← Chapters

ဘယ်တော့မှ မဝယ်နဲ့

Vol. 53 Ch. 786

ဘယ်တော့မှ မဝယ်နဲ့

Vol. 53 Ch. 786

“ကမ္ဘာ့အကောင်းဆုံး စီးပွားရေး အဆောက်အအုံမှာလေ.. World Trade Twin Tower (ကမ္ဘာ့စီးပွားရေး အမွှာ မျှော်စင်) တစ်ထပ်လုံး ငှာထားတယ်.. ဝယ်ဖို့တောင် စဉ်းစားနေတာ..”

ကီရီလန်ကို ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

နယူးယောက်၌ အလုပ်အများဆုံးနေရာသည် မန်ဟက်တန်ဖြစ်သည်။ ကီရီလန်ကို၏ ရုံးသည်လည်း ထိုနေရာတွင် ရှိပေလိမ့်မည်။ ကမ္ဘာ့စီးပွားရေး အမွှာမျှော်စင်သည် ဝေါစရိနှင့်လည်း နီးပေသည်။

ဖုန်းယွီ အံ့ဩသွားမိသည်။ ကီရီလန်ကိုသည် သူ့ကုမ္ပဏီအတွက် ထိုနေရာကို မည်သည့်အတွက် ရွေးလိုက်ရသနည်း။ နောက်(၅)နှစ်ခန့် ကြာလျှင် အမွှာမျှော်စင် မရှိနိုင်တော့ကြောင်း သူသိထားပေသည်.

သူငယ်ချင်းတစ်ယောက်အနေဖြင့် ဖုန်းယွီသည ကီရီလန်ကိုအား သူ့ကုမ္ပဏီကို ပြောင်းရွှေ့ရန် သတိပေးနိုင်ပေသည်။ သို့ရာတွင် မည်သို့ပြောရမည်နည်း။ ကမ္ဘာ့စီးပွားရေး အမွှာမျှော်စင်မှာ မလုံခြုံဘဲ ပြိုကျလိမ့်မည်ဟု ကီရီလန်ကိုအား မည်သို့ ပြောမည်နည်း။ အရူးဟုပင် ထင်သွားပေလိမ့်မည်။

ဆင်ခြေကောင်းကောင်း ရှာရပေတော့မည်။

“ညီနောင်ကီ.. ငါတို့ တရုတ်ဖုန်းရွှီ အကြောင်း မင်းကြားဖူးလား..”

ဖုန်းယွီ လေးနက်စွာ မေးလိုက်သည်။

ကီရီလန်ကို ခေါင်းခါလိုက်ပြီး..

“အဲ့ဒါ ဘာကြီးလဲ..”

“အဲ့ဒါ ငါတို့ပတ်ဝန်းကျင်က မမြင်နိုင်တဲ့ စွမ်းအားတွေကို ပြောတာ..”

“အော်.. ဖုန်းရွှီ… ငါသိပြီ.. မော်စကိုက ငါ့အိမ်အတွက်တောင် ဖုန်းရွှီစစ်ဆေးဖို့ လူတစ်ယောက် ငှားခဲ့သေးတယ်..”

ရုရှားများသည်လည်း ဖုန်းရွှီအကြောင်း သိနေကြသည်လော။ ညီနောင်ကီ ရုရှားလိုပြောသည့် ဖုန်းရွှီဟူသည့် စကားလုံးမျာ တရုတ်အသံထွက်နျင့် အတူတူဖြစ်နေပေသည်။

(၁၉၈၀)ခုနှစ် အစောပိုင်းတွင် အနောက်နိုင်ငံများသို့ ဖုန်းရွှီ ပညာရပ်များ ပျံ့နှံ့ခဲ့ပြီး တရုတ်နိုင်ငံနှင့် နီးကပ်သည့် ရုရှားတွင် ပို၍ပင် ရောက်ရှိနိုင်ပေသည်။

ရုရှားနိုင်ငံရှိ စာအုပ်ဆိုင်တိုင်းလိုလိုတွင် ဖုန်းရွှီနှင့် ပတ်သက်သည့် စာအုပ်များ ရှိကြပြီး အသေးစိတ် ရှင်းလင်းချက် ပုံများပင် ပါဝင်ပေသေးသည်။

ဖုန်းယွီ ယခင်ဘဝတွင် ဖုန်းရွှီနှင့်ပတ်သက်သည့် အပတ်စဉ်အစီအစဉ်တစ်ခု ရုရှားတွင် ရှိပေသည်။ ထိုအစီအစဉ်များကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခွင့်မပြုသော်လည်း ရုရှားလူမျိုးများကမူ ထိုအစီအစဉ်ကို အလွန်ကြိုက်ကာ အားပေးကြည့်ရှုခဲ့ကြသည်။

လက်ရှိ ရုရှားနိုင်ငံတွင် ဖုန်းရွှီ ပစ္စည်းများ ရောင်းချသည့်ဆိုင် အများအပြား ရှိကာ ထိုဆိုင်များသည် တရုတ်နိုင်ငံရှိ ဆိုင်များထက်ပင် ပိုသာနေသေးသည်။ ဖုန်းရွှီကို ရုရှားလူမျိုးများ လက်ခံမှု ကျယ်ပြန့်ပေသည်။ ဤသည်က ဆိုဗီယက် ပြည်ထောင်စု ပြိုလဲသွားခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ရုရှားလူမျိုးများသည် ခက်ခဲသည့် အချိန်ကာလတစ်ခု ဖြတ်သန်းခဲ့ကြပြီး ဖုန်းရွှီသည် ၎င်းတို့ဘဝကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်ကြောင်း ကြားသိရသည့်အခါ ဖုန်းရွှီ အပေါ် ယုံကြည်သက်ဝင်မှု များလာတော့သည်။

ရုရှားနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာကာ ရုရှားလူမျိုးများအတွက် လူနေမှု အဆင့်အတန်း တိုးတက် လာသည့်အခါ ၎င်းတို့အားလုံး ဖုန်းရွှီကို ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ကြသည်။ ထိုအကြောင်း ယဲ့ဆင် သိသွားပါက ထိုင်ငိုနေလောက်ပေမည်။ မိမိလူမျိုး၏ ဘဝတိုးတက်စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့ရာတွင် နောက်ဆုံး၌ ဖုန်းရွှီ ကြောင့် တိုးတက်လာသည်ဟု လူအများ ယူဆခဲ့ကြသည်။

ကီရီလန်ကိုသည်လည်း ဖုန်းရွှီကို ယုံကြည်ပေသည်။ ဖုန်းရွှီအသင်းကိုပင် တည်ထောင်ထားသေးသည်။ သူ၏ ဖုန်းရွှီ ဆရာမှာ ချူချိုက်ရွှေ မဟုတ်ချေ။ တရုတ် ဖုန်းရွှီဆရာ ဖြစ်သည်။ ကီရီလန်ကို၏ တရုတ်စကား အများစုကို ထိုဆရာကြီး သင်ပေးထားခြင်းဖြစ်သည်။

ကီရီလန်ကိုသည် ဖုန်းရွှီအကြောင်း သိထားသဖြင့် ဖုန်းယွီအနေဖြင့် ရှင်းပြရန် ပို၍ လွယ်ကူပေလိမ့်မည်။ ဖုန်းရွှီအကြောင်း မသိသူတစ်ယောက်အား ရှင်းပြရန် အလွန်ခက်ခဲပေသည်။ ဖုန်းရွှီတွင် သုံစွဲသည့် ဝေါဟာရစကားလုံးများကို တရုတ်လူမျိုး (၉၉)ရာခိုင်နှုန်းကပင် မသိကြချေ။

ဖုန်းယွီသည်လည်း မသိချေ။ သို့ရာတွင် ကီရီလန်ကိုအား လှည့်ပတ်နိုင်ရန်အတွက်မူ အတားအဆီး မရှိနိုင်ချေ။ ဖုန်းယွီအနေဖြင့် ကီရီလန်ကိုအား အဖြစ်ဆိုးမှ ရှောင်ရှားနိုင်စေလိုသာဖြစ်သည်။

“မင်း.. ဖုန်းရွှီအကြောင်း သိထားတော့ ကမ္ဘာ့ ကုန်သွယ်ရေး စင်တာမှာ ဖုန်းရွှီစစ်ဆေးဖို့ မင်းရဲ့ ဖုန်းရွှီဆရာကို မေးခဲ့မိသေးလား..”

“မေးတာပေါ့.. အဲ့ ဖုန်းရွှီဆရာက တရုတ်မှာ အကောင်းဆုံး ဖုန်းရွှီဆရာလေ.. မင်းတို့ တရုတ်ယဉ်ကျေးမှုကို လိုက်နာ ပြီးတောင် အနီရောင် စာအိတ်နဲ့ ပေးခဲ့သေးတာ..”

ကီရီလန်ကို ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

‘အာ ဟ.. ထိုကိစ္စများ မိမိ သိထားကြောင်း ဖုန်းယွီ မျှော်လင့်ထားမည် မဟုတ်..’။

ဖုန်းယွီ မျက်လုံးပြန်ဖွင့်လိုက်သည်။ ဖုန်းရွှီဆရာများကို အမေရိကန်တွင်လည်း ရှာ၍ ရနိုင်သည်လော။ ကီရီလန်ကိုသည် ထိုလူအား ပမာဏ သိသိသာသာ ပေးချေခဲ့ပေလိမ့်မည်။

“ညီနောင်ကီ.. ဖုန်းရွှီဆရာက မင်းကို အမွှာမျှော်စင် အဆောက်အဦးတွေက ကံကောင်းတယ်လို့ ပြောလိုက်တာလား..”

“အဲ့လိုမဟုတ်ဘူး.. အမွှာမျှော်စင်ဟာ ကောင်းကင်နဲ့ မြေကြီးထဲက စည်းစိမ်ဥစ္စာတွေကို စုဆောင်းနိုင်တယ်လို့ ပြောတာ.. ငါ့ကုမ္ပဏီကို အဲ့မှာ ထူထောင်လိုက်ရင် သေချာပေါက် ငွေရှာနိုင်လိမ့်မယ်..”

ဖုန်းယွီ ခေတ္တစွန့်အ သွားမိသည်။

ဤသည်က နယူးဘောက်၏ အမွှာမျှော်စင် ဖြစ်ပေသည်။ အဆောက်အဦးရှိ ကုမ္ပဏီများအားလုံး ကမ္ဘာ့အဆင့်မီ ကုမ္ပဏီများ ဖြစ်ပေသည်။ ၎င်းတို့ထဲမှ မည်သည့်ကုမ္ပဏီသည် ငွေမရှာနိုင်သည်လော။ ထိုလူယုတ်မာကို ယုံကြည်သည်လော။

“အစ်ကိုကီ.. ကမ္ဘာ့ စီးပွားရေး အဆောက်အဦးမှာ ငွေရှာမရတဲ့ ကုမ္ပဏီ ဘယ်နှစ်ခုရှိလို့လဲ.. အဆောက်အဦးထဲက ရုံးခန်း တစ်ထပ်လုံး ငှားလို့ရတယ်.. ဒီတော့ ဆိုလိုတာက တစ်ချို့ကုမ္ပဏီတွေ သူတို့ရုံးခန်းကို စွန့်လိုက်ကြတယ်.. အဲ့အဆောက်အုံမှာ ငွေရှာရတာ လွယ်တယ်ဆိုရင် အဲ့ကုမ္ပဏီရုံးခန်း ဘာလို့ လွတ်မှာလဲ.. မင်းထက်ငါ နယူးယောက်ကို စောရောက်တာပါ.. ဘာလို့ ဆီးယက်တဲလ်ကို ရွေးလိုက်တယ် ထင်လဲ.. မိုက္ခရိုဆော့ဖ်ကြောင့်လို့ ထင်လား.. ဖုန်းရွှီကြောင့်ကွ..”

ဖုန်းယွီ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပေသည်။

“အာ.. မင်းလဲ ဆရာကြီးတစ်ယောက်ကို မေးဖူးတာလား.. ဆီးယက်တဲလ်က ဖုန်းရွှီက နယူးယောက်ထက် ပိုကောင်းတယ်ပေါ့..”

ကီရီလန်ကို အံ့ဩသွားသည်။ နယူးယောက်သည် အမေရိကန်၏ ဘဏ္ဍာရေး အချက်အချာနေရာ ဖြစ်မည်ဟု ယူဆ ရပေမည်။ မိမိကုမ္ပဏီကိုပါ ဆီးယက်တဲလ်သို့ ပြောင်းရွှေ့သင့်သည်လော။

“ဒါပေါ့.. အဲ့လိုမှ မဟုတ်ရင် ဘိုးရိန် ဘာဖြစ်လို့ ဒီလောက်ထိ အောင်မြင်နေရတာလဲ.. မိုက္ခရိုဆော့ဖ်ကရော ဘာဖြစ်လို့ ဒီလောက် အမြန်နှုန်းနဲ့ ဖွံ့ဖြိုးလာနေရတာလဲ.. ဒီ အမွှာမျှော်စင်လဲ မစိုးဘူးလို့ ပြောလို့ရတယ်.. ချမ်းသာမျုတွေ စုဆောင်းနိုင်မယ် ဆိုပေမယ့် ဘေးဥပဒ်ကိုလဲ ဆွဲဆောင်နိုင်တယ်.. ရေတို ငှားမယ်ဆိုရင် မဆိုးပါဘူး.. ဒါပေမယ့် တစ်ထပ်လုံး ဝယ်မယ်ဆိုရင်တော့ နောင်တရသွားလိမ့်မယ်..”

“တကယ်လား.. ဒါဆို ရုံးခန်းတွေ အပိုင်မဝယ်တော့ဖို့ ငါ့ကောင်တွေကို ပြောလိုက်မယ်.. နေရာပဲ ငှားတော့မယ်.. ဒါပေမယ့်ကွာ.. ရုံးခန်းဝယ်လိုက်ရင် ပိုအကျိုးရှိမယ်လို့ ခံစားနေရတုန်းပဲ..”

ကီရီလန်ကိုသည် ဖုန်းယွီအား အလုံးစုံ ယုံကြည်ထားသဖြင့် ဖုန်းယွီ အလွယ်တကူ လှည့်စား၍ ရခြင်းဖြစ်သည်။

“မင်း ရုံးခန်းဝယ်ချင်တယ်ဆိုရင် အင်ပါယာစတိတ် အဆောက်အဦး ကို ရွေးတာ ပိုကောင်မယ်ထင်တဘ်..”

“အင်ပါယာစတိတ် အဆောက်အဦးက ကမ္ဘာ့ ကုန်သွယ်ရေး အမွှာမျှော်စင်လောက် မခမ်းနားဘူး.. ငါစဉ်းစားလို့ ရတာတစ်ခုရှိတယ်.. အဲ့အဆောက်အဦး ဈေးသိပ်မကြီးဘူးလို့ ကြားထားတယ်.. ဒေါ်လာ သန်း(၁၀၀)လောက် ကျတယ်တဲ့.. အဆောက်အုံ တစ်ခုလုံး ဝယ်လိုက်ရမလား..”

ကီရီလန်ကို ရုတ်တရက် ထမေးလာသည်။

ညီနောင်ကီသည် အင်ပါယာစတိတ် အဆောက်အဦး တစ်ခုလုံးကို ဝယ်ချင်နေသည်လော။ အတည်ကြီး ပြောနေခြင်းပင်။

အင်ပါယာစတိတ်အဆောက်အဦးကို လွန်ခဲ့သည့် နှစ်ပိုင်းက ဂျပန်တစ်ယောက်ထံ ရောင်းချထားပေသည်။ ထိုလူနာမည်မှာ ဟီဒီခီ ယိုကိုင် ဖြစ်ပြီး ဂျပန် ဘီလျံနာ တစ်ယောက်ဖြစ်သည်။

ဖုန်းယွီသည် အဆောက်အဦးအတွက် ဟီဒီခီယိုကိုင် မည်မျှ သုံးထားသည်ကို မမှတ်မိသော်လည်း ထိုအဆောက်အဦး အတွက် ကန်ဒေါ်လာ သန်း(၁၀၀)ဆိုသည်မှ အလွန်တန်ပေသည်။ ဖုန်းယွီသည် အဆောက်အဦးမှ ငွေများများ မရှာနိုင်သော်လည်း ဆုံးရှုံးမှုလည်း မရှိချေ။ နယူးယောက်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းများသည် နောင်တွင် မြင့်တက်လာမည် ဖြစ်သည်။

ဖုန်းယွီသည် အင်ပါယာစတိတ် အဆောက်အဦးကို နောင်တွင် အမေရိကန်တစ်ယောက်အား ဈေးနှုန်း မြင့်မြင့်ဖြင့် ရောင်းချလိမ့်မည် ဖြစ်ကြောင်း သတိရလိုက်မိသည်။ အကယ်၍ သူသည် ထိုအဆောက်အဦးကို ဝယ်နိုင်ပါက ထိုအဆောက်အဦးကို အနှီအမေရိကန်အား ပြန်ရောင်းရသည့်အချိန် အမြတ်အစွန်း အနည်းငယ် ရရှိနိုင်ပေသည်။

အင်ပါယာစတိတ် အဆောက်အဦးသည် အမေရိကန်၏ အထင်ကရ နေရာတစ်ခု ဖြစ်သည်။ အဆောက်အုံကို ဂျပန် တစ်ဘောက်ထံ ရောင်းလိုက်သည့်အခါ အမေရိကန် တော်တော်များများ ထိတ်လန့်သွားကြသည်။ ဂျပန်များ အမေရိကန် အိမ်ခြံမြေများ အားလုံးကို ဝယ်ကြတော့မည့် လက္ခဏာဟု ထင်သွားကြတော့သည်။

သို့ရာတွင် နောက်ဆုံး၌ ဂျပန်စီးပွားရေး ပြိုလဲသွားတော့သည်။

“ဒီကိစ္စ နောက်မှ ထပ်ပြောရအောင်… ပိုင်ရှင်ကိုသာ စည်းရုံးနိုင်ရင် အဲ့ အဆောက်အဦးကို မင်းနဲ့ စပ်တူ ဝယ်ရမယ်ဆိုလဲ စိတ်ထဲမထားပါဘူး.. ဘာပဲဖြစ်ဖြစ် မင်း ကမ္ဘာ့စီးပွားရေး မျှော်စင်မှာ ရှိတဲ့ ရုံးခန်းတွေကို ငှားရုံငှားပြီး ဝယ်လိုမဖြစ်ဘူးဆိုတာ သတိရရမယ်..”

ဖုန်းယွီ သေချာ သတိပေးလိုက်သည်။

“ငါသိပါတယ်ကွာ.. ညစာ စားချိန်ကျရင် အကဲဖြတ်အဖွဲ့တွေနဲ့ ငါမင်းကို မိတ်ဆက်ပေးမယ်.. သူတို့တွေ အကုန် အားလုံး ဉာဏ်ကြီးရှင်တွေကြီးပဲ…”

ကီရီလန်ကို ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကောင်းတယ်.. စတော့ရှယ်ယာဈေးကွက်မှာ သူတို့ရထားတဲ့ ရလဒ်တွေ ငါလဲ ကြည့်ချင်သေးတယ်..”

--------**$$^$$**--------

All Chapters