ပိုင်းခြားစိတ်ဖြာရေး ဆော့ဖ်ဝဲ
Vol. 53 Ch. 787
“ငါတို့နောက် လိုက်ပြီး ငါတို့ လုပ်ငန်းခွင်တွေ ကြည့်မလား..”
ဖုန်းယွီ အယ်လီနာကို ကြည့်လိုက်သည်။
အယ်လီနာ ခေါင်းယမ်းကာ..
“ငါ နင့်ကို ဟိုတဘ်မှာပဲ စောင့်နေမယ်..”
အယ်လီနာသည် ဉာဏ်ရည်မမြင့်သော်လည်း သူမိခင်မှ ယောက်ျားများအလုပ်ကို အနှောက်အယှက် မဖြစ်စေရန် သွန်သင်ပေးထားပေသည်။
ဖုန်းယွီ သက်တော်စောင့် (၂)ယောက်ကို ခေါ်ကာ..
“မင်းတို့ (၂)ယောက် ဈေးဝယ်ထွက်ဖို့ လိုက်သွားလိုက်.. ဘယ်သူမှ မနှောက်ယှက်စေနဲ့.. အားလုံး နားလည်လား..”
“ဟုတ်ကဲ့ပါ သူဌေး..”
စားပြီးကြသည်အခါ ဖုန်းယွီနှင့် ကီရီလန်ကိုတို့သည် ငှားထားသည့် ရုံးခန်းသို့ သွားလိုက်ကြသည်။ ကီရီလန်ကိုသည် တစ်ထပ်လုံး ငှားထားသဖြင့် လူတော်တော်များများ ခေါ်ခါသည်ဟု ဖုန်းယွီ ထင်ထားခဲ့သည်။ ရုံးခန်းအတွင်း ဝင်သွားသည့် အခါတွင်မှ ကီရီလန်ကို၏ ဝန်ထမ်းများ တစ်ယောက်တစ်ခန်း ယူထားကြောင်း တွေ့လိုက်ရသည်။ သို့တိုင်အောင် ထိုအထပ်ရှိ ရုံးခန်း တော်တော်များများ ဗလာကျင်းနေဆဲ ဖြစ်သည်။
ဝန်ထမ်းအားလုံးသည် ရုံးခန်းကြီးများကို အပိုင်သိမ်းထားသည့်တိုင် (၃)ပုံ(၂)ပုံကျော် လွတ်နေသေးသည်။
ကီရီလန်ကိုသည် အခြားလူများနှင့် မျှဝေနေထိုင်ရသည်ကို မကြိုက်ကြောင်း ရှင်းပြပေသည်။ အခြားသူနှင့် ဝေမျှ နေထိုင်ရမည်ထက် ပိုနေသည်နေရာများကို ဤအတိုင်း ထားလိုက်မည်သာပင်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီသည် နယူးယောက်၌ ရုံးခန်းမရှိချေ။ ဖုန်းယွီအတွက် ရုံးခန်း တစ်နေရာစာ ခွင့်ပြုပေးနိုင်ပေသည်။
ဖုန်းယွီသည် ကီရီလန်ကိုအား တစ်ထပ်လုံး ငှားရန် အမေရိကန်များ ဂျင်းထည့်ခဲ့သည်ကို သံသယရှိကာ ရှက်၍ ဝန်မခံချင် ခြင်းဖြစ်သည်။ အထက်ပါ ရှင်းပြချက်မှာ ဆင်ခြေတစ်ခုသာ ဖြစ်သည်။
ရုံးခန်းနံရံတါင် ကြီးမားသည့် LCD မျက်နှာပြင် တစ်ခုရှိပေသည်။ LCD ၏ ကုန်ကျစရိတ်မှာ ယနေ့ခေတ်တွင် ရယ်စရာ ကောင်းသည်အထိ ဈေးကြီးပေသည်။ သို့ရာတွင် ကီရီလန်ကိုအတွက်မူ ပမွှားသာပင်။
ရုံးရှိ ကွန်ပျူတာအားလုံးသည် အသစ်စက်စက်များဖြစ်ပြီး ဝန်ထမ်းတိုင်းရှေ့တွင် ကွန်ပျူတာ (၂)လုံးစီ ရှိနေပေသည်။ အချို့ဝန်ထမ်းများသည် ခလုပ်ခုံများပေါ်တွင် တဂျောင်းဂျောင်းနှင့် ရိုက်နှိပ်နေကြပြီး တစ်တစ်တရာ တွက်ချက်နေကြပုံပင်။ ဖုန်းယွီသည် ကီရီလန်ကိုအား ကွန်ပျူတာများကို လီနိုဗို ကွန်ပျူတာ ပြောင်းခိုင်းသင့်ကြောင်း တွေးလိုက်မိသည်။
ဝန်ထမ်းအချို့သည် ကီရီလန်ကိုအားတွေ့ကာ မတ်တပ်ရပ်လိုက်ကြသည်။ သို့ရာတွင် အချို့ ဝန်ထမ်းများမှာ သူတို့၏ ကွန်ပျူတာ မျက်နှာပြင်များပေါ်တွင်သာ စိတ်နှစ်ထားကြပေသည်။
ဖုန်းယွီသည် ၎င်းတို့၏ တုန့်ပြန်ပုံကို ကျေနပ်ခဲ့သည်။ ကျွမ်းကျင်သည့်ပွဲစားများ အနေဖြင့် ထိုသို့ဖြစ်နေရပေမည်။ ဈေးကွက်သည် စက္ကန့်နှင့်အမျှ ပြောင်းလဲသွားနိုင်ပြီး သူဌေးကို နှုတ်ဆက်ခြင်းထက် ပိုအရေးကြီးပေ၏။
ပွဲစားများသည် ၎င်းတို့သူဌေးကို ငွေရှာနိုင်ရေး ကူညီပေးနိုင်ပါက သူဌေးကို နှုတ်ဆက်ခြင်း၊ ဂါရဝပြုခြင်းထက် ပိုကောင်းပေသည်။ သူဌေးများ ငွေရှာနိုင်သည့်အခါ စိတ်ကြည်၍ ပွဲစားများကို အပိုဆုကြေးများပင် ပေးနိုင်ပေသေးသည်။
ပွဲစားများသည် သူဌေးအား နေ့စဉ် နှုတ်ဆက်နေသော်လည်း သူဌေး၏ ငွေများ ဆုံးရှုံးခံရပါက ဒုက္ခရောက်ပေ လိမ့်မည်။
“မင်းတို့ (၃)ယောက် ဒီကွန်ပျူတာဆီလာလိုက်.. ဖုန်းကို.. ငါတို့ ဈေးကွက်ခွဲခြမ်းစိတ်ဖြာရေး ဆော့ဖ်ဝဲ အလုပ်လုပ်ပုံ ပြပေးလိုက်..”
ကီရီလန်ကိုသည် အလွန်ဂုဏ်ယူနေသည့် လေသံဖြင့် ပြောလိုက်သည်။
ဝန်ထမ်း(၃)ယောက်သည် ကွန်ပျူတာများ ရှေ့တွင် ထိုင်ကာ ခွဲခြမ်းစိတ်ဖြာရေး ဆော့ဖ်ဝဲကို စဖွင့်လိုက်သည်။ ၎င်းတို့ထဲမှ တစ်ယောက်က..
“ဆရာ… ကျုပ်တို့ သုတေသန လုပ်နေတုန်း အစုရှယ်ယာဈေးနှုန်းတွေ အတက်အကျ ပုံစံတစ်ခု ရှာတွေ့ခဲ့ပါတယ်.. ပုံမှန် ကြားလာကမှာ ရှယ်ယာဈေးနှုန်းတွေရဲ့ အမှတ်တွေကို ကြည့်တော့ မျဉ်းကွေးက ဒုံးပျံလမ်းကြောင်းနဲ့ အရမ်း တူတယ်.. ငွေကြေး ဈေးကွက် တော်တော် များများက အစုရှယ်ယာ (၁၀၀၀)ကျော်မှာ အဲ့ဒါနဲ့ ပုံစံတူတာ (၉၅) ကျော်ပါတယ်..
ဒီဆော့ဖ်ဝဲက ရှယ်ယာဈေးနှုန်းတွေနဲ့ တိုးတက်မှုနှုန်း အပြောင်းအလဲတွေကို တွက်ချက်ပေးနိုင်ပါတယ်.. ကျုပ်တို့ မော်စကိုမှာကတည်းက စမ်းသပ်ထားပြီး ထပ်စမ်းသပ်ဖို့ လန်ဒန်ကိုလဲ သွားခဲ့ပါတယ်.. ရှယ်ယာ ဈေးနှုန်းတွေနဲ့ ရလဒ်တွေရဲ့ တိကျမှု (၁၀၀)ရာခိုင်နှုန်း ရှိပါတယ်..”
(၁၀၀)ရာခိုင်နှုန်း တိကျသည်လော။ မယုံနိုင်စရာပင်။ ဖုန်းယွီသည် ဈေးကွက်အား (၁၀၀)ရာခိုင်နှုန်း တိကျစွာ ခန့်မှန်းနိုင်သည့် ဆော့ဖ်ဝဲရှိကြောင်း အယုံကြည်ခဲ့ချေ။ အမှန်တကယ်ဆိုပါက စတော့ပွဲစားများ ဆက်ရှိနေရန် လိုအပ်မည်လော။ လူအားလုံး ဤဆော့ဖ်ဝဲကို ဝယ်က အရောင်းအဝယ်လုပ်နေရုံသာပင်။
စတော့ ဈေးကွက်ဟူသည်မှာ အဘယ်နည်း။ စတော့ဈေးကွက်သည် ဤအတိုင်း တန်ဖိုးရှိမနေချေ။ ဤသည် ရန်ပုံငွေများ ပြန်လည်ပေးအပ်ခြင်းနှင့် အလွှဲပြောင်းခြင်းအတွက် ဖြစ်သည်။ ဆိုလိုသည်မှာ ရင်းနှီးမြုပ်နှံသူ တစ်ယောက်မှ အခြားတစ်ဘောက်သို့ ငွေများ လွှဲပြောင်းပေးခြင်းကို ဆိုလိုသည်။ အစုရှယ်ယာ များများဝယ်လေလေ၊ လူနည်းလေလေ၊ ရောင်းရလေလေ၊ ရှယ်ယာဈေးများ တက်လာလေလေပင်။
ဤဆော့ဖ်ဝဲသည် အလွန်တိကျပါက လူတိုင်းသည် တူညီသည့် ရှယ်ယာများကို တစ်ချိန်တည်း ဝယ်ပြီး တစ်ချိန်တည်း အတူတူ ရောင်းချကြပေလိမ့်မည်။ ထိုသို့ ဖြစ်သွားပါက ခွဲခြမ်းစိတ်ဖြာရန် ဘာလိုအုံးမည်နည်း။ ဤဆော့ဖ်ဝဲဖြင့် ဈေးကွက်ကို လှည့်စားလာပေလိမ့်မည်။
ရှယ်ယာဈေးနှုန်းများ၏ အတက်အကျ ဖြစ်ရခြင်းမှာ ရှယ်ယာဈေးနှုန်းများကို မည်သူမှ မထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်သည်။ တစ်ဦးတစ်ဘောက် သို့တည်းမဟုတ် အစိုးရမှ ရှယ်ယာဈေးနှုန်းများကို ထိန်းချုပ်ထားပါက ခွဲခြမ်းစိတ်ဖြာမှုအားလုံးသည် အသုံးမတင်တော့ချေ။ ဤကာလအတွင်း ကိုယ်တွေ့ အချက်အလက်များသည် အစုရှယ်ယာဈေးနှုန်းများကို တိုက်ရိုက်အကျိုးသက်ရောက်စေလိမ့်မည်။
ဖုန်းယွီသည် သတင်းအချက်အလက်များမှာ ရှယ်ယာဝေးနှုန်းများပေါ်တွင် လွှမ်းမိုးမှု၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု အမြဲလိုလို ခံစားမိသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သတင်းအချက်အလက်များကို လက်ဦးမှု ရယူနိုင်ပါက အနိမ့်ဆုံး နေရာ၌ ဝယ်ယူကာ အမြင့်ဆုံးအချိန်တွင် ရောင်းချနိုင်ပေလိမ့်မည်။ အချက်အလက် မရှိဘဲ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာရေး ဆော့ဖ်ဝဲကို ယုံကြည်စိတ်ချရမည် မဟုတ်ချေ။
သို့ရာတွင် ခွဲခြမ်းစိတ်ဖြာမှုကို လမ်းညွှန်အဖြစ် ထားနိုင်ပေသည်။ အကယ်၍ ဤဆော့ဖ်ဝဲသည် ပြင်ပအချက်အလက် များ၏ သက်ရောက်မှုများ ပါဝင်နိုင်ပါက အစွမ်းထက် ဆော့ဖ်ဝဲ တစ်ခု ဖြစ်လာပေလိမ့်မည်။
“မင်း ဒီဆော့ဖ်ဝဲကို စမ်းသပ်ပြီး ဘယ်လောက် ဖြန့်ဝေထားလဲ.. ဖြန့်ဝေမှု အမျိုးအစားတွေကရော ဘယ်လိုလဲ..”
ဖုန်းယွီ မေးလိုက်သည်။
“ကျုပ်တို့မှာ အစုရှယ်ယာ (၂၃)ခုကို စမ်းသပ်မှုတွေ လုပ်ထားပါတယ်.. အစုရှယ်ယာအားလုံး ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေကနေ ရတာပါ..”
ဝန်ထမ်း တစ်ယောက်မှာ ပြန်ဖြေလိုက်သည်။
“ရှယ်ယာ (၂၃)ခုပဲ ရှိတယ်ပေါ့.. မင်းတို့ ဆော့ဖ်ဝဲက ပြဿနာမရှိဘူးလို့ ပြောလို့ရလား.. ဒီကမ္ဘာမှာ စာရင်းဝင် ကုမ္ပဏီတွေ ဘယ်လောက်ရှိလဲ သိလား.. NYSE တစ်ခုတည်းမှာတင် စာရင်းဝင် ကုမ္ပဏီ ဘယ်လောက် ရှိလဲ.. NYSE မှာ လက်ခွဲ စတော့ ဘယ်နှစ်ခု ရှိလဲ.. မင်းတို့ နမူနာ အရွယ်အစားက စတော့ခွဲရဲ့ အရေအတွက်ထက်တောင် နည်းသေးတယ်.. မင်းတို့ ဆော့ဖ်ဝဲက ပြီးပြည့်စုံတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ..”
ဖုန်းယွီ ပြောလိုက်သည်။
“မစ္စတာဖုန်း.. ကျုပ်တို့ဆော့ဖ်ဝဲက ပြီးပြည့်စုံတယ်လို့ မပြောပါဘူး.. ဒီကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ ဆော့ဖ်ဝဲဆိုတာ မရှိပါဘူး.. ကျုပ်တို့က ဒုံးပျံတစ်စင်းရဲ့ ပစ်မှတ်တွက်ချက်တာမှာတောင် အမှားအယွင်း နည်းနည်းရှိသေးတယ်.. မစ္စတာဖုန်းက ငွေကြေးဈေးကွက်မှာ ကျွမ်းကျင်သူ တစ်ယောက်ဆိုတာ ကျုပ်တို့တွေ သိထားပါတယ်.. ကျုပ်တို့ ဆော့ဖ်ဝဲမှာ လိုအပ်နေတဲ့နေရာတွေကို မစ္စတာဖုန်း ထောက်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပါ.. ဆော့ဖ်ဝဲကို ပိုပြီးကောင်းအောင် လုပ်နိုင်ရင် အချိန်ကုန် သက်သာသွားမှာပါ..”
ဖုန်းယွီသည် ကီရီလန်ကိုအား တစ်ချက်ကြည့်လိုက်သည်။ ညီနောင်ကီသည် မိမိအပေါ် မရိုးသားဘူးလော။ ဤဆော့ဖ်ဝဲကို အပြည့်အဝ မတီထွင်နိုင်သေးဘဲ စမ်းသပ်ရန် တစ်ယောက်ယောက် လိုအပ်နေသေးပေသည်။
“ကောင်းပြီလေ.. ဒါက ညီနောင်ကီရဲ့ ဆော့ဖ်ဝဲဆိုတော့လဲ ငါကူညီပေးရမှာပေါ့.. အစုရှယ်ယာ (၁၀)ခု ကျပန်းရွေးလိုက်မယ်.. ဈေးနှုန်းတွေ ကာလတို တိုးလာနိုင်မှုကို ခန့်မှန်းဖို့ မင်းတို့ ဆော့ဖ်ဝဲကို သုံးကြည့်မယ်..”
“ဘာလို့ ရှယ်ယာဈေးအကျ မပါတာလဲ..”
ကီရီလန်ကို ထမေးလိုက်သည်။
“သူဌေး.. မင်းမေ့သွားတာလား.. ကျုပ်တို့က ဈေးကွက်ကို တွက်ချက်ပြီး ခွဲခြမ်းစိတ်ဖြာထားတယ်.. အမေရိကန် စတော့ဈေးကွက်မှာ အခု ရန်ပုံငွေ အများကြီး ဝင်လာပြီး ရှယ်ယာတွေ အားလုံးနီးပါး တက်လာနေတယ်.. ဒါပေမယ့် တစ်ချို့ရှယ်ယာတွေတော့ ကျသွားလို့ ဖြစ်နိုင်ချေ ရှိတာပေါ့..”
ဖုန်းယွီ ထိုသုံးသပ်ချက်ကို ကြည့်လိုက်သည်။ သူသည် ကီရီလန်ကိုအား အဖြေကောင်း တစ်ခု ပေးခဲ့ပေသည်။ သို့ရာတွင် ဖုန်းယွီသည် ဆော့ဖ်ဝဲ၏ ခန့်မှန်းချက်သည် သူ့အဖြေကဲ့သို့ ကောင်းနိုင်သည်လောဟု အံ့ဩနေမိသည်။
ဖုန်းယွီသည် ရှယ်ယာကုဒ်စာရင်းကို ထုတ်ကာ အက္ခရာ (၂)လုံး ရွေးလိုက်သည်။ အက္ခရာများမှ သက်ဆိုင်ရာ အစုများကို တွေ့နိုင်ပေသည်။ အစုရှယ်ယာ (၁၀)ခု ရွေးလိုက်သည်။၏
ဖုန်းယွီသည် ကုမ္ပဏီများကို ကြည့်လိုက်သည့်အခါ ကုမ္ပဏီ (၁၀)ခုလုံးကို မသိချေ။
ထိုကုမ္ပဏီများသည် ဆော့ဖ်ဝဲ၏ တိကျမျုကို စမ်းသပ်ရန် အကောင်းဆုံး ကုမ္ပဏီများ ဖြစ်ပေသည်။
ကီရီလန်ကိုသည် သူ့မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့် ရှိသော်လည်း ဖုန်းယွီမှာမူ ယုံကြည်မှု မရှိချေ။ ဆော့ဖ်ဝဲ၏ သီအိုရီများကို မြင်တွေ့ခဲ့ပြီး ရှယ်ယာများ၏ အနာဂတ် လမ်းကြောင်းများကို ခန့်မှန်းရန် ရှုတ်ထွေးသည့် တွက်ချက်မှု များနှင့်အတူ ဇယားများနှင့် ဆင်တူအောင် လုပ်ထားပေသည်။ ဖုန်းယွီသည် တွက်ချက်မှုများနှင့် စတော့ရှယ်ယာများကို ဆော့ဖ်ဝဲ၏ ခွဲခြမ်းစိတ်ဖြာပုံကို နားမလည်ချေ။
ဖုန်းယွီ၏ နည်းလမ်းမှာ ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်ကာ အတွေ့အကြုံအရ ခွဲခြမ်းစိတ်ဖြာရန် သူ့လူများကို မေးခြင်း ဖြစ်သည်။ ကီရီလန်ကို ပြောထားသည့်အတိုင်း ထိုဆော့ဖ်ဝဲ အမှန်တကယ် ကောင်းလားဆိုသည်ကို ကြည့်ချင်ပေသည်။
--------**$$^$$**--------