← Chapters

နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်ခြင်း

Vol. 10 Ch. 143

နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်ခြင်း

Vol. 10 Ch. 143

ပိုင်ယင်သည်သာ ယုပင်းရဲ့အတိတ်ကိစ္စအချို့ကို သိရှိသူဖြစ်၍ ပိုင်ယင်သည် ယုပင်းရဲ့ ပုခုံးတစ်ဖက်ကို ကိုင်လိုက်ပြီး "ဆရာတူညီမယု.....မင်းမှာ ကြောက်စရာကောင်းတဲ့သားတစ်ယောက်ရှိနေလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး. ၊ ငါတို့ဂိုဏ်းကို ပြန်တည်ထောင်ဖို့ အချိန်ကျပြီ...." ။

ကျစ်ယန်ပျောက်ကွယ်သွားသည်နှင့် လျှပ်စီးနဂါးနက်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ကျစ်ယန်သည် သူ့ခလေးဘဝမှတ်ဉာဏ်ထဲတွင် တွေ့ရှိခဲ့သူမှာ တခြားလူမဟုတ်ဘဲ သူမြင်ဖူးသော သူတော်စင်ဂိုဏ်းရဲ့ အကြီးအကဲကြီတစ်ဉီးပင် ဖြစ်နေခဲ့၏။

တာ့ချိန်တိုင်းပြည်အနီးတွင် ရှိသော လွီဟန်တိုင်းပြည်တွင် ကျစ်ယန်သည် ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းတစ်ခုထံကို ဉီးတည်လာခဲ့၏။ ကုလုံဂိုဏ်းထဲတွင် ဆူညံသံများစွာ ထွက်ပေါ်နေခဲ့သည်။

ရုတ်တရက် လူတစ်ယောက်သည် တံခါးပေါက်ကို ဖျက်ဆီးကာ သူ့တို့အစည်းအဝေးခန်းမထဲကို လမ်းလျှောက်ဝင်လာသည်ကို မြင်တဲ့အခါ ကျောက်တန်လို့ ခေါ်သောသူသည် ဒေါသလေသံဖြင့် "မင်းဘယ်သူလဲ......သေချင်လို့ ငါ့တို့ဆွေးနွေးတဲ့နေရာကို ဝင်လာတာလား......" ။

ကျစ်ယန်ရဲ့နံဘေးတွင် လေဟာနယ်အက်ကွဲကြောင်း ၃ခုထွက်ပေါ်လာခဲ့ပြီး လုံရှန် ၊ လျှပ်စီးနဂါးနက် နဲ့ အမြှီးကိုးချောင်းဝံပုလွေမတို့ ထွက်ပေါ်လာခဲ့၏။ ကျောက်တန်သည် ချက်ချင်းကြောက်ရွံသွားခဲ့ပြီး

"သေစမ်း......သူကဘယ်သူလဲ ၊ သူ့ဘေးမှာရှိတဲ့သားရဲတစ်ကောင်စီက ထုတ်လွှတ်နေတဲ့အရှိန်အဝါက​ငါ့ကိုယ်ငါတောင် သတ်သေချင်တဲ့စိတ်ဖြစ်ပေါ်စေတယ်......." ။

ကျောက်တန်ရဲ့ဘေးတွင်ရှိသော လူသည် ကျောက်တန်ကို ပါးဖျက်ရိုက်လိုက်ပြီး ကျစ်ယန်ကို အရိုအသေပြုကာ "အကြီးအကဲခွင့်လွှတ်ပါ ၊ ကျွန်တော်ရဲ့တူလေးက အပြောအဆိုမတက်လို့ အကြီးအကဲကနားလည်ပေးပါ....."

ကျောက်တန်သည် အရိုက်ခံလိုက်ရသော သူ့ပါးကို ကိုင်းရင်း ကျစ်ယန်ကို စေ့စေ့ပင် မကြည့်ရဲတော့ပေ။ ကျစ်ယန်သည် သူ့စိတ်ဝိညဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီး လင်ရှို့ဟွာရဲ့တည်နေရာကို သိရှိသွားခဲ့၏။

ကျစ်ယန်သွားတော့မည်ချိန်တွင် လေဟာနယ် တစ်ခုလုံးသည် ရုတ်တရတ်ရပ်တန့်သွားခဲ့ပြီး "ငါထင်တာ မမှားရင် မင်းကလင်ရှို့ဟွာဆီကို လာတာထင်တယ်......" ။

ကျစ်ယန်သည် လေဟာနယ်ပိုင်နက်ကို အသက်သွင်းလိုက်သောသူမှာ ဘယ်သူမှန်းမသိပေမယ့် ထိုလူရဲ့ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအဆင့်ကို ရောက်ရှိနေမှန်း သိလိုက်ရ၏။ ။ဒါ့အပြင် ကုလုံဂိုဏ်းတွင် သန်းချီသော အစီအရင်များစွာကို ကြိုတင်ဖန်တီးထားပြီး သူ့ရဲ့ဝိညဥ်စွမ်းအင်များကို စုပ်ယူနေမှန်း သိနေခဲ့သည်။ ကျစ်ယန်ရှေ့တွင် မီးခိုးရောင်ဆံပင်ရှိသော လူ၁ယောက်သည် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။

မီးခိုးရောင်ဆံပင်နဲ့လူသည် သူ့ရဲ့ အက်ချောင်းအသေးလေးတစ်ခုကို လက်ချောင်းများအတွင်း လှည့်ကစားနေခဲ့ပြီး

"မင်းက ခြေလှမ်းတစ်ဝက်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပင်မယ့် ငါ့လိုနတ်ဘုရားအဆင့်ရှေ့မှာတော့ မင်းကပုရွတ်ဆိက်တစ်ကောင်သာသာပဲ....."

မီးခိုးရောင်ဆံပင်လက်ထဲရှိ အပ်သည် နတ်ဘုရားတစ်ပါးကိုပင် အလွယ်တကူသတ်ဖြတ်နိုင်သော သံသရာစက်ဝန်းအပ်ပင် ဖြစ်သည်။

မီးခိုးရောင်းဆံပင်နဲ့လူသည် လေဟာနယ်အက်ကွဲကြောင်းထဲမှ လင်ရှို့ဟွာကို ဆွဲထုတ်လိုက်ပြီး ကျောက်ရုပ်သဖွယ်ဖြစ်နေသော ကျစ်ယန်ကို ပြ၍ "ကြည့်လိုက်စမ်း.....သူဘယ်သူလဲဆိုတာ...." ။

လင်ရှို့ဟွာသည် ကျစ်ယန်ကို တွေ့တဲ့အခါ စကားပြောဖို့ဟန်ပြင်လိုက်သော်လည်း မီးခိုးရောင်ဆံပင်နဲ့လူသည် လင်ရှို့ဟွာကိုပါ ရပ်တန့်လိုက်​၏။ မီးခိုးရောင်ဆံပင်နဲ့လူသည် သူ့ရဲ့သရုပ်မှန်သဏ္ဍာန်ဖြစ်သော နတ်ဆိုးဘုရင်ရုပ်ကို ပြောင်းလဲလိုက်ပြီး "ငါမင်းကို စောင့်နေတာ ကြာပြီ ရှေးဟောင်းနတ်ဘုရား ၊ သွားသေလိုက်​​တော့...." ။

နတ်ဆိုးဘုရင်သည် စကားဆုံးသည်နှင့် သံသရာစက်ဝန်းအပ်နှင့် ကျစ်ယန်ကို အမြစ်ဖြတ်ဖို့ တရှိန်ပြေးဝင်လာခဲ့၏။ ရုတ်တရက် ဧရာမနဂါးအမြှီးသည် နတ်ဆိုးဘုရင်ကို ရိုက်ခတ်လိုက်​ပြီး "မင်းအဆင့်နဲ့ သခင်ကို သတ်ဖြတ်ဖို့ စဥ်းစားနေတာလား...." ။

နဂါးအမြှီးကြီးနဲ့ ရိုက်ခတ်ခံလိုက်ရသော နတ်ဆိုးဘုရင်သည် ကြောင်အ၍ သွားပြီး

"မဖြစ်နိုင်တာ ငါ့ရဲ့လေဟာနယ်ပိုင်နက်က မင်းအပေါ်မှာ မသက်ရောက်ဘူးလား......" ။

နောက်ထပ် ဧရာမနဂါးလျှပ်စီးနက်သည် စတင်လှုပ်ရှားလာခဲ့ပြီး နတ်ဆိုးဘုရင်ထံအား လျှပ်စီးလှိုင်းကြီးဖြင့် ပစ်သွင်းလိုက်ပြီး "မင်းက အားလုံးရဲ့စွမ်းအားကို သုံးဖြုန်းပစ်ရုံနဲ့ မင်းကိုယ်မင်း အစစ်အမှန်နတ်ဘုရားလို့ ထင်နေတာလား....." ။

နတ်ဆိုးဘုရင်သည် သူစီရင်ထားသော နတ်ဘုရားအသွင်အစီအရင်ကို သိရှိသွားလိမ့်မယ်လို့ မထင်ထားပေ။ ကုလုံဂိုဏ်းတစ်ခုလုံးရဲ့အောက်ခြေတွင် အစီအရင်များ ထိန်းချုပ်နေသော နတ်ဆိုးတပည့်များစွာသည် အစီအရင်ထံမှ ထွက်ပေါ်လာသော ကျင့်ကြံခြင်း စွမ်းအားများကို နတ်ဆိုးဘုရင်ထံကို ပို့လွှတ်ပေးနေခြင်းဖြစ်သည်။

နတ်ဆိုးဘုရင်သည် သူ့လက်ချောင်းများကို ထပ်မံလှုပ်ရှား၍ လေဟာနယ်ပိုင်နက်ကို အသက်သွင်းချိန်တွင် "မင်းလိုနတ်ဆိုးပေါက်စလေးက ငါ့ကို သတ်ဖြတ်ဖို့ ဘယ်လိုယုံကြည်ချက်တွေ ရှိနေတာလဲ...." ။

အေးစက်သော ကြောက်ရွံဖွယ်လေသံကို ကြားလိုက်ရသော နတ်ဆိုးဘုရင်သည် "မဖြစ်နိုင်ဘူး.....မင်းရဲ့အဆင့်နဲ့ ငါ့ကိုပိုင်နက်ကိုဘယ်လိုချိုးဖျက်နိုင်မှာလဲ...." ။

ကျစ်ယန်ရဲ့နံဘေးရှိ လေဟာနယ်အားလုံးသည် အက်ကွဲကြောင်းအဖြစ်ကို ပြောင်းလဲကာ မူလအတိုင်းပြန်လှုပ်ရှားသွားခဲ့သည်။

ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာလေသံဖြင့် "သူ့ကို ငါနဲ့ထားခဲ့လိုက် ၊ ကျန်တဲ့လူတွေ အားလုံး တစ်ယောက်မှ မလွတ်စေနဲ့....." ။ ကျစ်ယန်အမိန့်စကားသံကို ကြားသည်နှင့် လုံရှန် ၊ လျှပ်စီးနဂါးနက်နဲ့ အမြှီးကိုးချောင်းမြေခွေးမတို့သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

နတ်ဆိုးဘုရင်သည် လက်သီးတစ်ဖက်ကို စုလိုက်ပြီး "ရှေးဟောင်းနတ်ဘုရား ၊ မင်းကိုငါ တကယ်သေးမိသွားတယ် ၊ ဒါပေမယ့် မင်းနောင်တရဖို့ အချိန်တန်ပြီ..." ။

နတ်ဆိုးဘုရင်သည် သူ့ရင်ဘက်ကို သူပြန်ဖိနိုပ်လိုက်တဲ့သည် တဖြည်းဖြည်း ကြီးထွားလာပြီး ဂျိုနှစ်ဖက်ပါသော ကြောက်စရာကောင်းသည် ဧရာမနတ်ဆိုးသားရဲကြီး တစ်ကောင်အဖြစ်ကို ပြောင်းလဲသွား၏။

တစ်ကိုယ်လုံးတွင် အပြာရောင်ခန္ဓာကိုယ်ရှိပြီး အဖြူရောင်အစင်းကြောင်းများစွာပါသော ဂျိုနှစ်ဖက်ဖြင့် ဧရာမနတ်ဆိုးဘုရင်သည် ကြောက်ရွံဖွယ်ရာအသံဖြင့်အော်ဟစ်ရင်း "ရှေးဟောင်းနတ်ဘုရား ငါ့ရဲ့စွမ်းအားအစစ်အမှန်ကို မင်းမြင်အောင် သေချာကြည့်ထား...."

နတ်ဆိုးဘုရင်သည် သူ့ရဲ့ ဧရာမလက်သီးကြီးဖြင့် ကျစ်ယန်ကို ထိုးသွင်းလိုက်သည်။ ကျစ်ယန်သည် တည်ငြိမ်စွာ ရှိနေခဲ့ပြီး "ကောင်းပြီ... .ငါမင်းနဲ့ ခဏကစားပေးမယ်....."

ကျစ်ယန်သည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး ဧရာမလက်သီးကြီးကို ခုခံလိုက်၏။ ကျစ်ယန်သည် ဓားအား စိတ်ဝိညဥ်ဖြင့် ထိန်းချုပ်လိုက်ပြီး ဓားအသွင်လူသားစွမ်းအားကို အသက်သွင်းလိုက်သည်။

ဓားအသွင်လူသားစွမ်းအားသည် ဓာရဲ့စွမ်းအားကို ထိပ်ဆုံးထိရောက်အောင် တိုးမြှင့်လိုက်ခြင်းပင် ဖြစ်၏။

All Chapters