မူလအဆင့်သို့ ချိုးဖျက်ခြင်း
Vol. 5 Ch. 67
ယွင်ရှန်းမြို့ငယ်တွင် လီရွှမ်က ကြိုးကြိုးစားစား ကျင့်ကြံနေသည့် မုန့်ချုံကို ကြည့်သည်။ နေ့စဉ်နေ့တိုင်း သူသည် မုန့်ချုံ၏ ခန္ဓာကိုယ်ရှိ ပိုမိုသန်မာလာနေမှုကို ခံစားနိုင်၏။
ဤသည်က သူ့ကို အလွန်ကျေနပ်မှု ရစေသည်။
'မုန့်ချုံရဲ့ ခန္ဓာကိုယ်က ပိုပိုပြီးတော့ တောင့်တင်းလာတယ်။ သူ့အတွက် ကြေးအရိုးကို သန့်စင်ဖို့ အချိန်မကြာတော့လောက်ဘူး။ ရွှေအရိုးကို အောင်မြင်ဖို့ ဆိုတာလည်း ပြဿနာရှိမှာ မဟုတ်ဘူး..'
'ဒါပေမယ့် ဗာဂျရာစိန်အရိုးက စိန်ခေါ်မှု နည်းနည်းမြင့်မားတယ်..'
ရွှီယန် ကျင့်ကြံခဲ့စဉ်တုန်းက သူသင်ကြားပေးခဲ့သည့် ကျင့်စဉ်မှာ နေရာတွင်ပင် ကျပန်းပြုလုပ်ခဲ့သည်များ ဖြစ်ကြသည်။ ကိုးကားရန်အတွက် မည်သည့် ကျင့်စဉ်မှမရှိပါ။ အရာအားလုံးတို့မှာ ရွှီယန်၏ စိတ်ကူးစိတ်သန်းဖြင့် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်၏။ ကျင့်ကြံခြင်း၏ ခက်ခဲမှုက မုန့်ချုံထက် ပိုမိုမြင့်မားပါသည်။
ရွှီယန်သည် တိုက်ခိုက်မှုမှ တစ်ဆင့် ကျောက်စိမ်းအရိုးကို သန့်စင်နိုင်ခဲ့ပြီး မီးလည်ဆံမွှေးဝံပုလွေကို သတ်ဖြတ်ခဲ့သည်။ အတားအဆီးများကို ချိုးဖျက်နိုင်ခဲ့၏။
မုန့်ချုံသာ ဗာဂျရာစိန်အရိုးကို သန့်စင်လိုပါက သူ့ကိုယ်သူ အကန့်အသတ်အထိ တွန်းပို့ကာ အတားအဆီးများကို ချိုးဖြတ်ပြီးမှ ရပေလိမ့်မည်။
'မီးလည်ဆံမွှေးဝံပုလွေကို ဘယ်ကနေ ထပ်ပြီးတော့ သွားရှာလို့ရနိုင်လဲ... အဆုံးမဲ့တောင်တွေမှာ များလား.."
လီရွှမ်က အတွေးနက်သွားသည်။
'ငါတို့တွေ မီးလည်ဆံမွှေးဝံပုလွေကို မဖြစ်မနေ မလိုအပ်တာလဲ ဖြစ်နိုင်တယ်။ အဆင့်ချိုးဖျက်ဖို့ လိုအပ်နေတာက အတားအဆီးတွေကို ချိုးဖျက်နိုင်တဲ့ အခွင့်အလမ်းပဲ...'
သူက နည်းလမ်းတစ်ခုကို စဉ်းစားသည်။ ဖြစ်နိုင်သည်မှာ ဤသည်ကား မုန့်ချုံကို အတားအဆီးများအား ချိုးဖျက်နိုင်ရန် ကူညီပေးပြီး ဗာဂျရာစိန်အရိုးကို သန့်စင်ပေးနိုင်လောက်၏။
'မုန့်ချုံ.. သူ့ရဲ့ရွှေအရိုးကို တစ်လအတွင်းမှာ သန့်စင်နိုင်လောက်မှာထင်တယ်။ သူလည်း အများကြီးတော့ ကြာမှာမဟုတ်ပါဘူး..'
လီရွှမ်က မုန့်ချုံ၏ကျင့်ကြံမှု အမြန်နှုန်းကို ခန့်မှန်းသည်။
'မုန့်ချုံသာ သိုင်းပညာလမ်းစဉ်မှာ စတင်ခြင်း အဆင့်ကို ဝင်ရောက်နိုင်ရင် ငါလည်း ဗာဂျရာစိန်အရိုးကို ရနိုင်ပြီ။ ကျောက်စိမ်းအရိုးနဲ့ စိန်အရိုး ပေါင်းစပ်တဲ့အခါကျရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ..'
ရွှေလက်ချောင်းမှ တန်ပြန်ရရှိလာမည့် ဆုကြေးများကို တွေးမိပြီးနောက် လီရွှမ်တစ်ယောက် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်လာခဲ့၏။
ရှီအာလည်း သူ၏ အားလပ်ချိန်များတွင် ကြိုးကြိုးစားစား ကျင့်ကြံပါသည်။ သူသည် ချီနှင့်သွေးကို စတင်အာရုံခံနိုင်လာခဲ့ပြီး ဖြစ်၏။ အရေပြားကို သန့်စင်ရန်အတွက် ပြင်ဆင်နေပါပြီ။
'ငါထင်ထားတဲ့ အတိုင်းပဲ.. သိုင်းပညာကို ကျင့်ကြံဖို့အတွက်က မွေးရာပါ ပါရမီကို လိုအပ်တယ်။ ရှီအာရဲ့ပါရမီက မုန့်ချုံနဲ့ ရွှီယန်ထက် အများကြီး ပိုပြီး နိမ့်ကျတယ်..'
လီရွှမ်က ရှီအာ၏ ကျင့်ကြံမှု အမြန်နှုန်းကို စူးစမ်းကာ မနေနိုင်ဘဲ သက်ပြင်းချသည်။ သိုင်းပညာကို ကျယ်ကျယ်ပြန့်ပြန့် လက်ဆင့်ကမ်းလိုက်လျှင်တောင် အောင်မြင်စွာ ကျင့်ကြံနိုင်မည့် သူမှာ အများကြီး မရှိလောက်ပါ။
သို့ရာတွင် ပိုမိုများပြားသည့် လူများ ကျင့်ကြံပြီးနောက် အတိုင်းအတာက ကျယ်ပြန့်လာပြီး အောင်မြင်စွာ ကျင့်ကြံနိုင်မည့် လူများလည်း အရမ်းကြီး နည်းပါးနေမှာမဟုတ်ပါ။
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ "သင်၏တပည့် ရွှီယန်သည် ချီနှင့်သွေးအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိသည်။ သင်၏ချီနှင့်သွေးက ၂ဆဖြစ်သွားခဲ့သည်.."
"ဘုန်း.."
သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးတို့ မြင့်တက်လာပြီး ချက်ချင်းပင် ၂ဆဖြစ်သွားသည်။ လီရွှမ်က ဝမ်းသာသွားသယ၏။
ရွှီယန်၏ ချီနှင့်သွေးအဆင့်က အကြီးစား ကျွမ်းကျင်မှုသို့ ရောက်ရှိနေပြီးဖြစ်ကာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် ဝေးကွာခြင်း မရှိတော့ပေ။ ထိုသို့ဆိုပါက နောက်ထပ်ခြေလှမ်းမှာ မူလအဆင့်သို့ ချိုးဖျက်ရန်ဖြစ်၏။
သူသည် သိုင်းပညာ၏ ဒုတိယအဆင့် ဖြစ်သည့် မူလအဆင့်အတွက် ကျင့်စဉ်ကို ဖန်တီးခဲ့ပြီး ဖြစ်သည်။
ဤသည်မှာ သေမျိုးလောက၏ အတိုင်းအတာမှ စစ်မှန်စွာ ချိုးဖြတ်သွားသည့် ပထမဆုံးအဆင့်လည်း ဖြစ်၏။
ချီနှင့်သွေးကို ထိန်းချုပ်ကာ ကောင်းကင်တွင် ပျံသန်းနိုင်ပြီး မိုင်ရာချီကို ချက်ချင်း ခရီးသွားနိုင်ပါသည်။ ဤသည်မှာ စစ်မှန်သည့် သိုင်းပညာရှင် တစ်ယောက်၏ ထည်ဝါလှသည့် အသွင်အပြင် ဖြစ်၏။
ချီနှင့်သွေးအဆင့်တွင်လည်း လေထဲသို့ မြင့်တက်နိုင်ပေမယ့် ဤသည်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ခြင်းနှင့် တူညီခြင်းမရှိပေ။ ထိုနှစ်ခုက ခြားနားသည့် အရာများ ဖြစ်ကြ၏။
'တပည့်အသစ်ကို လက်ခံပြီး ကတည်းက ရွှေလက်ချောင်းရဲ့ တန်ပြန် အကျိုးပြုမှုတွေ ပေးတဲ့အခါ တပည့်ရဲ့နာမည်ကို ထည့်သုံးလာခဲ့တယ်..'
လီရွှမ်က ရွှေလက်ချောင်း၏ တန်ပြန်အကျိုးသက်ရောက်မှုမှ ပြောင်းလဲမှုကို သတိထားမိလိုက်၏။
'ရွှီယန်.. သူ့ရဲ့ချီနဲ့သွေးကို တစ်လအတွင်းမှာ
ပြီးပြည့်စုံအောင် လုပ်နိုင်မှာလား..'
လီရွှမ်က အတွေးနက်သွားသည်။
ရွှီယန်၏ ကျင့်ကြံမှု အမြန်နှုန်းအရ တစ်လအတွင်းတွင် ချီနှင့်သွေး အဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်ကို အောင်မြင်မှု ရသွားလောက်ပါသည်။ မူလအဆင့်ရှိ ကျင့်စဉ်ကိုလည်း နားလည် သဘောပေါက်နိုင်မည်လား မသိပေ။
'မင်းအောင်မြင်မယ်လို့ ငါမျှော်လင့်တယ်။ ငါ့တပည့်.. ဆရာ့ကို စိတ်မပျက်စေနဲ့..'
လလီရွှမ်သည် ရွှီယန်အပေါ်တွင် မြင့်မားသည့် မျှော်လင့်ချက်တို့ ရှိနေပါသည်။
'သင်၏တပည့် ရွှီယန်သည် သင်တီထွင်ထားသည့် မူလအဆင့် ကျင့်စဉ်အား အောင်မြင်စွာ နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် မူလအဆင့်သို့ ချိုးဖြတ်သွားသည်..'
ရုတ်တရက် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအချိန်၌ လီရွှမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးတို့ မူလအစစ်အမှန်ချီအဖြစ် ပြောင်းလဲသွားကြောင်းကို ခံစားလာရသည်။
"ဘုန်း ဘုန်း ဘုန်း.."
ခန္ဓာကိုယ် အတွင်းတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာသည့်အလား ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခုက သူ့ကို လွမ်းခြုံလာခဲ့၏။
သူက လောကကြီးနှင့် ဆက်သွယ် နေသကဲ့သို့ ရှိနေပြီး သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင် တည်ရှိမှုကို ခံစားနိုင်လာခဲ့သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရ၏ တံတားကို တည်ဆောက်ပြီးစီး၏...
"ဘုန်း.."
လီရွှမ်က သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်ပြီး ခန္ဓာကိုယ်တွင် လှိုင်းထန်လာစေခဲ့သည်။
သူ၏ ဒန်တန်အတွင်းတွင် ချီပင်လယ်က ဖွင့်လှစ်လာခဲ့၏။ ထိုအချိန်၌ သူသည် အဆင့်ချိုးဖျက်မှု၏ ဆန်းကြယ်မှုအတွင်းတွင် လုံးဝ နစ်မြုပ်နေပါသည်။
သူ၏ စိတ်ထဲတွင် မူလအဆင့်၏ ကျင့်စဉ်က ပေါ်လာခဲ့၏။ မည်မျှ ဆန်းကြယ်လိုက်သနည်း။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ များပြားလှသည့် ချီနှင့်သွေးတို့လည်း မူလအစစ်အမှန်ချီအဖြစ် စုစည်းလာကြသည်။
သူ၏ခန္ဓာကိုယ်က ပြောင်းလဲမှုအတွင်းသို့ ကျရောက်သွား၏။ ကြည့်ရတာ သေမျိုးလောကမှ ကင်းကွာကာ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်နှင့် အညစ်အကြေး အားလုံးတို့အား ဖယ်ထုတ်လိုက်သည့်ပုံ ရှိသည်။
ကျောက်စိမ်းအရိုးက လင်းလက်စွာ တောက်ပလာ၏။ ခန္ဓာကိုယ်တစ်ခုလုံးက သန့်စင်ကာ အပြစ်အနာအဆာ ကင်းမဲ့လာခဲ့သည်။ လောကအညစ်အကြေး တစ်စွန်းတစ်စပင် မရှိပေ။
လီရွှမ်သည် မူလအဆင့်သို့ ချိုးဖျက်သွားပြီးနောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် အံ့သြစရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကြောင်းကို တွေ့လိုက်ရသည်။
သဘာဝ၏ စိတ်ဝိဉာဥ်စွမ်းအင်က ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာပြီး မူလအစစ်အမှန်ချီတို့ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတား ဖွင့်လှစ်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့် သူက ဆက်သွယ်သွားသကဲ့သို့ ရှိနေပြီး သဘာဝစိတ်ဝိဉာဉ်စွမ်းအင်၏ တည်ရှိမှုကို အာရုံခံနိုင်လာခဲ့သည်။
၎င်းကို ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်၏။ ချီပင်လယ် ဒန်တန်ကို ဖွင့်လှစ်ကာ မူလအစစ်အမှန်ချီအဖြစ် သန့်စင်သည်။
ခန္ဓာကိုယ် ပြောင်းလဲနေစဉ်အတွင်းတွင် ကျောက်စိမ်းအရိုးက တောက်ပစွာ အသက်ဝင်လာခဲ့သည်။ မူလကတည်းက အရိုးတို့ အပြစ်အနာအဆာ ကင်းမဲ့နေသည့် လူသည် ဒီအချိန်၌ သေမျိုးလောက၏ အညစ်အကြေးအားလုံးတို့ သန့်ရှင်းသွားသကဲ့သို့ ရှိနေပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
အပြင်ပန်းတွင် လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲရှိပြီး အရာအားလုံးမှာလည်း တူညီစွာသာ ရှိနေသကဲ့သို့ ရှိသည်။ မည်သည့် ထူးခြားမှုမှ မတွေ့ရပေ။ မည်သည့် အဆင့်ချိုးဖြတ်မှုမှ မတွေ့ရပေ။
လီရွှမ်ကိုယ်တိုင်သာလျှင် ဒီအချိန်၌ သူ၏ ချောက်နက်တစ်ခုကို ဖြတ်ကျော်ပြီး မူလအဆင့်သို့ ဝင်ရောက်သွားကြောင်းကို သိပါသည်။
'ဒါက မူလပေါ့...'
လီရွှမ်သည် သူ၏ ကိုယ်ပိုင်အခြေအနေကို ခံစားကာ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်လာ၏။
'ကောင်းလိုက်တဲ့ ငါတပည့်..'
ရွှီယန်က မူလအဆင့်၏ ကျင့်စဉ်ကို ကြိုတင်ကာ နားလည်သဘောပေါက် လာခဲ့လေသည်။ ပြီးနောက် ရွှေလက်ချောင်းက တစ်ခါတည်း တန်ပြန်အကျိုးပြုမှု လုပ်ကာ သူ့ကို မူလအဆင့်၏ ခွန်အားအား ရလာစေခဲ့၏။
ထို့ကြောင့် ရွှီယန်အနေနှင့် မူလအဆင့်သို့ ချိုးဖျက်ခြင်း မရှိလျှင်တောင် ကြိုတင်ကာ အသိအမြင်များ ရလာပါက ရွှေလက်ချောင်းဟယက တန်ပြန်အကျိုးပြုမှုများ ပေးလာမည်မှာ သေချာသွားခဲ့သည်။
ရွှီယန်က ကျင့်စဉ်အား ဉာဏ်အလင်းပွင့်သည်နှင့် သူ၏ အဆင့်ချိုးဖျက်မှုက သေချာသည်ဟု ဆိုလိုပါသည်။
လီရွှမ်က သဘာဝ၏ စိတ်ဝိဉာဥ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ လမ်းညွှန်ပြီးနောက် လောကကြီးနှင့် ဆက်သွယ်နေသည့် မုန်တိုင်းကဲ့သို့ အားကို ခံစားရသည်။
သူက စိတ်လှုပ်ရှားမိသလို သံသယအချို့လည်း ဝင်လာခဲ့၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဥ်စွမ်းအင်က အဘယ်ကြောင့် ညင်သာမှုမရှိဟု ခံစားရသနည်း။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားသာ မရှိပါက စိတ်ဝိဉာဉ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရန် ဖြစ်နိုင်ခြင်း မရှိပါ။
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က လူတစ်ယောက်ရဲ့ ခွန်အားကို သိသိသာသာ တိုးမြင့်လာစေတယ်။ အဲ့ဒါက စွမ်းအားကြီးမားတဲ့ စွမ်းအင်တစ်ခုပဲ။ ဒါ့ကြောင့် ညင်သာမှု မရှိတာလည်း ပုံမှန်ပါပဲ..'
လီရွှမ်သည် စိတ်ဝိဉာဉ်စွမ်းအင်၏ ကြမ်းကြုတ်ပုံကို ထူးဆန်းသည်ဟု အရမ်းကြီး ခံစားရခြင်း မရှိပါ။ ထိုကိစ္စအား ဆက်လက် တွေးတောခြင်းပင် ပြုမနေပေ။
စိတ်ဝိဉာဉ်စွမ်းအင်များ ရှိကာ သူ့အနေနှင့် ဆက်လက် ကျင့်ကြံနိုင်ပါက ဆက်လက် သန်မာလာနိုင်ပါသည်။
ညင်သာခြင်း မညင်သာခြင်းက ကိစ္စမရှိပါ။ သူ့ကိုမည်သည်မှ ထိခိုက်စေမည် မဟုတ်ပေ။
'မူလအဆင့်က သေမျိုးလောကကနေ ကင်းကွာခဲ့ပြီးပြီ။ အခု ငါ့ကိုယ်ငါ သေမျိုးတစ်ယောက် မဟုတ်ဘူးလို့ ပြောလို့ရနေပြီ..'
'သန့်စင်ပြီးတော့ အပြစ်အနာအဆာ ကင်းမဲ့လာတယ်။ သေမျိုးလောက လေထုရဲ့ ညစ်ညမ်းမှုကို မခံရတော့ဘူး..'
'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်သာ ရှိနေရင် စားခြင်းသောက်ခြင်း မပြုဘဲနဲ့တောင် အသက်ရှင်နိုင်တယ်..'
လီရွှမ်၏ နှလုံးသားက အခုန်မြန်သွား၏။ ဤသည်မှာ သူတီထွင်ထားသည့် သိုင်းပညာလမ်းစဉ်၏ ဒုတိယအဆင့်သာ ဖြစ်ပါသေးသည်။ သို့ပေမယ့် အလွန် စွမ်းအားကြီးနေပြီး ဖြစ်၏။
မူလအဆင့်ရှိ သိုင်းပညာရှင်များသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး စားသောက်ဖို့ မလိုတော့ပေ။
'လူတစ်ယောက်က မူလအဆင့်မှာ အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ... သူတို့ရဲ့ သက်တမ်းက ဘယ်လောက်ထိ ရှည်သွားမလဲ..'
လီရွှမ်က ရုတ်တရက် အတွေးနက်သွား၏။ သိုင်းပညာကျင့်ကြံမှုကြောင့် သူ၏သက်တမ်းမှာ သာမန်လူများထက် များစွာပိုမို ရှည်ကြာနေမှာ ပုံမှန်သာ ဖြစ်သည်။
ချီနှင့်သွေး အဆင့်တွင်ပင် လူတစ်ယောက်၏ သက်တမ်းဟာ ပုံမှန် မဟုတ်တော့ပေ။ သို့ပေမယ့် မည်မျှ ကြာရှည်စွာ နေနိုင်မည်လားကတော့ သေချာခြင်း မရှိပေ။
'ချီနဲ့သွေးအဆင့်ရဲ့ သက်တမ်းကလည်း အရမ်းကြီး မတိုတောင်းလောက်ဘူး။ အထူးသဖြင့် ကျောက်စိမ်းအရိုးကို သန့်စင်ပြီးတဲ့ အခါမှာပဲ... အဲ့အကြောင်းကို ငါခဏလောက် စဉ်းစားကြည့်ရမယ်..'
လီရွှမ်က မျက်လုံးများကို မှိတ်သည်။ သူ၏စိတ်က ကြည်လင်လာပြီး ချီနှင့်သွေးအဆင့်၏ ပြောင်းလဲမှုများနှင့် မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် ပြောင်းလဲမှုများကို တိတ်တဆိတ် တွက်ချက်ကာ သက်တမ်းအကန့်အသတ်ကို ခန့်မှန်းသည်။
'ကိုယ်တွင်းအင်္ဂါ သန့်စင်မှုအပြီးမှာ ခန္ဓာကိုယ်ရဲ့ အတွင်းအင်္ဂါတွေက ပိုမို အားကောင်းလာခဲ့တယ်။ အသက်ဓာတ်က ပိုပြီးတော့ မြင့်မားလာတယ်..'
'သက်တမ်းက သာမန်လူတွေထက် အများကြီး ပိုရှည်လာတယ်... ဒါ့ကြောင့် ယေဘုယျအားဖြင့် ချီနဲ့သွေးအဆင့်က လူတစ်ယောက်အတွက် သက်တမ်းက နှစ်ပေါင်း၂၀၀ကနေ၃၀၀အတွင်း ရှိလောက်တယ်..'
'ရွှေအရိုးကို သန့်စင်နိုင်ရင် ပိုပြီးတော့ အသက်ပိုရှည်မယ်။ အနည်းဆုံးတော့ နှစ်၃၀၀လောက်နေရမယ်။ ကျောက်စိမ်းအရိုးဆိုရင် နှစ်၅၀၀လောက် နေနိုင်လောက်တယ်..'
လီရွှမ်ဟာ ရုတ်တရက် အံ့သြသွားသည်။ သူသည် မှားယွင်းစွာ တွက်ချက်ခဲ့မိသည်လား။ လူတစ်ယောက်က သိုင်းပညာကို သင်ကြားရုံနှင့် ယခုမျှ ရှည်လျားသည့် သက်တမ်းကို ပိုင်ဆိုင်နိုင်သည်လား။
'ငါက ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ အပေါ်ကို အခြေခံပြီးတော့ တွက်ချက်ခဲ့တာ။ ချီနဲ့သွေးရဲ့ ခမ်းခြောက်လာမှုအချိန်ကို ကြည့်ပြီးတော့ ခန့်မှန်းထားတာ။ အများကြီး ကွာမှာတော့ မဟုတ်လောက်ဘူး။ ဒါဆိုရင် မူလအဆင့် သိုင်းသမားတစ်ယောက်ရဲ့ သက်တမ်းက နှစ်၁၀၀၀များလား..'
'ငါဖန်တီးလိုက်တဲ့ ဒီသိုင်းပညာက တော်တော်လေး အံ့သြဖို့ကောင်းတာပဲ။ သိုင်းပညာလမ်းစဉ်ရဲ့ ဒုတိယအဆင့်ကတောင် နှစ်၁၀၀၀ ရှင်သန်နိုင်နေပြီ..'
လီရွှမ်က စိတ်လှုပ်ရှားသွားသည်။ ထိုအချိန်၌ သိုင်းသမားများ၏ အဆင့်အမျိုးမျိုးရှိ သက်တမ်းကို တွက်ချက်နိုင်လိုက်ပြီဟု ခံစားရ၏။
သူ၏ တွက်ချက်မှုက မှန်ကန်ပါသည်။
'ဖြစ်နိုင်တာက ဒီမသိစိတ်က ရွှေလက်ချောင်းကနေပြီး ဖြစ်ပေါ်စေတာများလား..'
God Genzo: