ပျောက်ဆုံးနေသောမှတ်ဥာဏ်
Vol. 10 Ch. 142
နောက်ပိုင်းတွင် ရှစ်ဖန်သည် နတ်ဘုရားနယ်မြေမှ စွန့်ပစ်ခံရသည့်သတင်းသာ ထွက်ပေါ်ခဲ့ပြီး ဘာသတင်းအစနမှ ထွက်ပေါ်ခြင်း မရှိတော့ပေ။
မီးတောက်လှံသခင်ဟု နာမည်ကြီးသည့် ဒဏ္ဍာရီဆန်သော ကျင့်ကြံသူသည် ကျစ်ယန်ကို
ရိုရိုသေသေ ဆက်ဆံနေသည်ကို မြင်ရသူအပေါင်းသည် ကြောင်တောင်တောင် ဖြစ်နေကြသည်။
စတုတ္တဘိုးဘေးချွမ်သည် ယာယီအဆင့်မြှင့်တင်ထားသော ဆေးလုံးကို သောက်သုံးလိုက်သော်လည်း တစ်ဖက်ရန်သူရဲ့ အင်အားသည် သူ့ယှဉ်ပြိုင်နိုင်မည့် အနေအထားမဟုတ်တော့ပေ။
ရုတ်တရက် အစိမ်းရောင်အစီအရင်စက်ကွင်း ၄ကွင်းသည် ရွှေဗုဒ္ဓဂိုဏ်းနယ်မြေရဲ့ အောက်ခြေမှ မြန်မြန်ဆန်ဆန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းတစ်ခုလုံးရဲ့ ကောင်းကင်ယံအထက်တွင် ရပ်သွား၏။
ပိုင်ယင်သည် အစိမ်းရောင်အစီအရင်စက်ကွင်း ၄ခုကို မြင်သည်နှင့် "စတုတ္တဘိုးဘေးချွမ်.....မင်းရဲ့ အပြစ်အားလုံးကို ဆေးကြောဖို့ အချိန်တန်ပြီ...." ။
စတုတ္တဘိုးဘေးချွမ်သည် စိတ်ပျက်စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဟားဟားဟား.....ကံကြမ္မာက တကယ်ရယ်ရတာပဲ ၊ ဒီလောက်နှစ်တွေအကြာကြီး ကြိုးစားခဲ့တာက
ဒီနေ့သေဖို့အတွက် ဖြစ်လာမယ်မထင်ထားဘူး....ညီကိုတို့ ငါ့ကို ခွင့်လွှတ်ကြပါ " ။
စတုတ္တဘိုးဘေးချွမ်သည် သူ့ရဲ့ခန္ဓာနဲ့ဝိညဉ်ကိုယ်ပါ ဖောက်ခွဲပစ်လိုက်ပြီးလေထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။ မြေပြင်တွင် ရှိနေသော ဒုတိယသခင်မမော့ဖျင်သည် နောက်သို့ ပစ်လဲကျသွားပြီး မေ့မြောသွားခဲ့သည်။ စတုတ္တဘိုးဘေးချွမ်နဲ့အတူတိုက်ပွဲဝင်ခဲ့သော သူတော်စင်အဆင့် ကျင့်ကြံသူတို့သည် အညံခံဖို့သာ ရွေးချယ်လိုက်ကြ၏။
ကျစ်ယန်သည် မြေပြင်ကို ပြန်ဆင်းသက်လိုက်သည်။ ယုပင်းသည် ကျစ်ယန်ကို ကြည့်၍ "မင်းက ငါ့ကိုလိမ်ညာပြီး ရွှေဗုဒ္ဓဂိုဏ်းမှာ လာနေတာ မင်းအကြံအစည်အမှန်က ဘာလဲ...."
ကျစ်ယန်သည် တည်ငြိမ်စွာ ရှိနေခဲ့ပြီး အစီအရင်စက်ဝိုင်းအသေးလေးတစ်ခုကို ဖန်တီးလိုက်၏။ ယုပင်းသည် ကာရံထားသော အကာအကွယ်ကို ကြည့်လိုက်ပြီး "ငါထင်ထားတဲ့အတိုင်း.....မင်းမှာ အကြံအစည်တကယ်ရှိနေတာပဲ...."
ကျစ်ယန်သည် သူ့သိမ်းဆည်းထားသော ဝိညဉ်တစ်ခုအား လက်ဖဝါးပေါ်တွင် ဖော်ထုတ်လိုက်၏။ ယုပင်းမျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး စိုးရိမ်စွာလေသံဖြင့် "အကိုယန်လား.....မင်းသူကိုသတ်ပစ်လိုက်တာလား" ။
ကျစ်ယန်သည် တည်ငြိမ်စွာဖြင့် "သူနာမည်က ရှုယန် ၊ အမတနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ဒါပေမယ့်သူက နတ်ဆိုးတွေရဲ့ အကြီးအကဲတစ်ဉီးဖြစ်နေတဲ့အတွက် ကျွန်တော်ကိုယ်တိုင်သတ်လိုက်တာ....."
ယုပင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး "မင်းက အကိုယန်နဲ့ပက်သက်ပြီး ငါ့ကိုမေးစရာရှိရင်တော့ ငါဘာမှဖြေကြားမှာ မဟုတ်ဘူး....."
ကျစ်ယန်သည် ရှုယန်ရဲ့ ဝိညဉ်အား ပြန်သိမ်းလိုက်၍ လမ်းလျှောက်ရင်း "ဉီးလေးရှုယန်က နတ်ဆိုးတွေနဲ့ပက်သက်ပေမယ့် သူ့မိသားစုကို ကာကွယ်ဖို့ ကြိုးစားခဲ့တယ် အထူးသဖြင့် သူ့ရဲ့တူ ကျွန်တော်ကိုပေါ့...."
ကျစ်ယန်ရဲ့စကားအဆုံးတွင် ယုပင်းသည် ရူးခါသွားပြီး "အကိုယန်က နင့်ဉီးလေး.....ဒါဆိုနင်က...." ။
ယုပင်း ထစ်အ ချိန်တွင် ကျစ်ယန်သည် အပြုံးတစ်ခုဖြင့် "အကြီးအကဲချန်ယန်နဲ့နတ်မိမယ်ယုပင်းတို့ရဲ့ သားက ကျွန်တော်ပဲ " ။
ယုပင်းသည် ရုတ်တရက်တည်ငြိမ်သွားကာ ဘာအသံမှ ထွက်မလာတော့ပေ။ ယုပင်းသည် သူ့သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားလေးကို ထုတ်ကာ ကြည့်လိုက်ပြီး "မင်းက တကယ်ပဲ ပျောက်ဆုံးသွားတဲ့ငါရဲ့သားလား...." ။
ကျစ်ယန်သည် သူ့ခလေးဘဝအရွယ်ကပင် သူတော်စင်ဂိုဏ်းခွဲတွင် အစေခံဘဝနဲ့ နေခဲ့ရကြောင်းနဲ့ ရှုယန်ထံမှ သူ့မိဘတွေနဲ့ ပက်သက်တဲ့သတင်း ရရှိခဲ့ကြောင်း ပြောပြလိုက်၏။
ယုပင်းသည် ကျစ်ယန်ထံမှ စကားများကြားမိလိုက်တဲ့အခါ အကြောင်းအရာတချို့ကို ဆက်စပ်တွေးမိသွားပြီး "ငါနားလည်သွားပြီ.....ဒါပေမယ့် အတည်ပြုဖို့ လိုတယ် " ။
ယုပင်းသည် ရွှေဒင်္ဂါးပြားလေးကို လေပေါ်တွင် ဝဲစေလိုက်ပြီး "မင်းရဲ့စိတ်ဝိညဉ်စွမ်းအားကို ဒီထဲကို ထည့်ကြည့်...."
ကျစ်ယန်သည် သူ့စိတ်ဝိညဉ်စွမ်းအားကို ထည့်သွင်းကြည့်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ
ရွှေဒင်္ဂါးပြားလေးသည် ကြယ်သဏ္ဍာန်ရှိသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ကျစ်ယန်ရဲ့ မှတ်ဉာဏ်ပင်လယ်နှင့် ပေါင်းစပ်သွား၏။
ယုပင်းသည် ကျစ်ယန်အား ပြေးဖက်လိုက်ပြီး "မင်းကတကယ်ပဲ ငါရဲ့ပျောက်ဆုံးသွားတဲ့ သားလေးပဲ......." ။ ယုပင်းသည် မျက်ရည်တချို့ စီးဆင်းကျနေခဲ့ပြီး သူ့ဘဝတွင် အပျော်ဆုံးနေ့တစ်နေ့လဲ ဖြစ်နေခဲ့သည်။
ကျစ်ယန်သည် သူ့မသိရှိလိုက်ရသော ကလေးဘဝရဲ့ မှတ်ဥာဏ်အချို့ရှိနေလိမ့်မယ်လို့ မထင်ထားပေ။ ယုပင်းသည် သူ့မိသားစုတိုက်ခိုက်ခံရချိန်တွင် ၄နှစ်အရွယ်ရှိသောသားလေးကို အန္တရာယ်လွတ်ကင်းစေဖို့အစေခံတစ်ချို့နဲ့ အဝေးဆုံးနေရာကို စေလွှတ်ခဲ့၏။
သို့သော်သူမထင်ထားသည်မှာ အစေခံသည် ကျစ်ယန်ရဲ့ဒန်တျန်ကိုနဲ့မှတ်ဥာဏ်ကို ဖျက်ဆီးခဲ့ပြီး သူတော်စင်ဂိုဏ်းခွဲရဲ့ နေရာတစ်ခုတွင် လွင့်ပစ်ခဲ့သည်။
ယုပင်းသည်အန္တရာယ်များကင်းရှင်းသွားချိန်တွင် ရွှေဒင်္ဂါးပြားတစ်ခုကို လက်ဆောင်ရရှိခဲ့ပြီး သူ့စိတ်စွမ်းအင်နဲ့ဖွင့်ကြည့်လိုက်တဲ့အခါ သူ့သားကို သူကိုယ်တိုင်သတ်လိုက်သည့် အနေအထားကို ရောက်ရှိသွားမှန်း သိလိုက်ရ၏။
ယုပင်းသည် ကျစ်ယန်သေသွားပြီဟု ထင်မှတ်နေခဲ့သော်လည်း လူတစ်ချို့နဲ့အတူ လိုက်လံရှာဖွေခိုင်းခဲ့သည်။ သို့သော် ကျစ်ယန်နဲ့ပက်သက်၍ ဘာမှမသိခဲ့ရပေ။
ယုပင်းသည် ယောကျာ်းအပြင် သားပါ ထပ်မံဆုံးရှုံးလိုက်ရ၍ အချိန်အတော်အတန်ကြာအောင် ရူးနေခဲ့၏။ ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာအသံဖြင့် "အမေစိတ်ချပါ.....သားသူတို့ကို အလွတ်မပေးဘူး...." ။
ကျစ်ယန်သည် ကာရံထားသော စွမ်းအားကို ဖျက်ဆီးလိုက်ပြီး သူ့အမေကို ကာကွယ်ပေးဖို့ အားလုံးကို သတိပေးလိုက်ပြီး ပျောက်ကွယ်သွားခဲ့သည်။ ယုပင်းသည် ကျစ်ယန်ရဲ့အမေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှထင်မှတ်မထားချေ။