← Chapters

ကျင့်ကုံခြင်းစနစ် နှစ်ခုအကြား အားပြိုင်ခြင်း

Vol. 5 Ch. 71

ကျင့်ကုံခြင်းစနစ် နှစ်ခုအကြား အားပြိုင်ခြင်း

Vol. 5 Ch. 71

တော်ဝင်မြို့တော်မှ သုံဟယ်ကောင်တီဆီသို့ ခရီးလမ်းက ရှည်လျား၏။ လမ်းမကြီး တစ်လျှောက်တွင် မိုင်ပေါင်းဆယ်နှင့်ချီကာ နေအိမ်မရှိသည့် လူသူကင်းမဲ့ခြင်း အရပ်တစ်ခု ရှိပါသည်။

ချီနိုင်ငံက ထိုလမ်းမ၏ အလယ်တွင် စာပို့စခန်းတစ်ခုကို ဆောက်လုပ်ထား၏။ ထိုစာပို့စခန်းသည် အဆုံးမဲ့တောင်များနှင့် ကပ်လျှက်ရှိပြီး ယွင်ရှန်းမြို့ငယ်နှင့် မိုင်၁၀၀ကျော် ကွာဝေးသည်။

ချီနိုင်ငံတွင် စွမ်းအားကြီး ပုဂ္ဂိုလ်အား ရှာဖွေသည့် အရူးရောဂါ ပျံ့နှံ့သွားကတည်းက မြို့တော်ရှိ အသိုင်းအဝိုင်းကြီး အမှုထမ်းများနှင့် တော်ဝင်မျိုးနွယ် မျိုးဆက်များ ဒီနေရာကို ဖြတ်သန်းပြီး အဆုံးမဲ့တောင်အတွင်းသို့ ဝင်ကြ၏။

ထို့ကြောင့် သူတို့သည် ထိုစာပို့စခန်းတွင် အနားယူရန် မကြာခဏ ရွေးချယ်လေ့ရှိသည်။ ရလဒ်အနေနှင့်  စခန်း၏ ဝန်ထမ်းအရေအတွက်က ချမ်းသာသည့် မိသားစု မျိုးဆက်များနှင့် တော်ဝင် မျိုးဆက်များအား ဧည့်ခံမှုပြုရန်အတွက် တိုးပွားလာခဲ့သည်။

တစ်နေ့တွင် ပုံရိပ်တစ်ခုက အဆုံးမဲ့တောင်များဆီမှ ပျံသန်းထွက်လာခဲ့၏။ စာပို့စခန်းထဲသို့  တစ်ခါတည်း သက်ဆင်းလာခဲ့သည်။

"ခင်ဗျားက..."

စာပို့စခန်း၏ အမှုထမ်းက  ကောင်းကင်မှ သက်ဆင်းလာသည့် ရွှယ့်ဝူရှင်းကို တွေ့ရပြီးနောက် မူလက အံ့သြနေရာမှ လျှင်မြန်စွာဖြင့် ဝမ်းမြောက်မှုသို့ ပြောင်းလဲသွား၏။

သူ၏အခွင့်အရေးသည် နောက်ဆုံးတွင် ရောက်လာခဲ့ပြီလား။

"ဒုတ်.."

ချက်ချင်းပင် ဒူးထောက်ကာ ဦးချသည်။

"ဆရာကြီး.. ကျွန်တော်က မာရှောင်အာပါ။ ဆရာကြီးကို အရိုအသေ ပေးပါတယ်။ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့အတွက် တောင်းဆိုပါတယ်..."

ရွှယ့်ဝူရှင်းက မှင်သက်သွား၏။ စွန့်ပစ်ဒေသရှိ လူများက အလွန် တည့်တိုးဆန်ကြသည်လား။ လူကို တွေ့သည်နှင့် ဒူးထောက်ကာ ဦးချပြီး တပည့်ဖြစ်လာရန် တောင်းဆိုလေသည်။

"ဟီး ဟီး ဟီး..."

သူက ကောက်ကျစ်စွာ ရယ်ပြီးနောက် ပြော၏။

"သွေးအစာ.. မင်းကငါ့ရဲ့ တပည့်ဖြစ်လာဖို့ မထိုက်တန်ဘူး.."

ဝန်ထမ်းက မှင်သက်သွား၏။

"သွေးအစာလား..."

"ဇွက်.."

နှလုံးသားမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ခေါင်းငုံ့ကြည့်ပြီးနောက် သေးငယ်သည့် အမျှင်တစ်ခု နှလုံးသားထဲသို့ စိုက်ဝင်နေကြောင်းအား တွေ့လိုက်ရ၏။

၎င်းက သူ၏သွေးများကို စုပ်ယူသွားသည့်ပုံပါ။

"ကယ်..ပါ..."

သူက အလွန်ထိတ်လန့်သွားပြီး  အကူအညီလှမ်းခေါ်ရန် ကြိုးစားသည်။ သို့ပေမယ့် မြေပြင်ပေါ်သို့ လဲကျသွားကာ ရှုံ့တွနေသည့် အလောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ရွှယ့်ဝူရှင်းက မျက်မှောင်ကြုံ့သွားသည်။

'သွေးအဆီအနှစ်က အရမ်းကို ညံ့လွန်းတယ်။ စွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းချီက

ပျောက်ကွယ်သွားပြီးတဲ့ နောက်မှာ လူတွေရဲ့ သွေးအဆီအနှစ်တောင် ညစ်ညမ်းလာခဲ့တယ်..'

သူ၏ခန္ဓာကိုယ်မှ အမျှင်များစွာတို့ ဆက်တိုက် ဖြန့်ကျက်သွားပြီး ချက်ချင်းပင် စာပို့စခန်း၏ အခြားဝန်ထမ်းများ၏ နှလုံးသားများဆီသို့ ထိုးဖောက်သွားသည်။

"ဇွက်..."

ရှုံ့တွနေသည့် ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့  ကျဆင်းကုန်၏။ စာပို့စခန်းအတွင်းတွင် အသက်ရှင်ကျန်သည့် မည်သည့်လူမှ မရှိတော့ပေ။

'သွေးအဆီအနှစ်က မသန့်စင်ဘူး။ အသုံးမပြုခင် အကြိမ်တိုင်းမှာ သန့်စင်နေဖို့ လိုအပ်တယ်။ ဒီတိုင်းသာဆိုရင် လိုအပ်တဲ့ ပမာဏက အရမ်းကို များသွားမှာ..'

'သွေးစတေးမှုနဲ့ လူပေါင်းသန်းချီကို ဝါးမြိုရင်တောင် အဆင့်သေး တစ်ခုကို ချိုးဖျက်နိုင်မှာ မဟုတ်လောက်ဘူး..'

ရွှယ့်ဝူရှင်းက အနည်းငယ် မျက်မှောက်ကြုံ့သွားသည်။

'အခုတော့ ငါ့မှာ.. ရွေးချယ်စရာမရှိဘူး.. ကြုံသလို ဆက်လုပ်ဖို့ပဲ ရှိတယ်။ တစ်သန်းက မလုံလောက်ဘူးဆိုရင် ဆယ်သန်းပေါ့...'

'ဒီနယ်စပ်ဒေသမှာ လူတွေက နည်းနေတာမှ မဟုတ်ပဲ။ သူတို့ အားလုံးကို စတေးလိုက်ရင် ဘယ်လိုတောင်ဖြစ်လာမလဲ..'

ရွှယ့်ဝူရှင်း၏ မျက်လုံးများထဲ၌ သွေးဆာသည့် အလင်းတို့ ဖြတ်သန်းသွားသည်။ သို့ရာတွင် လူပေါင်းများစွာတို့ကို စတေးမှုပြုကာ သွေးကိုသန့်စင်ရန်မှာ အချိန်များစွာတို့ လိုအပ်မှာပါ။

'ပထမဆုံး.. ငါမြို့တစ်ခုကို သတ်ဖြတ်ရမယ်။ ပြီးရင် ငါ့ရဲ့ဒဏ်ရာတွေကို လုံးဝပျောက်ကင်းအောင် လုပ်ရမယ်..'

'နောက်တော့မှ သင့်တော်တဲ့ မျိုးစေ့တွေကိုရှာပြီး သူတို့ကို ငါ့အတွက် သွေးစတေးမှုပြုပြီး သွေးအဆီအနှစ်ကို သန့်စင်ပေးဖို့အတွက် သွေးတပည့်တွေအဖြစ် ပျိုးထောင်ရမယ်..'

'၁၀နှစ်ကြာပြီးရင်... ၁၀နှစ်အတွင်းမှာ ငါစစ်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ရမယ်.."

ရွှယ့်ဝူရှင်းက  နောက်သို့လှည့်ကာ အဆုံးမဲ့တောင်များ၏ လားရာဆီသို့ ကြည့်သည်။

သူ၏ မျက်လုံးများထဲ၌ ရက်စက်သည့် အကြည့်တစ်ခု ဖြတ်သန်းသွား၏။

'၁၀နှစ်အတွင်းမှာ ငါ အတွင်းပိုင်းနယ်မြေကို ပြန်ဖြစ်အောင် ပြန်လာမယ်..'

စာပို့စခန်းမှ လျှောက်ထွက်လာပြီး သွေးစတေးမှုကို ပြုလုပ်ကာ သန့်စင်ပြီး သူ၏ဒဏ်ရာများကို ကုသရန်အတွက် အနီးဆုံးရှိ မြို့တစ်ခုကို သွားရောက်ကာ သတ်ဖြတ်တော့မှာပါ။

ရွှီယန်တစ်ယောက် သူ၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာတို့နှင့် မြို့တော်ဆီမှ ထွက်လာခဲ့၏။ အဖြေကို ရရှိရန်အတွက် ဆရာကို ရှာဖွေဖို့ရာ မစောင့်နိုင်အောင် ရှိနေပါသည်။ သူ၏သိုင်းပညာကို အသုံးပြုပြီး မြို့တော်ဆီမှ သုံဟယ်ကောင်တီဆီသို့ တိုက်ရိုက် အပြေးထွက်ခဲ့၏။

သူ၏လက်ရှိခွန်အားနှင့် မြင်းကောင်းတစ်ကောင်ပင်လျှင် သူလောက်မြန်ဆန်မည် မဟုတ်ပါ။ ထို့ကြောင့်  ရွှီယန်ဟာ မြင်းစီးရန် ရွေးချယ်ခြင်းမရှိပေ။

ချီနှင့်သွေးစီးဆင်းမှုနှင့်အတူ ခန္ဓာကိုယ်က လေကဲ့သို့ မြင့်တက်သွားပြီး ယွင်ရှန်းမြို့ငယ်ဆီသို့  တည့်မတ်စွာ ဦးတည်သွား၏။

'လျောင်အလောင်းကောင် မဟုတ်ရင် ဘယ်လိုမကောင်းဆိုးဝါးမျိုးက ဒီလိုမျိုး လုပ်ခဲ့တာပါလိမ့်..'

ရွှီယန်တစ်ယောက် မည်သည့်အရာက ခြောက်သွေ့သည့်  အလောင်းများ ဖြစ်ပေါ်လာအောင် စုပ်ယူခဲ့လဲဟူသည်ကို စဉ်းစားနေဆဲဖြစ်သည်။

'ယွင်ရှန်းကို ရောက်တော့မယ်..'

'ရှေ့မှာ စာပို့စခန်းတစ်ခုရှိတယ်။ ယွင်ရှန်းနဲ့ မိုင်၁၀၀ပဲဝေးတာ..'

'အဲ့ဒီမှာ ခဏလောက်အနားယူပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်တာပေါ့..'

ရွှီယန်က သူ၏အမြန်နှုန်းကို  လျော့ချပြီးနောက် စာပို့စခန်းသို့ သွားရောက်ကာ အနားယူရန် ပြင်ဆင်သည်။

သူက ထိုစခန်းရှိ ဝန်ထမ်းများကိုလည်း လူသွေးများကို စုပ်တတ်သည့် မကောင်းဆိုးဝါးတစ်ကောင်အား ကြားဖူးလားဟု မေးမြန်းလို၏။

ဘာပဲဖြစ်ဖြစ် စာပို့စခန်းမှာ အဆုံးမဲ့တောင်များနှင့် ကပ်လျှက်ရှိပါသည်။ ထို့အပြင် စာပို့စခန်းမှ အမှုထမ်းများသည် သတင်းအချက်အလက် စုဆောင်းရာတွင် အလွန်ကြွယ်ဝမှာဖြစ်ပြီး အပြင်လူများထက် အဆုံးမဲ့တောင်များရှိ ဒဏ္ဍာရီအချို့ကို ပိုမိုသိလောက်ပါသည်။

မြို့တော်ဆီမှ တောက်လျှောက် ခရီးသွားလာခဲ့ပြီးနောက် သူ၏ ချီနှင့်သွေးက နည်းပါးနေပါပြီ။ ဒီအခြေအနေနှင့် ဆရာ့ကို သွားတွေ့နိုင်ခြင်း မရှိပေ။

ဆရာသာ သူ၏ မတည်ငြိမ်သည့် အခြေအနေကို တွေ့ရှိသွားပါက အလွယ်တကူ စိတ်လွတ်တတ်သူ တစ်ယောက်ဟု ထင်သွားနိုင်၏။

'ပြဿနာတွေ ကြုံတွေ့တဲ့အချိန်မှာ စိတ်မငြိမ် ဖြစ်လို့မရဘူး..'

ရွှီယန်က ကိုယ့်ကိုယ်ကို နှလုံးသားထဲတွင် ပြော၏။

သူက သိုင်းပညာအား အသုံးပြုမှုကို ရပ်တန့်ကာ  ကုန်ခမ်းသွားသည့် ချီနှင့်သွေးတို့ လျှင်မြန်စွာ  ပြန်ပြည့်လာခဲ့သည်။

ထိုအပြင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျောက်စိမ်းအရိုးအားလုံးတို့မှာ တောက်ပနေပုံပေါ်၏။ သူ၏ ကျောက်စိမ်းအရိုး အခြေခံကို ပြသနေသည့်ပုံပါ။

ရွှီယန် စာပို့စခန်း အတွင်းသို့ ဝင်ရောက်တော့မည့် အချိန်တွင် သူ၏ချီနှင့်သွေးသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့၏။

"တစ်ခုခုမှားနေပြီ.."

ရုတ်တရက် ရွှီယန်၏ မျက်နှာက အနည်းငယ် လေးနက်သွား၏။ သိုင်းသမားများ၏ စူးရှသည့်အာရုံခံမှုက သူ့ကို ပုံမှန်မဆန်ခြင်းအား  သတိထားမိသွားစေ၏။

သူ၏ချီနှင့်သွေးက ချက်ချင်းပင် စတင်စီးဆင်းလာပြီး သတိကြီးသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။

အနီးအနားတွင် အန္တရာယ်တစ်ခု ရစ်ဝဲနေသည်ဟု ခံစားရ၏။

ဤသည်မှာ သိုင်းပညာကို စတင်ကျင့်ကြံခဲ့ပြီး သိုင်းသမားတစ်ယောက် ဖြစ်ခဲ့ကတည်းက သူ၏ပထမဆုံးအကြိမ် ယခုကဲ့သို့ ခံစားရခြင်းဖြစ်သည်။

ရွှီယန်သည် ပထမဆုံး အခိုက်အတန့်တွင်၌ပင် စာပို့စခန်း၌ အန္တရာယ်ရှိနေကြောင်းကို နားလည်သွားသည်။

ထို့အပြင် ထိုအန္တရာယ်က သူ့ကိုခြိမ်းခြောက်နိုင်စွမ်း ရှိနေ၏။

"ဒါက ဘယ်လို အန္တရာယ်မျိုးပါလိမ့်.."

ရွှီယန်တစ်ယောက် သူ၏သွေးနှင့်ချီတို့ ဆူပွတ်လာခြင်းကိုသာ ခံစားရပြီး နှလုံးသားထဲတွင် စိတ်လှုပ်ရှားသည့် တိုက်ခိုက်ခြင်း စိတ်ဆန္ဒတစ်ခု မြင့်တက်လာခဲ့သည်။

အမည်မသိ အန္တရာယ်တစ်ခုနှင့် တိုက်ခိုက်ရန်အတွက် မျှော်လင့်မှုတစ်ခုကိုပင် ခံစားရ၏။ စခန်းအတွင်းသို့ ခြေတစ်လှမ်းချင်း လျှောက်ဝင်သွားသည်။

ရုတ်တရက် သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ခြောက်သွေ့နေသည့် အလောင်းတစ်ခုကို တွေ့လိုက်ရ၏။

ဤသည်မှာ စာပို့စခန်းမှ ဝန်ထမ်းတစ်ဦး၏ ခန္ဓာကိုယ်ဖြစ်သည်။ ရှုံ့တွနေသည့် အလောင်းများကား စစ်မက်ရေးရာ အမတ်ကြီး၏ သားဖြစ်သူနှင့် လူအုပ်စု၏ အလောင်းပုံစံများနှင့် တိကျစွာ တူညီနေပါသည်။

"ဒီမကောင်းဆိုးဝါးဘဲလား.."

ရွှီယန်၏ နှလုံးသားက တင်းကြပ်သွား၏။ သူ၏ အာရုံခံမှုက ပတ်ဝန်းကျင်ကို ဖြန့်ကျက်သွားသည်။

အန္တရာယ်၏ လားရာကို တဖြည်းဖြည်းနှင့် ဖမ်းဆုပ်နိုင်လာခဲ့၏။ စာပို့စခန်း၏ အခန်းတစ်ခုတွင်  တစ်ဖက်လူက တံခါးနောက်၌ ရပ်နေပါသည်။

"‌ဒါက မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ဘူး...လူသားတစ်ယောက်နဲ့ တူနေပါလား.."

ထိုအချိန်၌ ရွှီယန်၏နှလုံးသားက အခုန်မြန်သွား၏။

ဖြစ်နိုင်တာက သူ့ကဲ့သို့ သိုင်းသမားတစ်ယောက်လေလား။ စစ်မှန်သည့် သိုင်းလောကမှ လူတစ်ယောက်ဖြစ်သည်လား။

မည်သည့်နေရာက လာခဲ့သနည်း။ အဘယ်ကြောင့်  စာပို့စခန်းမှ ဝန်ထမ်းများကို သတ်ဖြတ်ရသနည်း။ ထို့အပြင် သွေးများ ခြောက်ခန်းသွားအောင် အဘယ်ကြောင့် စုပ်ယူရသနည်း။ ဤသည်မှာ မည်ကဲ့သို့သော သိုင်းသမားဖြစ်သနည်း။

"ရွှက်.."

ရုတ်တရက် အေးစက်ကာ မမြင်နိုင်လုနီးပါးရှိသည့် အမျှင်တစ်ခုက တံခါးကို ထိုးဖောက်လာပြီး သူ၏နှလုံးသားဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။

တိုက်ခိုက်မှုက အလွန်မြန်ဆန်ပြီး ထိုးနှက်ချက်၏ စွမ်းအားမှာလည်း အလွန်သန်မာလှသည်။ အခန်းအတွင်းတွင် ရွှယ့်ဝူရှင်းက အံ့ဩသွား၏။ ယခုကဲ့သို့ စွန့်ပစ်ဒေသတစ်ခုတွင် သိုင်းသမားတစ်ယောက် မည်ကဲ့သို့ ရှိနိုင်မည်နည်း။ ထို့အပြင် ဒီလူငယ်သိုင်းသမားနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည့်ပုံရှိသည်။

သူက စာပို့စခန်းမှ ထွက်ခွာပြီး အနီးအနားရှိ မြို့တစ်မြို့သို့ သွားရောက်ကာ သွေးစတေးမှုအတွက် သတ်ဖြတ်မှု ပြုတော့မှာပါ။ ပြီးပါက သူ၏ဒဏ်ရာများကို ကုသမည်ဖြစ်၏။

ယ

ရုတ်တရက် လမ်းမကြီးပေါ်မှ စွမ်းအားကြီးမားသည် အငွေ့အသက်တစ်ခု သူ့ဆီသို့ ချဉ်းကပ်လာကြောင်းကို အာရုံခံမိလိုက်သည်။

သန်မာအားကောင်းသည့် ချီနှင့်သွေး၏ စွမ်းအင်က  သူ့ကို ထိတ်လန့်သွားစေ၏။

'အတွင်းဘက်နယ်မြေက သိုင်းသမားတွေ.. ငါ့ကိုအမဲလိုက်ဖို့ လိုက်လာတာလား..'

'မဟုတ်ဘူး။ မဟုတ်သေးဘူး...ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ချီနဲ့သွေးပမာဏ ရှိနေရတာလဲ..'

ရွှယ့်ဝူရှင်းက အံ့သြသွားပြီး စာပို့စခန်းအတွင်းတွင် လျှင်မြန်စွာ ပြန်ပုန်းနေလိုက်သည်။ ထိုစွမ်းအားကြီးမားသည့် အငွေ့အသက်က အလွန်  အထိန်းအချုပ်ကင်းမဲ့လှသည်။ အလွန် လှိုင်းထံ၏။ ထို့အပြင် ချီနှင့်သွေး၏ စွမ်းအားကလည်း ကြောက်ဖို့ကောင်းလှ၏။

ဒီလောကကြီးတွင် ယခုကဲ့သို့ ကြောက်စရာကောင်းသည့် လူသားတစ်ယောက် အဘယ်သို့ ရှိနေသနည်း။

'သူ့ရဲ့ချီနဲ့သွေးကိုသာ ဝါးမြိုနိုင်ရင် ငါ့ရဲ့ဒဏ်ရာတွေ ချက်ချင်း ပြန်ပြီး ကောင်းသွားနိုင်လောက်တယ်မှတ်လား။ ပိုပြီးတော့တောင် သန်မာလာရင် သန်မာလာနိုင်မှာ..'

သူက စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေလေ  ဖြစ်လာခဲ့၏။

'စွန့်ပစ်ဒေသမှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီက ပျောက်ကွယ်သွားခဲ့ပြီ..'

'အဲ့ဒါကြောင့် သိုင်းသမားတွေ ပေါ်လာဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အတွင်းဘက် နယ်မြေမှာလည်း ဒီလောက်ကြောက်စရာကောင်းတဲ့ ချီနဲ့သွေးစွမ်းအင်နဲ့  သိုင်းသမားမျိုး မရှိနိုင်ဘူး..'

'စစ်ဘုရင် အဆင့်တောင်မှ ဒီလောက်ကြံ့ခိုင်တဲ့ ချီနဲ့သွေးစွမ်းအင် မပိုင်ဆိုင်နိုင်ဘူး..'

ရွှယ့်ဝူရှင်းသည် စဉ်းစားလေလေ ပိုမိုကြောင်တောင်လာလေ ဖြစ်လာခဲ့၏။

God Genzo:

All Chapters