← Chapters

ထိုစားသောက်ဆိုင်သည် ကြိုတင် မှာထားရန် မလိုချေ

Vol. 53 Ch. 785

ထိုစားသောက်ဆိုင်သည် ကြိုတင် မှာထားရန် မလိုချေ

Vol. 53 Ch. 785

ဘီလ်ဂိတ်သည် ဖုန်းယွီ၏ ဖုန်းခေါ်ဆိုမှုကို ပြန်လည်ဖြေကြားခဲ့သည်။ ဖုန်းယွီသည် သူ့အား နောင်တွင် မိုက္ခရိုဆော့ဖ် အတွက် အလုပ်ကြိုးစားမည်ဟု ပြောချင်၍ ဖုန်းခေါ်သည်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ဖုန်းယွီသည် အလုပ်မှ အနားယူတော့မည်ဟု ပြောချင်၍ ဖုန်းခေါ်ကြောင်း မည်သူသိနိုင်မည်နည်း။

“ဖုန်း.. ကုမ္ပဏီထဲက တခြားသူတွေ မင်းကို သိပ်မကြည်ကြဘူး.. ငါသူတို့ကို ပြန်ရှင်းပြဖို့ ခက်လိမ့်မယ်..”

“ဘီလ်.. ကုမ္ပဏီအတွက် ကျုပ်လုပ်ရမယ့်အလုပ် ပြီးအောင် လုပ်ပြီးပြီလေ.. ကျုပ်ကလွဲပြီး ဒီတာဝန်ကို ပြီးအောင် ဘယ်သူလုပ်နိုင်မှာလဲ.. တရုတ်ဈေးကွက်တစ်ခုကလွဲရင် ကျန်တဲ့လုပ်ငန်းတွေမှာ ဝင်မပါဘူးလို့ ကျုပ်ပြောထား ဖူးတယ်လေ.. ဒါရိုက်တာ အစည်းအဝေးတွေ ဘာလို့ တက်နေရအုံးမှာလဲ.. တခြားဒေသတွေကိုပါ ဝင်ရှုတ်ရမှာလား.. မင်းဆုံးဖြတ်ချက်တွေ ထောက်ခံပြီးသားပဲလို့ အရင်အစည်းအဝေးတုန်းက ပြောဖူးပြီးသားလေ..”

ဖုန်းယွီ ဘီလ်ဂိတ်ကို ပြန်မေးလိုက်သည်။

အခြားကဏ္ဍများ၏ မိမိအခွင့်အရေးများကို စွန့်ပယ်ထားပြီး ဖြစ်၍ မိမိကို အလုပ်အများကြီး မပေးသင့်ချေ။ ထို့အပြင် မိမိသည် တရုတ်ဈေးကွက်အကြောင်း ဘောလ်မာအား ရှင်းပြခဲ့သည်။

ဘီလ်ဂိတ် မျက်မှောင်ကြုတ်သွားမိသည်။ ဖုန်းယွီအား ပေးအပ်ထားသည့် အခွင့်အာဏာမှာ အလွန်နည်းပါးကာ ဖုန်းယွီ ဖြစ်လိုသည်ကိုလည်း သူနားလည်ထားသည်။ သို့ရာတွင် ဖုန်းယွီသည် သူ့ကို ထောက်ခံသွားမည် ဖြစ်ကြောင်း ကြားရသည့်အတွက် ဝမ်းသာနေမိသည်။

“ကောင်းပြီလေ.. ဖုန်း.. ကုမ္ပဏီက မင်းကို လိုအပ်တဲ့အချိန်မှာတော့ ငါတို့ကို စိတ်မပျက်စေနဲ့နော်..”

ဒါရိုက်တာ တစ်ယောက်သည် ကုမ္ပဏီ၏ လုပ်ငန်းများ ဝင်ရောက်မစွက်ဖက်ခြင်းသည် ဘီလ်ဂိတ်အတွက် ကောင်းသည့် အချက်ပင်။ တရုတ်ဈေးကွက် တည်ငြိမ်စေရေးအတွက် နောက်ထပ် (၂)နှစ်စောင့်ကာ ဖုန်းယွီကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ ထုတ်ပစ်မည် ဖြစ်သည်။

ဖုန်းချပြီးနောက် ဖုန်းယွီသည် ရီလ်ဖာဘက်သို့ လှည့်လိုက်ကာ..

“မိုက္ခရိုဆော့ဖ်ကို အနီးကပ် စောင့်ကြည့်နေလိုက်.. ကုမ္ပဏီမှာ နောက်ဆုံးပေါ် ထုတ်ကုန် ဒါမှမဟုတ် နည်းပညာ တစ်ခုခု ရှိတယ်ဆို ငါ့ကို ချက်ချင်း အကြောင်းကြား.. နားလည်တယ်မို့လား..”

“ဟုတ်ကဲ့ပါသူဌေး.. ကျုပ် ဒီကောင်တွေကို စောင့်ကြည့် ထားလိုက်မယ်.. အမေဇုံကိုလဲ စောင့်ကြည့်ရမှာမို့လား..”

“မလိုဘူး.. ဂျက်ဖ်ကို အမေဇုံ စီမံခန့်ခွဲခွင့် ပေးထားပြီးသားမို့ ဝင်စွက်ဖက်စရာ မလိုဘူး.. ငွေရေးကြေးရေးကိစ္စပဲ အနီးကပ် စောင့်ကြည့်ထားဖို့လိုတယ်.. ပြီးတော့ အသေးစား ရှယ်ယာရှင်တွေနဲ့လဲ အဆက်အသွယ်လုပ်အုံး.. သူတို့ဆီက အမေဇုံရှယ်ယာတွေ ငါလိုချင်တယ်.. ဂျက်ဖ် သူတို့နဲ့ သွားတွေ့ရင်တော့ ငါတို့ လက်လျှော့ပေးလိုက်..”

အကယ်၍ ဂျက်ဖ်သည် ဖုန်းယွီ၏ ကျေးဇူး မသိတတ်ပါက တစ်သက်တာ နောင်တရသွားမည်မှာ သေချာပေသည်။

“ကျုပ် နားလည်ပါပြီ..”

“အော်.. ဘိုးရိမ်းက အကြောင်းပြန်ပြီလား.. ရဟတ်ယာဉ် မွမ်းမံတယ်ဆိုတာ မြန်တယ်ဆို.. (၃)ရက်တောင် ရှိသွားပြီ ဘာသတင်းမှ မရသေးပါလား..”

ဖုန်းယွီ စိတ်မကြည်လင်စွာ မေးလိုက်သည်။

ရီလ်ဖာသည်လည်း မည်သည့်စကားမှ မပြောနိုင်ချေ။ ထိုရဟတ်ယာဉ် မွမ်းမံမှုနှင့်ပတ်သက်၍ ဖုန်းယွီ၏ တောင်းဆို ချက်များမှာ စိတ်ကြိုက် ရဟတ်ယာဉ် တည်ဆောက်ရခြင်းလောက် ရှိပေသည်။ ကားတစ်စီး ပြုပြင်မွမ်းမံမည် ဆိုလျှင်ပင် (၃)ရက်ဆိုသည်မျာ အချိန်မလောက်နိုင်ချေ။

“ကျုပ် စစ်ဆေးပြီး အရှိန်မြှင့်ခိုင်းလိုက်ပါ့မယ်..”

******

“ဖုန်း… နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့.. ငါက မင်းကို စောင့်နေတာကြာပြီကွ..”

ကီရီလန်ကိုသည် ဖုန်းယွီအား နယူးယောက် လေဆိပ်တွင် ဝက်ဝံကြီးကဲ့သို့ ပွေ့ဖက်လိုက်သည်။ သူသည် အယ်လီနာအား မြင်လိုက်ရပြီး ဖုန်းယွီ မည်သည့်အတွက် ခေါ်လာသည်ကို အံ့ဩသွားမိသည်။

ဖုန်းယွီသည် မိမိ၏ ဈေးကွက်လေ့လာသုံးသပ်သူများနှင့် တွေ့ချင်ကြောင်း ပြောထားပေသည်။ မည်သည့်အတွက် ထိုအမျိုးသမီးအား ခေါ်လာသနည်း။ ကီရီလန်ကိုအတွက်မူ အမျိုးသမီးများဆိုသည်မှာ ကစားစရာသာပင်။ ဖုန်းယွီ သည်ထိုအမျိုးသမီးကို သဘောကျနေသည် ဆိုလျှင်ပင် အိမ်တွင်သာ ထားခဲ့သင့်ပေသည်။ သွားလေရာ ခေါ်ရန် အကြောင်းမရှိချေ။

ကီရီလန်ကိုသည် အမေရိကန်သို့ ရောက်လာသည်မှာ အချိန်တိုတောင်းသော်လည်း အမေရိကန် သရုပ်ဆောင် (၃)ယောက်ကို သိမ်းပိုက်ထားပြီး ဖြစ်ပေသည်။ ဈေးကြီးသော်လည်း အနိုင်ယူရသည်မှာ ဂုဏ်ယူစရာပင်။ အမေရိကန် တစ်ခုလုံး သူ့လက်အောက် ရောက်သွားသကဲ့သို့ ခံစားရပေသည်။

“အခု ငါတို့ ဘယ်သွားမလဲ..”

ဖုန်းယွီ မေးလိုက်သည်။

“အရင်ဆုံး တစ်ခုခု သွားစားရအောင်.. ပေကျင်းဘဲကင်ရောင်းတဲ့ တရုတ်ဆိုင်ကောင်းကောင်း ငါသိတယ်.. မင်း အမေရိကန်မှာ နေတာ ကြာပြီမို့လား.. တရုတ်အစားအစာတွေ လွမ်းနေလောက်မှာ သေချာတယ်.. ငါ့ကောင်တွေကို ကြိုပြိး ဘိုကင်ချိတ်ခိုင်းထားတယ်..”

ဖုန်းယွီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ကီရီလန်ကိုသည် တရုတ်တန်းမှ ချွမ်ကျွီသဲ အကြောင်း ပြောနေသည်လော။

စားသောက်ဆိုင်အတွင်းသို့ ရောက်သွားခဲ့ခါ ချွမ်ကျွီသဲ မှ ချွမ်ကျွီသဲပင်။ ဖုန်းယွီ ရယ်မောကာ ခေါင်းယမ်းလိုက်မိ တော့သည်။

“ဖုန်း.. ဘာဖြစ်လို့လဲ.. ဒီစားသောက်ဆိုင် မကြိုက်ဘူးလား.. ဟိုရှေ့က တရုတ်တန်းထဲမှာ တရုတ်စားသောက် ဆိုင်တွေ အများကြီး ရှိသေးတယ်.. မင်းအကြိုက်တွေ့မတွေ့ သွားကြည့်ကြမယ်လေ..”

ကီရီလန်ကိုသည် ဖုန်းယွီ ခေါင်းယမ်းသည်ကို တွေ့မြင်ရ၍ ထိုစားသောက်ဆိုင်အပေါ် စိတ်မကြည်ဟု ထင်လိုက်မိသည်။

“ညီနောင်ကီ.. မင်းကိုငါ စားသောက်ဆိုင် တစ်ခုမှာ ရင်းနှီးမြုပ်နှံထားသေးတယ်လို့ ပြောဖူးတာ မှတ်မိသေးလား..”

ကီရီလန်ကိုသည် ချွမ်ကျွီသဲ ဆိုင်းဘုတ်ကိုတစ်လှည့် ဖုန်းယွီကို တလှည့် ကြည့်လိုက်မိသည်။

“ဒါ.. ဒါ.. မင်းရင်းနှီးမြုပ်နှံထားတယ်ဆိုတဲ့ စားသောက်ဆိုင်လား..”

“ဝင်ကြစို့.. နောက်ဆို ဒီမှာ စားချင်ရင် ကြိုမှာထားစရာ မလိုဘူး.. ပြီးမှပဲ VIP ကဒ်ပေးထားမယ်..”

ဖုန်းယွီသည် အယ်လီနာနှင့်အတူ လျှောက်သါားလိုက်သည်။ ဖုန်းယွီနှင့် တွေ့ကတည်းက သူ့မျက်နှာ ပြုံးနေပေသည်။ ဖုန်းယွီမှာ သူနှင့်အတူ နယူးယောက်သို့ ခေါ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။

“မင်္ဂလာညချမ်းပါ ဆရာတို့.. ကြိုတင် စာရင်းပေးထားတာများ ရှိလားမသိဘူး..”

အဝင်တံခါးနားတွင် စားပွဲထိုးမှ အင်္ဂလိပ်လို ကျွမ်းကျင်စွာ မေးလိုက်သည်။

“မင်းတို့မန်နေဂျာက ဝမ်ကျစ်ချွမ်မို့လား.. ဖုန်းယွီ ဒီမှာရောက်နေတယ်လို့ သွားပြောလိုက်..”

ဖုန်းယွီ မန်ဒရင်ဘာသာဖြင့်ပင် ပြန်ပြောလိုက်သည်။

တံခါးဝရှိ စားပွဲထိုးအနေဖြင့် ဖုန်းယွီသည် စားသောက်ဆိုင်၏ သူဌေးတစ်ဘောက်မှန်း သိမထားချေ။ ထိုလူငယ်သည် သူ့မန်နေဂျာနာမည်ကို သိထားပြီး လေယူလေသိမ်းသည်လည်း တရုတ်မှ လာခြင်းကို သိလိုက်ရသည်။ သူ၏ မန်နေဂျာနှင့် ပုဂ္ဂိုလ်ရေးအရ အသိများ ဖြစ်နိုင်လောက်ပေသည်။

ထို့အပြင် ထိုလူငယ်သည် သက်တော်စောင့်များပါ ပါလာပြီး ဇိမ်ခံကားဖြင့် ရောက်လာခြင်း ဖြစ်သည်။

“မစ္စတာဖုန်း.. ခဏလေး စောင့်ပေးပါ.. မန်နေဂျာကို အကြောင်းကြားလိုက်ပါ့မယ်..”

ခဏအကြာတါင် လူထွားကြီးတစ်ယောက် လှေကားမှ ပြေးဆင်းလာသည်။ လက်နှစ်ဖက် ဖြန့်ကာ ဖုန်းယွီထံ ပြေးဝင်သွားပြီး..

“မန်နေဂျာဖုန်း… မင်းဘယ်လိုရောက်လာလဲ.. ငါ့ကို လှမ်းပြောလိုက်ရောပေါ့.. လာကြိုမှာပေါ့ဗျာ…”

မန်နေဂျာ ဝမ်ကျစ်ချွမ်အား အကြောင်းကြားလိုက်သည်နှင့် ဘာမှပင် စဉ်းစားမနေဘဲ အပြင်သို့ တမ်းထွက်ကာ ထိုလူငယ်လေးနှင့် မည်သည့်အတွက် သွားတွေ့ရသနည်း။ ထိုလူငယ်လေး၏ နာမည်မှာ ဖုန်းယွီဟု ကြားလိုက်ရသည်နှင့် ထိုင်ခုံမှ ခုန်ဆင်းကာ အောက်ထပ်သို့ ပြေးသွားခြင်း ဖြစ်သည်။

စားသောက်ဆိုင်အတွင်းရှိ အခြားဝန်ထမ်းများသည်လည်း ဖုန်းယွီအကြောင်း မကြားဖူးချေ။ သို့ရာတွင် ချွမ်ကျွီသဲ၏ မန်နေဂျာများအားလုံး ဖုန်းယွီသည် အကြီးဆုံး ရှယ်ယာရှင် ဖြစ်ကြောင်း သိထားကြပေသည်။

မန်နေဂျာဖုန်းသည် သူတို့ကို စစ်ဆေးရန် နယူးယောက်သို့ လာခဲ့သည်လော။ ဝမ်ကျစ်ချွမ်သည် ရုံးချုပ်မှ သတင်း တစုံတရာ ရမထားချေ။ ဤစားသောက်ဆိုင်မှာ တော်တော် အခြေအနေကောင်းပေသည်။ တစ်ယောက်ယောက်မှ နောက်ကျောကို ဓားနှင့်ထိုးခြင်း ဖြစ်မည်လော။

“အဘိုးကြီးဝမ်.. ကိုယ်အလေးချိန် တော်တော်ကျသွားတယ်လို့ ကျုပ်ဘာလို့ထင်နေမိပါလိမ့်..”

ဖုန်းယွီ ရယ်မောလိုက်သည်။ ဝမ်ကျစ်ချွမ်နှင့် ပေကျင်းတွင် တစ်ကြိမ် တွေ့ဆုံဖူးပေသည်။

“ဟား.. ဟား.. ဟား.. လေ့ကျင့်ခန်းလေး နည်းနည်းလုပ်လို့ပါဗျာ..”

ဝမ်ကျစ်ချွမ် ရယ်မောလိုက်သည်။

“ကျုပ် ဒီမှာ စားမလိုဗျ.. သူငယ်ချင်းတွေလဲ ခေါ်လာတယ်.. ဒါ.. ရုရှားက ကျုပ်အချင်ဆုံး သူငယ်ချင်း မစ္စတာ ကီရီလန်ကိုတဲ့.. သူဒီမှာ ကြိုတင် ဘိုကင်ချိတ်ဖို့ လုပ်သေးတယ်.. စားသောက်ဆိုင်က အမြဲလူပြည့်နေတယ် ဆိုပဲ..”

ဖုန်းယွီသည် ကီရီလန်ကိုအား ဝမ်ကျစ်ချွမ်နှင့် မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်.. မစ္စတာ ကီရီလန်ကို.. နောက်ဆို ဒီမှာ လာစားချင်ရင် ဒါလေးသာ ဆောင်ထား လိုက်ပါ.. ကျုပ်တို့ စားသောက်ဆိုင်ရဲ့ VIP ကဒ်လေ.. ကျုပ်နဲ့ မတွေ့ရရင်တောင် ဒီကဒ်လေး ပြလိုက်ယုံပါပဲ.. ကြိုတင် ဘိုကင်ချိတ်စရာ မလိုဘူး..”

ဖုန်းယွီ ဘာမှ မပြောခင် ဝမ်ကျစ်ချွမ်မှ ကီရီလန်ကိုအား VIP ကဒ် ထုတ်ပေးလိုက်သည်။

ကီရီလန်ကိုလည်း ထိုကဒ်ကို ယူကာ သူ့အတွင်းရေးမှူးကို ပေးထားလိုက်သည်။ ဝမ်ကျစ်ချွမ်သည် စကားအရမ်း မြန်လွန်းသဖြင့် ကီရီလန်ကို လုံးဝ နားမလည်ချေ။

ဝမ်ကျစ်ချွမ်သည် ဟင်းလျာများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင် ဧည့်ခံခဲ့သည်။ ဟင်းလျာမျိုးစုံကိုလည်း ရှင်းပြပေးကာ အရက်(၂)ခွက် သောက်ပြီးမှ အခန်းအတွင်းမှ ထွက်သွားလိုက်သည်။

အခန်းအတွင်းမှ ထွက်လာသည်နှင့် ဝမ်ကျစ်ချွမ် နဖူးမှ ချွေးများ သုတ်လိုက်သည်။ ယနေ့ သူ့ဝန်ဆောင်မှု၌ အပြစ် ကင်းလောက်ပေသည်။ မန်နေဂျာဖုန်းသည် ဖြတ်သွားဖြတ်လာ ဝင်လာခြင်းသာဖြစ်ပြီး သူ့ကို စစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းမဟုတ်ချေ။

နိုင်ငံခြား ဆိုင်ခွဲတစ်ခု၏ စားသောက်ဆိုင် မန်နေဂျာအနေဖြင့် ဝမ်ကျစ်ချွမ်သည် တရုတ်နိုင်ငံတွင်ရှိသည့် အခြားသော အဆင့်တူ လုပ်ဖော်ကိုင်ဖက်များထက် လစာပိုမိုရရှိခဲ့သည်။ ၎င်းတို့လစာသည် အမြတ်အစွန်း အပေါ်တွင် မူတည်ပြီး အမေရိကန်များသည် ချမ်းသာပေသည်။ ဤသည်မှာ နယူးယောက်တွင် ဖြစ်ပြီး ဤဆိုင်ခွဲ၏ အကြိုးအမြတ်မှာ ပေးကျင်းဆိုင်ခွဲ၏ (၃)ဆကျော်ပေသည်။

“ညီနောင်ကီ… မင်းကုမ္ပဏီ ရုံးခန်းက ဘယ်မှာလဲ..”

--------**$$^$$**--------

All Chapters