← Chapters

အကြီးအကဲရှစ်ရဲ့အကူအညီ

Vol. 10 Ch. 141

အကြီးအကဲရှစ်ရဲ့အကူအညီ

Vol. 10 Ch. 141

စတုတ္တဘိုးဘေးချွမ်သည်လည်း စတင်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်နှင့် သူ့ဘေးနားရှိ သူတော်စင်အဆင့်ကျင့်ကြံသူတွေသည် ကောင်းကင်ယံအထက်မှာနေရင်း ရွှေဗုဒ္ဓဂိုဏ်းတစ်ခုလုံးကို စတင်ဖျက်ဆီးပါတော့သည်။

​ပိုင်ယင်သည် ဗုဒ္ဓနတ်ဘုရားအစီအရင်တည်ဆောက်နေစဥ်အတွင်း

တိုက်ခိုက်မှုများကို ကာကွယ်နေချိန်တွင် စတုတ္တဘိုးဘေးချွမ်သည် ပိုင်ယင်ထံသို့ မီးတောက်လုံးကြီးများစွာ တစ်ပြိုင်နက်ပစ်လွှတ်လိုက်၏။

ပိုင်ယင်သည် မီးတောက်ဓားတစ်ခုကို ထုတ်ယူလိုက်ပြီး မီးတောက်လုံးများကို ခုခံတိုက်ခိုက်လိုက်သည်။

ရွှေဗုဒ္ဓဂိုဏ်းရဲ့ သိုဝှက်ကျင့်ကြံသူအဖွဲ့ဖြစ်သော ရွှေနဂါးအလင်းရောင်အဖွဲ့သည် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး စတုတ္တဘိုးဘေးချွမ်ရဲ့ တပည့်တွေဖြစ်သော သူတော်စင်အဆင့်ကျင့်ကြံသူတွေကို စတင်တိုက်ခိုက်လေ၏။

ပိုင်ယင်သည် မြေပြင်ထက်ရှိ လုပင်းကို ၁ချက်ကြည့်လိုက်ပြီး "ဆရာတူညီမလေးက ငါထင်ထားသလို ပျော့ညံနေခဲ့တာမဟုတ်ဘူး ၊ သူ့က အားလုံးကို တမင်လှည့်စားထားတာ..." လို့ တီတိုး ရေရွတ်လိုက်သည်။

ကျစ်ယန်သည် ရုတ်တရက်ပျောက်ကွယ်သွားကာ

လျှပ်တစ်ပျက်အတွင်း ကောင်းကင်ယံအထက်ရှိ လျှပ်စီးနဂါးနက်နဲ့ ဝိညဥ်လူသားတို့ရဲ့ တိုက်ပွဲအနီးတွင် ပြန်ပေါ်လာခဲ့၏။ လုပင်းနဲ့အတူ ကျင့်ကြံသူအများစုသည် ကြောင်အသွားသည်။

ကျစ်ယန်သည် သူ့လက်ထဲရှိ ဓားအားဝှေ့ယမ်းလိုက်ပြီး "အသေးလေး.....မင်းက ငါ့ကို တကယ်အံ့အားသင့်​စေတယ် " လို့ ပြောလိုက်၏။ ကျစ်ယန်ဝှေ့ယမ်းရာမှ ထွက်ပေါ်လာသော ဓားချက်ကြောင့် ဝိညဥ်လူသားနဲ့လျှပ်စီးနဂါးနက်တို့ရဲ့ တိုက်ပွဲသည် ရပ်တန့်သွားခဲ့သည်။

လျှပ်စီးနဂါးနက်သည် ကြောင်အစွာ ကျစ်ယန်ကို ကြည့်နေခဲ့ပြီး ကျစ်ယန်ရဲ့စကားသံသည် တစ်နေရာရာမှာ ကြားဖူးခဲ့သယောင်ယောင် ဖြစ်နေ၏။ လျှပ်စီးနဂါးနက်သည် သူ့အမြှီးကို့ အဆက်မပြတ်ဝှေ့ယမ်းရင်း စဥ်းစားနေချိန်တွင် "စုချန်သာ ဒီနေရာမှာ ရှိရင် ငါ့ရဲ့စိတ်ကူးတွေကို အမြန်ပုံဖော်ပေးနိုင်လောက်မယ်....." ဟုသော ကျစ်ယန်ရဲ့စကားသံကို ထပ်ကြားလိုက်ရသည်။

လျှပ်စီးနဂါးနက်သည် ချက်ချင်းပင် မှတ်မိ၍ သွားပြီ ကျစ်ယန်ရှေ့တွင် ဝပ်တွားလို​က်ပြီး "အကြီးအကဲ....မဟုတ်ဘူးမဟုတ်ဘူး...ဆရာဘိုးဘေးကို အသေးလေးက အရိုအသေပြုပါတယ် " လို့ ဆိုလိုက်၏။

အလွန်ပင် အင်အားကောင်းသည့် လျှပ်စီးနဂါးနက်သည် ကျစ်ယန်ကို ကြောက်ရွံနေသည်ကို မြင်တဲ့အခါ အားလုံးရူးခါသွားကြသည်။ စတုတ္တဘိုးဘေးချွမ်သည် လျှပ်စီးနဂါးနက်ကို ခေါ်ဆောင်နိုင်ဖို့အတွက် အဆုံးအရှုံး အလွန်ပင်များခဲ့၏။

ရွှေဗုဒ္ဓဂိုဏ်းရှိ ကျင့်ကြံသူများစွာသည် ကျစ်ယန်ကို ကြည့်၍ မယုံကြည်နိုင်ဖြစ်နေကြသည်။ ကျစ်ယန်သည် လျှပ်စီးနဂါးနက်ရဲ့ ခေါင်းကို ပွတ်သက်လိုက်ပြီး "မင်းကို ခေါ်လာတဲ့ လူတွေကို ငါမမြင်ချင်တော့ဘူး... "

ကျစ်ယန်စကားကို ကြားသည်နှင့် လျှပ်စီးနဂါးနက်သည် ဖုံးကွယ်ထားသည့် အတောင်ပံတစ်စုံကို ဖြန့်လိုက်ပြီး မျက်လုံးစူးစူးကြီးဖြင့် စတုတ္တဘိုးဘေးချွမ်တို့ရဲ့ အဖွဲ့ထံကို ကြည့်လိုက်သည်။

စတုတ္တဘိုးဘေးချွမ်သည် လျှပ်စီးနဂါးနက်မှာ သူတို့အားတိုက်ခိုက်တော့မည်ကို သိလိုက်ရတဲ့အခါ မယုံကြည်နိုင်စွာဖြင့် "မင်းဘယ်လိုလှည့်ကွက်တွေသုံးပြီး လျှပ်စီးနဂါးနက်ကို ထိန်းချုပ်လိုက်တာလဲ...." ။

ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို ကျေးဇူးတင်တယ်....." ။ လျှပ်စီးနဂါးနက်ရဲ့ဇစ်မြစ်သည် လက်ရှိ ကျစ်ယန်နေထိုင်နေသော ကမ္ဘာတွင်အစအနပင် ရှာဖို့ အလွန်ခက်သဖြင့် လျှပ်စီးနဂါးနက်ကို ခေါ်ဆောင်လာသော စတုတ္တဘိုးဘေးချွမ်ကို ကျစ်ယန်ကျေးဇူးတင်လိုက်ခြင်း ဖြစ်သည်။

ကျစ်ယန်ရဲ့ နောက်ခံအနေအထားသည် သူထက်ထားသည်ထက် ပိုနေမယ်လို့ ယုပင်း မထင်ထားပေ။ ကျစ်ယန်သည် ရွှေအဆင့်အဂ္ဂိရတ်ဆေးဆရာဖြစ်ပြီး သူ့နောက်ကွယ်တွင် မှော်အဂ္ဂိရတ်ဆေးဆရာအကြီးအကဲတစ်ဦး ရှိနေမည်ဟု ထင်ထားခဲ့ခြင်းပင် ဖြစ်၏။

ပြည့်စုံခန်းနီးသော ဗုဒ္ဓနတ်ဘုရားအစီအရင်ကို တည်ဆောက်နေ​ကြသော ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းတပည့်သားများသည် ​သူတို့ကောင်းကင်ယံအထက်ရှိ လျှပ်စီးနဂါးနက်ဘေးတွင် ရှိသော ကျစ်ယန်ကိုကြည့်ရင်း "ကြည့်ရတာ အဲ့အကြီးအကဲက ငါတို့ရွှေဗုဒ္ဓဂိုဏ်းကို ကာကွယ်ဖို့ တတိယသခင်မယုပင်းက ဖိတ်ခေါ်ထားတာပဲဖြစ်ရမယ်...." ။

ပြောလိုက်သော လူရဲ့ဘေးရှိ နောက်ထပ်ဂိုဏ်းတပည့်တစ်ယောက်သည် "မဖြစ်နိုင်ဘူး......အပြင်လူက ဘာကိစ္စကြောင့် ငါတို့ရွှေဗုဒ္ဓဂိုဏ်းကို ကယ်တင်ရမှာလဲ......"

ပထမပြောလိုက်သော သူသည် အတွေးပေါင်းစုံတွေးလိုက်ပြီး အံ့အားသင့်စွာဟန်ဖြင့် "ဒါဆို.....အဲ့အကြီးအကဲက ငါတို့ရွှေဗုဒ္ဓဂိုဏ်းမှာ ပုန်းကွယ်ကျင့်ကြံနေတဲ့ ဘိုးဘေးကြီးများ ဖြစ်နေမလား......" ။

တိုက်ခိုက်ခြင်းများ အားလုံးရပ်တန့်သွားတဲ့အခါ ပိုင်ယင်သည် ယုပင်းအနားကို လျှပ်တစ်ပြက်အတွင်းသွားလိုက်ပြီး "ဆရာတူညီမလေး.....အဲ့ကောင်လေးကို နင်ဘယ်က ဖိတ်ခေါ်ထားတာလဲ....." ။

ယုပင်းသည် ခေါင်းတစ်ချက် ခါးရမ်း၍ "သူ့ကို မိန်ယုနဲ့မိန်ရုကခေါ်လာတာ ၊ သူ့ရဲ့သရုပ်အမှန်ကို ငါလဲ ခုမှသိရတာ......" ။ ပိုင်ယင်သည် စိတ်ဓာတ်ကျနေရာကနေ ပြန်လည်အားတက်လာခဲ့ပြီး ပျော်ရွင်သောလေသံဖြင့် " ဘာပဲဖြစ်ဖြစ် ဒီ၁ခေါက်တော့ ဆရာအတွက် ငါကလဲ့စားချေနိုင်ပြီ......"

စတုတ္တဘိုးဘေးချွမ်သည် အလွန်တောက်ပစွာရှိသော ဆေးလုံးတစ်လုံးကို ကမန်းကတန်း မျိုချလိုက်ပြီး "မင်းတို့ဘက်မှာ လျှပ်စီးနဂါးနက် ရှိနေရုံနဲ့ ငါ့ကို သတ်နိုင်မယ်ထင်နေတာလား....." ။

တချိန်ထဲမှာပဲ လေဟာနယ်အက်ကွဲကြောင်းထဲမှ သူတော်စင်အဆင့်ရှိသော လူတစ်ချို့သည် ကျစ်ယန်နံဘေးတွင် ထွက်ပေါ်လာခဲ့ပြီး ရီရီမောမောဖြင့် "သခင်လေး....ငါတို့အဖွဲ့နောက်ကျသွားသေးလား.... " ။

ကျစ်ယန်သည် ​​အနည်းပြုံးလိုက်ပြီး "အကြီးအကဲရှစ်ရောက်လာတာ အချိန်ကိုက်ပါပဲ....." ။

အကြီးအကဲရှစ်သည် သူ့ရဲ့လှံကို ဝှေ့ရမ်းလိုက်ပြီး "ဆောက်ရူးချွမ်.....မင်းကအရှက်မရှိဘဲ ငါရဲ့ရှေ့​မှာ ​လူထင်ကြီးအောင် ဟန်ပြ ချင်တာလား....."

စတုတ္တဘိုးဘေးချွမ်သည် အကြီးအကဲရှစ်ကို မြင်တဲ့အခါ သူ့မျက်နှာတစ်ခုလုံး ညိုးမှိန်သွားပြီး "ရှစ်ဖန်......မင်းက မသေသေးဘူးလား......" ။

လွန်ခဲ့သော နှစ်ပေါင်း၃၀၀ကျော်တွင် စတုတ္တဘိုးဘေးချွမ်သည် ရှစ်ဖန်ရဲ့တိုက်ခိုက်မှုအောက်တွင် အဖက်ဆယ်မရအောင်ရှုံးနိမ့်ခဲ့ပြီး ဦး၃ကြိမ်ချကာ ထွက်ပြေးခဲ့ရခြင်းပင် ဖြစ်၏။

All Chapters