← Chapters

လျိုချွမ်ကျစ်၏ ဆုံးဖြတ်ချက်

Vol. 53 Ch. 782

လျိုချွမ်ကျစ်၏ ဆုံးဖြတ်ချက်

Vol. 53 Ch. 782

လီနိုဗို ပေကျင်းရုံးချုပ်။ အစည်းအဝေး ခန်းလေးထဲတွင် အခြေအနေ တင်းမာနေပေသည်။ ဒါရိုက်တာများ အားလုံး အရေးကြီး ကိစ္စတစ်ခု ဆွေးနွေးနေကြပေသည်။

“ယောင်ချင်း မင်းဘယ်လိုထင်လဲ..”

လျိုချွမ်ကျစ် မေးလိုက်သည်။

ယန်ယောင်ချင်းသည် ကွန်ပျူတာ ဌာန၏ အကြီးအကဲ ဖြစ်သည်။ လီနိုဗို၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပေသည်။ လျိုချွမ်ကျစ်သည် သူ့အပေါ် မျှော်လင့်ချက် ကြီးမားကာ ဆက်ခံသူအဖြစ်ပင် လျာထားချင်နေပေသည်။

ဤသည်မှာ အတွေးတစ်ခုသာ ရှိသေးပေသည်။ လျိုချွမ်ကျစ်သည် အငြိမ်းစား မယူမီ နောက်နှစ်ပေါင်းများစွာ အလုပ်လုပ်နိုင်သေးသည် မဟုတ်ပေလော။

“ဒီအဆိုပြုချက်ကို ကျုပ်ကတော့ ထောက်ခံတယ်.. ပြီးတော့ မန်နေဂျာဖုန်း အရင်ကပြောဖူးသေးတယ်.. ဒီကုမ္ပဏီကို လီနိုဗိုဆော့ဖ်ဝဲလို့ ခေါ်မှာ.. လီနိုဗိုနဲ့ သူ့ရှယ်ယာတွေက ကုမ္ပဏီရှယ်ယာတွေကို ထိန်းချုပ်ဖို့ လုံလောက်လိမ့်မယ်..”

ယန်ယောင်ချင်သည် ကွန်ပျူတာဌာနမှ ဖြစ်ပြီး ဆော့ဖ်ဝဲဌာနကို လက်လွှတ်ရန် အဆိုပြုချက်ကို သေချာပေါက် ထောက်ခံပေသည်။ ထိုနည်းဖြင့် လီနိုဗိုသည် အရင်းအမြစ်အားလုံးကို ကွန်ပျူတာ ထုတ်လုပ်ရေးတါင်သာ အာရုံစိုက် နိုင်မည် ဖြစ်သည်။

“ကျုပ် ကန့်ကွက်ပါတယ်..”

ကျိုးလီနန် အောက်လိုက်ခြင်းပင်။

ကျိုးလီနန်သည် လီနိုဗိုသို့ ပထမဆုံး ရောက်ရှိခဲ့သည့် အင်ဂျင်နီယာ အနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံဖြစ်သည်။ လီနိုဗို ‘ဟန်’ ကဒ်သည် သူ့အကြွေးကြောင့် ဖြစ်သည်။ လီနိုဗိုသည် ဆော့ဖ်ဝဲမှ စတင်ခဲ့ပြီး ကွန်ပျူတာ စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက ဆန့်ကျင်ခဲ့ပေသည်။ ကုမ္ပဏီ၏ ကွန်ပျူတာ ရောင်းအား ကောင်းလာခြင်းအတွက် ဝမ်းမြောက်မိသော်လည်း ကုမ္ပဏီသည် ထိုအကြောင်းကြောင့် ဆော့ဖ်ဝဲဌာနကို ဖယ်ထုတ်ခြင်း မလုပ်သင့်ချေ။

မိုက္ခရိုဆော့ဖ်ကို ကြည့်ရပေမည်။ ဆော့ဖ်ဝဲ၏ အလားအလာကို သိသင့်ပေသည်။ ဆော့ဖ်ဝဲနှင့် လည်ပတ်မှုစနစ်များ မပါဘဲ မည်သည့်ကွန်ပျူတာမှ အလုပ်မလုပ်နိုင်ချေ။ အိမ်သုံး စမတ်ပစ္စည်းများတွင်ပင် ပါဝင်ပေသည်။ ဆော့ဖ်ဝဲသည် ဆပ်စပ်ပစ္စည်းထက် ပို၍ ကောင်းမွန်သည့် အလားအလာ ရှိပေသည်။

လီနိုဗိုသည် တရုတ်နိုင်ငံ၏ ထိပ်တန်း ဆော့ဖ်ဝဲ ကုမ္ပဏီ ဖြစ်နေပေပြီ။ လီနိုဗိုလ်တွင် အစုရှယ်ယာဝင်ထားသည့် ဆော့ဖ်ဝဲဘုရင်သည် စီမံကိန်းများစွာကို အတူစခဲ့ကြသည်။ ထိုအချိန်၌ လီနိုဗိုသည် တရုတ်ဆော့ဖ်ဝဲ ဈေးကွက်ကို သိမ်းပိုက်ကာ နိုင်ငံခြားတွင် အကျိုးတူ လုပ်ကိုင်ရမည့် အချိန် ဖြစ်ပေသည်။ သို့ရာတွင် ယခုမူ ဆော့ဖ်ဝဲဌာနကို အခြားသော ကုမ္ပဏီတစ်ခုနှင့် တည်ထောင်ရန်အတွက် ကုမ္ပဏီမှ ခွဲထုတ်ချင်နေသည်လော။

“လီနိုဗိုကလဲ ဆော့ဖ်ဝဲ စပြီး တီထွင်နေပါပြီ.. ကျုပ်တို့ ကုမ္ပဏီအတွက် ‘ဟန်’ကဒ်ကနေ အမြတ်အစွန်းတွေ ပေးနေတယ်လေ.. ပြီးတော့ ကျုပ်တို့ ကုန်တိုက်စနစ်ကိုလည်း ထပ်ပြီး မိတ်ဆက်ပေးသွားအုံးမှာပါ.. အဲ့ဒါ ကျုပ်တို့အတွက် အမြတ်အစွန်း အရမ်းမြင့်လိမ့်မယ်.. ကျုပ်တို့ရဲ့ လီနိုဗို ဆာဗာစနစ်ကလဲ ရောင်းအား ကောင်းနေတယ်လေ.. ဒါတွေအားလုံး ဆော့ဖ်ဝဲရဲ့ အလားအလာ ပြနေတယ်လေ.. ဘာဖြစ်လို့ ခွဲထုတ်ရမှာလဲ.. တခြားလူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာလား..”

“တခြားလူတွေနဲ့ ဖက်စပ်တည်ထောင်တာကို ကန့်ကွက်ပါတဘ်.. လီနိုဗိုက တရုတ်သိပ္ပံတက္ကသိုလ်မှာလဲရှိတယ်.. နည်းပညာပိုင်းမှာ အားသာချက်တွေရှိတယ်.. တခြားလူတွေ မလိုဘူး.. ဆော့ဖ်ဝဲ ကုမ္ပဏီကို လီနိုဗိုဆော့ဖ်ဝဲကုမ္ပဏီက ဖုန်းယွီနဲ့ ရုရှားလူက ရှယ်ယာ (၅၀)ကျော် ပိုင်ဆိုင်မယ်.. သူတို့နဲ့ လက်တွဲရင် ကုမ္ပဏီမှာ ပြောစရာတွေ ဖြစ်ကုန်လိမ့်မယ်..”

ဒါရိုက်တာ ကျောင်း ထပြောလာပေသည်။

ဒါရိုက်တာ ကျောင်းသည် လျိုချွမ်ကျစ်အား ပံ့ပိုးပေးလာသူဖြစ်သည်။ သူသည် လီနိုဗိုကို တည်ထောင်ရန် လျိုချွမ်ကျစ်အား တရုတ်သိပ္ပံတက္ကသိုလ်မှ ရန်ပုံငွေများ ရထားခြင်းဖြစ်သည်။ လီနိုဗို၏ အောင်မြင်မှုကြောင့် တက္ကသိုလ် လာက်ထောက် ဒါရိုက်တာအဖြစ်လည်း ရာထူးတိုးခံခဲ့ရသည်။ သူသည် တရုတ်သိပ္ပံ တက္ကသိုလ်၏ ကွန်ပျူတာ နည်းပညာပိုင်း အကြီးအကဲလည်း ဖြစ်ပေသည်။

ဒါရိုက်တာကျောင်းသည် လီနိုဗိုရှိ တရုတ်သိပ္ပံတက္ကသိုလ် ကိုယ်စားလှယ်လည်း ဖြစ်ပေသည်။

“ကုမ္ပဏီကနေ ဆော့ဖ်ဝဲပိုင်း ခွဲထုတ်မှုကို ကျုပ်သဘောတူတယ်.. လီနိုဗိုရဲ့ အနာဂတ်မှာ အမြတ်တွေ ဘယ်ကလာတယ်ဆိုတာ သိလာလိမ့်မယ်.. အခုခေတ်က ကွန်ပျူတာခေတ်ဆိုတာ သံသယ ရှိစရာ မလိုဘူး.. တရုတ်မှာ ကျုပ်တို့ရဲ့ ဈေးကွက်ဝေစုက ဒီနှစ် အကြီးမားဆုံး ဖြစ်လာလိမ့်မယ်.. နောက်နှစ်ဆနို ကျုပ်တို့ဟာ တရုတ်နိုင်ငံရဲ့ နံပတ်တစ် နေရာ ယူနိုင်တော့မယ်.. ကျုပ်တို့က ဟောင်ကောင်.. ထိုင်ဝမ်နဲ့ အရှေ့တောင်အာရှက ကျန်တဲ့ နိုင်ငံတွေကို တင်ပို့သွားမှာပါ.. အမြတ်အစွန်းလဲ တိုးလာလိမ့်မယ်.. ကျုပ်တို့ရဲ့ လက်စွဲကွန်ပျူတာတွေက လူတွေ အကြိုက်အများဆုံးပဲ.. ဘယ်ကုမ္ပဏီလာလာ အေးဆေးပဲ..”

‘ဟန်’ကဒ်၊ ဆာဗာများ၊ ကွန်ပျူတာနှင့် အခြားသော ထုတ်ကုန်များ ရောင်းချမှုအပိုင်း ကြီးကြပ်သည့် ဒု-အထွေထွေ မန်နေဂျာ စွန်းဟောင်ပမ့် ပြောလိုက်သည်။

စွန်းဟောင်ပမ့်သည် လီနိုဗို၏ သက်တမ်းအကြာဆုံး အဆင့်မြင့် စီမံခန့်ခွဲသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ထုတ်ကုန်ရောင်းအားကို တာဝန်ယူထားပြီး ကုမ္ပဏီ၏ အမြတ်အစွန်းများကို အခြားလူများထက် ပိုသိပေသည်။

တရုတ်နိုင်ငံတွင် လီနိုဗိုကွန်ပျူတာသည် ဈေးကွက်ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ ဆော့ဖ်ဝဲဘုရင်နှင့် ပူးပေါင်း ဆောင်ရွက်ပြီးနောက် ‘ဟန်’ကဒ်သည် တရုတ်နိုင်ငံ ထပ်တန်း ဆော့ဖ်ဝဲလ် ဖြစ်လာမည် ဖြစ်သည်။ ၎င်းတို့၏ ဆာဗာများနှင့် အခြားထုတ်ကုန်များ၏ ရောင်းအားသည်လည်း တိုးလာပေသည်။ ကွန်ပျူတာများသည် လီနိုဗို၏ အမြတ်အစွန်း အရှိဆုံး ထုတ်ကုန် ဖြစ်သဖြင့် ဤသည်ကိုသာ အာရုံစိုက်ထားသင့်ပေသည်။

စွန်းဟောင်ပမ့်မှာ ဆော့ဖ်ဝဲနှင့်ပတ်သက်၍ သိပ်မရင်းနှီးချေ။ ဆော့ဖ်ဝဲ၏ အမြတ်အစွန်းမျာလည်း သိသာထင်ရှား ပေသည်။ ဤကမ္ဘာပေါ်တွင် မိုက္ခရိုဆော့ဖ် တစ်ခုတည်းသာရှိပြီး ထိုလုပ်ငန်းတွင် လက်ဝါးကြီးအုပ်ထားပေသည်။ အခြားတစ်ဖက်၌ မရေတွက်နိုင်သော ကွန်ပျူတာ ထုတ်လုပ်သူများရှိပြိး ၎င်းတို့အားလုံးသည် အမြတ်အစွန်း များရနိုင်ပေသည်။

ဤအဆိုပြုချက်သည် ၎င်းတို့၏ ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်ရေးကို စွန့်လွှတ်ရန် ပြောနေခြင်းမဟုတ်ချေ။ ရုရှားများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဤတို့သည် ဆော့ဖ်ဝဲဘုရင်ကို ဝယ်ရန်ပင် အခွင့်အရေး ရှိနိုင်ပေသည်။ ထိုအဆိုပြုချက်ကို မည်သည့်အတွက် ကန့်ကွက်ရသနည်း။ ရုရှားလူမျိုးများသည်လည်း ဆော့ဖ်ဝဲ ဖွံဖြိုးတိုးတက်မျုတွင် အားကောင်းကြသည်။ ဤသည်က ကုမ္ပဏီ၏ တိုးတက်မှုူ မြှင့်တင်ပေးနိုင် ပေလိမ့်မည်။

စွန်းဟောင်ပမ့်သည် ဒါရိုက်တာ ကျောင်းနှင့် ထိုဒါရိုက်တာအိုကြီးများကို သိပ်ကြည့်မရချေ။ ၎င်းတို့၏ အတွေးအခေါ် မှာ ခေတ်နောက်ကျနေပြီး လက်ရှိဈေးကွက်လမ်းကြောင်းအား လိုက်မမီနိုင်ဟု သူခံစားနေမရသည်။ သူ့ကြောင့် မဟုတ်ပါက လီနိုဗို၏ ရောင်းအား ဤမျှ အမြန်ဆုံး တိုးလာမည် မဟုတ်ချေ။

လျိုချွမ်ကျစ်သည် စွန်းဟောင်ပမ့်ကို ယုံကြည်ကာ သဘောတူပေသည်။ အကယ်၍ လျိုချွမ်ကျစ်သည် ကုမ္ပဏီရှယ်ယာများကို စွန်းဟောင်ပမ့်ကသာ မပေးပါက ဤကုမ္ပဏီမှ ထွက်သွားပြီးသည်မှာ ကြာပေပြီ။ သူ့လက် အတွင်းရှိ ဖြန့်ဖြူးရေး လမ်းကြောင်းများသည် လျှပ်စစ်ပစ္စည်းများ ရောင်းဝယ်သည့် ကုန်သွယ်ရေး ကုမ္ပဏီ တစ်ခု ထူထောင်ရန်ပင် လုံလောက်ပေသည်။

ဒါရိုက်တာများ အားလုံး ၎င်းတို့အမြင်များကို အကြောင်းပြချက်ကိုယ်စီဖြင့် ထုတ်ပြောခဲ့ကြပေသည်။

လျိုချွမ်ကျစ်သည် လီနိုဗိုလ် ဆော့ဖ်ဝဲ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲထုတ်ရန်လည်း ပံ့ပိုးပေးထားသည်။ အဓိက အချက်မှာ ကုမ္ပဏီမှ ခွဲထုတ်ကာ လက်လျှော့လိုက်ခြင်း ဖြစ်သည်။ ကုမ္ပဏီသစ်သည် လီနိုဗို၏ လုပ်ငန်းခွဲ တစ်ခုလည်း ဖြစ်လာပေမည်။ ဤလှုပ်ရှားမှုသည် ဆော့ဖ်ဝဲဘုရင်ကို လုံးဝ ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဆော့ဖ်ဝဲဘုရင်တွင် အင်ဂျင်နီယာကောင်း များစွာရှိပေသည်။ ရုရှား၏ ဆော့ဖ်ဝဲ ဒီပလော်ပါများသည် ၎င်းတို့ထက် များစွာ သာလွန်ပေသည်။ အကယ်၍ လီနိုဗိုသည် ဤအဆိုပြုချက်ကို ငြင်းဆန်လိုက်ပါက ဖုန်းယွီသည် ထိုရုရှားများနှင့် လက်တွဲမှာ သေချာပေသည်။ ၎င်းတို့သည် ကိုယ်ပိုင် ဆော့ဖ်ဝဲကုမ္ပဏီ တည်ထောင်မည် ဖြစ်ပြီး လီနိုဗိုသည် ပြင်းထန်လွန်းသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ရွေးချယ်စရာ (၂)ခုသာ ရှိပေသည်။ ပူးပေါင်း၍ ငွေရှာရန်။ နောက်တစ်ခုမှာ ပူးပေါင်း၍ အားကြီးသော ပြိုင်ဖက်ကို ရင်ဆိုင်ရန် ဖြစ်သည်။ ဤပြိုင်ဘက်သည် လီနိုဗို၏ ဆော့ဖ်ဝဲ ဈေးကွက်ကို သိမ်းပိုက်သွားနိုင်ပေသည်။ လျိုချွမ်ကျစ်သည် ပထမဆုံးအချက်ကို ရွေးချယ်မည်သာပင်။

ထို့အပြင် ဖုန်းယွီ၏ ကုမ္ပဏီအသစ်သည် လီနိုဗို ဆော့ဖ်ဝဲဟု အမည်တပ်မည်ဖြစ်ကြောင်း ပြောထားပေသည်။ ဤကုမ္ပဏီ၏ ဒါရိုက်တာများကို လျှိုချွမ်ကျစ်မှ ဆုံးဖြတ်မည်ဖြစ်ပြီး ဖုန်းယွီ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

လျိုချွမ်ကျစ်သည် ဤသို့သော အခြေအနေကောင်းများကြောင့် အဆိုပြုချက်ကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိချေ။ ကန့်ကွက်နေသည့် ဒါရိုက်တာများသည် အကြောင်းပြချက်ကောင်းများ ပေးခဲ့သော်လည်း လျိုချွမ်ကျစ်၏ စိတ်ထဲတွင်မူ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ယနေ့ အစည်းအဝေးမှာ သူ့ကို ထောက်ခံသူ ရှိမရှိ သိနိုင်ရန်သာ ဖြစ်သည်။

“ကောင်းပြီ.. လီနိုဗို ဆော့ဖ်ဝဲ ကုမ္ပဏီအတွက် ဆော့ဖ်ဝဲဌာနခွဲကို ခွဲထုတ်သင့်တယ်လို့ ကျုပ်အကြံပေးချင်တယ်.. ပြီးတော့ ဖုန်းယွီဆိုတာ မျိုးချစ် တရုတ်စီးပွားရေးသမား တစ်ယောက်ပါ.. သူက ကျုပ်တို့ကို အနိုင်ယူဖို့ ရုရှားနဲ့ ပူးပေါင်းမယ့် လူမျိုးမဟုတ်ဘူး.. အားလုံး စိတ်ချထားလို့ရတယ်.. ကျိုးလီနန်.. မင်း ဆော့ဖ်ဝဲဘုရင်နဲ့ စကားပြောလိုက်ပါ.. ဆော့ဖ်ဝဲဘုရင်ကို လီနိုဗို ဆော့ဖ်ဝဲ ကုမ္ပဏီနဲ့ ပေါင်းပြီး မင်းက အဲ့ကုမ္ပဏီအသစ်ရဲ့ ဥက္ကဋ္ဌ လုပ်ရမယ်..”

လျိုချွမ်ကျစ်သည် သူ့ဆုံးဖြတ်ချက်ကို ယုံကြည်စိတ်ချမှု အပြည့်ဖြင့် ကြေညာကာ အကြံပြုချက် ဆန့်ကျင်သူများကို လျစ်လျူရှုခဲ့ပေသည်။ ဤအစီအစဉ်ကို ဆန့်ကျင်သည့် ကျိုးလီနန်ကိုပင် ကုမ္ပဏီဥက္ကဋ္ဌ အသစ်အဖြစ် ခွင့်ပြုပေးခဲ့သည်။ ဒါရိုက်တာများအားလုံး အသံတိတ်သွားကြတော့သည်။

--------**$$^$$**--------

All Chapters