ရွှီယန် ပြန်ရောက်လာခြင်း
Vol. 5 Ch. 65
ရွှီယန်သည် ပြန်လာခဲ့၏။ သူ၏ နောက်ကျောတွင်လည်း ကြီးမားသည့် အထုပ်ကြီးတစ်ခု ပါလာခဲ့သည်။
"ဆရာ.. ကျွန်တော် ပြန်လာပြီ.."
သူက အထုပ်ကိုချကာ လေးလေးစားစားဖြင့် နှုတ်ဆက်၏။
"ကောင်းတယ်။ ကောင်းတယ်... ပြန်လာတာ ကောင်းတယ်.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"လာခဲ့.. ဒါကမင်းရဲ့ ဂျူနီယာညီလေး မုန့်ချုံ.. ဒါက မင်းရဲ့ စီနီယာအစ်ကို ရွှီယန်.."
လီရွှမ်က မုန့်ချုံကို ခေါ်၏။
"မုန့်ချုံ.. စီနီယာအစ်ကိုကို နှုတ်ဆက်လိုက်ပါဦး.."
မုန့်ချုံက လေးစားစွာဖြင့် နှုတ်ဆက်သည်။
"ဂျူနီယာညီလေး.. မင်းကအရမ်းကြီး ယဉ်ကျေးလွန်းနေပါပြီ.."
အပြန်အလှန် နှုတ်ဆက်ပြီးနောက် ရွှီယန်က ဆရာဖြစ်သူ၏ တပည့်သစ်တစ်ယောက် လက်ခံခဲ့မှုအပေါ် အနည်းငယ် အံ့သြသွားသည်။
"ဂျူနီယာညီလေး... ဒါကမင်းအတွက် အစ်ကို့ရဲ့လက်ဆောင်.."
ယခုအချိန်၌ သူ့ဆီ၌ ဂျူနီယာတစ်ယောက် ရှိလာပြီဖြစ်ရာ အကိုကြီးအနေနှင့် အသိအမှတ်ပြုမှုအချို့ ပြသရန် လိုအပ်ပါသည်။ ရွှီယန်က အထုပ်အတွင်းသို့ လက်နှိုက်ကာ ကြီးမားသည့် ဆေဘာတစ်ချောင်းကို ထုတ်ပေး၏။
"ဒါက... ကျေးဇူးတင်ပါတယ်။ စီနီယာအကို.."
မုန့်ချုံက ဂတုံးပြောင်ကိုကုပ်ကာ ကျေးဇူးတင်စွာဖြင့် ဆေဘာကို လက်ခံ၏။ ၎င်းကို ကိုင်လိုက်သည့် အချိန်၌ အလွန်လေးလံကြောင်းကို တွေ့လိုက်ရသည်။
သူက ဓားအိမ်အတွင်းမှ အနည်းငယ် ထုတ်ကြည့်၏။ ပြီးနောက် ချက်ချင်းပင် အလွန်ဝမ်းမြောက်သွားသည်။ ဒီဆေဘာက ပုံမှန်မဟုတ်သည့် ပုံပါ။
လီရွှမ်၏ ပုံစံကလည်း အနည်းငယ် ပြောင်းလဲသွား၏။ ဒီဆေဘာကို ကြည့်ရတာ သာမန် သံမဏိဓားတစ်ချောင်း မဟုတ်သည့်ပုံပါ။
"တပည့်... ဒီဆေဘာကို မင်းဘယ်ကနေ ရခဲ့တာလဲ.."
"ဆရာ.. ကျွန်တော် အဲ့ဒါကို တော်ဝင် ရတနာတိုက်ထဲက ရှာတွေ့ခဲ့တာပါ။ ဒီပစ္စည်းတွေ အားလုံးကလည်း တော်ဝင်ရတနာတိုက်ထဲက ယူလာတာတွေပါပဲ.."
ရွှီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြုံးပြီးနောက် အထုပ်ကို ဖွင့်လိုက်သည်။ အတွင်းထဲတွင် ဆေးပင်များ၊ လက်ရေးလှ ပန်းချီများနှင့် ပန်းချီကားချပ်များ၊ အဖိုးတန် ကျောက်မျက်များနှင့် ရှားပါးရတနာ မျိုးစုံတို့ကို တွေ့ရသည်။
"ဆရာ.. ဒါတွေက ကျွန်တော် ဆရာ့အတွက် ယူလာတဲ့ လက်ဆောင်တွေပါ.."
"သိတတ်တယ်.."
လီရွှမ်က တပည့်ဖြစ်သူ၏ အလွန်သိတတ်ပုံကို တွေ့ရပြီးနောက် ကျေနပ်စွာ ခံစားလိုက်ရသည်။
သို့ရာတွင် ဒီပစ္စည်းများကို သူ့အနေနှင့် အထူးတန်ဖိုးထားခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သိုင်းပညာ ဆရာသခင်တစ်ယောက်အနေနှင့် သူ၏ စိတ်အခြေအနေနှင့် ရှု့ထောင့်တို့သည် ယခုအချိန်၌ ခြားနားနေပါပြီ။
မုန့်ချုံက အားကျစွာဖြင့် ကြည့်သည်။ ကိုယ့်ကိုယ်ကို စဉ်းစား၏။
"စီနီယာအကိုက နန်းတော်ကနေ ဆရာ့အတွက် လက်ဆောင်တွေ အများကြီး ယူလာခဲ့တယ်.."
"ဒါပေမယ့် ငါကတော့ ဆရာ့အတွက် ဘာလက်ဆောင်တစ်ခုမှတောင် မပေးရသေးဘဲ သူ့တပည့် ဖြစ်လာခဲ့တယ်.."
"ငါ့သာ သိုင်းပညာမှာ အောင်မြင်မှုရရင် ဝူနိုင်ငံကို ခရီးတစ်ထောက်ပြန်ပြီး ဧကရာဇ်ဝူဆီကနေ ရွှေတစ်မီလီယံကို ယူရမယ်။ ပြီးရင် သူ့ရဲ့ ရတနာတိုက်ထဲမှာ ဘာအဖိုးတန်ပစ္စည်းတွေ ရှိမလဲလို့ စစ်ဆေးကြည့်ရမယ်.."
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရွှီယန်၏ ခရီးစဥ်အကြောင်းအား ပြန်လည်ပြောကြားမှုကို နားထောင်၏။
ရွှီယန်က အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ကျစွာ ရှင်းပြသည်။
"ဧကရာဇ်ချီကို ဒီလိုမျိုး လူကောင်းတစ်ယောက် ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး.."
နောက်ဆုံးတွင် သူက ပြုံး၏။
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဧကရာဇ်ချီမှာ အမှန်တကယ်ကို ပြတ်သားသည့် လူတစ်ယောက်ဖြစ်၏။
ကောရုန်ရှန်ကို ဂုဏ်သတင်းနှင့် ချည်နှောင်ကာ ရာထူးစည်းစိမ်တို့ကို ထောက်ငှပြီး လုံးဝမသက်သာသည့် အခြေအနေမဟုတ်ပါက ပုန်ကန်မှု မရှိစေရန် သေချာအောင် ပြုလုပ်ခဲ့သည်။
"ငါတပည့်... မင်းမှတ်ထားရမှာက အခုအချိန်မှာ မင်းက တော်ဝင်မြို့တော်နဲ့ ချီနိုင်ငံ တစ်ခုလုံးထက် သာလွန်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ အဲ့ဒါကြောင့်မို့လို့ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ စိတ်ကျဉ်းကြပ်နေစရာ မလိုဘူး..."
"ဟုတ်ကဲ့ပါ ဆရာ.."
ရွှီယန်က ခေါင်းငြိမ့်သည်။ ထို့နောက် ကောင်းကင်မိခင်ဂိုဏ်းအကြောင်းကို စတင်ပြောကြား၏။
"အဲ့ဒီ့ ခုံရော့ကျစ်က ကျွန်တော့်ကို ကောင်းကင်မဟာသူတော်စင်ဆိုတဲ့ ဘွဲ့အမည်ကို ပေးချင်နေတာ။ ကောင်းကင်မိခင် ဂိုဏ်းထဲကို ဝင်စေချင် နေတာ။ သူက တကယ့်ကို ဉာဏ်များတယ်.."
လီရွှမ်က မှင်သက်သွား၏။ ကောင်းကင်မဟာသူတော်စင်လား။ တိုက်ဆိုင်သည်ပင်။ ထိုညက ဖျင်ကြမ်းဝတ်စုံဝတ် အဘိုးအိုနှင့် ကောင်တီအုပ်ချုပ်သူလို့လည်း သူ့ကို ကောင်းကင် မဟာသူတော်စင်ဟူသည့် အမည်နာမအား ပေးလိုခဲ့၏။
ပြီးနောက် သုံဟယ်စီရင်စုတွင်လည်း ခုံရော့ကျစ်က ရွှီယန်ကို ကောင်းကင် မဟာသူတော်စင် ဖြစ်စေလို၏။
ကြည့်ရတာ ကောင်းကင်မိခင်ဂိုဏ်းမှ လူများသည် အမြဲတမ်း ကောင်းကင် မဟာသူတော်စင် ဖြစ်နိုင်မည့် သင့်တော်သည့် လူကို ရှာနေသည့်ပုံပါ။
"အဲ့လိုလား... တိုက်ဆိုင်လိုက်တာ.."
ရွှီယန်၏ ပြန်လာမှုနှင့်အတူ တပည့်နှစ်ယောက်တို့ ရှိနေရာ လီရွှမ်တစ်ယောက် သူ၏အာရုံကို သိုင်းပညာ၏ မဟာအစီအစဉ်အပေါ်သို့သာ ပြန်လည်စူးစိုက် နိုင်သွား၏။
အထူးသဖြင့် မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား မည်ကဲ့သို့ ဆက်လက်ကျင့်ကြံရန် ဖြစ်သည်။
"ဆရာ.. ဂျူနီယာညီလေးကျင့်တဲ့ သိုင်းပညာက ကျွန်တော်နဲ့ နည်းနည်း ကွာခြားနေသလိုပဲ.."
မုန့်ချုံသည် ကျင့်ကြံမှုတွင် အလွန်ဝီရိယရှိသည်။ သူ၏ နေ့တစ်ဝက်လောက်ကို ကျင့်ကြံခြင်းတွင် အသုံးပြု၏။
ရွှီယန်က ခဏတာ ကြည့်ရှုပြီးနောက် ကြောင်တောင်စွာမေးသည်။
"မုန့်ချုံရဲ့ ပါရမီက သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားအပေါ်မှာ ရှိနေတယ်.."
"အဲ့ဒါကြောင့် ငါသူ့ကို လက်ဆင့်ကမ်းပေးတာက သိုင်းပညာရဲ့ အကိုင်းအခွဲတစ်ခု ဖြစ်တဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုပဲ။ အဲ့ဒါက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ရာမှာ အဓိကထားတယ်..."
လီရွှမ်က မုန့်ချုံကို ခေါ်လိုက်သည်။ ဒီအချိန်က သူ၏တပည့် ဖြစ်သူကို သိုင်းပညာ၏ စနစ်များအကြောင်းအား ရှင်းပြရန် အချိန်ဖြစ်၏။
အနာဂတ်တွင် တပည့်အသစ်များ ရရှိပါက သိုင်းပညာအကိုင်းအခက် အသစ်များကို ဖွင့်လှစ်ရန် အတွက် ဖြစ်နိုင်ခြေ ရှိပါသည်။
"ရွှီယန်.. မင်းက မူရင်း သိုင်းပညာလမ်းစဉ်ကို ကျင့်ကြံတာပဲ။ မင်းရဲ့အရိုးတွေက အပြစ်အနာအဆာ ကင်းမဲ့ပြီး သန့်စင်တဲ့ အခြေအနေကို အောင်အောင်မြင်မြင် ရောက်ရှိခဲ့ပြီးပြီ။ ဒါ့ကြောင့် ငါမင်းကို အထူး ရှင်းပြနေစရာ မလိုဘဲ နားလည်နေလောက်မှာ.."
လီရွှမ်သည် လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တို့ဖြင့် ဝန်းရံနေပြီး သူ၏ စိတ်အစဉ်က ကြည်လင်နေပါသည်။ ဒီအချိန်၌ ပိုမိုကာပင် အနှိုင်းမဲ့လာခဲ့သည့်ပုံ ရှိ၏။
ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ယောက်လုံး အံ့သြသွားကြသည်။
သူတို့၏ ဆရာဖြစ်သူသည် အမှန်တကယ်ကို လျှို့ဝှက်နက်နဲလှ၏။
"မုန့်ချုံက ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာကို ကျင့်ကြံတယ်.."
"အဲဒါက ခန္ဓာကိုယ်သန့်စင်မှု အပေါ်မှာ အထူးပြုပြီး သူကိုယ်တိုင်က သန်မာတဲ့ခွန်အားကို ရောင်ပြန်ဟပ်နေတယ်။ ဒါပေမယ့် အဲ့ဒါက အကြမ်းထည် အားသက်သက် မဟုတ်ဘူး.."
"ရွှေခေါင်းလောင်း အကာအကွယ်က ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာမှာ အခြေခံတစ်ခုပဲ။ ချီနဲ့သွေးက ရွှေခေါင်းလောင်းတစ်ခုလို မာကြောပြီး ခန္ဓာကိုယ်အတွင်းမှာ ဖွဲ့စည်းလာခဲ့တယ်။ ခံနိုင်ရည်က အနှိုင်းမဲ့တယ်..."
လီရွှမ်က ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာ၏ အကြမ်းဖျင်း အချက်အလက်များကို ရှင်းပြသည်။
"ပင်ရင်း သိုင်းပညာရဲ့ အဓိကကျတဲ့ အခြေခံက ကျောက်စိမ်းအရိုးကို သန့်စင်ခြင်းပဲ။ အရိုးတွေကအပြစ်အနာအဆာ ကင်းမဲ့ပြီး သိုင်းပညာက သန့်စင်တယ်။ ဒါက သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်အခြေခံပဲ..."
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာရဲ့ အဓိကအခြေခံကတော့ ဗာဂျရာစိန်အရိုးပဲ။ ဗာဂျရာစိန်အရိုးကို သန့်စင်ပြီးတဲ့အခါမှပဲ ခန္ဓာကိုယ်ကျင့်ကြံမှုရဲ့ အထွတ်အထိပ်အခြေခံကို ရရှိနိုင်မယ်.."
"မုန့်ချုံ.. မင်းနားလည်လား.."
လီရွှမ်က စကားဆုံးပြီးနောက် မုန့်ချုံကိုကြည့်ကာ လေးနက်စွာမေးသည်။
မုန့်ချုံ၏နှလုံးသားက တုန်ခါသွား၏။ သူက လေးစားစွာ ပြောသည်။
"တပည့် နားလည်ပါတယ်ဆရာ.. ကျွန်တော်ဆရာ့ကို သေချာပေါက် စိတ်မပျက် စေရပါဘူး။ ဗာဂျရာ စိန်အရိုးကို သေချာပေါက်ရအောင် သန့်စင်မှာပါ.."
"မင်းမှာ ဒီလိုမျိုး ခိုင်မာတဲ့ ယုံကြည်ချက်ရှိတာ ငါကျေနပ်တယ်.."
လီရွှမ်က ခေါင်းငြိမ့်သည်။
"ဆရာ.. ဘယ်ဟာက ပိုပြီးသန်မာလဲ မသိဘူး။ မူရင်းသိုင်းပညာလမ်းစဉ်လား ဒါမှမဟုတ် ခန္ဓာကိုယ်ကျင့်ကြံမှု လမ်းစဉ်လား.."
ရွှီယန်က မနေနိုင်ဘဲ မေး၏။
ခန္ဓာကိုယ်ကျင့်ကြံမှု လမ်းစဉ်သည် နားထောင်ရတာ လွယ်ကူခြင်း မရှိပေ။ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကို အောင်မြင်စွာ ကျင့်ကြံပြီးပါက ခန္ဓာကိုယ်က ရွှေခေါင်းလောင်း တစ်ခုကဲ့သို့ ဖြစ်လာမှာ ဖြစ်၏။ အနှိုင်းမဲ့သည့် ခံနိုင်ရည်နှင့် ချိုးဖြတ်ရန် အလွန်ခက်ခဲလှမှာပါ။ ထို့အပြင် ခန္ဓာကိုယ်ခွန်အားမှာလည်း အလွန် စွမ်းအားကြီးလှ၏။
လီရွှမ်က တည်ငြိမ်စွာ ပြုံးကာပြောသည်။
"ပင်ရင်း သိုင်းပညာလမ်းစဉ်ပဲဖြစ်ဖြစ်.. ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာလမ်းစဉ်ပဲဖြစ်ဖြစ် လမ်းစဉ်တွေအကြားမှာ သန်မာတယ် အားနည်းတယ် ဆိုပြီးတော့ ခွဲခြားချက်မရှိဘူး။ လူတွေအကြားမှာပဲ ခွဲခြားချက် ရှိတယ်.."
"ပင်ယင်း သိုင်းပညာရှင်က ရွှေအရိုးနဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီး ခန္ဓာကိုယ်ကျင့်ကြံမှု လမ်းစဉ်နဲ့ သိုင်းသမားက ကြေးအရိုးနဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်မယ်ဆိုရင် ဘယ်သူက သန်မာမလဲ.."
"နှစ်ယောက်စလုံးက ရွှေအရိုးနဲ့ စတင်ခြင်းအဆင့်ကို ရောက်ခဲ့ရင်တောင် ဘယ်သူက ပိုသန်မာပြီး ဘယ်သူက ပိုအားနည်းမလဲ.."
"အဲ့ဒါက ဘယ်သူက ပိုပြီးတော့ နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုရှိပြီး ရန်သူကို ရင်ဆိုင်ရာမှာ အတွေ့အကြုံ ပိုကြွယ်ဝလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်.."
ရွှီယန်က တိတ်ဆိတ်စွာ ခေါင်းငြိမ့်သည်။ သူ၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုတို့ ပေါ်လာပြီး မုန့်ချုံကို ကြည့်ကာ ပြော၏။
"ဂျူနီယာညီလေး.. မင်းစတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် ငါတို့တွေ ယှဉ်ပြိုင်ကြည့်ရအောင်။ အပြင်ဘက်လောကက သိုင်းသမားတွေက အရမ်းကို အားနည်းလွန်းတယ်။ စိတ်ဝင်စားစရာ လုံးဝမကောင်းဘူး.."
"ကောင်းပါပြီ အစ်ကို.. ကျွန်တော့ကို စောင့်သာနေလိုက်.."
မုန့်ချုံလည်း စိတ်လှုပ်ရှားနေသည့် ပုံပါ။
"ဆရာ.. သာမန်လူတွေရော သိုင်းပညာကို ကျင့်ကြံလို့ရလား။ ကျွန်တော် အိမ်ကလူတွေကို သိုင်းပညာသင်ကြားပေးပြီး စမ်းကြည့်ခိုင်းချင်လို့.."
ရွှီယန်က ပြောရင်းနဲ့ ခေါင်းကိုငုံ့ထားပြီး လီရွှမ်ကို တိုးလျှိုးစွာ ကြည့်သည်။
ကျင့်စဉ်အား အခြားလူများဆီသို့ လက်ဆင့်ကမ်းပေးနိုင် မပေးနိုင်မှာ ဆရာ၏ ခွင့်ပြုချက် အပေါ်တွင် မူတည်နေပါသည်။
"မင်းသင်ပေးချင်ရင် သင်ပေးလို့ရတယ်။ ဒါပေမယ့် ကျင့်ကြံနိုင်မလား ဆိုတာနဲ့ အချိန်ဘယ်လောက် ကြာမယ် ဆိုတာကတော့ မသိနိုင်ဘူး.."
"လူတိုင်းရဲ့ သိုင်းပညာပါရမီက ခြားနားတယ်။ ပါရမီ မပါတဲ့ လူတွေဆိုရင် တစ်ဘဝလုံးတောင်မှ သင်ယူနိုင်မှာမဟုတ်ဘူး.."
လီရွှမ်က ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်ကာ ရွှီယန်ကို သူ၏ ကျင့်စဉ်အား အခြားသူများအား လက်ဆင့်ကမ်း ပေးနိုင်ကြောင်း ခွင့်ပြုလိုက်သည်။
ပြီးပြည့်စုံသည့် ကျင့်စဉ်တစ်ခုအား အခြားလူများအား လက်ဆင့်ကမ်းပေးခြင်းမှာ တန်ပြန်အကျိုးပြုမှု ရရှိခြင်းတို့ အလွန်နည်းပါးမှာပါ။ သို့ပေမယ့် လူပေါင်းများစွာတို့ ကျင့်ကြံလျှင်ရော မည်ကဲ့သို့ ဖြစ်မည်နည်း။ နည်းနည်းချင်းနှင့် စုသွားပါက တဖြည်းဖြည်း ခြားနားလာမှာပါ။
မထင်မှတ်ထားသည့် အကျိုးအမြတ်များ ရလာနိုင်၏။
ရွှီယန်က လက်ဆင့်ကမ်းပေးချင် ကတည်းက မည်သည်တို့ ဖြစ်မည်နည်းဟု စောင့်ကြည့်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။
ရွှေလက်ချောင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ သံသယဝင်စရာ မကောင်းလောက်အောင် သူ၏တိုက်ရိုက်ရေးတပည့်များ သူတီထွင်ထားသည့် ကျင့်စဉ်များကို အောင်မြင်စွာ ကျင့်ကြံနိုင်မှုအပေါ်တွင် မူတည်ပါသည်။
ကျင့်စဉ်က ပြီးပြည့်စုံသွားပြီးဖြစ်ကာ အခြားတပည့်များကို လက်ဆင့်ကမ်းပေးပါက တန်ပြန်အကျိုးပြုမှုမှာ မြင့်မားနေမည် မဟုတ်ပါ။
သို့ပေမယ့် ဤသည်က မည်သည့် အကျိုးကျေးဇူးမှ မရဟု ဆိုလိုခြင်း မဟုတ်ပါ။ အလွန်နည်းပါးခြင်းသာ ဖြစ်၏။
ထိုကျင့်စဉ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလျှင်ရော ပိုမိုများပြားသည် လူများ ကျင့်ကြံလာသည့်အခါ အချိန်ကြာလာသည်နှင့်အမျှ ထင်မှတ်မထားသည့် အကျိုးကျေးဇူးများ ပေါ်လာမှာပါ။
လီရွှမ်က ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်အား ကျင့်စဉ်ကို လက်ဆင့်ကမ်းခိုင်းခြင်းဖြင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျင့်ကြံမှုတွင် လူမည်မျှတို့ အောင်မြင်မှုရရန်မှာ မသိနိုင်သေးပေ။ သိုင်းပညာ ကျင့်ကြံရန်မှာ ပါရမီအား လိုအပ်၏။
"ကျေးဇူးတင်ပါတယ် ဆရာ.."
ရွှီယန်က အလွန် စိတ်လှုပ်ရှားသွားသည်။
"မင်းရဲ့ကျင့်ကြံမှုကိုလည်း အာရုံစိုက်.. ကိုယ့်ကိုယ်ကို ခွန်အားမြှင့်တင်တာက အရေးအကြီးဆုံးပဲ။ သိုင်းပညာလမ်းစဉ်က အဆုံးမရှိဘူး.."
လီရွှမ်က အားပေး၏။
God Genzo: