← Chapters

ပြင်းထန်သောတိုက်ပွဲ၊ နဂါးနိုင်လက်ဝါးသိုင်း၏ အဆင့်ချိုးဖျက်မှု(၂)

Vol. 5 Ch. 74

ပြင်းထန်သောတိုက်ပွဲ၊ နဂါးနိုင်လက်ဝါးသိုင်း၏ အဆင့်ချိုးဖျက်မှု(၂)

Vol. 5 Ch. 74

"ဘုန်း.."

နောက်ထပ် နဂါးကြီးတစ်ကောင် ဝင်ရောက်လာခဲ့၏။ ထို့နောက် ချက်ချင်းပင် နဂါးများက တစ်ကောင်ပြီးတစ်ကောင် ဟိန်းရင်းနှင့် ပြေးဝင် တိုက်ခိုက်လာခဲ့သည်။

တစ်ကောင်ချင်းစီတိုင်းတွင် ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နေ၏။

ရွှယ့်ဝူရှင်း၏ နှလုံးသားက တင်းကြပ်သွားပြီး သူက ရွှီယန်ကို  ထိတ်လန့်တကြား ကြည့်သည်။

'သူအဆင့် ချိုးဖြတ်သွားတာလား..'

ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါး ဖြစ်သနည်း။

ရွှီယန်က ရင်ဘက်ထဲရှိ ဒေါသများကို ပုံချထုတ်လွှတ်ကာ သူ၏ မျက်လုံးများ၌ အေးစက်သည့် အလင်းရောင်တစ်ချက် လက်သွားသည်။

သူနားလည်လိုက်၏။ သူ၏ နဂါးနိုင်လက်ဝါးသိုင်းသည် အတားအဆီးကို ချိုးဖျက်ပြီး အဆင့်သစ်တစ်ခုသို့ ဝင်ရောက်သွားခဲ့လေသည်။

'ဒေါသက အရမ်းကို စွမ်းအားကြီးပြီး ကောင်းကင်နဲ့  ကမ္ဘာမြေကြီးကို လှုပ်ခါစေတယ်။ ငါပြည့်ပြည့်စုံစုံ မဖမ်းဆုပ်နိုင်သေးဘူး... ငါ့ရဲ့ နဂါးသဏ္ဍာန် လက်ဝါးအားက အစစ်အမှန် ဒေါသထွက်ပြီး စစ်မှန်တဲ့ ဒေါသဟိတ်ဟန်ကို မနှိုးဆွနိုင်သေးဘူး။ ဒါပေမယ့် ဒီဒေါသကို အခြားနည်းလမ်းနဲ့ ပုံဖော်လို့ရတယ်..'

ရွှီယန်က နဂါးနိုင်လက်ဝါးသိုင်းဖြင့် ရိုက်နှက်ခြင်းကို ခံလိုက်ရသည့် ရွှယ့်ဝူရှင်းကို ကြည့်သည်။

ခုနက သူသည် ဖိနှိပ်ခံထားရ၏။ ယခုအချိန်တွင်တော့ သူ၏အလှည့်သို့ ရောက်ရှိလာခဲ့လေပြီ။

မည်သည့်နေရာမှ လာမှန်းမသိသည့် ဒီသိုင်းသမားသည် မူလအဆင့်သို့ ရောက်ရှိနေသည် ထင်ရ၏။ သူ၏ နဂါးနိုင်လက်ဝါး စွမ်းအားကို ခံစားခိုင်းရပေမည်။

'ငါ့ရဲ့ လက်ရှိ နဂါးနိုင်လက်ဝါးက ဒုတိယအဆင့်ကို ရောက်သွားလောက်ပြီ မလား။ အဆင့်ချိုးဖျက်မှု ဖြစ်ခဲ့ပြီး နဂါးနိုင်လက်ဝါးရဲ့ ဒုတိယအဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီ..'

'ကံဆိုးစွာပဲ.. ငါက ချီနဲ့သွေးအဆင့်မှာပဲ ရှိသေးတယ်။ ဒုတိယအဆင့်ရဲ့ စွမ်းအားကို လုံးဝပြီးပြည့်စုံအောင် မထုတ်လွှတ်နိုင်သေးဘူး..'

'ဒါပေမယ့် ဒီစွမ်းအားနဲ့လဲ ဒီကောင့်ကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်..'

ရွှီယန်က ရုတ်တရက် နားလည်လာခဲ့၏။ သူသည် နဂါးနိုင်လက်ဝါးသိုင်းကို ဒုတိယအဆင့်သို့  ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။

"ဘုန်း.."

ကြီးမားသည့် နဂါးကြီး၁၈ကောင်တို့က ရွှယ့်ဝူရှင်းကို အတူတူ တိုက်ခိုက်ကြသည်။ အဖျက်စွမ်းအား ကြီးမားလှသည့် အရှိန်အဟုန်တို့ ဝန်းရံနေ၏။

ရွှယ့်ဝူရှင်းက သူ၏ အေးစက်သည့် ဓားအလင်းကို ဆင့်ခေါ်ကာ ထနုလက်ဝါးစွမ်းအားကို  ဖျက်ဆီးတော့မည့် အချိန်၌ သူ၏နှလုံးသားက  ရုတ်တရက် အခုန်မြန်သွား၏။

"အန္တရာယ်.."

ချက်ချင်းပင် အန္တရာယ်၏ ခံစားချက် အငွေ့အသက်က သန်မာစွာ ထွက်ပေါ်လာခဲ့သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲများစွာဖြင့် ရရှိလာခဲ့သည့် တိုက်ခိုက်ရေး အတွေ့အကြုံက သူ့ကို ရုတ်တရက် ဆုံးဖြတ်ချက် ခိုင်မာစေပြီး ချီနှင့်သွေးကို ထိန်းချုပ်ကာ လေထဲသို့ မြင့်တက်သွား၏။

ဓားအလင်းလည်း ကောင်းကင်သို့ ထွက်ခွာသွားပြီး ပေါင်းစည်းအားဖြင့် ချိုးဖျက် ထွက်ခွာလို၏။

သို့ပေမယ့် ဤသည်က နောက်ကျလွန်းနေလေပြီ။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ နဂါးလက်ဝါးအား ၁၈ခုတို့က အတူတူရောက်ရှိလာပြီးနောက် ပေါက်ကွဲထွက်ကုန် ကြ၏။ ပြင်းထန်ကြမ်းကြုတ်စွာဖြင့် ရွှယ့်ဝူရှင်းကို တိုက်ခိုက်သည်။

ရွှယ့်ဝူရှင်း၏ မျက်နှာက  ပြောင်းလဲသွား၏။ တစ်ချက်အသံပြုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် အမှောင်ထုတို့ ရစ်ပတ်လွှမ်းခြုံလာပြီး သူ၏ဓားရှည်က ဓားချီအလွှာများကို ဖြစ်ပေါ်စေကာ ထိုပြင်းထန်သည့် အားကို ခုခံ၏။

သူ့ကို ထင်မထားစေသည်ကား နဂါးကြီး၁၈ကောင်တို့က ရုတ်တရက် ပေါက်ကွဲထွက်ကုန်ခြင်း ဖြစ်ရာ ဖြစ်ပေါ်လာသည့် စွမ်းအားကလည်း အလွန်အနှိုင်းမဲ့လှသည်။

"မကောင်းတော့ဘူး.."

"ဒါက သာမန် သိုင်းပညာ မဟုတ်ဘူး။ ဘယ်လိုကျင့်စဉ်မျိုးလဲ.."

အတွင်းဘက်နယ်မြေတွင် စစ်ဘုရင်တစ်ယောက် ပင်လျှင် သူ၏လက်ဝါးအားကို လိုချင်သည်နှင့် ချက်ချင်း ဖောက်ခွဲပစ်နိုင်ခြင်း မရှိပေ။

ထုတ်ဖော်ပြီးဖြစ်သည့် လက်ဝါးအားကို ဘယ်လိုလုပ်ပြီး စိတ်ကြိုက် ထိန်းချုပ်နိုင်မည်နည်း။ ဤသည်က လုံးဝမဖြစ်နိုင်ပေ။

ဒီစွန့်ပစ်ဒေသရှိ လူငယ်သည် ပုံမှန်မဟုတ်ပေ။ သူသည် အဘယ်သို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံထားသနည်း။

"ဘုန်း.."

ဓားချီက ပျက်စီးသွားပြီး နဂါးနိုင်လက်ဝါး၏ ထိတ်လန့်ဖွယ် စွမ်းအားက ပူလောင်လှသည့် အငွေ့အသက်နှင့်အတူ ချဉ်းကပ်လာခဲ့သည်။ သူ၏ အေးစက်သည့် အငွေ့အသက် အားလုံး အငွေ့ပျံသွားသည့် ပုံရှိ၏။ ဤသည်ကား ရွှယ့်ဝူရှင်းကို  အလွန်မသက်မသာ ခံစားရစေ၏။

"ငါမင်းကိုသတ်မယ်.."

ရိုက်နှက်ခံရသည့် ရွှယ့်ဝူရှင်းက အံကိုကြိတ်ကာ အော်၏။ သို့ရာတွင် သူ့ကို ထပ်မံနှုတ်ဆက်လာသည်မှာ နောက်ထပ်နဂါးကြီး ၁၈ကောင်တို့ဖြင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်မှု ဖြစ်သည်။

"ဘုန်း.."

"ငါ့ကိုသတ်ချင်တာလား...မင်းကိုမင်း ထိုက်တန်တယ် ထင်လို့လား.."

ရွှီယန်က စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေပြီး ရွှယ့်ဝူရှင်း၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်စွာ ရှိနေပါသည်။

သူက လက်ဝါးရိုက်ချက်များကို တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်နေပြီး အကြိမ်တိုင်းတွင် နဂါးကြီး၁၈ကောင်၏ ပူးပေါင်းစွမ်းအားကို ချက်ချင်း ဖောက်ခွဲပစ်သည်။

အံ့သြစရာကောင်းလှသည့် အားလှိုင်းများက ထွက်ပေါ်လာပြီး ရွှယ့်ဝူရှင်း အပေါ်သို့ သက်ဆင်းကုန်၏။ ဤသည်က ကြီးမားလှသည့် နဂါးကြီး၁၈ကောင်၏ စွမ်းအားကို လျှပ်တစ်ပြက် ဖောက်ခွဲလိုက်သည့်နှယ် ရှိသည်။

ထိုရုတ်တရက် ပေါက်ကွဲမှုမှာ ရွှီယန် နားလည်သဘောပေါက်လာခဲ့သည့် ဒေါသဖြစ်၏။ လက်ရှိအချိန်၌ သူ၏စွမ်းအားက အားနည်းနေသေးရာ သူ့အနေနှင့် ပြည့်ပြည့်စုံစုံ ပုံဖော်နိုင်ခြင်း မရှိသေးပေ။

သို့ပေမယ့် ယခုကဲ့သို့ နည်းလမ်းဖြင့် ဒေါသ၏ စွမ်းအားကို ပြသနိုင်၏။ အကျိုးသက်ရောက်မှု ကလည်း ကြီးမားလှပါသည်။

'ငါ့ရဲ့ နားလည်သဘောပေါက်မှုက တကယ်ပဲ မှန်ကန်တယ်..'

ရွှီယန်က အလွန် ဝမ်းသာသွားသည်။ ဒီပြင်းထန်သည့် တိုက်ပွဲမှ သူသည် အကျိုးအမြတ် များစွာကို ရရှိခဲ့၏။

နဂါးနိုင်လက်ဝါးတွင် ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့လေသည်။ နဂါးနိုင်လက်ဝါးကို ပြည့်စုံစွာ တက်မြောက်သွားပြီးနောက် ထပ်မံ အဆင့်ချိုးဖျက်ခဲ့ပြီး  နဂါးနိုင်လက်ဝါးသိုင်း၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ဘုန်း.."

ရွှီယန်၏ ချီနှင့်သွေးသည် အဆုံးမသတ်သည့်ပုံပါ။ သူက လက်ဝါးချက်များကို တစ်ချက်ပြီးတစ်ချက် ရိုက်ထုတ်နေပြီး ရွှယ့်ဝူရှင်းဆီသို့  ဆက်တိုက်ဖောက်ခွဲ၏။

ထိုအချိန်၌ ရွှယ့်ဝူရှင်းတစ်ယောက် အရိုက်ခံနေရသည့်  တစ်ဖက်သတ် အခြေနေသို့ ရောက်ရှိသွားသည်။ သူက အကြိမ်ကြိမ် ချိုးဖျက်ဖို့ ကြိုးစားခဲ့၏။

သို့ပေမယ့် နဂါးကြီး၁၈ကောင်၏ ရိုက်ထုတ်ခြင်းကိုသာ ခံနေရသည်။ သူ့ကို ပိုမိုထိတ်လန့်စေသည်ကား  ရန်သူ၏ လက်ဝါးစွမ်းအားမှာ တဖြည်းဖြည်းနှင့် ပိုမိုပိုမိုကာ အားကောင်းလာနေခြင်း ဖြစ်သည်။

ထိုလက်ဝါးစွမ်းအားမှ ဒေါသတရားတစ်ခုကိုပင်  ခံစားလာရ၏။

"မဖြစ်နိုင်ဘူး.."

"ဒါကြီးက မယုံနိုင်စရာ ကောင်းလွန်းတယ်.."

သို့ပေမယ့် ထိုကဲ့သို့သော မယုံကြည်နိုင်စရာကောင်းလှသည့် မြင်ကွင်းက သူ၏ရှေ့တွင် အမှန်တကယ် ပေါ်လာခဲ့လေသည်။

"အဟွက် အဟွက်..."

ရုတ်တရက် ရွှယ့်ဝူရှင်းသည်  ဗလာကျင်းလင်း ဖြစ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ဒဏ်ရာများ အနည်းငယ် ပြန်ပေါ်လာခဲ့၏။ စွမ်းအင်ကုန်ခမ်းမှုက ကြီးမားလှသည်။

"ချီး...ဒီကောင်က စွမ်းအားမကုန်တော့ဘူးလား.."

ရွှယ့်ဝူရှင်းသည် ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေပါသည်။ သူကိုယ်တိုင်မှာ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်ပေမယ့် အံ့ဩစရာကောင်းလောက်အောင် စွန့်ပစ်ဒေသမှ လူငယ်တစ်ယောက်အား ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပေ။

ထို့အပြင် ကြောက်စရာကောင်းအောင် ဆိုးဝါးလှသည့် အခြေအနေသို့ပင် ကျရောက်လာခဲ့၏။

အတွင်းဘက်နယ်မြေတွင် သူရွှယ့်ဝူရှင်းသည်  နတ်ဆိုးလမ်းစဉ်ရှိ နာမည်ကျော် သိုင်းသခင်တစ်ဦး ဖြစ်သည်။

ယခုကိစ္စသာ ပျံ့နှံ့သွားပါက မည်သူက ယုံကြည်နိုင်မည်နည်း။

'ငါဒီအတိုင်းဆက်ပြီးတော့ သွားနေလို့ မရတော့ဘူး..'

ဒီအတိုင်းသာ တစ်ဖက်သတ် ဆက်လက် အရိုက်ခံနေရပါက သူ့အနေနှင့် လုံးဝ အားအင်ခမ်းခြောက်သွားမှာကို ရွှယ့်ဝူရှင်း သိလိုက်သည်။

တိုက်ခိုက်သူ၏ သတ်ဖြတ်ခြင်းကို ခံရမည့် ဖြစ်နိုင်ချေပင်ရှိ၏။ ရန်သူ၏ လက်ဝါးရိုက်ချက်များက ပိုမိုကြမ်းကြုတ်ကာ ကြီးစိုးလာကြောင်းကို သူခံစားနိုင်ပါသည်။

စွမ်းအားက ပိုမိုပိုမိုကာ ထည်ဝါလာခဲ့၏။ နဂါးနိုင်လက်ဝါးအားက ပိုမိုကြီးမားလာပြီး ပေါက်ကွဲအားကလည်း ပြင်းထန်လာသည်။ ဒေါသတရား အငွေ့အသက်တစ်ခုအား ပေါင်းစပ်ထား၏။

"ချည်နှောင်.."

ရွှယ့်ဝူရှင်းက ဓားကိုဝှေ့ရမ်းလိုက်ပြီး ဓားစွမ်းအင်နှင့် သူ၏ခန္ဓာကိုယ်ရှိ အေးစက်သည့် အငွေ့အသက်တို့ ရုတ်တရက် ပိုမိုသန်မာလာခဲ့သည်။

ထူထဲသည့် ပင့်ကူမျှင်များကဲ့သို့ သွေးစုတ်ခြင်းအမျှင်များက တိုက်ပွဲပြင်တွင် ပြန့်ကျဲနေရာမှ ရုတ်တရက် စုစည်းသွားပြီး ရွှီယန်ကို ချည်နှောင်လာကြ၏။

'ဒါက ဘယ်လို နည်းပညာမျိုးလဲ..'

ရွှီယန်က အံ့သြသွားသည်။ ထူထဲစွာ ရစ်ပတ်နေသည့် ချည်မျှင်များတွင် အေးစက်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပါသည်။

၎င်းတို့သည် သူ၏ ပူလောင်လှသည့် ချီနှင့်သွေးစွမ်းအင်အောက်တွင် ဆက်တိုက် အရည်ပျော်နေ၏။ သို့ပေမယ့် များပြားလွန်းနေဆဲ ရှိသည်။

ထိုအချိန်၌ သူသည် ကိုယ့်ကိုယ်ကို ရန်သူ၏ တိုက်ကွက်တစ်ခုအတွင်းသို့ ကျရောက်သွားကြောင်းကို  နားလည်လိုက်သည်။

'ငါသတိလက်လွတ် ဖြစ်သွားခဲ့တယ်... တကယ့်ကို အတွေ့အကြုံ နည်းတာပဲ..'

ရွှီယန်က သက်ပြင်းချသည်။

သို့ပေမယ့် သူက ထိတ်လန့်သွားခြင်း မရှိပါ။ ထိုအမျှင်များသည် စက်ဆုပ်ဖွယ်ကောင်းကာ စွမ်းအားကြီးပုံပေါ်ပေမယ့် သူ၏ စွမ်းအားကြီးမားလှသည့် ချီနှင့်သွေးကို ခံနိုင်ရည်ရှိမည် မဟုတ်ပါ။

"ဘုန်း.."

ပေ၁၀၀ရှိသည့် ချီနှင့်သွေးက ထွက်ပေါ်လာခဲ့၏။ နဂါးကြီးတစ်ကောင်က ကြောက်စရာကောင်းသည့် စွမ်းအားကို သယ်ဆောင်ကာ ရစ်ပတ်လာခဲ့သည်။

ချဥ်းကပ်လာနေသည့် ပိုက်ကွန်သဖွယ် လှောင်အိမ်ဆီသို့ ပြေးဝင်တိုက်ခိုက်၏။ အမျှင်များက ပျက်စီးကုန်ပြီး တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်ကြသည်။

ချက်ချင်းပင် လှောင်အိမ်ကြီး တစ်ခုလုံးသည် ချီနှင့်သွေးတို့၏ အရေဖျော်ခြင်းကို ခံလိုက်ရ၏။

ရွှယ့်ဝူရှင်းက ထိုအခွင့်အရေးကိုယူကာ ထွက်ပြေးလေသည်။ သူ၏ သွေးစုပ်ခြင်း ချည်မျှင်များက ရွှီယန်ကို  အန္တရာယ်ဖြစ်စေမည်ဟု စိတ်မကူးထားပါ။ သူက ရွှီယန်၏ ခွန်အားလမ်းကြောင်းကို ခွဲဖြာသွားစေချင်ရုံသာ ရှိပြီး ထိုအခွင့်အရေးကို ယူကာ ထွက်ပြေးမည် ဖြစ်၏။

ထိုအချိန်၌ သူ၏ ချီကို ထိန်းချုပ်ကာ လေထဲသို့ ထိုးတက်သွားသည်။ မြေပြင်မှ ပေ၁၀၀သို့ ရောက်ရှိသွား၏။

အောက်ရှိ ရွှီယန်ကို ငုံ့ကြည့်ကာ ဓားအလင်းတစ်ချက်ကို ခုတ်ပိုင်းချလိုက်သည်။

ရွှီယန်က အပေါ်သို့ခုန်ကာ လက်ဝါးချက်ဖြင့် ရိုက်လိုက်၏။ သို့ရာတွင် သူသည် ချီနှင့်သွေးအဆင့်၌သာ ရှိသေးပြီး လေထဲ၌ မပျံနိုင်သေးပေ။ ပေ၁၀၀အကွာဆီသို့ ခုန်ရန်မှာ ပြဿနာမရှိပေမယ့် ရွှယ့်ဝူရှင်းမှာ  တဖြည်းဖြည်း ဝေးကွာသွားနေပြီး သူ့အနေနှင့် ချဥ်းကပ်၍ မရနိုင်အောင် ရှိနေပါသည်။

လှည့်လည်ခုန်ပျံကာ တိုက်ခိုက်ရင်းက အဆင်မပြေသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ နဂါးနိုင်လက်ဝါး၏ တိုက်ခိုက်မှု အကွာအဝေးသည် ပေ၁၀၀သာရှိ၏။

ရွှယ့်ဝူရှင်းက သူ့ကို ပေ၁၀၀ကျော် အကွာတွင် ထားရှိကာ အေးစက်သည့် ဓားချက်များကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းချနေပါသည်။ ရွှီယန်မှာ ခုခံခြင်းကိုသာ ပြုလုပ်နိုင်တော့၏။ တိုက်ခိုက်မှုကို ကာကွယ်ရန် နဂါးနိုင်လက်ဝါး စွမ်းအားကိုသာ ဆက်တိုက် ထုတ်လွှတ်နေရသည်။

ရံဖန်ရံခါ အပေါ်သို့ ခုန်တက်ပြီး ရွှယ့်ဝူရှင်းကို  အနီးကပ်တိုက်ခိုက်ရန် ကြိုးစားကြည့်၏။ သို့ပေမယ့် အတွေ့အကြုံ ကြွယ်ဝသည့် ရွှယ့်ဝူရှင်းက သူ၏အားသာချက်ကို ပျောက်ကွယ်သွားစေခြင်း မရှိပါ။ အဝေးသို့ ချက်ချင်း ပျံသန်းသွား၏။

ရလဒ်အနေနှင့်  ရွှီယန်ကု တစ်ဖက်သတ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားစေသည်။

လေထဲမှ ဓားအလင်းများ ဆက်တိုက်ကျဆင်းနေပြီး အေးစက်ကာ ကြောက်စရာကောင်းစွာနှင့် မြေပြင်ပေါ်တွင် ချိုင့်များကို ကွဲထွက်သွားစေသည်။

မြေပြင်ပေါ်ရှိ လူကလည်း ကြီးမားသည့် အနီရောင် နဂါးကြီးကို လေထဲသို့ ရိုက်ထုတ်ပြီး ဦးတည်လာသည့် ဓားချက်များကို ဖျက်ဆီး၏။

သူတို့၏ တိုက်ခိုက်မှုများက တစ်ယောက်နှင့်တစ်ယောက် လေထဲတွင် ထိပ်တိုက်တွေ့ဆုံကာ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။ စာပို့စခန်းမှာ လုံးဝပျက်စီးသွားခဲ့တာ ကြာပြီဖြစ်သည်။ မည်သည့် သဲလွန်စမှပင် မကျန်ခဲ့ပေ။

တိုက်ပွဲအတွင်းတွင် လမ်းမကြီးလည်း ပျက်စီးသွားပြီး ဆက်လက် ခရီးသွားနိုင်ခြင်း မရှိတော့ပေ။ မြေပြင်၌ အပျက်အစီးများဖြင့် ပြည့်နှက်နေပြီး  ကြီးမားသည့် ချိုင့်ကြီးများ တစ်ခုပြီးတစ်ခု ပြည့်နှက်လာခဲ့သည်။အနီးအနားရှိ တောများလည်း လုံးဝပျက်စီးကုန်ကြ၏။

"ငါရွှယ့်ဝူရှင်းက သိုင်းသခင်အဆင့်က သိုင်းသမားတစ်ယောက်ပဲ။ မင်းကို မသတ်နိုင်ဘူးလို့ မယုံဘူး.."

ရွှယ့်ဝူရှင်း၏ မျက်လုံးများထဲ၌ အေးစက်ကာ  ရက်စက်ကြမ်းကြုတ်သည့် အကြည့်တစ်ချက် လက်သွားသည်။

မည်သည့် တန်ကြေးကိုမဆို ပေးဆောင်ကာ ဒီလူကို  ရှင်းလင်းမည် ဖြစ်၏။ တစ်ဖက်လူဆီမှ ပြန်လည်ဝါးမြိုနိုင်မည့် ချီနှင့်သွေးစွမ်းအင်နှင့် ထိုတန်ဖိုးက ထိုက်တန်လောက်မှာပါ။

"ဘုန်း.."

"ဟန့်.. မင်းငါ့ကို ဘာလုပ်နိုင်မလဲလို့ ကြည့်တာပေါ့.."

ရွှီယန်က ခေါင်းကိုမော့ကာ ဖီဆန်စွာဖြင့် လေထဲရှိ ရွှယ့်ဝူရှင်းကို ကြည့်သည်။ သူ၏ မျက်လုံးများက တိုက်ခိုက်မှု စိတ်ဆန္ဒတို့ဖြင့် ပြည့်နက်နေ၏။

သူ့သာ လေထဲတွင် ပျံနိုင်ပါက  ရန်သူကို သေအောင် ရိုက်နှက်ပစ်နိုင်မှာ သံသယဝင်စရာ မရှိပေ။

ဒီအချိန်၌ သူ၏ကျောက်စိမ်းအရိုးအား သန့်စင်နိုင်ခဲ့သည့် သိုင်းပညာအခြေခံက ပြီးပြည့်စုံစွာ ပြသလာခဲ့၏။

ချီနှင့်သွေးတို့က အဆုံးမသတ်နိုင်အောင် မြင့်တက်လာခဲ့သည်။ ပြင်းထန်သည့် တိုက်ပွဲ ရှိနေလင့်ကစား ရွှီယန်ဟာသည် စွမ်းအင်ကုန်ခမ်းခြင်း မရှိဘဲ နေနိုင်၏။

မည်သည့် ချီနှင့်သွေးစွမ်းအင်တို့ လျော့နည်းမှု  သို့မဟုတ် မည်သည့် လေးလံမှုတို့ကိုမှ ခံစားရခြင်း မရှိပါ။

"အဟွတ် အဟွတ်..."

ရွှယ့်ဝူရှင်းက စတင်  ချောင်းဆိုးလာ၏။ ခန္ဓာကိုယ်အတွင်းရှိ အားအင် ခမ်းခြောက်သည့် ခံစားချက်က ပိုမိုပြင်းထန်လာခဲ့၏။ သူ၏ ဒဏ်ရာများကို ပြန်လည် ထကြွလာစေသည်။ စွမ်းအင်တို့ လျှင်မြန်စွာ ဆက်လက်ကုန်ဆုံးနေ၏။

အောက်ရှိ တိုက်ခိုက်လိုစိတ် အပြည့်နှင့် ရှိနေသည့် ရွှီယန်ကို ကြည့်လိုက်လျှင်တော့.. အားမာန်အပြည့် တစ်ချက်ပြီးတစ်ချက် ရိုက်ထုတ်နေသည့် လက်ဝါးများနှင့် မည်သည့် အားနည်းခြင်း သို့မဟုတ် စွမ်းအင်ကုန်ခမ်းခြင်း လက္ခဏာရပ်ကိုမှ တွေ့ရခြင်း မရှိပါ။

ရွှယ့်ဝူရှင်း၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။ အမှန်တကယ် အားအင်ကုန်ခမ်းမည့်သူမှာ သိုင်းသခင်တစ်ယောက် ဖြစ်သည့် သူသာလျှင် ဖြစ်ပေလိမ့်မည်။

သူသည် ဒဏ်ရာ ရရှိထားပေမယ့် သိုင်းသခင်တစ်ယောက် ဖြစ်နေသေး၏။ ဒီစွန့်ပစ်ဒေသတွင်  အဘယ်ကြောင့် ယခုကဲ့သို့ သဘာဝမကျသည့် တည်ရှိမှုတစ်ခု ရှိနေရသနည်း။

God Genzo:

All Chapters