နှလုံးသားက နေလိုပဲ- ထိုစကားရဲ့ အဓိပ္ပါယ်က ရှင်းလင်းပြတ်သားတယ်
Vol. 5 Ch. 62
ကျင့်ကြံရန်အတွက် နေ၏အလင်းကို လိုအပ်သည့်ကျင့်စဉ်တစ်ခုမှာ ကောင်းမွန်နေမည် မဟုတ်ပါ။ တပည့်ဖြစ်သူ၏ လမ်းကြောင်းကို ကန့်သတ်ချက်များ ရှိစေလို့မဖြစ်ပေ။ ပြင်ဆင်ရန် လိုအပ်၏။
သို့ပေမယ့် လီရွှမ်ကိုယ်တိုင်မှာတော့ တိတ်ဆိတ်စွာ စောင့်ကြည့်နေရန်သာ လိုအပ်ပြီး သိုင်းပညာ၏ ပြဿနာအား တပည့်ဖြစ်သူကို လေ့လာရန် ထားရစ်ခဲ့သည်။
မုန့်ချုံက အတွေးနက်သွား၏။ ညအချိန်တွင် ကျင့်ကြံခြင်းဖြင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ခြံဝန်းအတွင်းတွင် မုန့်ချုံက မြင်းထိုင်ထိုင်ကာ စတင်ကျင့်ကြံ၏။
'ငါဘာလို့ ချီနဲ့သွေးကို အာရုံခံလို့မရတာလဲ..'
ခန္ဓာကိုယ်အပေါ်တွင် နေ၏ နွေးထွေးမှုမရှိပါက ကျင့်ကြံမှု စတင်ပြီးနောက် ချီနှင့်သွေးကို အာရုံခံနိုင်ခြင်းမရှိကြောင်းအား မုန့်ချုံ တွေ့လိုက်ရသည်။
'တကယ်ပဲ... ငါကျင့်စဉ်အပေါ် နားလည်မှု လွဲသွားတာ ရှိရမယ်..'
မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်သည်။
ပြီးနောက် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သေသေချာချာ ခံစားကြည့်၏။ အခိုက်အတန့်တစ်ခုတွင် သူသည် နောက်ဆုံး၌ ချီနှင့်သွေးကို အာရုံခံနိုင်လာခဲ့သည်။
သို့ပေမယ့် ချီနှင့်သွေးမှာ အလွန်အားနည်းပြီး သန့်စင်ခြင်း၏ အမြန်နှုန်းက နှေးကွေးလွန်းလှသည်။
'နေရောင်အောက်မှာ ကျင့်ကြံရင် ဘာလို့ပိုမြန်ရတာလဲ..' မုန့်ချုံက အတွေးနက်သွားသည်။
လီရွှမ်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။ သူလည်းပဲ လိုက်လံတွေးတောမှု ပြုသည်။ ညအချိန်တွင် ကျင့်ကြံသည့် မုန့်ချုံသည် ရှင်းလင်းစွာပင် များစွာပိုမိုအားနည်းနေ၏။
'တစ်ခုခု မဟုတ်သေးဘူး... ဖြစ်နိုင်တာက ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်က တကယ်ပဲ နေရောင်အောက်မှာ ကျင့်ကြံမှ ပိုပြီးတော့ အကျိုးရှိနိုင်တာ များလား..'
လီရွှမ်ပင်လျှင် အနည်းငယ် ကြောင်တောင်သွား၏။ သူက ကိုယ်တိုင် တီထွင်ခဲ့သည့် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်အား သေသေချာချာ ပြန်လည်စဉ်းစားသည်။
မည်သို့ပင် ကြည့်စေကာမူ နေ၏အောက်တွင် ကျင့်ကြံရန် ဖော်ညွှန်းထားခြင်းမရှိပေ။
'ဖြစ်နိုင်တာက ကျင့်စဉ်ရဲ့ နာမည်ကြောင့်များလား..'
လီရွှမ်က မနေနိုင်ဘဲ အတွေးများ အတွင်းတွင် နစ်မြုပ်သွား၏။
'ဒီပြဿနာကို မုန့်ချုံ ဘယ်လိုဖြေရှင်းမလဲလို့ ကြည့်ရတာပေါ့..'
သူက လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် တပည့်များကို သင်ကြားစဉ်တွင် အချို့ ကျင့်ကြံမှု ဖွဲ့စည်းပုံများကို ကျပန်းဖန်တီးခဲ့ပြီး နားလည်သဘောပေါက်မှု သီအိုရီများကိုတော့ သူတို့ကိုယ်တိုင်ကိုသာ လေ့လာခိုင်းလေ့ ရှိသည်။
ကျင့်ကြံမှုတွင် မည်ကဲ့သို့ အောင်မြင်မှုရရန်မှာ တပည့်များ၏ ကိုယ်ပိုင် နားလည်သဘောပေါက်မှု အပေါ်တွင် လုံးဝ မှီခိုနေ၏။
မုန့်ချုံက သူ၏ ချီနှင့်သွေးကို စုစည်းကာ ကိုယ့်ကိုယ်ကို သန့်စင်နေစဉ်တွင် ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများကို ဂရုတစိုက် အာရုံခံစားနေပါသည်။ သူ၏ ချီနှင့်သွေးက အလွန်အားနည်းလှ၏။ သန့်စင်မှု အမြန်နှုန်းမှာ အလွန်နှေးကွေးလှပါသည်။
'ဘာဖြစ်တာလဲ... နေရောင်အောက်မှာ ကျင့်ကြံမှ ချီဖြစ်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ ငါဒါကို လုံလုံလောက်လောက် နားမလည်သေးလို့ ဖြစ်မယ်..'
မုန့်ချုံက ချီနှင့်သွေး၏ ပြောင်းလဲမှုများကို သေသေချာချာ အာရုံခံရင်းမှ ကျင့်စဉ်အား စကားလုံးတစ်လုံးချင်းစီ စဉ်းစားသည်။
'ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်က နေမင်းနဲ့ သက်ဆိုင်နေရမယ်။ ဒါပေမယ့် အဲ့ဒါက နေရောင်အောက်မှာ ကျင့်ကြံဖို့အတွက် မရှိမဖြစ် မလိုအပ်လောက်ပါဘူး... ဒါဆိုရင်...'
'မဟုတ်ဘူး...နေကဘယ်တုန်းကမှ မပျောက်ကွယ်သွားခဲ့ဘူး..'
'သူက မိုးရွာတဲ့နေ့တွေမှာ တိမ်ထူရဲ့ ဖုံးလွှမ်းခြင်းကို ခံရတယ်။ ပြီးတော့ ညအချိန်မှာ ယာယီဝင်သွားရတယ်...'
'ဒါပေမယ့် နေကအမြဲတမ်း တည်ရှိနေတယ်လေ..'
မုန့်ချုံ၏ စိတ်ထဲတွင် အလင်းတစ်ခု ရုတ်တရက် လက်သွား၏။ သူက တစ်ခုခုကို ရေးတေးတေး နားလည်လာခဲ့သည်။
'ဆရာပြောတာတော့ အားလုံးက နားလည်သဘောပေါက်နိုင်မှုနဲ့ အဓိပ္ပာယ်ပဲတဲ့။ ငါက ကျင့်ကြံမှုရဲ့ ရည်ရွယ်မှုအဓိပ္ပာယ်ကို နားမလည်သေးဘူး။ ဒါက ငါလိုအပ်နေတဲ့အရာပဲ...'
ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က ဘာဖြစ်မလဲ။
မုန့်ချုံက အတွေးနက်သွားသည်။
ထိုအချိန်၌ သူ၏ချီနှင့်သွေးက အရိုးများမှ ကိုယ်တွင်းအင်္ဂါများဆီသို့ စီးဆင်းနေပြီး ဖြစ်၏။ နှလုံးသားက ခုန်နေပြီး ချီနှင့်သွေးက နှလုံးသားကို သန့်စင်သည်။
နွေးထွေးသည့် ခံစားချက်တစ်ခု ရလာပြီး နှလုံးသားမှ စီးထွက်လာသည့် ချီနှင့်သွေးတို့သည် ပိုမိုကြွယ်ဝကာ သန့်စင်လာခဲ့သည်။
ချက်ချင်းပင် မုန့်ချုံတစ်ယောက် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်၏ အဓိပ္ပါယ်ကို နားလည်လိုက်သည့်နှယ် ခံစားလိုက်ရသည်။
'ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ရဲ့ အဓိပ္ပာယ်က နေမင်းကြီး ဖြစ်တာ မမှားဘူး။ ကောင်းကင်ပေါ်က နေက မရှိတော့ပေမယ့် ငါ့ရဲ့နှလုံးသားထဲမှာရှိတဲ့ နေမင်းကြီးကတော့ မပြောင်းမလဲပဲ ရှိနေဦးမယ်...'
ထိုအချိန်၌ မုန့်ချုံသည် ပြတင်းပေါက်တစ်ခုကို ဖွင့်လှစ်ပြီး ကောင်းကင်ကို ဖြတ်သန်းလာသည့် နေမင်းကြီးတစ်ခုကို တွေ့ရသကဲ့သို့ ခံစားရသည်။
'ငါ့ရဲ့ နှလုံးသားက နေလိုပဲ ကိုယ့်ကိုယ်ကို အလင်းပေးနိုင်တယ်။ ဒီအဓိပ္ပာယ်က ရှင်းလင်းတယ်။ အဲ့ဒါက ကောင်းကင်ပေါ်က နေနဲ့ ဆက်သွယ်နေတာပဲ...'
မုန့်ချုံသည် ကျင့်ကြံမှု၏ လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေသို့ ဝင်ရောက်သွား၏။ သူ၏ နှလုံးသားက စည်းချက်ညီစွာဖြင့် စတင်ခုန်လာပြီး ချီနှင့်သွေးက တစ်လှမ်းပြီးတစ်လှမ်း စီးထွက်လာခဲ့သည်။
နှလုံးသားကို ဖြတ်ကျော်စီးဆင်းကာ အခြား ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများဆီသို့ သွားရောက်၏။ သူက ခန္ဓာကိုယ်အတွင်းရှိ ခုန်နေသည့် အရာမှာ နှလုံးသားတစ်ခုမဟုတ်ပဲ နေမင်းကြီးတစ်ခုဟု မြင်ရောင်လာသည့် ပုံပါ။
အခိုက်အတန့်တစ်ခုတွင် သူ၏စိတ်အစဉ်၌ နေ့လည်တုန်းက ကျင့်ကြံစဥ်တွင် ကောင်းကင်၌ မြင့်မားစွာရှိနေသည့် နေ၏ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။ သူ၏ နှလုံးသားနှင့် နေမင်းတို့သည် တစ်ခုနှင့်တစ်ခု ပဲ့တင်လာသည့် ပုံရှိ၏။
"ဒုတ် ဒုတ် ဒုတ် ဒုတ်..."
သူ၏နှလုံးသားက ခုန်နေ၏။
တစ်ချက်ခုန်လိုက်တိုင်းတွင် အသက်ဓာတ် စွမ်းအားက ထွက်ပေါ်လာပုံပေါ်ပြီး ကိုယ်တွင်းအင်္ဂါများဆီသို့ လှည့်လည်သွားသည့်ပုံပါ။
ထို့နောက် အရိုးနှင့်အရေပြားတို့ကို ဖြတ်သန်းလှည့်လည်ကာ အရေပြားမှအရိုး အရိုးမှနှလုံးသား... ထပ်မံလှည့်လည်လာခဲ့ပြန်၏။ ပြီးပြည့်စုံသည့် ပတ်လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။
သူ့ကိုယ်သူ ကောင်းကင်ရှိ နေမင်း၏ပုံရိပ်နှင့် အသွင်ယူလိုက်သည်နှင့် သူ၏ အသက်ရှူမှုဟာ တဖြည်းဖြည်း စည်းချက်ညီလာခဲ့သည်။ ထို့အပြင် နှလုံးခုန်နှုန်းလည်း ပိုမိုသန်မာလာခဲ့၏။ ချီနှင့်သွေးလည်း ပိုမိုပူလောင်ကာ အားကောင်းလာခဲ့သည်။
အခိုက်အတန့်တစ်ခုတွင် သူသည် ခန္ဓာကိုယ်အနှံ့၌ နွေးထွေးမှုတစ်ခု ပျံ့နှံ့နေပုံကို ခံစားလာရသည်။ ချီနှင့်သွေးစွမ်းအင်က ခန္ဓာကိုယ်၏ ထောင့်တိုင်းသို့ စီးဆင်းမှုပြုကာ အရိုးများရှိ နာကျင်မှု ခံစားချက်က ပိုမိုပြင်းထန်လာခဲ့သည်။
ထို့အပြင် သူ့ကိုယ်သူ ကြီးမားသည့် ခေါင်းလောင်းကြီးတစ်ခုသဖွယ် ခံစားရပြီး အရေပြား၊ အရိုး၊ ကိုယ်တွင်းအင်္ဂါနှင့် အသွေးအသားတို့ငည် ပြီးပြည့်စုံသည့် အလုံးအဝိုင်းတစ်ခု ဖြစ်လာသည့်ပုံပါ။
ကြီးမြတ်သောနေ ရွှေခေါင်းလောင်းအကာအကွယ်...
'ငါနောက်ဆုံးတော့ ကျင့်စဉ်ကို နားလည်လာခဲ့ပြီ..'
မုန့်ချုံက ကျေနပ်စွာ အံ့သြသွားသည်။
ဒီအချိန်၌ သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်မှာ ဆက်တိုက် ပိုမိုသန်မာလာသည်ဟု ခံစားရသည်။ ခေါင်းလောင်းကြီး တစ်ခုကဲ့သို့လည်း လုံးဝိုင်း၏။
'ငါအသွေးအသားထဲမှာ ရွှေခေါင်းလောင်းတစ်ခုကို ခံစားနိုင်နေပြီးပြီ..'
မုန့်ချုံက အလွန်စိတ်လှုပ်ရှားသွားသည်။ ဒီအချိန်၌ သူဟာ အချိန်ကို မေ့နေပြီးဖြစ်ကာ ဆက်လက်ကျင့်ကြံနေ၏။
လီရွှမ်ဟာ မုန့်ချုံအပေါ်တွင် ဆက်တိုက်အာရုံထားနေပါသည်။ သိုင်းသမားတစ်ယောက်၏ စူးရှသည့်အာရုံခံမှုနှင့် မုန့်ချုံ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားနိုင်၏။
'အသက်ရှူမှုက ညီညာနေပြီး သူ့ရဲ့ချီနဲ့သွေးက တိုးပွားလာနေတယ်... ချီနဲ့သွေးက ခန္ဓာကိုယ်အနှံ့ ချောချောမွေ့မွေ့ စီးဆင်းနေပြီး အတွင်းနဲ့အပြင်က ပေါင်းစည်းသွားတယ်။ လူတစ်ကိုယ်လုံးက ရွှေခေါင်းလောင်းတစ်ခု ဖြစ်လာတယ်...'
ထိုအချိန်၌ လီရွှမ်က အလွန်အံ့ဩသွားသည်။ မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အား နားလည်သဘောပေါက်နိုင်ခဲ့လေပြီ။
ဒီအချိန်၌ တစ်ဖက်လူဟာ ကျင့်ကြံမှု အလယ်တွင် ရှိနေ၏။
'သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မျက်စိနဲ့မြင်နိုင်လောက်အောင် သိသိသာသာ တိုးတက်လာခဲ့တယ်။ ငါ့ရဲ့ဒီတပည့်က တကယ့်ကို ခန္ဓာကိုယ်ကျင့်ကြံခြင်း အတတ်နဲ့ သင့်တော်တာပဲ..'
မုန့်ချုံ၏ ခန္ဓာကိုယ်သည် ဆက်တိုက် ပိုမိုသန်မာလာနေ၏။
'တပည့်တစ်ယောက် လက်ခံတဲ့အချိန်မှာ သူတို့ရဲ့ ပါရမီကို အဓိကထားရမယ်..'
'ပြီးရင် သူတို့ပါရမီနဲ့ သင့်တော်မဲ့ ကျင့်စဉ်ကို ဖန်တီးရမယ်။ အဲ့ဒါက သူတို့အတွက် နားလည်သဘောပေါက်နိုင်ဖို့ ပိုပြီးလွယ်ကူမှာ...'
လီရွှမ်က တပည့်များ လက်ခံရန်အတွက် စံချိန်တစ်ခုကို တွေးတောရမည်ဟု ခံစားရ၏။ တပည့်အသစ်တစ်ယောက်သည် ကျင့်စဉ် အသစ်တစ်ခုဟု ဆိုလိုသည်ပင်။
သူသည် ကျင့်စဉ်အသစ် သို့မဟုတ် စနစ်အသစ်များကို ဆယ်နှင့်ချီကာ သို့မဟုတ် ရာနှင့်ချီကာ ဖန်တီးရန် ဖြစ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် တပည့် ဖြစ်သူများ၏ လိုအပ်ချက်မှာ ထူးကဲသည့် ပါရမီရှိရန် လိုအပ်ပြီး ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် သင့်တော်နေရမှာပါ။
'မုန့်ချုံ.. တစ်လအတွင်းမှာ အဆင့်ချိုးဖျက်မှု လုပ်နိုင်ပါ့မလား..'
လီရွှမ်၏ မျက်လုံးများထဲ၌ မျှော်လင့်မှုတို့ ဖြတ်သန်းသွားသည်။
ရွှီယန်၏ ပါရမီက အလွန်ထူးကဲနေသည်မှာ သံသယဝင်စရာမရှိပေ။ မဟုတ်ပါက သူသည် လီရွှမ်က အလကားသက်သက် ကျပန်း ဖန်တီးပေးလိုက်သည့် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့မည် မဟုတ်ပါ။
မုန့်ချုံ ကျင့်ကြံနေသည့် ကျင့်စဉ်မှာ... ဤသည်မှာလည်း ကျပန်းဖန်တီးထားခြင်းသာ ဖြစ်ပေမယ့် အနည်းဆုံးတော့ ကိုးကားချက်တစ်ခု ရှိနေပြီး ဖြစ်သည်။
ထို့အပြင် လီရွှမ်ကိုယ်တိုင်က သိုင်းသမားတစ်ယောက် ဖြစ်နေပြီးဖြစ်၏။ နောက်ထပ် အားသာချက်မှာ မုန့်ချုံ၏ ပါရမီလည်း ခန္ဓာကိုယ်ကျင့်ကြံမှုအတတ် အပေါ်တွင် စစ်မှန်စွာ မှီခိုနေပါသည်။
'ဒီအချိန်က မုန့်ချုံကို အရိုးသန့်စင်ခြင်းနဲ့ပတ်သက်ပြီး ခြားနားတဲ့ အမျိုးအစားတွေ ရှိတယ်ဆိုတာကို ပြောပြသင့်ပြီ..'
'ခန္ဓာကိုယ် ကျင့်ကြံမှုမှာ ဗာဂျရာစိန်အရိုးက ကျောက်စိမ်းအရိုးနဲ့ နှိုင်းယှဉ်နိုင်တယ်'
'စိတ်ကူးထားတဲ့ ဗာဂျရာစိန်အရိုးကို သန့်စင်နိုင်မယ်လို့ မျှော်လင့်တယ်..'
'ရွှီယန်တောင်မှ ကျောက်စိမ်းအရိုးကို သန့်စင်နိုင်ခဲ့တာ။ မုန့်ချုံအနေနဲ့ ဗာဂျရာစိန်အရိုးကို မသန့်စင်နိုင်ဖို့ ဘာအကြောင်းပြချက်မှ မရှိလောက်ဘူး မှတ်လား..'
'သူ့မှာ အကူအညီအချို့တော့ လိုအပ်ဦးမှာ။ ရွှီယန်လည်း မီးတောက်လည်ဆံမွှေး ဝံပုလွေနဲ့ တိုက်ခိုက်မှုပြုပြီး ကျောက်စိမ်းအရိုးကို အဆင့် ချိုးဖြတ်နိုင်ခဲ့တုန်းကလိုပေါ့..'
လီရွှမ်က မုန့်ချုံ၏ နောက်ဆက်တွဲ ကျင့်စဉ်များကို စတင်စီမံသည်။ မုန့်ချုံသာ ဗာဂျရာစိန်အရိုးကို ကျင့်ကြံပြီး သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ခြေလှမ်းနိုင်ပါက လီရွှမ်လည်း တန်ပြန်အကျိုးပြုမှုကို ရရှိမှာဖြစ်သည်။
ထိုသို့ဆိုပါက သူ၏ခန္ဓာကိုယ်တွင် ကျောက်စိမ်းအရိုးနှင့် ဗာဂျရာစိန်အရိုးတို့ ပေါင်းစပ်မှုကြောင့် မည်သည့်ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာမည်လဲ မသိပေ။
သံသယဝင်စရာ မကောင်းသည်မှာတော့ ပိုမိုသန်မာလာမှာ သေချာ၏။ တွေးကြည့်ရုံပင် သူ့ကိုအလွန် စိတ်လှုပ်ရှားမိစေသည်။
'မုန့်ချုံရဲ့ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ထဲကို ဝင်ရောက်နိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တယ်... ပြီးရင် ငါသူအတွက် သင့်တော်မယ့် သိုင်းပညာကို သင်ကြားပေးဖို့ ပြင်ဆင်ရမယ်..'
'ရွှီယန်က လက်ဝါးသိုင်းကို ကျင့်တယ်။ ဒါဆို မုန့်ချုံကို လက်သီးသိုင်းကို ကျင့်ခိုင်းရမလား...'
'လှုပ်ရှားမှု အတတ်ကတော့ ပုံမှန်အတိုင်းပဲ။ သူ့အတွက် သဘာဝတရား၈ပါး ပုံကြမ်းကို ဆွဲပေးလိုက်မယ်။ နည်းနည်းလောက် ရှင်းပြပြီး ကိုယ်တိုင်နားလည်မှုရအောင် လုပ်ပလေ့စေ..'
'အဲ့ဒီအပြင် ငါ့မှာခန္ဓာကိုယ် ကျင့်ကြံမှုအတတ်ရဲ့ နောက်ဆက်တွဲ နည်းစနစ်ကို ပြီးပြည့်စုံအောင် လုပ်ဖို့လိုအပ်သေးတယ်..'
တည်ငြိမ်ကာ သန့်ရှင်းကြည့်လင်သည့် စိတ်အခြေအနေနှင့် လီရွှမ်က မုန့်ချုံအတွက် စတင်ခြင်း အဆင့်သို့ ဝင်ရောက်ပြီးပါက နောက်ဆက်တွဲကျင့်ကြံမှု လမ်းကြောင်းအား စတင်ပြောကြားသည်။
ခန္ဓာကိုယ် ကျင့်ကြံခြင်းလမ်းစဉ်မှာ သိုင်းပညာ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အပေါ်တွင် အဓိကထားသည့် နည်း စနစ်တစ်ခု ဖြစ်သည်။
သို့ပေမယ့် ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အကြမ်းထည် ခွန်အားသက်သက် ဖြစ်လို့မရပေ။
လီရွှမ်အနေနှင့် ၎င်းကို ပြီးပြည့်စုံစွာ ပြုလုပ်ပြီး တူညီစွာ စွမ်းအားကြီးသည့် ခန္ဓာကိုယ်ကျင့်ကြံမှု ကျင့်စဉ်တစ်ခု ဖြစ်လာအောင် လုပ်ရန်လိုအပ်ပါသည်။
God Genzo: