← Chapters

အားလုံးကို ထုပ်ပိုးပြီးတော့ ယူသွားလိုက်

Vol. 5 Ch. 63

အားလုံးကို ထုပ်ပိုးပြီးတော့ ယူသွားလိုက်

Vol. 5 Ch. 63

ယွင်ရှန်းမြို့ငယ်တွင်...

မုန့်ချုံသည် ကိုယ့်ကိုကို ကျင့်ကြံမှုအတွင်း၌ နှစ်မြှပ်ထား၏။

ရှီအာက ထိုအခွင့်အရေးကို ဖမ်းဆုပ်ကာ နေ့စဉ်နေ့တိုင်း အိမ်သို့ လာရောက်ပြီး ချက်ပြုတ်ခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ခြင်းများကို အစေခံတစ်ယောက်ကဲ့သို့ လာရောက် လုပ်ဆောင်ပေးသည်။

လီရွှမ်မှာလည်း ကိုယ့်ကိုကို သိုင်းပညာ မဟာအစီအစဉ်များ၌ နှစ်မြှုပ်ထား၏။ မုန့်ချုံအတွက် သိုင်းပညာစကေးများနှင့် ကျင့်ကြံခြင်းအတတ်များကို ပြင်ဆင်နေပြီး ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်ကို မည်ကဲ့သို့ပြီးပြည့်စုံအောင် ပြုလုပ်ရမည်အား စဉ်းစားနေပါသည်။

ထိုအချိန်၌ သုံဟယ်ကောင်တီတွင် ဆရာရှာသည့် အရူးရောဂါက ဆက်လက်ထွက်ပေါ် နေ၏။ ပုံမှန်အားဖြင့် မောက်မာပြီး သောက်စားပျော်ပါးကာ ဘဝကိုဖြတ်သန်းလေ့ရှိသည့် သခင်လေးများက သူတို့၏ အစောင့်များနှင့် အစေခံများကို ဦးဆောင်ကာ ကျယ်ပြောသည့်တောင်များတစ်လျှောက် အားတက်သရော ရှာဖွေနေကြသည်။

သူတို့၏ ပန်းတိုင်ကား စစ်မှန်သည့် စွမ်းအားကြီးသူ တစ်ယောက်ကို ရှာဖွေပြီး သိုင်းပညာအား သင်ကြားရန် ဖြစ်၏။

ရွှီယန်၏ ခွန်အားက သူတို့ကို မနာလိုမှုများ တဖွားဖွား ပေါ်လာစေ၏။ အရင်က သူတို့သည် ရွှီယန်ကို  နောက်ကွယ်တွင် မကြာခဏ လှောင်ပြောင်လေ့ရှိသည်။

ဦးနှောက်ဖွံ့ဖြိုးခြင်း မရှိဟု ရယ်မောကြ၏။

သို့ပေမယ့် အဆုံးသတ်တွင် စစ်မှန်သည့် အရူးမှာ သူတို့ကိုယ်တိုင် ဖြစ်လာခဲ့လေသည်။ ဤသည်က လက်ခံနိုင်စရာမရှိပေ။ သူတို့လည်းပဲ စွမ်းအားကြီးသည့် သိုင်းသမားများ ဖြစ်လာလိုကြ၏။

ဤနည်းအားဖြင့် ဆရာသခင်အား ရှာဖွေသည့် အရူးရောဂါက သုံဟယ်ကောင်တီ တစ်ခုလုံးကို ဖြတ်သန်းသွားသည်။

လူသူခေါင်းပါးသည့် တောင်များနှင့် တောရိုင်းများတွင်ပင်လျှင် ထိုဆရာရှာသူများ၏ မကြာခဏ လာရောက်လှည့်လည်မှုဖြင့် လူမပြတ် ဖြစ်လာခဲ့သ။

"သခင်လေးဝမ်.. တိုက်ဆိုင်လိုက်တာ။ မင်းဆရာတစ်ယောက်ကို ရှာတွေ့ပြီလား.."

"ပြီးတော့ မင်းရော သခင်လေးထန်း.."

"မတွေ့သေးဘူး။ ငါတောင်တွေအများကြီးကို လှည့်လည်ပြီးပြီ။ သားရဲရိုင်း တစ်ကောင်ကိုတောင်မှ တွေ့ခဲ့သေးတယ်။ ဒါပေမယ့် ဘာစွမ်းအားကြီး ဆရာသခင်ရဲ့ အရိပ်အယောင်ကိုမှ မတွေ့သေးဘူး.."

"ငါလည်းအတူတူပဲ.."

"ဟူးးး ဟိုကောင်ရွှီယန် သူ့ရဲ့ဆရာကို ဘယ်နေရာကနေ တွေ့ခဲ့လဲဆိုတာကို မင်းသိလား။ ဖြစ်နိုင်တာက တောင်တွေထဲမှာ မဟုတ်ဘဲနဲ့ မြို့ထဲမှာ များလား.."

"ဘယ်လိုလုပ်ပြီး မြို့ထဲမှာ ဖြစ်နိုင်မှာလဲ။ စွမ်းအားကြီးပုဂ္ဂိုလ်တွေက တောတောင်တွေထဲမှာ တံခါးပိတ်နေထိုင်ကြတာ ဖြစ်လိမ့်မယ်။ မြို့ထဲမှာဆိုရင် လူတိုင်းသိကုန်မှာပေါ့.."

"မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ ငါရှေ့က တောင်ကိုသွားပြီး စစ်ဆေးကြည့် ရဦးမယ်...နေပါဦး။ မင်းအဲ့ကိုသွားပြီးပြီလား.."

တောတောင်ထဲတွင် ရှာဖွေနေကြသည့် လူအုပ်စုက  တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြပြီး သူတို့၏ အတွေ့အကြုံများကို မျှဝေကြ၏။

တစ်ချိန်တည်းတွင် ရွှီယန်အပေါ် သူတို့၏ အားကျမှုနှင့် မနာလိုမှု တို့ကိုလည်း ဖော်ပြကြသည်။

သုံဟယ်ကောင်တီနှင့် ချီနိုင်ငံ၏ ရုံးတော်ရှိ အမတ်ကြီးများ၏ လောကအသိအမြင်များကို ပြိုလဲစေခဲ့သည့်  ရွှီယန်မှာတော့ လက်ရှိအချိန်၌ နန်းတော်၏ တော်ဝင်ရတနာတိုက် အတွင်းတွင် ရှိနေပါသည်။

"ဒီလောက် အံ့သြစရာကောင်းတဲ့ ပစ္စည်းတွေ... တော်ဝင်ရတနာတိုက် ပီသလှတယ်.."

ရွှီယန်က ရတနာတိုက် အတွင်းရှိ ပစ္စည်းများကို ကြည့်ကာ မနေနိုင်ဘဲ အသံပြု၏။

ရတနာတိုက် အတွင်းတွင် ရွှေနှင့်ငွေများမှာ အဓိကကျသည့် ပစ္စည်းများ မဟုတ်တော့ပါ။ ရှားပါးသည့် ကျောက်မျက်များ၊ ညပုလဲလုံးများ၊ အရွက်၉မျိုးဆေးပင်၊ နှစ်၁၀၀၀ဂျင်ဆင်းနှင့် အခြား တန်ဖိုးမြင့်မားသည့် ပစ္စည်းပေါင်းစုံတို့ ပြည့်နက် နေပါသည်။

၎င်းတို့၏ ပမာဏက အံ့သြစရာကောင်းလှ၏။

"သခင်လေးရွှီ... လိုချင်တဲ့ ရတနာကိုသာ ပြောလိုက်ပါ။ ဒီအစေခံအိုကြီးက သခင်လေးအတွက် ထုပ်ပိုးပေးပါမယ်.."

မိန်းမစိုးခေါင်းဆောင်က ဖားရားသည့် အပြုံးတစ်ခုကို ဆင်မြန်းရင်းက ပြော၏။

ရွှီယန်က ရတနာတိုက်ကို လှည့်လည်ရင်းနှင့် ရုတ်တရက် ထိုအထဲမှ ဓားနှင့်ဆေဘာ(ဓားမော့)တစ်ချောင်း တို့ကို တွေ့လိုက်ရသည်။

တော်ဝင်ရတနာတိုက် အတွင်းတွင် စုဆောင်းထားသည့် လက်နက်များမှာ သာမန်မဟုတ်တာ သေချာပါသည်။

သူ၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေ၏။

ရွှီယန်က လျှောက်သွားလိုက်ပြီးနောက် စင်ပေါ်ရှိ ဓားကိုကောက်ယူလိုက်သည်။ သူ့ကို ဖြစ်စဉ်တစ်ခုလုံးတွင် အဖော်ပြုပေးသည့်  မိန်းမစိုးခေါင်းဆောင်သည် အပြုံးတစ်ခုဖြင့် ရှိနေရာမှ သူ၏ မျက်လုံးများထဲ၌ ကြောင်တောင်မှုအချို့ ပေါ်လာခဲ့သည်။

မည်သည့်အချိန်တုန်းက ဒီဓားနှင့်ဆေဘာများကို စုဆောင်းထားခဲ့သနည်း.....

ရွှီယန်က ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီးနောက် ချက်ချင်းပင် ထက်မြမှုတစ်ခု ထွက်ပေါ်လာကြောင်းကို ခံစားလိုက်ရသည်။

ဓားအလင်းက အေးစက်ကာ သူ၏မျက်နှာကို ရောင်ပြန်ဟပ် နေချိန်တွင် အေးစက်မှုကို ခံစားလာရသ၏။

မိန်းမစိုးခေါင်းဆောင်က မနေနိုင်ဘဲ နောက်သို့ခြေနှစ်လှမ်းဆုတ်သွားမိ၏။ သူ၏မျက်နှာက အံ့သြမှုနှင့် သံသယ အကြည့်တို့ ပေါ်လာခဲ့သည်။

ရတနာတိုက်အတွင်းတွင် ဘယ်အချိန်တုန်းက ယခုကဲ့သို့ ဓားတစ်ချောင်း ပေါ်လာခဲ့သနည်းဟု  စဉ်းစားနေမိ၏။

သိသာစွာပင် တစ်ချက်ကြည့်သည်နှင့် ဒီဓားဟာ အဖိုးတန်မှာ ဖြစ်သည်။ ရွှီယန်က လက်ထဲရှိဓားကို ကြည့်ကာ ကျေနပ်စွာ အံ့သြသွား၏။

ဓားက ဆန်းကြယ်လှပါသည်။ သန့်စင်သည့် သံမဏိဓားတစ်ချောင်း ဖြစ်ဟန်မတူပါ။ သူ၏ လက်ဝါးထဲရှိ သွေးနှင့်ချီတို့ မြင့်တက်လာပြီး ဓားအတွင်းသို့ စီးဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ချက်ချင်းပင် ချီနှင့်သွေး၏ လှုံ့ဆော်မှုနှင့်အတူ  ဓား၏ အရောင်အဝါက ဓားညည်းသံ တစ်ခုနှင့် ပိုမို ထက်မြလာခဲ့သည်။

'ရတနာဓား တစ်ချောင်းပဲ..'

ရွှီယန်က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် စင်ပေါ်သို့ ပြန်တင်ခြင်း မရှိပါ။ အဲ့ဒီ့အစား သူ၏ခါးတွင် ချိတ်လိုက်၏။ ဒီဓားကို ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏အကြည့်က ဆေဘာအပေါ်သို့ ကျရောက်သွားပြန်၏။ ၎င်းကို ကောက်ယူလိုက်ပြီးနောက် ခဏတာ မှင်သက်သွားသည်။

'ဘယ်လောက် လေးလိုက်တဲ့ ဓားလဲ..'

ဒီလောကရှိ သာမန် ထိပ်တန်းသိုင်းသမား တစ်ယောက် ဆိုလျှင်တောင် ဒီဓားကို အသုံးပြုရာ၌ ထူးကဲသည့်ခွန်အားနှင့် မွေးဖွားလာခြင်း မရှိပါက ပြဿနာဖြစ်စွာ ခံစားရမှာပါ။

ဆေဘာကို ဓားအိမ်မှ ထုတ်လိုက်သည်။ ၎င်းသည်လည်း ဓားကဲ့သို့ပင် အလွန်ထူးကဲ၏။ ဓားကိုယ်ထည်က ထူထဲကာ လေးလံသည်။ အလယ်တွင် သွေးနီရောင် မျဉ်းကြောင်းတစ်ခု ရှိ၏။ ရေခဲကဲ့သို့ အေးစက်ပြီး တစ်ချက်ကြည့်သည်နှင့် ထက်မြသည့် ခံစားချက်တစ်ခုကို  ထုတ်လွှတ်နေကြောင်းအား ခံစားနိုင်ပါသည်။

'ဘယ်လောက်ကောင်းတဲ့ ဆေဘာလဲ..'

ရွှီယန်က နှလုံးသားထဲတွင် ချီးကျူးမိသည်။

သူသည် လေးလံသည့် ဆေဘာဓားမျိုးကို နှစ်သက်ခြင်းမရှိပေမယ့် ဤသည်မှာ အဖိုးတန် ဆေဘာတစ်ချောင်းဖြစ်ရာ ဘယ်လိုလုပ်ပြီး မယူဆောင်သွားဘဲ နေရမည်လဲ။

ထို့ကြောင့် ဆေဘာကို လက်ထဲတွင် ကိုင်လိုက်သည်။

"သခင်လေးရွှီ.. တကယ်လို့ လိုချင်တဲ့ဟာကို သတ်မှတ်ပြီးပြီဆိုရင် ဒီနိမ့်ကျတဲ့ အစေခံက ထုတ်ပိုးပြီးတော့ သခင်လေးရဲ့ အိမ်ကို ပို့ဆောင်ပေးပါမယ်.."

မိန်းမစိုးခေါင်းဆောင်က အမြန် ရှေ့သို့တက်ကာ ခယစွာပြုံးသည်။

"ငါတစ်ချက်လောက် ထပ်ကြည့်ဦးမယ်.."

ရွှီယန်က ရတနာတိုက် အတွင်းတွင် ဆက်လက်လှည့်လည်၏။ တော်ဝင် ရတနာတိုက် အတွင်းတွင်  အဖိုးတန် စုဆောင်းမှုမျိုးစုံ၊ ကျောက်စိမ်းများ၊ ရုပ်ထုများ၊ လက်ရေးပန်းချီများနှင့် အခြားပစ္စည်းများ  များစွာတို့ရှိပါသည်။

အားလုံးတို့မှာ နာမည်ကြီး လက်မှုပညာရှင်များက  ပြုလုပ်ထားခြင်း သို့မဟုတ် မျိုးဆက်များစွာတို့  လက်ဆင့်ကမ်းခဲ့သည့် ပစ္စည်းကောင်းများ ဖြစ်ကြပါသည်။

"ဒီလက်ရေးလှ ပန်းချီတွေနဲ့ ပန်းချီကားချပ်တွေက ငါ့အတွက် အသုံးမဝင်ဘူး။ ပြီးတော့ အဲ့ဒါတွေကို ငါ နှစ်လည်း မနှစ်သက်ဘူး။ ဒါ့ကြောင့် မယူတော့ဘူး.."

ရွှီယန်က လက်ရေးလှပန်းချီများ စုဆောင်းထားသည့် အပိုင်းကိုကြည့်ကာ ခေါင်းကိုရမ်းပြီး ထွက်ခွာရန်ပြင်ဆင်သည်။

'နေပါဦး... ငါက စိတ်မဝင်စားပေမယ့် ငါ့ဆရာက စိတ်ဝင်စားမှာလည်း ဖြစ်နိုင်တာပဲ...'

ရွှီယန်တစ်ယောက် သူ၏ ဆရာဖြစ်သူကို ရုတ်တရက် တွေးမိလိုက်သည်။ အသွင်အပြင်မှာ အထင်ကရ ပညာရှိ ပုဂ္ဂိုလ်တစ်ဦးနှင့် တူညီလှ၏။ ထိုကဲ့သို့သော လူမျိုးများသည် လက်ရေးလှပန်းချီများ၊ ပန်းချီကားချက်များအတွင်းရှိ သဘောတရားများကို ကြည့်ရှုခံစားတတ်သည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်၏။

ဖြစ်နိုင်တာက သူ၏ဆရာလည်း သဘောကျလောက်မှာပါ။

"... ဒီကျောက်စိမ်းရုပ်ထုတွေ၊ မြပုလဲတွေကိုလည်း ယူမယ်... ပြီးတော့ ဒီအဖိုးတန် ဆေးပင်တွေကိုရောပဲ.."

သူက ရတနာတိုက်အတွင်းတွင် နောက်ထပ်တစ်ပတ်လှည့်ကာ ကြည့်ရှုရင်းမှ အမှန်တကယ် အသုံးဝင်မှုမရှိသည့် ပစ္စည်းအချို့ကို ဖယ်ထုတ်လိုက်သည်။

အဆင်တန်ဆာ အတွက်သာ အသုံးပြုနိုင်ပြီး မည်သည့်တန်ဖိုးမှ မရှိသည့် အရာမျိုးဖြစ်၏။

"ငါရွေးချယ်လို့ပြီးပြီ.."

ရွှီယန်က မိန်းမစိုးခေါင်းဆောင်ကို ကြည့်သည်။

"သခင်လေးရွှီ ကျွန်တော့်ကိုပြောပါ။ ဒီနိမ့်ကျတဲ့အစေခံက ထုတ်ပိုးပြီးတော့ ချက်ချင်း ပို့ပေးပါမယ်.."

မိန်းမစိုးခေါင်းဆောင်က လေပူများကို မှုတ်ထုတ်ကာ သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် ပြောသည်။

"ဒီဟာ ဒီဟာ... ဒီကျောက်တုံးတွေက အသုံးမဝင်ဘူး။ အားလုံးက အလှဆင်မှု ရသတစ်ခုကိုပဲ ပေးတယ်။ ငါဒါတွေကို မလိုချင်ဘူး.."

ရွှီယန်က ဆွဲဆောင်မှုသာရှိကာ မည်သည့် လက်တွေ့ကျသည့် အသုံးဝင်မှုမှ မရှိသည့် ကျောက်တုံးများကို  ညွှန်ပြကာ ဖယ်ထုတ်လိုက်သည်။

"ပြီးရင် ကျန်တဲ့ဟာတွေအကုန်လုံးကို ထုပ်ပိုးပြီး ယူသွားလိုက်.."

"ဟုတ်ကဲ့ပါ...သခင်လေး... အာ.."

မိန်းမစိုးခေါင်းဆောင်၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။

အရာအားလုံးကို ထုပ်ပိုးကာ ယူဆောင်သွားမည်လား။ အနည်းငယ်မျှကိုသာ လာရောက်ရွေးချယ်ခြင်း မဟုတ်ပေဘူးလား။

ထိုကျောက်တုံးများမှာ ပြီးခဲ့တုန်းက ဧကရာဇ်ဟောင်း၏ အနှစ်သက်ဆုံး ပစ္စည်းများ ဖြစ်သောကြောင့် ရတနာတိုက်အတွင်းသို့ ထည့်ထားခြင်း ဖြစ်သည်။ ရတနာတိုက်တစ်ခုလုံးတွင် ၎င်းတို့သာလျှင် အဖိုးမတန်သည်ဟူ၍ ရှိ၏။

ယခုတော့ ထိုပစ္စည်းများမှလွဲ၍ ကျန်ရှိသည့်အရာအားလုံးတို့ကို ယူဆောင်သွားမည်လား။

မိန်းမစိုးခေါင်းဆောင်က အနည်းငယ် ကြောင်တောင်နေပြီး သတိထားကာ ပြောသည်။

"သခင်လေးရွှီ...ဒီရတနာတိုက်ထဲမှာ ပစ္စည်းတွေ အများကြီးရှိတယ်။ ဒါတွေအားလုံးက တော်ဝင်မိသားစုရဲ့ နှစ်ပေါင်းများစွာ စုဆောင်းမှုတွေပဲ။ အားလုံးကိုသာ ထုပ်ပိုးပြီး ယူသွားရင်..."

ရွှီယန်က မိန်းမစိုးခေါင်းဆောင်ကို ထူးဆန်းစွာကြည့်ပြီးပြောသည်။

"ဧကရာဇ်အိုကြီး ပြောတာ.. သဘောကျတဲ့ ဘယ်အရာကိုမဆို ယူနိုင်တယ်ဆို။ ငါအားလုံးကို သဘောကျတယ်။ ဘာ့ကြောင့် ယူမသွားရမှာလဲ.."

"မဟုတ်ပါဘူး...ဒါက..."

မိန်းမစိုးခေါင်းဆောင်မှာ  ချွေးစေးများဖြင့် ဖုံးလွှမ်းနေပါပြီ။ ဤသည်က မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ဧကရာဇ်က သဘောကျ နှစ်သက်တာ တွေ့ပါက  ယူဆောင်သွားဟုသာ ပြောခဲ့ခြင်းဖြစ်၏။ အရာအားလုံးတို့ကို ယူဆောင်သွား ရမည်ဟု ပြောထားခြင်း မဟုတ်ပေ။

ရွှီယန်က သူ၏ တုံ့ဆိုင်းနေသည့် အသွင်အပြင်ကို ကြည့်ကာ မျက်မှောင်ကြုံ့သွားပြီး ပြောသည်။

"ဘာလဲ.. ဧကရာဇ်အိုကြီးက ငါ့ကို နောက်နေတာလား... ဧကရာဇ်က ဘယ်တော့မှ ဟာသမလုပ်ဘူးလို့ ငါတို့တွေ သဘောတူထားကြတယ်။ လိုချင်တာကို ယူသွားတဲ့။ အခု ငါလိုချင်တာ ရှိတော့ ယူမသွားခိုင်းတော့ဘူးလား.."

"ငါရွှီယန်ကို မင်းတို့တွေ ဘာထင်နေကြလဲ.."

"ငါကတော့ ဧကရာဇ်အိုကြီးကို မဆိုးဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် သူက ငါရွှီယန်ရဲ့ ရှေ့မှာ သူ့ရဲ့စကားကို ပြန်ပြီးတော့ ရုတ်သိမ်းရဲတယ်ပေါ့.."

နောက်ဆုံးတွင် ရွှီယန်က ဒေါသထွက်သွားပြီး  ဧကရာဇ်ချီအပေါ်၌ သွားရောက် လက်စားချေမှု ပြုတော့မည့်ပုံပါ။

မိန်းမစိုးခေါင်းဆောင်က သေးထွက်ကျလုမတတ် အလွန်ထိတ်လန့်သွား၏။ သူက အမြန်ပြောသည်။

"သခင်လေးရွှီ.. သခင်လေးရွှီ... သခင်လေး နားလည်မှုလွဲနေတာပါ... ကျွန်တော်ဆိုလိုတာက ဒီနေရာက ပစ္စည်းတွေက အရမ်းများလွန်းလို့ ထုပ်ပိုးဖို့ အချိန်အများကြီး ကြာဦးမယ်လို့ပါ။ အဲ့ဒါက သခင်လေးရွှီရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးသလိုဖြစ်မှာ..."

သူက အလျှင်အမြန် စကားပြောင်းလိုက်သည်။ တစ်ဖက်လူသာ ဧကရာဇ်ချီကို သွားရှာပြီး ရိုက်နှက်ပါက သူ၏ အသက်ကို ဆုံးရှုံးရနိုင်ပါသည်။ ထို့အပြင် ဆိုးဆိုးရွားရွား သေဆုံးရမှာ ဖြစ်၏။

'ဒါက ရတနာလေးတွေပဲ ရှိတာ... အရှင်မင်းကြီး ဒီအကြောင်းကို သိရင်လည်း ခွင့်ပြုလောက်မှာပါ..'

"ကောင်းပြီလေ။ အဲ့ဒါဆိုလည်း လူခေါ်ပြီးတော့ ထုပ်ပိုးခိုင်းလိုက်။ ငါအချိန်ခဏတော့ စောင့်နိုင်ပါသေးတယ်.."

ရွှီယန်၏ပုံစံက သက်တောင့်သက်သာ ပြန်ဖြစ်သွား၏။

"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ ကျွန်တော် လူခေါ်ပြီးတော့ ချက်ချင်းပဲ ထုပ်ပိုးလိုက်ပါမယ်.."

မိန်းမစိုးခေါင်းဆောင်က သူ၏ လူများကို အမိန့်ပေးကာ ရတနာတိုက်အတွင်းရှိ ပစ္စည်းအားလုံးတို့ကို  ထုတ်ပိုးသည်။

တစ်ချိန်တည်းတွင် လူတစ်ယောက်ကို စေလွှတ်ကာ ဧကရာဇ်ချီဆီသို့ သတင်းသွားပို့ ခိုင်းလိုက်သည်။

God Genzo:

All Chapters