နတ်ဘုရားနယ်မြေသို့ ထွက်ခွာခြင်း
Vol. 10 Ch. 144
ကျစ်ယန်သည် သူ့ရဲ့ဓားဖြင့် နတ်ဆိုးဘုရင်ရဲ့ လက်မောင်းတစ်ဖက်ကို ညွှန်လိုက်ပြီး ကွာဝေးသော အနေအထားမှ ခုတ်ချလိုက်၏။ နတ်ဆိုးဘုရင်သည် နောက်လက်တစ်ဖက်ဖြင့် ကျစ်ယန်ဓားကို တားဖို့ ကြံစည်လိုက်ချိန်တွင် ကျစ်ယန်သည် ဓားလောကပိုင်နက်ကို အသက်သွင်းလိုက်သည်။
နတ်ဆိုးဘုရင်ရဲ့ ဘေးပတ်လည်တိုင်းတွင် လေဟာနယ်အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဓားအဖျားပိုင်းစများသည် စတင်ထွက်ရှိလာခဲ့၏။ နတ်ဆိုးဘုရင်ရဲ့ မျက်နှာတွင် အနည်းငယ်ညိုးမှိန်မှုများ စတင်ဖြစ်ပေါ်လာသည်။
ကျစ်ယန်သည် ကောင်းကင်ယံပေါ်သို့ တက်လိုက်ပြီး "မင်းရဲ့နတ်ဆိုးဘိုးဘေးတွေတောင် ငါ၁ယောက်ထဲနဲ့ ရှင်းပစ်ခဲ့တာ ၊ မင်းလိုပေါက်စလေးဆို ငါမျက်စိထဲမှာတောင် မရှိဘူး....."
ကျစ်ယန်သည် ဓားလောကပိုင်နက်ကို ထိန်းချုပ်လိုက်ချိန်တွင် ကောင်းကင်ယံအထက်ပိုင်းတွင် မီးတောက်ပင်လယ်လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဧရာမမီးတောက်လက်၅ချောင်းသည် ကျစ်ယန်ထံကို ဦးတည်လာခဲ့သည်။
ဧရာမမီးတောက်လက်၅ချောင်းကြီး ကျဆင်းလာသည်နှင့် "နေရာတိုင်းမှာ စည်းကမ်းရှိတယ်....၊ အောက်ဘုံလို နေရာမျိုးမှာ လေဟာနယ်ပိုင်နက်ကို သုံးခွင့်မရှိ ၊ ငါရဲ့နောက်ကို လိုက်ခဲ့ပြီး အပြစ်အေးဆေးခံယူ....."
အလွန်သန်မာအားကောင်းသော အသံလှိုင်းကြီးနဲ့ မီးတောက်လက်ကို မြင်တဲ့အခါ နတ်ဆိုးဘုရင်ရဲ့ မျက်နှာသည် ပုံမှန်ပြန်ဖြစ်သွားပြီး ပျော်ရွင်သော လေသံဖြင့် "ရှေးဟောင်းနတ်ဘုရား.....မင်းက နတ်ဘုရားနယ်မြေရဲ့စည်းကမ်းကို လွန်ဆန်ရဲတဲ့အတွက် မင်းနဲ့ထိုက်တန်တဲ့ရလာဒ်ပဲ " ။
မီးတောက်လက်၅ချောင်းကြီးသည် ကျစ်ယန်နဲ့၁၀မီတာ အကွာအဝေးသာ ကျန်ရှိတော့သည့်အချိန်တွင် ကျစ်ယန်သည် အနည်းငယ်ပြုံးလိုက်ပြီး "နတ်ဆိုးဘုရင် မင်းငါ့အစား အပြစ်ခံယူပေးပါအုံး....."
နတ်ဆိုးဘုရင်သည် ကျစ်ယန်ဆိုလိုသည်ကို နားမလည်ချိန်တွင် သူ့ရှိနေသော လေဟာနယ်သည် တုန့်ဆိုင်းသွားသလို ခံစားလိုက်ရပြီး ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ မီးတောက်လက်၅ချောင်းကြီးသည် သူ့အားချုပ်နှောင်သွားပြီဖြစ်၏။
နတ်ဆိုးဘုရင်သည် ရုန်းဖို့ ကြိုးစားသော်လည်း အစီအရင်ကြိုးသွယ်များစွာသည် သူ့အားရစ်နှောင်သွား၍ ဝိညဥ်စွမ်းအင်သာမက ခန္ဓာကိုယ်တစ်ခုလုံးပါ ချိတ်ပိတ်ခံရကာ ကောင်းကင်ယံသို့ သယ်ဆောင်သွားခြင်းခံရလေသည်။
ကျစ်ယန်သည် ဓားလောကပိုင်နက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လင်ရှို့ဟွာထံကို ပြေးလွှားလိုက်၏။ လင်ရှို့ဟွာသည် ကျစ်ယန်ကို မြင်သည်နှင့် ဖက်ထားလိုက်ပြီး ငိုမဲ့မဲ့မျက်နှာဖြင့် "ရှို့ဟွာကို ရှင့်အနားမှာ အမြဲဂရုစိုက်ထားပေးနိုင်မလား...."
ကျစ်ယန်သည် လင်ရှို့ဟွာရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး "အားလုံးအဆုံးသတ်ပြီးတာနဲ့ ကိုယ်မင်းကို လက်ထပ်ဖို့ အမေ့ဆီ ခေါ်သွားမယ်...." ။ ကျစ်ယန်ရဲ့ နောက်ကို လုံရှန်တို့ အဖွဲ့သည် ရောက်ရှိလာခဲ့ပြီး ကျစ်ယန်စကားစပြောမှာကို စောင့်နေခဲ့သည်။
ကျစ်ယန်သည် လုံရှန်တို့ ၃ယောက်အား အမတနတ်ဘုရားဂိုဏ်းကို သွား၍ သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားခဲ့သော လူအား သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပြီး လင်ရှို့ဟွာနဲ့အတူ ပျောက်ကွယ်သွားခဲ့၏။
ထျန်းလောမြို့ သူတောင်စင်ဂိုဏ်းခွဲရဲ့ ကောင်းကင်ယံအထက်တွင် လေဟာနယ်အက်ကွဲကြောင်းကြီးထဲမှ ကျစ်ယန်နဲ့လင်ရှို့ဟွာသည် အတူထွက်ပေါ်လာပြီး ကျစ်ယန်သည် အေးစက်လွန်းသော လေသံဖြင့် "အကြီးအကဲကျောက်ဖန်.....မင်းခုချက်ချင်း ထွက်လာခဲ့ပါ ၊ မဟုတ်ရင် သူတော်စင်ဂိုဏ်းခွဲတစ်ခုလုံးကို ငါဖျက်ဆီးပစ်ရလိမ့်မယ်......"
ကျစ်ယန်ရဲ့ အေးစက်လွန်းသော အသံကို ကြားသည်နှင့် ဂူပိတ်ကျင့်ကြံနေသော အဖိုးကြီးတစ်ယောက်သည် မျက်လုံးများ ပွင့်လာခဲ့ပြီး "နောက်ဆုံးသော သူပြန်ရောက်လာပြီပဲ......" ။
သူတော်စင်ဂိုဏ်းခွဲတစ်ခုလုံးသည် ကျစ်ယန်ကို ကြည့်၍ တိုက်ခိုက်ဖို့စီစဥ်နေချိန်တွင် ကျောက်ဖန်ထွက်ရှိလာတာကို မြင်တဲ့အခါ "ဂိုဏ်းဘိုးဘေးရောက်လာပြီ တိတ်တိတ်နေကြ..." ။
ကျောက်ဖန်ရဲ့နောက်တွင် နောက်ထပ်အဖိုးအိုတစ်ယောက်ရောက်ရှိလာခဲ့သည် ထိုအဖိုးကတော့ ကျစ်ယန်ကို သူ့သားသဖွယ်ကျွေးမွေးစောင့်ရှောက်ခဲ့သော အဖိုးအိုမန်လန်ပင် ဖြစ်သည်။ မန်လန်သည် ကျစ်ယန်ကို ကြည့်၍ "သုညကောင်.....မင်းငါ့မျက်နှာထောက်ပြီး ကျောက်ဖန်ကို ငဲ့ညာပေးပါ..." ။
ကျစ်ယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ငါသိချင်တာ.....အဲ့အချိန်တုန်းက မင်းဘာလို့ငါ့အမေကို သစ္စာဖောက်ခဲ့တာလဲ...." ။ ကျောက်ဖန်သည် မပြောရဲပြောရဲနဲ့ "ဒါတွေအားလုံးငါ့ကို လုပ်ခိုင်းခဲ့တာက သခင်လေးရဲ့အဖေ သခင်ကြီးချန်ယန်ကိုယ်တိုင်ပါပဲ......"
ကျောက်ဖန်စကားကြောင့် ကျစ်ယန်သည် ကြောင်အ၍ သွားသည်။ မာလန်သည် ကျစ်ယန်ထံကို စာအိတ်လေးတစ်ခုပေးလိုက်ပြီး
"သုညကောင်.....ဒီစာအိတ်က မင်းအဖေကိုယ်တိုင်လွင့်ပစ်ခဲ့တဲ့အချိန်က ငါမင်းကိုမွေးစားကတည်းက အတူရရှိခဲ့တဲ့စာအိတ်ပဲ...." ။
ကျစ်ယန်သည် စာအိတ်ကို ချိတ်ပိတ်ထားမှန်းသိလိုက်ရပြီး ကျောက်ဖန်နဲ့မာလန်ကိုယ်တိုင် ဖွင့်ကြည့်ဖို့ မဖြစ်နိုင်မှန်း သိလိုက်ရ၏။ ကျောက်ဖန်သည် ကျစ်ယန်ကို မမွေးစားဖို့ အကြိမ်ကြိမ်မာလန်ကို သတိပေးခဲ့သော်လည်း မာလန်သည် ကျစ်ယန်ကို သူ့သားသဖွယ် စောင့်ရှောက်ခဲ့သည်။
ကျစ်ယန်သည် စာအိတ်ပေါ်ရှိ အတားအဆီးကို ဖွင့်ကြည့်လိုက်တဲ့အခါ ဝိညဥ်အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုပုံရိပ်ယောင်ဝိညဥ်ကတော့ ချန်ယန်ပင်ဖြစ်သည်။ ချန်ယန်သည် သူတို့မိသားစုလုပ်ကြံသူတွေကို ခုခံတိုက်ခိုက်ချိန်တွင် သူ့သားနဲ့သူ့မိန်းမကို အန္တရာယ် ကင်းစေရန် အစေခံတစ်ချို့ကို အမိန့်ပေးခဲ့၏။
ကျစ်ယန်သည် ၄နှစ်သားဘဝမှာပင် ကျင့်ကြံရေးအငွေ့အသက်ရှိနေပြီဖြစ်၍ တဖက်ရန်သူရဲ့ အာရုံစိုက်မှုကို ခံရမှာဆိုး၍ ကျင့်ကြံရေးဒန်တျန်ကို ဖျက်ဆီး၍ အဝေးကို ခေါ်ဆောင်သွားခိုင်းခဲ့ခြင်းပင် ဖြစ်သည်။
ကျစ်ယန်သည် အရာအားလုံး သဘောပေါက်သွား၍ ပြုံးလိုက်ပြီး လင်ရှို့ဟွာနဲ့အတူ ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ကျစ်ယန်သည် လင်ရှို့ဟွာလက်ကို တွဲရင်း တာ့ချန်တိုင်းပြည်ရဲ့ ရွှေဗုဒ္ဓဂိုဏ်းထဲတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ကျစ်ယန်သည် ယုပင်းကို တွေ့တဲ့အခါ စာအိတ်ကို ပေးလိုက်သည်။ ယုပင်းသည် စာအိတ်ကို ဖတ်ရှု့ပြီး ဂရုမစိုက်ဘဲ လင်ရှို့ဟွာကို ကြည့်လိုက်ပြီး ပြုံးစိစိဖြင့် "သူက အမေ့ချွေးမလောင်းလေးလား...." ။
ရှို့ဟွာသည် ယုပင်းအား နှုတ်ဆက်လိုက်ပြီး ရှက်နေခဲ့၏။ ကျစ်ယန်သည် ရွှေဗုဒ္ဓဂိုဏ်းတွင် လင်ရှို့ဟွာနဲ့ ကြီးကျယ်ခန်းနားစွာ လက်ထပ်ထိမ်းမြှားခဲ့ပြီး တိုင်းပြည်အနှံအပြားရှိ ဂိုဏ်းများစွာကိုလဲ ဖိတ်ခေါ်ခဲ့သည်။
ကျစ်ယန်သည် လက်ထပ်ပြီးတဲ့နောက် သူ့ရဲ့စွမ်းအားဖြင့် လင်ရှို့ဟွာရဲ့ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ ချိုးဖောက်ပေးခဲ့၏။ အချိန်သည် နှစ်တစ်ရာ ကြာမြှင့်ပြီးနောက် ကျစ်ယန်သည် လင်ရှို့ဟွာလက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ကျစ်ယန်တို့ နံဘေးတွင် လုံရှန် ၊ လျှပ်စီးနဂါးနက် ၊ အမြှီးကိုးချောင်းမြေခွေးမနဲ့ အကြီးအကဲရှစ်တို့ ရှိနေခဲ့ကြ၏။ ကျစ်ယန်သည် အပြုံးတစ်ခုဖြင့် လင်ရှို့ဟွာကို ကြည့်ရင်း လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။
ကျစ်ယန်သည် အခြားသူတွေကို သူနဲ့အတူ ဝင်ဖို့ အချက်ပြကာ လင်ရှို့ဟွာလက်ကို ဆွဲကိုင်ရင်း လေဟာနယ်အက်ကွဲကြောင်းထဲကို လျှပ်စီးနှုန်းဖြင့် ပျံသန်းဝင်သွားခဲ့ပြီး "နတ်ဘုရားနယ်မြေ၇ခု ၊ မင်းတို့သခင်ပြန်လာပြီ...." ။
ဖတ်ရှု့သူအားလုံးကို တစ်ယောက်ချင်းစီ ကျေးဇူတင်ပါတယ်ဗျ ။ အမှားများစွာပါသွားခဲ့ရင်လဲ တောင်းပန်ရင်းနှုတ်ဆက်ခဲ့ပါတယ် 1