← Chapters

ကြီးမြတ်သောနေ ရွှေခေါင်းလောင်း ကျင့်စဉ်က နေပူဆာလှုံရင်းနဲ့မှ ကျင့်လို့ရတာလား

Vol. 5 Ch. 61

ကြီးမြတ်သောနေ ရွှေခေါင်းလောင်း ကျင့်စဉ်က နေပူဆာလှုံရင်းနဲ့မှ ကျင့်လို့ရတာလား

Vol. 5 Ch. 61

လီရွှမ်က မုန့်ချုံကို အမြဲတမ်း အာရုံစိုက်နေခဲ့၏။ ဒီအချိန်၌ သူသည် မုန့်ချုံဆီမှ ပြောင်းလဲမှုကို သတိထားမိလိုက်သည်။ တစ်ဖက်လူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုမိုသသန်မာလာပြီး ခန္ဓာကိုယ်အတွင်းတွင် ချီနှင့်သွေး၏ ထွက်ပေါ်လာမှု ဖြစ်သည်။

'သူကျင့်စဉ်ကို အောင်အောင်မြင်မြင် နားလည်သဘောပေါက်ပြီး စတင် ကျင့်ကြံနေပြီလား..'

လီရွှမ်က ပျော်သွား၏။ သူက တိတ်ဆိတ်စွာဖြင့် ဆက်လက်စူးစမ်းသည်။

သူ၏ မြင့်မားလှသည့် အာရုံခံနိုင်စွမ်းကို အသုံးပြုကာ ချီနှင့်သွေးအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသည့် သိုင်းသမားတစ်ယောက်၏ အမြင်ဖြင့် တိတ်တစ်ဆိတ် ဆက်လက် စောင့်ကြည့်၏။

'ဒါက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ရဲ့ ရှေ့ပြေးပုံရိပ်လား။ ခန္ဓာကိုယ်က ထည်ဝါတဲ့ ခေါင်းလောင်းတစ်ခုလို ပုံပေါ်လာတယ်..'

မုန့်ချုံ၏ ခန္ဓာကိုယ်က ပိုမိုသန်မာလာပြီး ဤသည်မှာ ဘက်စုံဖွံ့ဖြိုးမှု တစ်ခု ဖြစ်သည်။ အတွင်းနှင့်အပြင်၏ ပေါင်းစည်းမှုကို ခံစားရပြီး ခန္ဓာကိုယ်ကို ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုက လွှမ်းခြုံထားသည့်နှယ် ရှိသည်။

ကောင်းကင်ရှိ နေကိုမော့ကြည့်ကာ လီရွှမ်က အတွေးနက်သွားသည်။ ဖြစ်နိုင်တာက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဥ်သည် ချီနှင့်သွေးကို အာရုံခံရာ၌ ပိုမိုထိရောက်ပြီး ကျင့်ကြံမှု ပြုနိုင်ရန်အတွက် ခန္ဓာကိုယ်ပေါ်သို့ နေ၏ အလင်းကျရောက်ရန် လိုအပ်သည်လား။

ဤသည်မှာ ပူပြင်းသည့် နွေရာသီတစ်ခုသာ ဆိုပါက  အပူလွန်ကဲခြင်း မဖြစ်ပေဘူးလား။

'မုန့်ချုံက ဘယ်လိုလုပ်ပြီး ဒါကို နားလည်သဘောပေါက်ခဲ့တာလဲ..'

'သူက ဘယ်လိုဖြစ်လို့ နေရောင်အောက်ကိုသွားပြီး  ကျင့်ကြံခဲ့တာလဲ။ ပြီးတော့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သေးတယ်..'

လီရွှမ်က အနည်းငယ် ကြောင်တောင်သွား၏။ သူက အတတ်ပညာကိုသာ သင်ကြားပေးပြီး တပည့်ဖြစ်သူ၏ နားလည်သဘောပေါက်မှုတွင် ဝင်ပါခြင်း မပြုဟူသည့် ဆိုရိုးကို လိုက်နာခဲ့သည်။

ထို့ကြောင့် တပည့်ဖြစ်သူ၏ အပြုအမူက မည်မျှပင် ထူးဆန်းနေစေကာမူ ဝင်မပါရန် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် မုန့်ချုံ၏ ကျောက်စိမ်းနေ ရွှေခေါင်းလောင်းအကာအကွယ်အား နေရောင်အောက်တွင် ကျင့်ကြံမှု အောင်မြင်လာခဲ့ပြီးနောက် အတွေးတစ်ခု ဝင်လာခဲ့၏။

နေမရှိရင်ရော မည်ကဲ့သို့လုပ်မည်နည်း။ ကျင့်ကြံရန်  မဖြစ်နိုင်တော့ပေဘူးလား။

'သူက ဘယ်လိုလုပ်ပြီး နားလည်လာတာလဲ..'

လီရွှမ်သည် မုန့်ချုံ၏ ကျင့်ကြံမှုအား ပြီးမြောက်အောင်  စောင့်စားပြီးမှ ကျင့်စဉ်ကို မည်ကဲ့သို့ နားလည်သဘောပေါက်ခဲ့ပုံကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

နေမရှိပါက တစ်ဖက်လူက မည်ကဲ့သို့ ကျင့်ကြံနိုင်မည်နည်း။

ဘာပဲဖြစ်ဖြစ် မုန့်ချုံသည် ငယ်စဉ်ကတည်းက သိုင်းပညာကို ကျင့်ကြံခဲ့ပြီး သန်မာသည့် ခန္ဓာကိုယ် ရှိပါသည်။ ထို့အပြင် သူ၏ ပါရမီမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ်တွင် ရှိနေတာ အမှန်တကယ် ဖြစ်နိုင်၏။

မုန့်ချုံက ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အား နားလည်သဘောပေါက်မှု  ရလာပြီးနောက် ဆက်တိုက် ကျင့်ကြံနေခဲ့သည်။

မြင်းထိုင်ထိုင်ခြင်းကို ပြုလုပ်နေရစဉ်တွင် ပင်ပန်းခြင်းကိုပင် ခံစားရခြင်းမရှိဘဲ ချက်ပြုတ်ရန် အချိန်ကို ကျော်လွန်သွားခဲ့သည်။

သို့ရာတွင် လီရွှမ်က တပည့်ဖြစ်သူ၏ ကျင့်ကြံမှုကို  နှောင့်ယှက်မှု မပြုပါ။ ထိုအချိန်၌ ရှီအာက ကြက်တစ်ကောင်ဖြင့် ရောက်လာခဲ့၏။ နေ့စဉ်နေ့တိုင်း ကြက်တစ်ကောင်ကို ပုံမှန်ပို့ပေးရန်မှာ သူ၏အလုပ် ဖြစ်သည်။ ထိုကိစ္စအတွက် သူလည်းပဲ အလွန်ပျော်ရွှင်မိ၏။

သို့ရာတွင် မုန့်ချုံ၏ ကျင့်ကြံနေမှုကို တွေ့လိုက်ရပြီးနောက် သူ၏မျက်လုံးထဲ၌ မနာလိုမှုတို့ ဖြတ်သန်းသွားသည်။

ရွှီယန်မှာ ဆရာကြီး၏ တပည့်ဖြစ်၏။ ဒီဗိုင်းကြီးမြတ်ခြင်း စစ်တပ်အား တစ်ယောက်တည်းနှင့် အနိုင်ယူကာ ကြောက်စရာကောင်းသည့် ခွန်အားကို ပြသခဲ့လေသည်။

မုန့်ချုံလည်း မကြာခင်တွင် ထိုကဲ့သို့သော အလွန်စွမ်းအားကြီးမားသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာတော့မှာပါ။

လီရွှမ်က လက်ကိုဝှေ့ရမ်းကာ ခေါ်လိုက်၏။ ရှီအာက လေးစားစွာဖြင့် အမြန်ရောက်လာခဲ့သည်။

"ဆရာကြီး.."

"မင်းချက်ပြုတ်တက်လား.."

လီရွှမ်ကတည်ငြိမ်စွာမေး၏။

"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ.."

ရှီအာက ပျော်သွားသည်။ ဒီနေ့များ အတွင်းတွင် သူသည် မည်ကဲ့သို့ ချက်ပြုတ်ရမည်ကို လေးနက်စွာ သင်ကြားခဲ့၏။

အထူးသဖြင့် ကြက်စွပ်ပြုတ်အား မည်ကဲ့သို့ပြုလုပ်ရန်ဖြစ်သည်။ ကြည့်ရတာ ဆရာကြီးတွင် ကြက်စွပ်ပြုတ်အပေါ်၌ အထူးနှစ်သက်မှုတစ်ခု ရှိသည့်ပုံပါ။

"သွားပြီးတော့ ချက်ပြုတ်နှင့်.. အရွက်၉ခု ဆေးပင် သို့မဟုတ် နှစ်၁၀၀၀ ဂျင်ဆင်းကို ကြက်စွပ်ပြုတ်ထဲကို ထည့်ဖို့ မမေ့နဲ့ဦး.."

လီရွှမ်က လက်ကိုဝှေ့ ရမ်းကာ သွားခိုင်းလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာကြီး.."

ရှီအာက ပျော်သွား၏။ သူ၏ လက်ရာကို ပြသရမည့်အခွင့်အရေးက ကျရောက်လာခဲ့လေပြီ။

သူက ကြက်ကိုသတ်ဖြတ်ကာ ချက်ပြုတ်ရန်အတွက် သွားရောက် လုပ်ဆောင်၏။

မုန့်ချုံမှာ ကျင့်ကြံမှုအတွင်းတွင် နစ်မျောနေပါသည်။လှည့်လည်မှုတစ်ပတ် အပြီးတွင် နောက်ထပ်တစ်ပတ်ကို စတင်၏။ ဒုတိယမြောက် လှည့်လည်မှု  ပြီးဆုံးပြီးနောက် သူ၏ခန္ဓာကိုယ်က ပိုမိုသန်မာလာသည်ဟု ခံစားရသည်။ ဓား၊ လှံတို့အား ပြီးသည့် ခံစားချက်တစ်ခု ရှိနေပုံပေါ်၏။

'ဒါဆို... ဒါကစစ်မှန်တဲ့ သိုင်းပညာပေါ့... ဆန်းကြယ်လိုက်တာ..'

မုန့်ချုံက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ စိတ်အားထက်သန်စွာဖြင့် ကြိုးကြိုးစားစား ဆက်လက်လေ့ကျင့်သည်။

ထိုအချိန်၌ သူသည် အရာအားလုံးတို့ကို လုံးဝမေ့လျော့သွားခဲ့သည်။ သူ၏ စိတ်အစဉ်တစ်ခုလုံးက ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက်နေ၏။

'သူအကန့်အသတ်ကို ရောက်ခါနီးနေပြီ..'

လီရွှမ်သည် မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ခံစားနိုင်၏။

သန့်စင်မှု သုံးပတ်မှာ အကန့်အသတ် ဖြစ်ကြောင်းအား နားလည်လိုက်၏။ ဘာပဲဖြစ်ဖြစ် ပထမဆုံး ကျင့်ကြံမှုတွင် သုံးကြိမ်တိုင်အောင် သန့်စင်မှု ပြီးမြောက်နိုင်ခဲ့ခြင်းမှာ မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ပါရမီအား လုံလုံလောက်လောက် ပြသနိုင်နေပြီး ဖြစ်သည်။

အမှန်တကယ်ပင်။ သုံးကြိမ် လှည့်လည်မှု အပြီးတွင် မုန့်ချုံသည် အားအင်ခမ်းခြောက်သည့် အခြေအနေသို့ ရောက်ရှိသွား၏။

ထိုအချိန်၌ သူ၏ မျက်လုံးများက ပွင့်လာပြီး ချက်ချင်းပင် ဆာလောင်မှုကို ခံစားလိုက်ရသည်။

'မဟုတ်ဘူး...ငါချက်ပြုတ်ဖို့ မေ့သွားခဲ့ပြီ..'

အချိန်ကိုကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ဝမ်းဗိုက်အတွင်းရှိ ဆာလောင်မှုကို ခံစားကာ ဆရာဖြစ်သူကို လှမ်းမျှော်ကြည့်၏။

ရှက်ရွံ့မှုအချို့ဖြင့် ပြောသည်။

"ဆရာ.. ကျွန်တော်အခုပဲ သွားပြီး ချက်ပြုတ်လိုက်ပါမယ်.."

"မလိုတော့ဘူး။ မင်းက အခုမှ စတင်ပြီးတော့ ကျင့်ကြံတာ။ ချီနဲ့သွေးကို ဆက်တိုက် သန့်စင်နေခဲ့ရပြီး အားအင်တွေ အများကြီး ကုန်ဆုံးခဲ့တယ်.."

"အခု ဗိုက်ဆာနေတယ် မလား။ ဒီအချိန်က မင်းရဲ့ချီနဲ့သွေးကို ပြန်ပြီး ဖြည့်တင်းရမယ့် အချိန်ပဲ.."

လီရွှမ်က မတ်တပ်ရပ်ကာ သက်သောင့်သက်သာဖြင့်  လျှောက်လှမ်းသွား၏။

"သွားစားရအောင်.."

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက စိတ်သက်သာရာ ရသွား၏။ ဆရာ၏ နောက်မှလိုက်ကာ စားသောက်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ရှီအာက စားစရာများကို သယ်ဆောင်လာပြီး ဖြစ်၏။ ကြက်စွပ်ပြုတ် အိုးကြီးက ရနံ့မွှေးကြိုင်လှသည်။ မုန့်ချုံတစ်ယောက် အနံ့ရသည်နှင့် ချက်ချင်းပင် နှလုံးသားထဲ၌ တောင့်တမှုကို ခံစားရ၏။

"စားတော့လေ.."

လီရွှမ်က ထိုင်လိုက်ပြီးနောက် ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

မုန့်ချုံက အလွန်စိတ်လှုပ်ရှားနေပြီး အားတက်သရော စားသောက်၏။

ကြက်စွပ်ပြုတ် ပန်းကန်လုံးတစ်ခုကို သောက်ပြီးနောက် အားအင်တို့ ပြည့်ဖြိုးလာပြီး ဆာလောင်မှုတို့ လွင့်ပါးသွားသည်ဟု ခံစားရသည်။

ရှီအာက ဘေးတစ်ဖက်သို့ လေးစားစွာ ဆုတ်ခွာနေ၏။ ဆရာကြီးလီရွှမ်နှင့် တပည့်ဖြစ်သူတို့၏ စားသောက်ခြင်းပြီးစီးမှုကို စောင့်စားနေပါသည်။

ဟင်းပွဲများကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှီအာက ဦးညွှတ်သည်။

"ဆရာကြီး.. အခြားခိုင်းစရာ မရှိရင် ကျွန်တော် ပြန်လိုက်ပါဦးမယ်.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ရှီအာက အလိုက်သိစွာဖြင့် ရိုကျိုးစွာ ထွက်ခွာသွား၏။ ဆရာနှင့်တပည့် နှစ်ယောက်တည်းသာ ကျန်တော့သည့် အချိန်၌ လီရွှမ်က ပြောသည်။

"ငါ့ကိုပြော.. ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ဒီလိုကျင့်ကြံဖို့ မင်းဘယ်လိုလုပ်ပြီး တွေးမိလိုက်တာလဲ.."

"ဒီလိုပါဆရာ.."

မုန့်ချုံက ချက်ချင်းပင် ပိုမိုတက်ကြွလာခဲ့သည်။

"လူတစ်ယောက်က ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ကို ကျင့်ကြံချင်တယ်ဆိုရင် နေရောင်အောက်မှာ ကျင့်ကြံသင့်တယ်လို့ တပည့် ရုတ်တရက် နားလည်လိုက်တယ်.."

"နေရဲ့ ပူလောင်မှုကို ခံစားရမယ်။ အဲ့ဒီ့အခါမှသာ  ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီနဲ့သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်အောင် အာရုံခံနိုင်လာပြီး အပြင်ကနေ အတွင်းဘက်ကို သန့်စင်လာနိုင်မယ်..."

မုန့်ချုံက သူ၏ နားလည်သဘောပေါက်မှု ဖြစ်စဉ် အသေးစိတ်ကို ဖော်ပြကာ မည်ကဲ့သို့ ကျင့်ကြံခဲ့ပုံအား ရှင်းပြသည်။

လီရွှမ်၏ မျက်နှာက တည်ငြိမ်စွာ ရှိနေ၏။ သို့ပေမယ့် သူက နှလုံးသားထဲတွင် အနည်းငယ် ကြောင်တောင်သွားသည်။

ဖြစ်နိုင်သည်ကား ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်သည် နေရောင်အောက်တွင် ကျင့်ကြံမှသာလျှင် အောင်မြင်မှုရရန်အတွက် ပိုမိုလွယ်ကူနိုင်သည်လား။

'ဒါမှမဟုတ်.. ဒါက မုန့်ချုံရဲ့ ကိုယ်ပိုင်နားလည်မှုသက်သက်လား။ သူက သူ့အပေါ်ကို ထိုးကျလာတဲ့နေရဲ့ အပူကိုအသုံးချပြီး ချီနဲ့သွေးကိုအာရုံခံ... ပြီးတော့ စတင်ကျင့်ကြံခဲ့ရုံပဲ..'

လီရွှမ်၏ စိတ်အစဉ်က ရှင်းလင်းနေ၏။ သူ၏အတွေးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

'ချီနဲ့သွေးကိုသာ ခံစားနိုင်မယ်ဆိုရင် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို နေရောင်ရဲ့ အကူအညီ မလိုအပ်ဘဲနဲ့တောင်မှ ကျင့်ကြံနိုင်မှာ။

ဒါပေမယ့် မုန့်ချုံက နေရောင်ရဲ့နွေးထွေးတဲ့ ခံစားချက်ကနေ ဉာဏ်လင်းပွင့်လာပြီး သူ့ကိုချီနဲ့သွေးကို  အာရုံခံနိုင်လာစေခဲ့တယ်။'

'နေပါဦး... နေရဲ့အပူကိုက ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အတွက် အကူအညီဖြစ်နေတာလား..'

'ဖြစ်နိုင်တာက နေရောင်အောက်မှာ လေ့ကျင့်ရင်  တိုးတက်မှုတွေက အမြဲတမ်းပိုပြီး ထိရောက်နေမှာလား..'

လီရွှမ်ဟာ သေချာမှုမရှိဘဲ ဖြစ်နေ၏။ မုန့်ချုံတစ်ယောက် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ရောက်ရှိကာ ချီနှင့်သွေးအဆင့်ကို ဝင်ရောက်နိုင်မှသာလျှင် တန်ပြန် အကျိုးသက်‌ရောက်မှုများ ရရှိပြီး  ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် အတတ်၏ ကျင့်ကြံနည်း ပြည့်ပြည့်စုံစုံကို ရရှိနိုင်မှာဖြစ်သည်။

ထိုအခါမှသာ တိတိကျကျ သိလာနိုင်မှာပါ။

မုန့်ချုံ၏ စကားဆုံးပြီးနောက် လီရွှမ်က တည်ငြိမ်စွာပြောသည်။

"ငါ့တပည့်... မင်းမှာဒီလိုမျိုး နားလည်သဘောပေါက်မှု ရှိတာကို ငါဝမ်းသာတယ်။ ဒါပေမယ့် ငါ့မှာမင်းအတွက် မေးခွန်းတစ်ခုရှိတယ်.."

"ဆရာပြောပါ.."

မုန့်ချုံက အံ့သြသွားပြီးနောက် လေးစားစွာပြော၏။

"တကယ်လို့ နေမရှိဘူးဆိုရင်... ဥပမာအားဖြင့် မိုးရွာနေတာ သို့မဟုတ် တိမ်ထူနေတာ မျိုးဆိုရင်...မင်းဘယ်လိုလေ့ကျင့်မလဲ.."

နေရောင်အောက်တွင် ကျင့်ကြံရန် လိုအပ်ကတည်းက နေရောင်မရှိပါက မည်ကဲ့သို့ ကျင့်ကြံမည်နည်း။ဆက်လက်ကျင့်ကြံရန် မဖြစ်နိုင်တော့ ပေဘူးလား။

ဤသည်မှာ အလွန်အေးစက်သည့် နေရာတစ်ခုသာဆိုပါက အလွန်ပါးလျသည့် နေရောင်နှင့် သုံးလေးလလောက် နေရပါက လူတစ်ယောက်သည် မည်ကဲ့သို့ ကျင့်ကြံနိုင်တော့မည်နည်း။

မုန့်ချုံက မှင်သက်သွားသည်။ သူက ကျင့်ကြံမှုတွင် အောင်မြင်ခါစသာ ရှိသေး၏။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်အား နားလည်သဘောပေါက်မှုကြောင့် အလွန် စိတ်လှုပ်ရှားနေပါသည်။

ထိုမေးခွန်းကို ဘယ်တုန်းကမှ တွေးတောမိခြင်း မရှိပေ။

"ဒါက..."

မုန့်ချုံက မှင်သက်သွား၏။ ခဏတာအတွင်း မည်ကဲ့သို့ပြောကြားရမည်မသိ ဖြစ်သွားခဲ့သည်။

လီရွှမ်က ဆက်လက်ပြောသည်။

"ညအချိန်မှာ ဘာနေမှမရှိဘူး။ အဲ့ဒါဆိုရင် မင်းက မကျင့်ကြံနိုင်တော့ဘူးလား။ ငါတပည့်.. မင်းမှာပိုပြီးနက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှု တစ်ခု လိုအပ်နေတယ်.."

ထိုစကားကို ပြောပြီးနောက် လီရွှမ်က သက်တောင့်သက်သာဖြင့် လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီး  လျှောက်ထွက်သွား၏။ တပည့်ဖြစ်သူကို တစ်ယောက်တည်းငိုင်တိုင်စွာ ချန်ရစ်ခဲ့လေသည်။

ပြဿနာများကို တပည့်ဖြစ်သူနှင့်  ထားခဲ့ကာ သူ့ဘာသာကိုယ်ပိုင် နားလည်အောင် လုပ်ပေးလိမ့်မည်။

သူ၏စကားမှ မုန့်ချုံတစ်ယောက် နားလည်သဘောပေါက်မှု ရလာမည်ဟု လီရွှမ်ယုံကြည်၏။

သူသာ ထိုအတားအဆီးကို ချိုးဖျက်နိုင်ပါက ဖြစ်နိုင်တာက စစ်မှန်သည့် ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်၏ အဓိပ္ပါယ်ကို နားလည်မှု ရလာနိုင်မှာလည်း ဖြစ်နိုင်ပါသည်။

'တကယ်လို့ နေမရှိဘူးဆိုရင် ဘယ်လိုကျင့်ကြံရမလဲ..'

'ညအချိန်မှာ ကျင့်ကြံလို့ မရတော့ဘူးလား..'

'မိုးရွာတဲ့နေ့တွေမှာ မကျင့်ကြံ နိုင်တော့ဘူးလား ..'

'အဲ့လိုမျိုး သိုင်းပညာတစ်ခု ဘယ်လိုရှိနိုင်မှာလဲ။ ငါ့ရဲ့နားလည်သဘောပေါက်မှုက အရမ်းကို နိမ့်ပါးလွန်းနေတာ သိသာတယ်....'

မုန့်ချုံက အပြင်ဘက်သို့ ခေါင်းမော့ကြည့်သည်။ ယခုအချိန်၌ ညနေခင်းသို့ ရောက်ရှိနေပြီဖြစ်ကာ။ နေဝင်ချိန်၏ နောက်ဆုံးအလင်းသာလျှင် ကျန်ရစ်တော့သည်။

God Genzo:

All Chapters