← Chapters

လူအများ ငှားရမ်းရန် လိုအပ်သေးသည်

Vol. 53 Ch. 789

လူအများ ငှားရမ်းရန် လိုအပ်သေးသည်

Vol. 53 Ch. 789

ဖုန်းယွီ တုန်လှုပ်နေစဉ်မှာပင် ခွဲခြမ်းစိတ်ဖြာမှု အဖြေများကို မုတ်ဆိတ်မွေးအပြည့်ဖြင့် အမျိုးသားတစ်ယောက်သည် သူ့လက်ထဲမှ လုယူသွားပေသည်။

ဖုန်းယွီသည် ပေါက်ကွဲမတတ်ဖြစ်နေစဉ် ကီရီလန်ကို မတ်တပ်ရပ်လိုက်သည်။

“ဖုန်း.. အဲ့ဒါ ငါငှားထားတဲ့ ဝေါစထရိတ်က နာမည်အကြီးဆုံး စတော့ရှယ်ယာပွဲစားပါ.. သူ့နာမည်က လန်နွန်တဲ့.. သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေလဲ ငါ့ဆော့ဖ်ဝဲနဲ့ အတူတူပဲ.. သူက ငါ့ရဲ့ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတွေအားလုံးကို ဒီနေရာမှာ ကိုင်တွယ်ခွင့်ပေးဖို့ စဉ်းစားထားတာ.. သူ့အရည်အချင်း ပြည့်မီရဲ့လားဆိုတာ ကူညီပါအုံးကွ..”

ကီရီလန်ကိုသည် ရုရှားဘာသာဖြင့် ပြောနေသဖြင့် လန်နွန်ကြားသွားလဲ စိတ်ပူစရာ မရှိချေ။ ဖုန်းယွီ ခေါင်းညိတ် လိုက်ပြီး လန်နွန်ကို ကြည့်လိုက်သည်။ လန်နွန်၏ မျက်လုံးများသည် အချက်အလက်များပေါ်တွင်သာ ရှိပြီး သူ့ပတ်ဝန်းကျင် တစ်ခုလုံးနှင့် အဆက်အသွယ်ပြတ်နေပေသည်။

ဖုန်းယွီသည် ထိုလူမှာ ကျွမ်းကျင်သူ ပီသသည်ဟု ခံစားမိပြီး အစောစောက ကိစ္စ ခွင့်လွှတ်လိုက်သည်။

“ဟေ့.. ဒီအဖြေတွေအားလုံး မင်းကိုယ်တိုင် တွက်ချက်တာလား.. မင်း ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ အရင်တုန်းက လေ့လာဖူးလား..”

ဖုန်းယွီကိုကြည့်ရင်း လန်နွန်၏ မျက်လုံးများ နီရဲလာပေသည်။ ဖုန်းယွီ၏ အဖြေစကား ကြားချင်နေပေသည်။

“ကျုပ်ဖာသာကျုပ် ထုတ်ထားတဲ့ အဖြေမဟုတ်ရင် ဒီအဖြေဘယ်ကထွက်လာမှာလဲ..”

“ဒီလောက် အချိန်တိုလေးနဲ့ မင်းဘယ်လိုလုပ်လိုက်တာလဲ.. ဒီလို အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုတွေကို ဒီလိုပဲ အဖွဲ့ငယ်လေးတွေနဲ့ လုပ်လို့ ရနိုင်လို့လား..”

လန်နွန် ထအော်လိုက်မိသည်။

ဖုန်းယွီ သုံးခဲ့သည့် နည်းလမ်းများနှင့် နည်းစနစ်များမှာ နောင်တွင်မှာ ဖြစ်လာမည် ဖြစ်ပြီး ယခုအချိန် မည်သူမှ မလုပ်နိုင်သေးချေ။ ဤသည်အားလုံးမှာ ဖုန်းယွီ၏ လျှို့ဝှက် လက်နက်များ ဖြစ်ပေသည်။

ဖုန်းယွီမှ ပြန်လည်၍..

“မင်း ကီရီလန်ကို ငှားထားတဲ့ စတော့ပွဲစားတွေလား.. ဒါဆို ဝေါစရိတ် မှာ တော်တော် နာမည်ကြီးလောက်တယ်.. ကျုပ်ခွဲခြမ်းစိတ်ဖြာမှုအပေါ် ဘယ်လိုထင်လဲ.. အဖြေတွေမှာ တစ်ခုခု မှားနေလို့လား..”

လန်နွန်မှာ ဖုန်းယွီ၏ အမှားများကို အချိန်တိုအတွင်း ထောက်မပြနိုင်ချေ။ ရှက်ကိုးရှက်ကန်းဖြင့် ဖုန်းယွီအား ကြည့်ကာ…

“မင်းဆရာ ဘယ်သူလဲ..”

ထိုဆရာကျသည့် လူငယ်သည် ထင်ရှားကျော်ကြားပြီး ငွေကြေး သို့တည်းမဟုတ် သင်္ချာဘာသာရပ်တွင် ကျွမ်းကျင်သူ ဖြစ်လောက်မည်ဟု လန်နွန် သေချာပေသည်။

“ဒါတွေအားလုံး ကျုပ်ကိုယ်တိုင် လေ့လာထားတာ.. ဒီစတော့တွေကို စောစောက ခွဲခြမ်းစိတ်ဖြားဖို့ ကြိုးစားခဲ့တယ်မို့လား.. ဘယ်လောက်ပြီးသွားပြီလဲ..”

“(၄)ခု…”

ဖုန်းယွီ ထိုမေးခွန်းမေးသည့်အခါ လန်နွန် ပိုရှက်သွားသည်။ သူ့အနေဖြင့် ဤရှယ်ယာများကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားဖူးသော်လည်း ဝန်ထမ်းအများစုသည် ဖုန်းယွီအား ဝိုင်းဝန်းကူညီနေကြပြီး သူ့အတွက် ကူညီသူ အနည်းငယ်သာ ရှိပေသည်။ နေ့လည်ပိုင်း တစ်ခုလုံး ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရာ (၄)ခုသာ ပြီးမြောက်ခဲ့ပြီး ရလဒ်မှာ ဖုန်းယွီနှင့် အတူတူသာပင်။

ဖုန်းယွီသည် ကူညီသူ အများအပြား ရှိသော်လည်း နေ့လည်ပိုင်းအတွင်း ရှယ်ယာ (၁၀)ခုလုံးကို ခွဲခြားစိတ်ဖြာရန် မဖြစ်နိုင်ကြောင်း လန်နွန် သိနေပေသည်။ အမှန်တွင် လူများစွာသည် သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို အနှောက်အယှက်ပေး သလိုဖြစ်နေသဖြင့် အဖြေများ မမှန်နိုင်ပေ။

ဖုန်းယွီသည် ရုံးတွင်းရှိ လူများကို ကြည့်လိုက်သည်။ လန်နွန်တွင် သူ့ကို ကူညီပေးခဲ့သည့် လူသိပ်မရှိကြောင်း သတိထားမိလိုက်သည်။ ကုမ္ပဏီများ၏ အချက်အလက်များကို စုဆောင်သည်မှာ အတူတူပင်ဖြစ်သော်လည်း လန်နွန်အတွက် အကူအညီရရန် နည်းပညာများနှင့် ဆော့ဖ်ဝဲများ မရှိချေ။ အစုရှယ်ယာ (၄)ခုကို တိကျစွာ ခွဲခြား စိတ်ဖြာနိုင်ခြင်းသည်ပင် ရလဒ်ကောင်းတစ်ခု ဖြစ်နေပေသည်။

လန်နွန်၏ စံနျုန်းသည် လေနှင့်မိုး အတိုင်ပင်ခံနှင့် တန်းတူ ဖြစ်ပေသည်။ သို့ရာတွင် ဟယ်ကျောက်ကျီးသည် ကုန်စည်ပိုင်းတွင် ပို၍ ကျွမ်းကျင်ပေသည်။ ရှယ်ယာများကို ခွဲခြားစိတ်ဖြာရာ၌မူ အနှီနှုတ်ခမ်းမွေးကြီး လောက် မတော်ချေ။

ဖုန်းယွီသည် ကီရီလန်ကိုထံ လျှောက်သွားပြီး ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ ဝန်ထမ်းများသည် လက်ဖက်ရည် ပူပူ ချက်ချင်း ကမ်းပေးသဖြင့် တစ်ကျိုက်တည်း သောက်ပစ်လိုက်သေးသည်။ ထို့နောက် ကီရီလန်ကိုအား ခေါင်းညိတ်ပြလိုက်သည်။

ဖုန်းယွီ မည်သည်ကို ဆိုလိုကြောင်း ကီရီလန်ကို သိနေပေသည်။ သူငှားရမ်းထားသည့် ဤစတော့ပွဲစားသည် အလွန်ကောင်းကာ ခွဲခြမ်းစိတ်ဖြာမှုများကို ယုံကြည်၍ ရပေသည်။

“ခွဲခြမ်းစိတ်ဖြာတဲ့ ဆော့ဖ်ဝဲနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ .. မှန်ရောမှန်ရဲ့လား..”

ကီရီလန်ကို မေးလိုက်သည်။ သူအစိုးရိမ်ဆိုးမှာ ဤသည်ကိုပင်။ သူသည် ထိုအချက်အလက် လေ့လာ ဆန်းစစ်သူများကို လစာအများကြိး ပေးကာ သူ့အတွက် ငွေရှာရန် လိုအပ်ပေသည်။

ဖုန်းယွီ ခေါင်းညိတ်ပြကာ..

“ငါမှန်းထားတာထက်တောင် ပိုတိကျသေးတယ်..”

ကီရီလန်ကို အလွန်ဝမ်းသာသွားကာ..

“ဒါဆို ငါ ဒီဆော့ဖ်ဝဲနဲ့ ငွေရှာနိုင်တော့မယ်ပေါ့.. စတော့ပွဲစားတွေ ဘာလို့ငှားနေတော့မျာလဲ.. ငါ အရောင်းအဝယ် နတ်ဘုရား ဖြစ်လာနိုင်တယ်.. အမေရိကန်မှာ ရှယ်ယာ အရောင်းအဝယ်မျာ နာမည်ကြီး ကျွမ်းကျင်သူ တစ်ယောက် ရှိတယ်လို့ ကြားထားတယ်.. ဝါရန်ဘတ်ဖက်ထင်တယ်.. ငါကီရီလန်ကို သူ့နေရာမှာ အစားထိုးယူမယ်..”

ဖုန်းယွီ ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။ ခွဲခြမ်းစိတ်ဖြာသည့် ဆော့ဖ်ဝဲဖြင့် ငွေကြေးဈေးကွက်ကို အမှန်တကယ် သိမ်းပိုက်နိုင်မည် ထင်နေသည်လော။ ထိုမျှရိုးရှင်းပါက စတော့ပွဲစားများ မည်သည့်အတွက် လိုအုံးမည်နည်း။

“ဝါရန် ဘတ်ဖက်က ဒီနှစ်တွေတစ်လျှောက် သူ့ရင်းနှီးမြုပ်နှံမှုအားလုံးဟာ နှစ်စဉ်ပျမ်းမျှ (၂၀)ရာခိုင်နှုန်းကျော် ငွေထုတ်နိုင်တဲ့အတါက် သူ့မျာ ဈေးကွက်လေ့လာသုံးသပ်ရေးအဖွဲ့ အများကြီး ရှိတဲ့အပြင် အစိုးရ မူဝါဒကိုလဲ ကောင်းကောင်း နားလည်ထားတဲ့သူ.. အခု အဖြစ်အပျက် မင်းတွေ့သားပဲ.. မင်းဆော့ဖ်ဝဲရဲ့ အဖြေလောက်တော့ ငါထုတ်နိုင်နေပြီ.. မင်းအနေနဲ့ ဒီဆော့ဖ်ဝဲကို သုံးလို့ရပေမယ့် အလွန်အမင်း အားမကိုးသင့်ဘူး..”

“ဘာဖြစ်လို့လဲ.. ဒီဆော့ဖ်ဝဲ အရမ်းတိကျတယ်ဆို.. မင်း အဖြေနဲ့ ဆော့ဖ်ဝဲ အဖြေ အတူတူပဲလေ.. ဒီတော့ ရှယ်ယာ တွေ ဘယ်အချိန် တက်လာမယ်.. ဘယ်အချိန်ကျသွားမယ်ဆိုတာ ငါသိနေမှာပဲလေ..”

ဖုန်းယွီ အကန်များပြောနေသဖြင့် ကီရီလန်ကို ဒေါသထွက်နေပေသည်။

“ညီနောင်ကီ.. ဆော့ဖ်ဝဲရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို အထောက်အထား အနေနဲ့ပဲ သုံးလို့ရတယ်.. သတင်းအချက် အလက်တွေဆိုတာ နေ့တိုင်း ပြောင်းလဲနေတဲ့အပြင် အချက်အလက်တွေကို အချိန်နဲ့အမျှ လိုက်နိုင်ဖို့ လိုတယ်.. ဒီအချက်အလက်တွေအကြောင်း မင်းကိုပြောပြနေလဲ နားလည်မှာ မဟုတ်ပါဘူး.. ဒီတော့ မင်းကို ကူညီဖို့ စတော့ရှယ်ယာ ပွဲစားတွေ လိုတယ်.. အဲ့အပြင် ငါ့မှာ စတော့နဲ့ပတ်သက်ပြီး တစ်ခုလေးတောင် သတိမထားမိအောင် စီမံဖို့ နည်းလမ်း အများကြီးရှိတယ်..”

“အာ.. အဖြေတွေကို အထောက်အထား အနေနဲ့ပဲ သုံးလို့ရတာလား.. ဒါဆို အသုံးမဝင်ဘူးပေါ့..”

ကီရီလန်ကို ဒေါသထွက်သွားသည်။ သူသည် ဤဆော့ဖ်ဝဲ တီထွင်ရန် ငွေအများအပြား သုံးခဲ့ရပြီး ရရှိလာသည့် အဖြေမှာ အထောက်အထား တစ်ခုအနေဖြင့်သာ ဖြစ်နိုင်ပေသည်။

ဖုန်းယွီ ခေါင်းခါကာ..

“ဒီဆော့ဖ်ဝဲက လူအင်အား လိုအပ်ချက်ကို လျော့ချပြီး စွမ်းဆောင်ရည် မြှင့်ပေးနိုင်တယ်.. အခု ကူညီသူတွေ အများကြီး ရှိပေမယ့် အချိန်တော်တော် သုံးလိုက်ရတာတောင် အဖြေက ဆော့ဖ်ဝဲနဲ့ အတူတူပဲ.. ဆော့ဖ်ဝဲက ငါ့ထက် အများကြီး ပိုမြန်တယ်.. စတော့ရှယ်ယာ ဈေးကွက်က အရမ်းမြန်တဲ့အပြင် ခွဲခြမ်းစိတ်ဖြာမျု မပြီးခင် အချက်အလက်တွေ ပြောင်းလဲသွားနိုင်တာမျိုး ဖြစ်တတ်တယ်.. အဲ့ဒါကြောင့် မင်းဆော့ဖ်ဝဲက အရေးကြီးတယ်ကွ..”

ကီရီလန်ကို မျက်ဝန်းများ တောက်ပလာပြီး..

“ငါ ငွေကောင်းကောင်း သုံးခဲ့တာလို့ မင်းပြောနေတာလား..”

ဖုန်းယွီ လက်မထောင်ပြကာ..

“ဒါပေါ့.. ဒီဆော့ဖ်ဝဲကို ပိုကောင်းအောင် ထပ်လုပ်လို့ ရသေးတယ်.. တကယ်လို့ အဲ့ဆော့ဖ်ဝဲက အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေ ရနိုင်ပြီး ကဏ္ဍအားလုံး လွှမ်းခြုံနိုင်တဲ့အထိ အပြည့်အဝ ခွဲခြားစိတ်ဖြာနိုင်တဲ့ ဆော့ဖ်ဝဲ တစ်ခု ဖြစ်လာနိုင်မယ်ဆိုရင် ဒီဆော့ဖ်ဝဲ ရောင်းစားတာနဲ့တင် မင်း ငွေတွေ အများကြီး ရလိမ့်မယ်..”

“ဆော့ဖ်ဝဲကို ရောင်းရမှာလား.. ဒါကို ကျန်တဲ့သူတွေပါ သုံးနိုင်သွားမှာပေါ့.. ငါ့အတွက် အားသာချက်တွေ ဆုံးရှုံးသွားမျာပေါ့..”

ကီရီလန်ကိုမှာ ဤဆော့ဖ်ဝဲကို မရောင်းချင်ပေ။

“ဒီဆော့ဖ်ဝဲ တီထွင်ဖို့ မင်းဘယ်လောက်ထိ သုံးခဲ့ရတယ်ဆိုတာ ငါမသိဘူး.. ဒါပေမယ့် တစ်ယောက်ကို ကန်ဒေါ်လာ (၁၀၀၀၀)နဲ့ ရောင်းရင်တောင် အနည်းဆုံး ကန်ဒေါ်လာ မီလီယံ(၁၀၀)လောက် ပြန်ရလိမ့်မယ်.. ဒီဆော့ဖ်ဝဲကို သုံးပြီး အရောင်းဝယ်တာကနေ ဒေါလာ သန်း(၁၀၀)ရဖို့ မင်းမှာ ဘယ်လောက် ယုံကြည်ချက်ရှိလဲ..”

ကီရီလန်ကို ခေါင်းညိတ်လိုက်သည်။ သူခေါင်းပြန်မော့လာစဉ် ဖုန်းယွီ သူ့ကို ထူးဆန်းစွာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“ငါ စတော့ပွဲစား ငှားထားပြီးပြီလေ..”

“စတော့ပွဲစား တစ်ယောက်နဲ့ မလုံလောက်ဘူး.. သူတို့အတွက် အဖွဲ့တစ်ဖွဲ့ လိုသေးတယ်.. အကောင်းဆုံး ဗျူဟာ ရှာနိုင်ဖို့အတွက် သူတို့တွေ အတူတူ စုပေါင်းလုပ်ရမယ်.. အဲ့အထဲက တစ်ယောက်က နောက်ဆုံး ဆုံးဖြတ်ချက် ပေးတဲ့သူပဲ.. စတော့ပွဲစားတွေ အကုန်လုံးက တိကျတဲ့ ခွဲခြားစိတ်ဖြာမှုတွေ လုပ်နိုင်တဲ့ ငါ့လိုတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး..”

ဖုန်းယွီ ဂုဏ်ယူသည့် အကြည့်ဖြင့် ကြည့်ကာ ကီရီလန်ကို၏ ပုခုံးများကို ပုတ်လိုက်သည်

ကီရီလန်ကို ပြောစရာမဲ့သွားသည်။ ဤဆော့ဖ်ဝဲလောက်ဖြင့် ငွေရှာ၍ မရနိုင်ဟု ထင်နေဆဲပဲလော။

--------**$$^$$**--------

All Chapters