← Chapters

နှိုင်းယှဉ်ခြင်း

Vol. 53 Ch. 788

နှိုင်းယှဉ်ခြင်း

Vol. 53 Ch. 788

ဖုန်းယွီသည် ကုမ္ပဏီ (၁၀)ခု၏ ရှယ်ယာများကို ခွဲခြားစိတ်ဖြာရန် လိုအပ်ပေသည်။ ကီရီလန်ကိုသည် သတင်း အချက်အလက်နှင့် ပစ္စည်းများ စုဆောင်းရန် လူများစွာ ကူညီနိုင်ရေး စီစဉ်ခဲ့သော်လည်း အလုပ်များလွန်းပေသည်။ ဖုန်းယွီသည် ကီရီလန်ကို၏ ရုံးခန်းသို့ မရောက်ခင်က ထိုကုမ္ပဏီများအကြောင်း ဘာမှ မသိချေ။

ကီရီလန်ကို၏ ဝန်ထမ်းများသည် ဖုန်းယွီထံသို့ သတင်းအချက်အလက်များ ဆက်တိုက် ပေးပို့နေပေသည်။ ဖုန်းယွီ၏ မျက်လုံးများသည် ရှယ်ယာဈေးနှုန်းများကို ကြည့်ရန်အတွက် ကွန်ပျူတာ မျက်နှာပြင်ကိုသာ အာရုံစိုက်ထားပေသည်။ Nasdaq သည် အွန်လိုင်းငွေပေးငွေယူများ စတင်ကတည်းက NYSE သည်လည်း လိုက်လုပ်ခဲ့သည်။ ယခုနှစ်သည် ကမ္ဘာတစ်ဝှမ်းလုံး ၎င်းတို့၏ စတော့ ဈေးကွက်အတွက် အွန်လိုင်းငွေပေးချေမှု စတင်သည့် နှစ်ဖြစ်ပေသည်။

ကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက် နည်းပါးနေကြောင်း သိရပေသည်။ ဖုန်းယွီ၌ ရှိရှိသမျှသည် ယခင်အဖွင့်နှင့် အပိတ်ဈေးနှုန်းများ၊ ယနေ့ အဖွင့်ဈေးနှုန်းနှင့် အစုရှယ်ယာ စုစုပေါင်း အရောင်းအဝယ် ပမာဏများ ဖြစ်သည်။

အခြားသော ရည်ညွှန်းကိန်းများအားလုံးကို မရရှိနိုင်သဖြင့် ဖုန်းယွီနှင့် ကီရီလန်ကို၏ ဝန်ထမ်းများသည် နောက်ထပ် အချက်အလက်များကို ကိုယ်တိုင် တွက်ချက်ရမည် ဖြစ်ပေသည်။

ယနေ့ခေတ် ဈေးကွက်အရောင်းအဝယ်သည် အနာဂတ်နှစ်များထက် ပို၍ ရှုတ်ထွေးပေသည်။ အရင်းအမြစ် အလုံအလောက် မရနိုင်သဖြင့် အရာအားလုံး ကိုယ်တိုင် တွက်ချက်ရပေလိမ့်မည်။ သို့အတွက် ဖုန်းယွီသည် အနာဂတ်လမ်းကြောင်း တွက်ချက်ခန့်မှန်းရန် အဖွဲ့တစ်ဖွဲ့ လိုအပ်ပေသည်။

ရုံးခန်း၏ တစ်ဖက်ခြမ်းတွင် ဝန်ထမ်း(၃)ယောက်သည် ဆော့ဖ်ဝဲထဲသို့ အချက်အလက်များ ကိုတိုင်စုဆောင်းကာ ထည့်သွင်းနေပေသည်။

ဖုန်းယွီသည် ဈေးပိတ်ပြီးနောက် အလုပ်ဆက်မလုပ်တော့ချေ။ ထိုအချိန်အထိ အနားယူရန် မဆိုထားနှင့် ရေတစ်စက်မှ မသောက်ဖြစ်ချေ။ သူလုပ်သမျှသည် ကွန်ပျူတာ မျက်နှာပြင်ကို စိုက်ကြည့်နေခြင်းဖြစ်ပြီး သူ့ကို ကူညီပေးနေသည့် ဝန်ထမ်းများကို လမ်းညွှန်ပေးခြင်းသာ ဖြစ်သည်။

ကီရီလန်ကိုသည် ကုမ္ပဏီ (၁၀)ခုကို ခွဲခြမ်းစိတ်ဖြာမျု စတင်ကတည်းက ဆိုဖာပေါ်တွင် လက်ဖက်ရည် တစ်ခွက် ကိုင်ကာ အနားယူနေပေသည်။

“ဖုန်း.. ဘယ်လိုလဲ.. မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှု ပြီးသွားပြီလား…”

ကီရီလန်ကို လမ်းလျှောက်လာပြီး မေးလိုက်သည်။ သူ့မျက်နှာတွင်လည်း မာနကြီး တစ်ခွဲသား ဖြစ်နေပေသည်။ အခြားသော လေ့လာသူ (၃)ယောက်သည် ဆော့ဖ်ဝဲကို သုံးကာ ခန့်မှန်းချက်များ အလွယ်တကူ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

“ဒီရက်ပိုင်းအတွင်း အရေးကြီးတဲ့ သတင်းအချက်အလက် ထပ်မရှိရင်တော့ ငါ့ခန့်မှန်းချက်က လာမယ့် တနင်္လာနေ့ မှာ အဲ့ကုမ္ပဏီ ရှယ်ယာတွေ ဒီလမ်းကြောင်းအတိုင်းပဲ ဖြစ်လောက်တယ်..”

ဖုန်းယွီသည် သူ့ပုခုံးများ ပွတ်သပ်ရင်း အကြောဖြေနေပေသည်။

ဖုန်းယွီသည် ဖြစ်နိုင်မည့် လမ်းကြောင်း၏ ယေဘုယျ ခန့်မှန်းချက်ကိုသာ လုပ်နိုင်ခဲ့ပေသည်။ နောက်တစ်နေ့ ရှယ်ယာ ဈေးများ တက်မည်လော၊ ကျမည်လော ဆိုသည်ကို သူမခန့်မှန်းနိုင်ချေ။

ဖုန်းယွီ၏ ခန့်မှန်းချက်သည် အစိုးရနှင့် ကုမ္ပဏီများ၏ သတင်းများနှင့် ဈေးကွက်ညွှန်းကိန်းများအပေါ် အခြေခံထား သဖြင့် မှားမည်မဟုတ်ဟု ယုံကြည်ထားပေသည်။

ဖုန်းယွီသည် သူ၏ ခွဲခြမ်းစိတ်ဖြာချက်ကို စာရွက်ထုတ်ကာ ဝန်ထမ်း(၃)ယောက်၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် တိုက်ကြည့်ခဲ့သည်။ ထို လေ့လာသုံးသပ်သူ (၃)ယောက်သည် ကုန်သွယ်မှုနှင့် ပတ်သက်၍ ဘာမှ မသိချေ။ ၎င်းတို့သည် ဆော့ဖ်ဝဲထဲသို့ အချက်အလက်များကိုသာ ထည့်သွင်းကာ ရလဒ်ကို ထုတ်နိုင်သည့် ဆော့ဖ်ဝဲကို သုံးခဲ့ကြသည်။ ၎င်းတို့သည် ယခင်က အရောင်းအဝယ် မလုပ်ဖူးကြချေ။

ဖုန်းယွီသည် ပထမ ရှယ်ယာ ခွဲခြမ်းစိတ်ဖြာမှုကို ကြည့်လိုက်သည်။ ရလဒ်မှာ သူနှင့် အတူတူ နီးပါး ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီသည် ထိုရလဒ် ရရှိရန် လူ(၁၀)ယောက်ကျော် သုံးခဲ့ရသည်။

ဒုတိယ ရှယ်ယာတွင်လည်း အလာတူပင်။ ဖုန်းယွီ၏ ခွဲခြမ်းစိတ်ဖြာချက်နှင့် ဆော့ဖ်ဝဲကြား ကွာခြားချက်မှာ (၀.၂)ရာခိုင်နှုန်းသာ ရှိပေသည်။ ဆော့ဖ်ဝဲသည် ဖုန်းယွီထက်ပင် ပို၍ တိကျနိုင်ပေသည်။ နှစ်ခုစလုံး မှားယွင်မည်လည်း ဖြစ်နိုင်ပေသည်။ ထို ခွဲခြမ်းစိတ်ဖျာချက်များသည် ယေဘုယျ ဦးတည်ချက်ကိုသာ ခန့်မှန်းနိုင်ပြီး အတိအကျ ဈေးနှုန်းများကို ခန့်မှန်း၍ မရချေ။

ဖုန်းယွီသည် ခွဲခြမ်းစိတ်ဖြာမှု အဖြေများကို ဂရုတစိုက် နှိုင်းယှဉ်ကြည့်ပြီးနောက် ပြီးသွားသည်များကို ဘေးဖယ် ထားလိုက်သည်။ ကီရီလန်ကိုသည် စာရွက်တစ်ရွက် ကောက်ယူကြည့်လိုက်သော်လည်း နားမလည်ချေ။ သူ့ကို ရှင်းပြရန် ပွဲစားတစ်ယောက်ကို လက်ဟန်ပြလိုက်သည်။

“ဖုန်း… အလျင်စလို လုပ်စရာမလိုပါဘူးလေ.. ခန နားပြီး လက်ဖက်ရည် သောက်လိုက်.. ဒီလက်ဖက်ရည်က အန္ဒိယ ကဝယ်လာတာ.. အင်္ဂလန် ဘုရင်မကြီးလဲ ဒါကိုသောက်တယ်လို့ ကြားတယ်.. အဆာပြေစားမလား.. ဒီမုန့်တွေ အင်္ဂလန် တော်ဝင်မိသားစုအတွက်ပဲ ရနိုင်တာ..”

ကီရီလန်ကို ပြောလိုက်သည်။

ကီရီလန်ကို အတွက်မူ ဖုန်းယွီသည် အလုပ်ကို စိတ်ဝင်စားပြီး ဘဝကို မည်သို့ ပျော်မွေ့ရမည်ဖြစ်ကြောင်း မသိချေ။ သူသည် ငွေအမြောက်အများ စုဆောင်ကာ လှူဒါန်းပေသည်။ ကီရီလန်ကိုမျာ ဖုန်းယွီ၏ အတွေးများကို နားမလည် နိုင်တော့ချေ။

ဖုန်းယွီသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ကျိုးတည်း မော့သောက်လိုက်သည်။ ထို့နောက် ခွဲခြမ်း စိတ်ဖြာမှု အဖြေများကို ဆက်ကြည့်နေလိုက်သည်။

ကီရီလန်ကို ခေါင်းယမ်းကာ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ငယ်သား တစ်ယောက်သည် အမြန်ပင် ဆေးပြင်းလိပ် ဖင်ဖြတ်၍ လက်နှစ်ချောင်းကြား ညှပ်ပေးလိုက်သည်။ အမှန်တကယ်တွင် ကီရီလန်ကိုသည်လည်း အဖြေများကို ကြည့်ချင်ပေသည်။ ဖုန်းယွီ၏ ခန့်မှန်းချက်သည် သူ့ဆော့ဖ်ဝဲနှင့် တူသည်လောကို သိချင်နေခြင်းပင်။

ဖုန်းယွီသည် ဤလေ့လာသုံးသပ်သူများကို အတည်ပြုခဲ့ပါက ကီရီလန်ကိုသည် စိတ်ချလက်ချ ထားနိုင်ပေပြီ။ ဖုန်းယွီသည် ယခင်က ရူဘီးများ၊ ရေနံဈေးနှုန်းများ၊ လန်ဒန်ရွှေဈေး စသည်တို့၏ တန်ဖိုးကို တိကျစွာ ခန့်မှန်းနိုင် ပေသည်။ ပို၍ အရေးကြီးသည်မှာ သူ၏ ခန့်မှန်းချက်များသည် အခြားလူများ၏ အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သူဘက်မှ မှန်နေပေသည်။ ဤသည်က ဖုန်းယွီသည် ငွေကြေးဈေးကွက်တွင် ထူးချွန်သူ တစ်ယောက်ဖြစ်ကြောင်း ပြသနေပေသည်။

ကီရီလန်ကိုသည် သူနှင့်အတူ နယူးယောက်သို့ ငွေအမြောက်အများ ယူလာပေသည်။ သို့ရာတွင် ယခုအချိန်အထိ သူလူများကို ဈေးကွက် ခွဲခြမ်းစိတ်ဖြာခြင်းကိုသာ လုပ်ခိုင်းထားပြီး သိသာသော ရင်းနှီးမြုပ်နှံမှုမျိုး မလုပ်ခဲ့ချေ။ သူသည် မည်သည့် စတော့ရှယ်ယာမှ မဝယ်သေးချေ။

ကီရီလန်ကိုသည် သူ၏ ခွဲခြမ်း စိတ်ဖြားသည့် ဆော့ဖ်ဝဲသည် အမေရိကန်ဈေးကွက်တွင် အလုပ်ဖြစ်မည်ကို သိလိုပေသည်။ ဖုန်းယွီသည် ယခင်က ပြောဖူးပေသည်။ လက်ရှိ အမေရိကန် စတော့ဈေးကွက်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဖြစ်သည်။ ကီရီလန်ကိုသည် စတော့ရှယ်ယာများနှင့် ကစားလိုပါက အမေရိကန်သည် အကောင်းဆုံး နေရာဖြစ်ပေသည်။ ကီရီလန်ကို၏ ပွဲစားအား အားလုံးသည်လည်း ထိုကဲ့သို့သာ ပြောပေသည်။

လန်နွန်သည် နယူးယောက်မြို့ရှိ နာမည်ကြီး ပွဲစား တစ်ယောက်ဖြစ်သည်။ သူ့ကို ရုရှားမှ သူဌေးကြီးတစ်ယောက် ငှားထားပေသည်။ သို့ရာတွင် ထိုနှစ်ယောက် ပူးပေါင်းပြီးနောက်ပိုင်း ရန်ပုံငွေ အများအပြား ကိုင်တွယ်ရန် အခွင့်အရေး မရလိုက်ချေ။

ယနေ့ လန်နွန်သည် လူငယ်တစ်ယောက် သူ့ရုံးခန်းအတွင်းသို့ ဝင်ရောက်လာကြောင်း တွေ့လိုက်ရသည်။ ထိုလူငယ်သည် သူ့အား ခွဲခြမ်းစိတ်ဖြာရန် အချက်အလက်နှင့် အခြားသော အချက်အလက်များ စုဆောင်းရန် လူတော်တော်များများကို ညွှန်ကြားခဲ့သည်။

လန်နွန် မပျော်တော့ချေ။ ထိုလူငယ်သည် ငွေကြေးရောင်းဝယ်မှုအကြောင်း အမှန်တကယ် သိသည်လော။ တက္ကသိုလ်မှ ဘွဲ့ရပြီးပြီလော။ သူသည် သေနတ်နှင့် ပစ်သကဲ့သို့ လုပ်နေပေသည်။ ဖြစ်နိုင်ချေ ရှိသည်မှာ ထိုလူငယ်သည် ယခင်က အရောင်းအတယ် မလုပ်ဖူးလောက်ချေ။

ထိုရုရှားသူဌေးသည် မည်သည်ကိုတွေးနေသနည်း။ တက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်းမရှိသဖြင့် မိမိ ဆုံးဖြတ်ချက်များကို မယုံကြည်ချေ။ ထိုလူငယ်သည် ဈေးကွက်ကို ခွဲခြားစိတ်ဖြာ ဟန်ဆောင်နေခြင်းသာ ဖြစ်နိုင်ပေသည်။

လန်နွန်သည် ယခင်က ဆော့ဖ်ဝဲ စမ်းသုံးဖူးပေသည်။ လုံးဝတိကျသည့် ခန့်မှန်းချက်များ ရရှိကာ အတွေ့အကြုံရှိ စတော့ပွဲစားများနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ယခုမူ ထိုလူငယ်သည် ဆော့ဖ်ဝဲ ရလဒ်များနှင့် သူ့ကိုယ်ပိုင် ခန့်မှန်းချက်များကို နှိုင်းယှဉ်ရန် ကြိုးစားနေပေသည်။ သူ့ကိုယ်သူ အရှက်ခွဲရန် ကြိုးစားနေသည်လော။

လန်နွန်သည် ဖုန်းယွီ၏ ခွဲခြမ်းစိတ်ဖြာမျုကို မိတ္တူယူကာ ဆော့ဝဲလ်မှ အဖြေများနှင့် နှိုင်းယှဉ်ကြည့်ရာ အလွန်အံ့ဩ သွားမိသည်။

မဖြစ်နိုင်ချေ။ မည်သည့်အတွက် ရလဒ်များ တူနေရသနည်း။

လန်နွန်သည် သူ့ကို ကူညီပေးသော လူအများအပြားကြောင့် ထိုခွဲခြမ်းစိတ်ဖြာမှုကို အောင်မြင်နိုင်ကြောင်း ယုံကြည်သော်လည်း ထိုလူငယ်သည် ဤသည်ကို မည်သို့ ပြုလုပ်ခဲ့သနည်း။ လန်နွန်သည် အသက်(၄၀)ကျော် အရွယ်ရှိပြီး၊ လုပ်သက် (၂၀)ရှိပေပြီ။ ထိုလူငယ်သည် အသက်(၂၀)ကျော်ခန့်သာ ရှိသေးပေသည်။ မည်သို့ လုပ်လိုက်သနည်း။

ဖုန်းယွီသည် နောက်ဆုံး ရှယ်ယာအထိ နှိုင်းယှဉ်မှုများ ပြီးသွားချေပြီ။ သူအရမ်း စိတ်လှုပ်ရှားနေပေသည်။ ထိုဆော့ဖ်ဝဲသည် အလွန်တိကျပေသည်။ ၎င်းသည် သူ့ယခင်ဘဝက သုံးခဲ့ဖူးသည့် ဈေးကွက် ခွဲခြမ်းစိတ်ဖြာခြင်း ဆော့ဖ်ဝဲများအားလုံးထက် ပိုတိကျပေသည်။ အရေးအကြီးဆုံးမျာ ရလဒ်များသည် သူ့သုံးသပ်ချက်နှင့် တူနေပေသည်။ ထိုဆော့ဖ်ဝဲကို အညွှန်းကိန်းအဖြစ် သုံး၍ရနိုင်ပေသည်။

ဤဆော့ဖ်ဝဲ၊ ဖုန်းယွီနှင့် အခြားဝန်ထမ်း(၂)ယောက်သည် အကဲခတ်အဖွဲ့တစ်ဖွဲ့ကို အနိုင်ယူနိုင်ပေသည်။

ဖုန်းယွီ နောက်ဆုံးသော အချက်အလက်စာရွက်ကို ချလိုက်စဉ် သူ့ကိုစိုက်ကြည့်နေသည့် လူတစ်ယောက်ကို သတိထားမိလိုက်ပြီး တုန်လှုပ်သွားမိသည်။ ထိုလူသည် မည်သူဖြစ်ပြီး မိမိ၏ အချက်အလက်များကို မည်သို့ ယူသွားသနည်း။

--------**$$^$$**--------

All Chapters