေး စင်တာတွင် ထိုသို့ မွမ်းမံပြင်ဆင်ခွင့် မရှိချေ။ သို့အတွက် အင်ပါယာ စတိတ်အဆောက်အုံကို ဝယ်ရန် မျှော်လင့်နေသည်။
အင်ပါယာစတိတ် အဆောက်အုံသည် ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် (၇)ခုထဲမှ တစ်ခုဖြစ်သည်။ ဤနေရာသည် တစ်ချိန်က အမေရိန်ကန်၏ ဂုဏ်ဆောင်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် အထင်ကရ နေရာတစ်ခု ဖြစ်ပြီး ကမ္ဘာ ပေါ်တွင် နှစ်ပေါင်း (၄၀)ကျော်အတွင်း အမြင့်ဆုံး အဆောက်အုံးလည်း ဖြစ်ခဲ့ပေသည်။
အင်ပါယာစတိတ် အဆောက်အုံ အမည်မှာ နယူးယောက် အင်ပါယာ စတိတ် အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
အဆောက်အဦး၏ ကနဦးဒီဇိုင်းမှာ ထိုလောက် မမြင့်ချေ။ သို့ရာတွင် ပိုင်ရှင် ဂျွန်ဂျေရက်ကော့ဖ် သည် ထိုစဉ်က မကျေနပ်ချေ။ သူသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို ဆောက်လုပ်ချင်ကာ မည်သည့် အဆောက်အဦးမှ သူ့အဆောက်အဦးထက် မမြင့်စေလိုချေ။ ဒီဇိုင်းများသည် အကြိမ်ကြိမ် ပြောင်းလဲကာ နောက်ဆုံးတွင် (၃၈၁)မီတာ မြင့်သည့် အဆောက်အဦး ဖြစ်လာတော့သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ (၁၉၅၁)ခုနှစ်တွင် ဗိသုကာ ပညာရှင်သည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးအဖြစ် ထိုနေရာလုံခြုံမှု ရှိစေရေးအတွက် အဆောက်အဦးထိပ်တွင် (၆၈)မီတာ ရေဒီယို အင်တနာတိုင်တစ်ခု တပ်ဆင် ထားခဲ့သည်။
ထိုအဆောက်အဦးကို (၁၉၃၀)အစောပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၃၁)ခုနှစ် မေလတွင် ပြီးစီးခဲ့သည်။ ဤသည်မှာ အလွန်စိတ်ပျက်စရာလည်း ဖြစ်ပေသည်။ အဆောက်အဦး ပြီးစီးပြီး (၁၀)နှစ်ကြာသည်အထိ ရုံးခန်း အများစု လွတ်နေသေးသည်။ အချို့သော မီဒီယာများက ထိုအဆောက်အဦးကို ဗလာစတိတ် အဆောက်အဦးဟုပင် အမည်ပြောင် ပေးခဲ့ကြသေးသည်။
ဝါကြွားမှုနှင့် ပတ်သက်၍ပါက အမေရိကန်များသည် တရုတ်များလောက် အသုံးမကျကြောင်း ထိုအဆောက်အဦးက သက်သေပြသွားပေသည်။
တရုတ်အစိုးရ တာဝန်ရှိသူများသည် ထိုအဆောက်အဦးအကြောင်း သိရသည့်အခါ ပိုမို မြင့်မားသည့် အဆောက်အဦးများ ပိုင်ဆိုင်နိုင်ရေးအတွက် ယှဉ်ပြိုင်လိုကြပေသည်။ တရုတ်နံနိုင်ရှိ ‘မဟာတည်ဆောက်ခြင်း’မှာ နမူနာကောင်း တစ်ခု ဖြစ်ပေသည်။ အစိုးရသည် တရုတ်နိုင်ငံတွင် အမြင့်ဆုံး အဆောက်အုံအဖြစ် တည်ဆောက် ပေးရန် ပြောခဲ့သည်။ ဗိသုကာ ပညာရှင်များသည် အစိုးရအရာရှိများ ကြိုက်နှစ်သက်စေရန် အဆောက်အဦး ဒီဇိုင်းများ အကြိမ်ကြိမ် ပြောင်းခဲ့ရသည်။ သို့တိုင်အောင် အဆောက်အဦးမှာ အပြီးမသတ်နိုင်သေးချေ။
အလွန်မြင့်မားသည့် မိုးမျှော်တိုက် တစ်လုံး တည်ဆောက်ရန် ရန်ပုံငွေ အများအပြား လိုအပ်ပေသည်။ ဒေသခံ အစိုးရသည် ရှီတာ့ကျူ ချေးငွေရရှိရေး ကူညီရန် ကတိပေးခဲ့သည်။ သို့ရာတါင် ရှီတာ့ကျူးသည် ငွေသား စီးဆင်းမှု ပြဿနာများနှင့် ကြုံတွေ့ခဲ့ရပြီး ဒေသဆိုင်ရာ အစိုးရမှ သူ့ကို ချေးငွေထုတ်မပေးတော့ချေ။ ဒေသဆိုင်ရာ အာဏာပိုင်များမှ ကတိများသာ ပေးခဲ့ခြင်းဖြစ်သည်။
အင်ပါယာစတိတ် အဆောက်အုံသည် အခွန်များကြောင့် ပထမဆယ်စုနှစ်အတွင်း ပိုင်မှာမှာ ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့သည်။ ပိုင်ရှင်သည် အဆောက်အုံ တန်ဖိုး လျော့ချလိုက်ရတော့သည်။ ဆောက်လုပ်ရေး ကုန်ကျစရိတ်ကို ကန်ဒေါ်လာ သန်း(၄၀)မှ (၂၈)သန်းထိ လျော့ချခဲ့သည်။ ထို့အပြင် အဆောက်အဦး ပြုပြင်ထိန်းသိမ်းမှုမှာလည်း သိသိသာသာ များပြားခဲ့သည်။
(၁၉၈၀)ပြည့်လွန် နှစ်နောင်းပိုင်းတါင် အမေရိကန် အိမ်ခြံမြေဈေးကွက် ပျက်သွားကာ ဆုံးရှုံးမျုများ ခံသာစေရန် အမေရိကန်အား ဂျပန်မှ ကူညီခဲ့သည်။
အင်ပါယာစတိတ် အဆောက်အုံ ပိုင်ရှင်များကလည်း ၎င်းကို ရောင်းချရန် ဆုံးဖြတ်ထားသည့် အချိန်လည်း ဖြစ်ပေသည်။ (၁၉၉၁)ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အိမ်ခြံမြေသူဌေး ဟီဒီခီ ယိုကီ သည် ထိုအဆောက်အဦးကို ဝယ်လိုက်သည်။
ဟီဒီခီယိုကီသည် ဂျပန်နိုင်ငံတွင် အခန်းနားဆုံး ဟိုတယ် ပိုင်ဆိုင်ထားပြီး ဥရောပတွင် အိမ်ရာ များစွာ ရှိပေသည်။ အမေရိကန်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး လမ်းပေါင်း (၂၄၀)ရှိသည့် အာရှ၏ အကြီးဆုံး ဘိုလင်းစင်တာ ကိုပင် တည်ဆောက်ခဲ့ပေသည်။
(၈၀)ခုနှစ် အစောပိုင်းတွင် ဟီဒီခီ ယိုကို၏ ဇိမ်ခံ ဟိုတယ် မီးလောင်ခဲ့ပြီး လူ(၃၃)ယောက် သေဆုံးခဲ့ရသည်။ ဟီဒီခီ ယိုကိုသည် သူ၏ ဆုံးရှုံးမှုများ ဖုံးကွယ်ရန် လူအများအပြားကို အကူအညီတောင်းခဲ့ကြောင်း ကောလာဟလများ ရှိခဲ့ပေသည်။ အစစ်အမှန် အရေအတွက်မှာ (၃၃)ဆိုသည်ထက် များစွာ ပိုနိုင်ပေသည်။
ဤသည်မှာ ဟီဒီခီ ယိုကို တရားရုံးများတွင် ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့ရာတွင် သူ့ရှေ့နေကြောင့် မြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည်။ (၁၉၉၃)ခုနှစ်အထိ တရားရုံးတွင် တရားစွဲခံရပြီး ထောင်ဒဏ် (၃)နှစ် ချမှတ်ခံခဲ့ရသည်။ သို့ရာတွင် ဆေးရုံ၌သာ ပြစ်ဒဏ်ကျခံခဲ့သည်။ ထိုအချိန်တွင် သူ့အသက်သည် (၇၉)နှစ် ဖြစ်နေပေပြီ။
(၈၀)ခုနှစ် နှောင်းပိုင်းတွင် ဂျပန်၏ စီးပွားရေးသည် အထွတ်အထိပ်သို့ ရောက်နေပေသည်။ နောက် (၁၀)နှစ်အတွင်း ဂျပန်စီးပွားရေးသည် အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စု၊ ဗြီတိသျှ စသည်တို့ စုစုပေါင်းနှင့်ပင် ညီမျှသည်ဟု ဂျပန်တို့ ယူဆကြသည်။
သို့ရာတွင် ဂျပန်စီးပွားရေးသည် ရုတ်တရက် ပြိုကျသွားသည်။ ဟီဒီခီ ယိုကိုသည် (၁၉၉၃)ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး သူ့ရှေ့နေအတွက် ငွေကြေး မတတ်နိုင်တော့သဖြင့် လူအများ ခံစားခဲ့ရသည်။ ထိုအချိန်တွင် ဂျပန်၏ အိမ်ခြံမြေဈေးကွက် ပြိုလဲသွားကာ အာမခံ ကုမ္ပဏီများနှင့် ဘဏ်များသည် ငွေချေးသည့် ဟီဒီခီ ယိုကို ချေးငွေ ပြန်ဆပ်ရေး စတင်လုပ်ဆောင်ခဲ့ကြသည်။ သူ၏ စုစုပေါင်း ကြွေးမြီမှာ ကန်ဒေါ်လာ (၂)ဘီလီယံ ကျော်ရှိပြီး သူ့ရှယ်ယာများနှင့် ပိုင်ဆိုင်မှု တန်ဖိုးမှာ ကန်ဒေါ်လာ (၁)ဘီလီယံပင် မပြည့်ချေ။
ဟီဒီခီ ယိုကိုသည် အိမ်ခြံမြေများတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် ချမ်းသာလာပေသည်။ သူ့လုပ်ငန်းအတွက် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ငွေချေးရသည်ကို ကြိုက်ပေသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး ကောင်းနေချိန်၊ အိမ်ခြံမြေဈေးများ နေ့စဉ် မြင့်တက်နေချိန် ဖြစ်သည်။ ပြန်မဆပ်နိုင်လျှင်ပင် ဘဏ်များ မစိုးရိမ်ကြချေ။ သို့ရာတွင် ဟီဒီခီ ယိုကိုသည် သူ့ချေးငွေများအား အမှန်တကယ် ပြန်မဆပ်နိုင်သည်ကို သိရသည့်အခါ ဘဏ်များနှင့် အာမခံ ကုမ္ပဏီများအတွက် အလွန်နောက်ကျသွားပေပြီ။
ဟီဒီခီ ယိုကိုသည် အင်ပါယာစတိတ် အဆောက်အအုံကို ကန်ဒေါ်လာ (၄၂)သန်းဖြင့် ဝယ်ယူခဲ့သည်။ ထိုအချိန်တွင် ဂျပန်မီဒီယာများက သူ့ကို မိုးထိအောင် ချီးကျူးခဲ့ကြကာ အမေရိကန်တစ်ခုလုံး ဂျပန်ဝယ်ယူနိုင်ရေး၏ အစဟု ဆိုကြပေသည်။
သို့ရာတွင် ဟီဒီခီ ယိုကိုသည် ခေတ္တသာ မြှောက်စားခံရပြီး ပိုင်ဆိုင်မှု ဖောင်းပွခြင်းနှင့် တော့ဈေးကွက် ပြိုလဲခဲ့ပေသည်။ ထို့နောက် ထောင်ကျသွားသည်။
ယခုအချိန်တွင် ဟီဒီခီ ယိုကိုသည် ဆေးရုံ၌ ပြစ်ဒဏ်ကျခံနေရချိန် ဖြစ်သည်။ သူ့ပိုင်ဆိုင်မှု အားလုံးကို သူ့သမီး ခီခ်ကို နာကာဟာရာထံ လွှဲပြောင်း ထားခဲ့ပေသည်။ သို့ရာတွင် ခီခ်ကို နာကာဟာရာနှင့် သူ့ခင်ပွန်းသည် ဟီဒီခီ ယိုကို၏ ပိုင်ဆိုင်မှုများအတွက် မရိုးရှင်းသော အရောင်းအဝယ်များ ပြုလုပ်ရန် ပြည်ပ ကုမ္ပဏီများကို သုံးခဲ့ကြသည်။ နောက်ဆုံးတွင် အင်ပါယာစတိတ် အဆောက်အုံကို ယုံကြည်စိတ်ချရသည့် ကုမ္ပဏီ တစ်ခုမှ ပိုင်ဆိုင်ခဲ့ပြီး ဟီဒီခီ ယိုကို သေဆုံးပါက ခီခ်ကို နာကာဟာရာသည် အဆောက်အဦးကို သူတစ်ယောက်တည်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။
အင်ပါယာစတိတ် အဆောက်အဦး တစ်ခုတည်းသာ ပိုင်ဆိုင်မှု မဟုတ်ချေ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသည်ဖြင့် ပိုင်ဆိုင်မှု (၁၀)ခုကျော်သည် ခီခ်ကို နာကာဟာရာနှင့် ဟီဒီခီ ယိုကိုတို့၏ ပူးတွဲ ပိုင်ဆိုင်မှုများ ဖြစ်လာပေသည်။ ခီခ်ကို နာကာဟာရာသည် ဟီဒီခီ ယိုကို၏ အခြားသားများအစား ပိုင်ဆိုင်မှုအားလုံးကို တစ်ဦးတည်း အကျိုးခံစားခွင့် ရှိသူ ဖြစ်လာခဲ့သည်။
ဟီဒီခီ ယိုကို၏ အခြားသား (၂)ယောက်မှာ ဒေါသတကြီး ဖြစ်နေကြတော့သည်။ ခီခ်ကို နာကာဟာရာ လုပ်ရပ်များမှာ တရားမဝင်ကြောင်း သက်သေပြရန် အထောက်အထားများ စတင်ရှိဖွေကြတော့သည်။ သို့ရာတွင် ယခုအချိန်၌ ကီရီလန်ကို၏ လူများသည် ဟီဒီခီယိုကို၏ သား ကူနီဟီကို ယိုကိုအား တွေ့ရှိခဲ့ပြီး ပထမဆုံး ပြောသည့် စကားမှာ..
“ငါတို့ သူဌေးက အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ချင်တယ်..”
--------**$$^$$**--------