ပြင်းထန်သော တိုက်ပွဲ၊ နဂါးနိုင်လက်ဝါးသိုင်း၏ အဆင့်ချိုးဖျက်မှု
Vol. 5 Ch. 73
ရွှီယန်က အလွန်စွမ်းအားကြီးကာ သူ၏ နဂါးနိုင်လက်ဝါးသိုင်းက အလွန်ပြင်းထန်ပေမယ့် တိုက်ခိုက်မှု အတွေ့အကြုံအရာတွင် သူသည် ရွှယ့်ဝူရှင်းထက် များစွာပိုမို နိမ့်ကျပါသည်။
နဂါးနိုင်လက်ဝါးကို ရိုက်ထုတ်လိုက်သည့် အချိန်တွင် သူ၏ ဦးခေါင်းထက်၌ အားနည်းချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
ရွှီယန်၏ နှလုံးသားက အခုန်မြန်သွားပြီး ပြဿနာကို နားလည်လိုက်သည်။ သို့ရာတွင် ထိုဖြစ်ပွားခဲ့သည့် အခွင့်အရေးက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်ရန် လုံလောက်၏။
တိုက်ခိုက်ရေးတွင် အတွေ့အကြုံ ကြွယ်ဝပြီး သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို ဖြတ်ကျော်ဖူးသည့် ရွှယ့်ဝူရှင်းအတွက် အနိုင်သို့မဟုတ် အရှုံးကို ပြောင်းလဲစေနိုင်သည်။
သူ၏ပုံရိပ်က လေထဲသို့ ပျံသန်းသွားပြီး အေးစက်သည့် အလင်းရောင်တစ်ခုအား ထုတ်လွှတ်နေသည့် ဓားရှည်နှင့် လေထဲမှအောက်သို့ ချိန်ရွယ် တိုက်ခိုက်လိုက်၏။
ချက်ချင်းပင် ရွှီယန်တစ်ယောက် သူ၏ ဦးရေပြားတို့ ကျိန်းဖိန်းစွာ ခံစားလိုက်ရပြီး ဆံပင်များက အဆုံးစွန်တိုင်အောင် ထောင်တက်သွားသည်။
ကြီးမားသည့် အန္တရာယ်အငွေ့အသက်က သူ၏ အပေါ်သို့ ရုတ်တရက် သက်ဆင်းလာခဲ့၏။ လျှပ်တစ်ပြက် နိုင်လှရာ ချက်ချင်းပင် သူ့အတွက် လက်ဝါးချက်ကို ပြန်လည်ရုပ်သိမ်းပြီး ကာကွယ်ဖို့ရာ အလွန် နောက်ကျနေပါပြီ။
သူ၏စိတ်ထဲတွင် သဘာဝတရား၈ပါး ပုံကြမ်း၏ ပုံရိပ်က အလိုလို ထွက်ပေါ်လာခဲ့၏။ အရေးကြီးသည့် အချိန်အခါတွင် လျှပ်တစ်ပြက် ဉာဏ်လင်းပွင့်မှုတစ်ခု ရောက်ရှိလာခဲ့သည်။
သူ၏ ခြေလှမ်းများက ရွေ့လျားသွားပြီး နေရာမှ ပျောက်ကွယ်သွား၏။ နောက်တစ်စက္ကန့်တွင် ၁၀ပေအကွာလောက်၌ ပြန်ပေါ်လာခဲ့သည်။
"ဘုန်း.."
သွေးနတ်ဆိုး(ရွှယ့်ဝူရှင်း)၏ ဓားက ခုတ်ပိုင်းလိုက်သည့် နေရာရှိ မြေကြီးတွင် အမြှောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
ရွှယ့်ဝူရှင်း၏ နှလုံးသားက လေးလံသွား၏။ ယခုကဲ့သို့ အရေးကြီးသည့် အချိန်အခါတွင် သူ၏ ရန်သူက ရှောင်ထွက်သွားနိုင်ခဲ့သည်လား။
သို့ပေမယ့် ဤသည်မှာ မည်ကဲ့သို့သော ခြေလှမ်းအတတ်မျိုးနည်း။
ထိုအချိန်၌ ရွှီယန်က တုန်ယင်နေဆဲရှိ၏။ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေပြီး ချီနှင့်သွေးတို့ ဆူပွတ်နေပါသည်။ ကြီးမားသည့် နဂါးကြီးတစ်ကောင်က သူ၏ပတ်ဝန်းကျင်တွင် လှည့်လည်နေပြီး စွမ်းအားက ပိုမိုပိုမိုကာ သန်မာကြီးထွား လာနေ၏။
ခုနက သူသည် သေလုနီးပါး ဖြစ်ခဲ့လေသည်။ သေခြင်းရှင်ခြင်း အခြေအနေတွင် စိတ်ထဲ၌ သဘာဝတရား၈ပါး ပုံကြမ်းက ပေါ်လာပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ရရှိခဲ့ကာ လှုပ်ရှားမှု နည်းလမ်းတစ်ခုကို နားလည်သဘောပေါက်နိုင်ခဲ့၍သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုကို ရှောင်နိုင်မှာ မဟုတ်ပေ။
ဒီအချိန်၌ သူက ထိတ်လန့်စွာနှင့် ဒေါသ အလွန်ထွက်လာခဲ့သည်။ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး နေရာမှ တယ်လီပို့သကဲ့သို့ ပျောက်ကွယ်သွား၏။
ချက်ချင်းပင် ရွှယ့်ဝူရှင်း၏ ဘေး၌ ပေါ်လာပြီး နဂါးနိုင်လက်ဝါးက ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
"တယ်လီပို့တာလား.."
"ဘုန်း.."
ရွှယ့်ဝူရှင်း၏ မျက်လုံးများက ခက်ထန်သွားပြီး သူ၏ဓားရှည်က လက်သွားကာ ဓားသိုင်းကွက် ထွက်ပေါ်လာခဲ့သည်။
အေးစက်သည့် ဓားအငွေ့အသက်က ယှက်နွယ်လာပြီး မြဲမြံစွာ ရှေ့ဆက်သွား၏။ ကြီးမားသည့် ခွန်အားနှင့် နဂါးနိုင်လက်ဝါး၏ စွမ်းအားကို ဆက်တိုက် ဖျက်ဆီးဖို့လုပ်သည်။ ထိုဖိအားက ရွှီယန်ကို မကြာခဏ နေရာပြောင်းကာ ရှောင်ထွက်သွားရစေ၏။
ရွှယ့်ဝူရှင်းက ဆက်လက်တိုက်ခိုက်ချိန်တွင် သွေးစုပ်ခြင်း တစ္ဆေအမျှင်များ သူ၏ခန္ဓာကိုယ်မှ ဆက်တိုက် ပျံ့နှံ့လာခဲ့သည်။ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းလာပြီး ကြီးမားသည့် လှောင်အိမ်ကြီးတစ်ခုနှယ် ဖွဲ့စည်းလာခဲ့၏။
ရွှီယန်၏ မျက်လုံးများက လေးနက်သွား၏။ တစ်ဖက်လူသည် သူ့ထက် အနည်းငယ် ပိုမိုသန်မာပါသည်။ အထူးသဖြင့် ကြမ်းကြုတ်သည့် ဓားသိုင်းနှင့် အေးစက်ကာ ထူးဆန်းသည့် အငွေ့အသက်တို့ နှစ်ခုလုံးက အလွန်ထူးခြားလှသည်။
သူ၏ စွမ်းအားကြီးမားသည့် ချီနှင့်သွေးက မီးကဲ့သို့ ပူလောင်ကာ အေးစက်သည့် အငွေ့အသက်၏ ကျူးကျော်မှုကို လျစ်လျူရှု့နိုင်၍သာ မဟုတ်ပါက ယခုအချိန်၌ ခြေချောင်းလက်ချောင်းများ တောင့်တင်းနေပြီး တိုက်ခိုက်မှု စွမ်းအားတို့ ကြီးစွာ လျော့ကျနေမှာဖြစ်သည်။
ရွှီယန်က လေးနက်သွားသည်။ တိုက်ပွဲက ပိုမိုပြင်းထန်လာလေလေ သူ၏စိတ်က ပိုမိုရှင်းလင်းလာလေ ဖြစ်လာခဲ့၏။ သူ့တွင် မည်သည့် အနှောင့်အယှက် အတွေးများမှ မရှိတော့ဘဲ တိုက်ပွဲအပေါ်တွင်သာ နစ်မြုပ်လာခဲ့သည်။
စိတ်ထဲတွင် သဘာဝတရား၈ပါး ပုံကြမ်းက ထွက်ပေါ်လာနေပြီး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် နေရာကို ပြောင်းနိုင်၏။
တဖြည်းဖြည်းနှင့် ခြေလှမ်းအတတ်သည် တိုက်ပွဲအတွင်းတွင် ပိုမိုကျွမ်းကျင်လာခဲ့၏။
"ဘုန်း.."
ကြီးစိုးသည့် နဂါးနိုင်လက်ဝါးစွမ်းအားကို တစ်ဖက်လူ၏ဓားက ချိုးဖျက်နိုင်နေသည်။ ဓားချက်က ရက်စက်ကြမ်းကြုတ်ပြီး ရွှီယန်အနေနှင့် သူ၏ တည်နေရာကို ပြောင်းကာ ရှောင်လိုက်ရ ပြန်၏။
ထိုအချိန်၌ သူ၏စိတ်ထဲတွင် နဂါးနိုင်လက်ဝါးသိုင်း၏ စကားစုက ပေါ်လာခဲ့သည်။ သူ၏ ချီနှင့်သွေးက ပိုမိုပိုမိုကာ ဆူပွတ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားသည့် အခြေအနေသို့ ရောက်ရှိသွား၏။
ရုတ်တရက် အော်လိုက်ပြီးနောက် လက်ဝါးကို ရိုက်ထုတ်လိုက်၏။ ကြီးမားသည့် နဂါးနိုင်လက်ဝါးအားက ထွက်ပေါ်လာပြီး ရုတ်တရက် လမ်းတစ်ဝက်တွင် ခွဲဖြာသွားသည်။
နဂါးကြီး၁၈ကောင်အဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ရွှယ့်ဝူရှင်းကို ဖုံးလွှမ်းသွား၏။ နဂါးနိုင်လက်ဝါးသိုင်းအား အောင်မြင်စွာ တက်မြောက်ခဲ့လေပြီ။
တိုက်ပွဲ ကြာလာသည်နှင့်အမျှ ရွှယ့်ဝူရှင်းသည် ပိုမိုပိုမိုကာ ထိတ်လန့်လာခဲ့သည်။ သူက တစ်ဖက်ရန်သူ၏ ခွန်အားအဆင့်ကို သူ့လောက် မြင့်မားခြင်း မရှိဟု တွေးထားခဲ့တာပါ။
သို့ရာတွင် ကြီးစိုးကာ အနှိုင်းမဲ့သည့် လက်ဝါးစွမ်းအားက အလွန် ပြင်းထန်လှသောကြောင့် သူ့အနေနှင့် ခုတ်ပိုင်းပစ်ချင်လျှင်တောင် တဖြည်းဖြည်း အနည်းငယ် ခက်ခဲစွာ ခံစားလာရသည်။
ထို့အပြင် နဂါးနိုင်လက်ဝါးအား၏ အသွင်သဏ္ဍာန် ပြောင်းလဲသွားချိန်တိုင်းတွင် သူ့အပေါ်သို့ စုပေါင်းတိုက်ခိုက်မှုအဖြစ် ကျရောက်လာတတ်၏။
'ဒီကောင်လေးက တကယ့်ကို မလွယ်ဘူးပဲ။ သူက ငါ့ရဲ့ သွေးနတ်ဆိုးစွမ်းအင်ကို လုံးဝမကြောက်ဘူး။ အဲ့ဒါကို ဖိတောင် ဖိနှိပ့်ထားသေးတယ်..'
မီးတောက်ကဲ့သို့ သွေးနှင့်ချီက သူ၏ အေးစက်သည့် အငွေ့အသက်ကို ဆက်လက် အငွေ့ပျံစေ၏။ ထိုကဲ့သို့ ပိုမိုဖြစ်လေလေ သူ၏ စိတ်ဆန္ဒတို့ ပိုမို ကြီးမားလာလေ ဖြစ်သည်။
သူသာ တစ်ဖက်လူကို ဝါးမျိုနိုင်ပါက ခွန်အားတို့ ကြီးစွာမြင့်တက်လာမှာ ဖြစ်၏။ ယခုကဲ့သို့ ကြွယ်ဝလှသည့် ချီနှင့်သွေးစွမ်းအားနှင့် သိုင်းသမားတစ်ယောက်ကို ဘယ်တုန်းကမှ မြင်ဖူးခဲ့ခြင်း မရှိပေ။
တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးသည် အလွန်သန့်စင်လှပြီး များပြားလှသည့် စိတ်ဝိဉာဉ်အဆီအနှစ်တို့ ပါဝင်နေပါသည်။
အတွင်းပိုင်းနယ်မြေရှိ သိုင်းသမားများ အကြားတွင် ယခုကဲ့သို့ သန့်စင်သည့် သွေးအဆီအနှစ်ကို ပိုင်ဆိုင်ထားသည့်သူ မည်သူမှ မရှိပါ။ သိုင်းသခင်အဆင့် ပင်လျှင် ဖြစ်၏။
နဂါးကြီး၁၈ကောင်တို့က အတူတူ တိုက်ခိုက်ကြသည်။ ရွှယ့်ဝူရှင်း၏ ဓားအလင်းက မြင့်တက်လာပြီး သန်မာသော လေတစ်ခုကဲ့သို့ ချက်ချင်းပင် ဖြတ်သန်းသွား၏။ နဂါးနိုင်လက်ဝါး စွမ်းအားကို ဖျက်ဆီးသွားသည်။
ရုတ်တရက် သူ၏အမြန်နှုန်းက အဆုံးစွန်တိုင်အောင် မြင့်တက်လာပြီး ရွှီယန်ဆီသို့ ပြေးဝင်သတ်ဖြတ်၏။
တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်မှုများနှင့် ကြမ်းကြုတ်စွာ ထိုးနှက်ချက်ပြုပြီး ရွှီယန်ကို အရေးနိမ့်သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားစေခဲ့သည်။ တယ်လီပို့ခြင်း အတတ်ကို မကြာခဏ အသုံးပြုပြီး ဆက်တိုက် ရှောင်ထွက်နေရ၏။
သို့ရာတွင် ရွှီယန်၏ မျက်လုံးများက ခိုင်မြဲစွာဖြင့် ရွှယ့်ဝူရှင်းကို စိုက်ကြည့်နေပါသည်။ လုံးဝ ထိတ်လန့်သည့်ပုံ မရှိပေ။ ကျောက်စိမ်းအရိုးများက လင်းလက်လာပြီး ချီနှင့်သွေးစွမ်းအားက အဆုံးမသတ်နိုင်သည့်ပုံ ရှိ၏။
"... သူတို့ရဲ့ လုပ်ဆောင်ချက်တွေက လောကကြီးကို ပြောင်းလဲစေပြီး သူတို့ရဲ့ဒေါသက ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို တုန်ခါစေတယ်.."
ရုတ်တရက် နဂါးနိုင်လက်ဝါးသိုင်း၏ စကားစု ဖော်မြူလာက သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ တိုက်ပွဲအတွင်းတွင် ဉာဏ်လင်းပွင့်မှုတို့ ရရှိသွား၏။
'ငါ့ရဲ့ နဂါးနိုင်လက်ဝါးက အရမ်းကို စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းတယ်လို့ ထင်ရပေမယ့် လောကကြီးကို တုန်ခါစေနိုင်တဲ့ စစ်မှန်တဲ့ စွမ်းအား ကင်းမဲ့နေတယ်..'
'သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးက စွမ်းအားကြည့်ပြီး သူ့ရဲ့ဒေါသက တုန်လှုပ် ခြောက်ခြားစေတယ်... ဒေါသမရှိဘဲနဲ့ လောကကြီးကို ဘယ်လိုလုပ်ပြီးတော့ ထိတ်လန့် တုန်လှုပ်စေမှာလဲ..'
'ငါ့ရဲ့ နဂါးနိုင်လက်ဝါးက အသွင်သဏ္ဍာန်နဲ့ ဒေါသတို့ လစ်ဟင်းနေတယ်။ ဒေါသရှိမှပဲ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်မှာ မလား..'
ရွှီယန်၏ စိတ်က ကြည်လင်နေ၏။ အတွေးအမြင်များ သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ချက်ချင်းပင် သူသည် နဂါးနိုင်လက်ဝါးသိုင်းအပေါ် ပိုမိုနက်ရှိုင်းသည့် နားလည်မှုတစ်ခု ရလာပုံပေါ်ပြီး စိတ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုကို ချိုးဖျက်နိုင်ခဲ့၏။
ရုတ်တရက် ရပ်တန့်သွားပြီးနောက် သူကလက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးချက်က ပြီးခဲ့တုန်းက လက်ဝါးများနှင့် အလွန်ခြားနား၏။
ထိုလက်ဝါးအား ထုတ်လွှတ်လိုက်သည်နှင့် သိသာထင်ရှားသည့် အသံတစ်ခုနှင့် ကြီးမြတ်ခြင်း၏ စွမ်းအားက ထွက်ပေါ်လာခဲ့၏။
ထိုနဂါးသဏ္ဍာန် လက်ဝါးအားသည် ပိုမိုကာသိပ်သည်းပြီး မှော်ဆန်လာသည့်ပုံ ရှိ၏။ အမြန်နှုန်းကလည်း ချက်ချင်းပင် ကြီးစွာ မြင့်တက်လာခဲ့၏။
"ဝေါင်း.."
နဂါးကြီးက ပါးစပ်ကိုဟကာ ဟစ်ကြွေးလိုက်ပုံ ပေါ်၏။ ရုတ်တရက် ရွှယ့်ဝူရှင်းဆီသို့ ကြမ်းတမ်းစွာ ပြေးဝင်သွားသည်။
"ပိုင်းစမ်း.."
ရွှယ့်ဝူရှင်းသည် နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ဓားနှင့် ခုတ်ပိုင်းလိုက်သည်။သို့ရာတွင် ထိုဓားချက်က လက်ဝါးအားကို ပျက်စီးသွားစေခြင်း မရှိခဲ့ပေ။ ထည်ဝါသည့် စွမ်းအားတစ်ခုကို သယ်ဆောင်လာသည့် နဂါးကြီးက တောင်ကြီးတစ်ခုနှယ် သူ့ကို ဖိနှိပ်လာခဲ့၏။
စွမ်းအားက လျော့နည်းသွားခြင်းမရှိပဲ နဂါးအမြှီးက ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။
"မကောင်းတော့ဘူး.."
ရွှယ့်ဝူရှင်း၏ မျက်နှာက ပြောင်းလဲသွားပြီး အပေါ်သို့ ခုန်ကာ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
"ဘုန်း.."
God Genzo: