← Chapters

အကျိုးအမြတ်များ ရရှိခြင်း၊ ရွှယ့်ဝူရှင်း၏ ထိတ်လန့်မှု

Vol. 5 Ch. 75

အကျိုးအမြတ်များ ရရှိခြင်း၊ ရွှယ့်ဝူရှင်း၏ ထိတ်လန့်မှု

Vol. 5 Ch. 75

ရွှယ့်ဝူရှင်းသည် မကျေနပ်မှု၊ ဆန္ဒမရှိမှုနှင့် ဒေါသတို့ကို ခံစားနေရ၏။ သို့ပေမယ့် သူ့အနေနှင့် ဆက်လက်တိုက်ခိုက်လို့ မဖြစ်ကြောင်းအား သိပါသည်။

မဟုတ်ပါက နောက်ဆုံးတွင် အားအင်ခမ်းခြောက်ကာ သေဆုံးရမည့်သူမှာ သူသာလျှင် ဖြစ်နေမှာပါ။

'ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီး.. ခွန်အားအပြည့် ပြန်ရလာရင် ပြန်သတ်ဖို့ လာခဲ့မယ်..'

ရွှယ့်ဝူရှင်းက အောက်ရှိ ရွှီယန်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်သည်။

'စွမ်းအင်ကုန်ဆုံးမှုက အရမ်းကို ကြီးမားလွန်းတယ်။ ငါအနီးအနားက မြို့နယ်တစ်ခုကို သွားပြီး သွေးစတေးမှု ပြုလုပ်ပြီး အနားယူမှုအချို့ လုပ်ရမယ်..'

ထိုကဲ့သို့ စဉ်းစားပြီးနောက် ရွှယ့်ဝူရှင်းက နောက်ဆုံးဓားချက်ကို ခုတ်ပြီး တိုက်ပွဲပြင်မှ အဝေးသို့ ချက်ချင်းပျံသန်းသွား၏။

"မပြေးနဲ့... ဆက်ပြီးတိုက်လေ.."

ရွှီယန်က မြေပြင်ပေါ်မှ အရူးအမူး လိုက်၏။ သူက ကျေနပ်မှု မရှိသေးပါ။

ယခုတိုက်ပွဲသည် သူ့အတွက် ပိုမိုတိုက်ခိုက်လေလေ  နားလည်သဘောပေါက်မှုတို့ ပိုမိုရလာလေ ဖြစ်၏။  ရုတ်တရက် သိုင်းသမားတစ်ယောက် ဟူသည် တိုက်ရန်ခိုက်ရန် လိုအပ်ကြောင်းကို နားလည်လာခဲ့သည်။

မတိုက်ခိုက်သည့် သိုင်းသမားက အနာဂတ်မရှိပေ။

'အဲ့ဒီ့ဘက်က ယွင်ရှန်းမြို့ငယ်ပဲ။ သူကဘာလို့ ယွင်ရှန်းကို သွားရတာလဲ။ ဆရာက အဲ့ဒီ့မှာ ရှိတာကို..'

မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ရွှယ့်ဝူရှင်း၏ ပုံရိပ်ကိုကြည့်ကာ ရွှီယန်က ပဟေဠိဖြစ်သွားသည်။ ရွှယ့်ဝူရှင်း ဦးတည်သွားသည့်အရပ်မှာ အမှန်တကယ်ကို ယွင်ရှန်းမြို့ငယ် ဖြစ်၏။

မုန့်ချုံ၏ တစ်နေ့ပြီး တစ်နေ့ ကြီးထွားလာသည့် ခွန်အားကိုကြည့်ကာ လီရွှမ်တစ်ယောက် အလွန် ကျေနပ်နေ၏။ ဒုတိယတပည့်မှ ယူဆောင်လာမည့် အကျိုးအမြတ်များကို မျှော်လင့်နေမိသည်။

ပြောရလျှင် မုန့်ချုံ၏ ပါရမီက အမှန်တကယ်ကို ကောင်းမွန် လှပါသည်။ အထူးသဖြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ်တွင် ဖြစ်၏။

ယခုကဲ့သို့ အချိန်တိုအတွင်းတွင် အရိုးများကို ကြေးအဆင့်သို့ သန့်စင်ပြီးဖြစ်ကာ ရွှေအဆင့် နှင့် ဝေးကွာခြင်း မရှိတော့ပေ။

သို့ရာတွင် ကြေးအရိုးမှ ရွှေအရိုးသို့ ပြောင်းလဲမှုတွင်  အတားအဆီးတစ်ခု ရှိ၏။ ဤသည်ကို ချိုးဖြတ်ရန် လိုအပ်နေပါသည်။

မုန့်ချုံအတွက် ရွှေအရိုး၏ အတားအဆီးမှာ မည်သည်မှ မဟုတ်ကြောင်းကို လီရွှမ်အနေနှင့် ယုံကြည်ချက်ရှိပါသည်။

သို့ပေမယ့် စစ်မှန်သည့် စိန်ခေါ်မှုက ဗာဂျရာစိန်အရိုးကို ပြောင်းလဲချိန်တွင် ပေါ်လာမှာ ဖြစ်၏။

'အခုဆိုရင် ငါက မူလအဆင့်ကို ရောက်နေပြီးပြီ။ ငါ့ရဲ့ဒုတိယ တပည့်ကတော့ ချီနဲ့သွေးအဆင့်မှာပဲ ရှိသေးတယ်။ ငါ့ရဲ့ ခွန်အားအဆင့်ကို မြှင့်တင်ပေးဖို့ အကူအညီဖြစ်ပါ့မလား..'

လီရွှမ်က အတွေးနက်သွား၏။

ဗာဂျရာစိန်အရိုးကတော့ သေချာပေါက် အကူအညီ ဖြစ်မှာ.. ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကလည်း ငါ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးဖို့  အကူအညီဖြစ်လောက်မှာ..

သိုင်းပညာ၏ ပင်ရင်းလမ်းစဉ်နှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်တို့နှစ်ခုကို တစ်ခုတည်း ပေါင်းစည်းပြီးနောက် သူသည်မည်မျှ သန်မာလာမည်နည်း။

လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

ဒီအတောအတွင်းတွင် ရှီအာလည်း ကျင့်ကြံခြင်း၌ တိုးတက်မှုအချို့ ဖြစ်ပွားခဲ့၏။ အရေပြားကို သန့်စင်ခြင်းပင်လျှင် စတင်ခဲ့ပါပြီ။

သူသည် အစကတည်းက သိုင်းလောကရှိ လူများအကြားတွင် ထိပ်တန်းပုံရိပ်တစ်ခု ဖြစ်ကာ အရေပြား သန့်စင်ခြင်း ဖြစ်စဉ်က သူ့အတွက် ခက်ခဲခြင်း မရှိပေမယ့် ရွှီယန်နှင့် မုန့်ချုံတို့ထက် နှေးကွေးလှပါသည်။

'ရှီအာက အရမ်းကြီး မအိုမင်းသေးဘူး။ အသက်၃၀လောက်ပဲ ရှိသေးတယ်။ ဒီအသက်အရွယ်နဲ့ သိုင်းလောကမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တာ သူ့ရဲ့ပါရမီကို ပြသနေတယ်..'

လီရွှမ်က သူ၏အစေခံဖြစ်သူနှင့် ပတ်သက်ပြီး  အလွန်ကျေနပ်သွား၏။ တစ်ဖက်လူသည် တာဝန်များကို လုပ်ဆောင်ရာတွင် စိတ်ချရပြီး ချက်ပြုတ်ခြင်း စကေးက အထူးကောင်းမွန်သည်။

သူ့အနေနှင့် စားသောက်ခြင်းမပြုဘဲ အသက်ရှင်နိုင်လျှင်တောင် အရသာရှိသည့် စားဖွယ်များကို  မြည်းစမ်းလိုဆဲဖြစ်သည်။

ယခုအချိန်၌ ရှီအာက ကြက်ဝယ်ရန် ထွက်ခွာသွား၏။ မုန့်ချုံက ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး လီရွှမ်က ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပါသည်။

ရုတ်တရက်...

"သင်၏တပည့် ရွှီယန်သည် ပြင်းထန်သည့် တိုက်ပွဲအလယ်တွင် တယ်လီပို့ခြင်း အတတ်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် တယ်လီပို့ခြင်း အတတ်ကို ပြည့်စုံစွာ တတ်မြောက်လာခဲ့သည်.."

ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းပင် လီရွှမ်၏ စိတ်ထဲ၌ သဘာဝတရား၈ပါး ပုံကြမ်းက ပေါ်လာခဲ့သည်။ သူက တယ်လီပို့ခြင်းအတတ်ကို ပြည့်စုံခြင်းအဆင့်အထိ တတ်မြောက်သွား၏။

လီရွှမ်တစ်ယောက် ချက်ချင်း မတ်တပ်ထရပ်မိသည်။

"ဘာဖြစ်တာလဲ.."

ရွှီယန်က ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာ တယ်လီပို့ခြင်းအတတ်ကို နားလည်သဘောပေါက် သွားသည်လား....

ပြင်းထန်သည့် တိုက်ပွဲက မည်သည့်နေရာမှ လာသနည်း။ လက်ရှိ ရွှီယန်၏ ခွန်အားနှင့် ချီနိုင်ငံတွင် ပြိုင်ဘက်ကင်းလောက်ပါသည်။ စစ်သည်ထောင်ချီတို့အား ရင်ဆိုင်ရလျှင်တောင် သူ့အတွက် ပြင်းထန်သော တိုက်ပွဲတစ်ခုဟု ဆိုဖွယ်ရာ မရှိပါ။

ဆိုလိုသည်ကား လက်ရှိအချိန်၌ သူ၏တပည့်သည်  စွမ်းအားကြီး ရန်သူတစ်ယောက်နှင့် ကြုံတွေ့နေ၏။

'ဒီလောကရဲ့ စစ်မှန်တဲ့ သိုင်းပညာရှင် တစ်ယောက်လား။ ဒါမှမဟုတ် မီးတောက် လည်ဆံမွှေးဝံပုလွေလို သားရဲတစ်ကောင်များလား..'

လီရွှမ်က စဉ်းစားသည်။

'ရွှီယန် အန္တရာယ်များ ကျရောက်နေမလား..'

တယ်လီပို့ခြင်းအတတ်ကို  နားလည်သဘောပေါက်သည်ဟူသည့် ဆိုလိုခြင်းမှာ သိသားစွာပင် သူ၏ တပည့်ဖြစ်သူသည် တိုက်ပွဲအတွင်းတွင် အရေးနိမ့်သည့် အခြေအနေအား  ရင်ဆိုင်ခဲ့ရမှာ ဖြစ်၏။

အရေးကြီးသည့် အခြေအနေတွင်  အန္တရာယ်၏ လှုံ့ဆော်မှုဖြင့် နားလည်သဘောပေါက်သွားတာ ဖြစ်ပေလိမ့်မည်။

ဒီတယ်လီပို့ခြင်း အတတ်မှာ သဘာဝတရား၈ပါး ပုံကြမ်းကို အခြေခံကာ အထူး ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အသုံးပြုသူအား လျှပ်တစ်ပြက် နေရာပြောင်းရွှေ့ကာ ရှောင်တိမ်းခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်စေနိုင်သည်။

တိုက်ပွဲအတွင်းတွင် ၎င်းသည် ဘဲငန်းလှုပ်ရှားမှုအတတ်ထက် ပိုမို အသုံးဝင်လှ၏။ ဤသည်မှာ  ခန္ဓာကိုယ်လှုပ်ရှားမှုအဆင့်မှ ကျော်လွန်သွားပြီး ဖြစ်သည်။

လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီး ခွန်အားတို့ ပိုမို ကြီးထွားလာပါက တယ်လီပို့အတတ်လည်း ပိုမိုပိုမိုကာ အားကောင်းလာမှာ ဖြစ်သည်။

"ပြင်းထန်သည့် တိုက်ပွဲအကြားတွင် သင်၏တပည့် ရွှီယန်သည် သူ၏ နဂါးနိုင်လက်ဝါးသိုင်းကို အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။ သင်၏ နဂါးနိုင်လက်ဝါးသိုင်းသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားသည်.."

ရွှေလက်ချောင်းက နောက်ထပ် တန်ပြန်အကျိုးပြုမှုကို ပေးလာခဲ့၏။

'နဂါးနိုင်လက်ဝါးသိုင်းကို  ပြီးပြည့်စုံခြင်းအဆင့်ကို တတ်မြောက်သွားတယ်..'

လီရွှမ်တစ်ယောက် မနေနိုင်ဘဲ စိတ်ပူစွာ ခံစားလာရသည်။ ရွှီယန်သည် စွမ်းအားကြီးမားသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရတာ ဖြစ်ပေလိမ့်မည်။

ပထမဆုံး တယ်လီပို့ခြင်း အတတ်ကို နားလည်သဘောပေါက်လာပြီးနောက် တိုက်ပွဲအတွင်းတွင်  နဂါးနိုင်လက်ဝါးသိုင်းကို ဆက်လက် မြင့်တက်စေခဲ့၏။

'မဖြစ်တော့ဘူး။ ငါသွားပြီးတော့ အခြေအနေကို စစ်ဆေးကြည့်ဖို့ လိုအပ်တယ်..'

သူသည် ရွှီယန်၏ လုံခြုံရေးအတွက် စိုးရိမ်နေမိသလို  တိုက်ပွဲ၏ လှုံ့ဆော်မှုဖြင့် ဆက်တိုက် အဆင့်ချိုးဖျက်မှုများ ပြုလုပ်နိုင်သည့် ရွှီယန်၏ ပါရမီအပေါ်လည်း အံ့သြအထင်ကြီး နေမိသည်။

အမှန်တကယ်ပင် သိုင်းသမားများသည် တိုက်ပွဲကိုလိုအပ်၏။ မည်ကဲ့သို့ တိုက်ခိုက်ရန် နားမလည်သည့် သိုင်းသမားတစ်ယောက်မှာ စစ်မှန်သည့် သိုင်းသမားမဟုတ်ပေ။

"သင်၏တပည့် ရွှီယန်သည် သန်မာသည့် ရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေ၏။ တိုက်ပွဲမှတစ်ဆင့် သူ၏တိုက်ခိုက်ရေး အတွေ့အကြုံတို့ ကြီးစွာ မြင့်တက်လာခဲ့သည်။ သင်၏ ကိုယ်ပိုင် တိုက်ပွဲ အတွေ့အကြုံလည်း မြင့်တက်လာခဲ့၏.."

ရွှေလက်ချောင်းက တစ်ဖန် အကျိုးပြုမှုများကို ဆက်လက်ပေး၏။ သူ၏ စိတ်ထဲတွင် တိုက်ခိုက်ခြင်း အသိစိတ်တစ်ခု နိိုးထလာသည့် ပုံပါ။

သူ၏ တိုက်ခိုက်မှု အတွေ့အကြုံက ချက်ချင်းပင် ကြီးစွာမြင့်တက်လာခဲ့၏။

'သုံဟယ်ကို  သွားရမယ်..'

လီရွှမ်က တုံ့ဆိုင်းခြင်းမရှိဘဲ လေထဲသို့ မြောက်တတ်သွားပြီး ချက်ချင်းပင် ကောင်းကင်၌ ပျောက်ကွယ်သွားသည်။

ကျင့်ကြံနေသည့် မုန့်ချုံက ရုတ်တရက် အံသြသွား၏။ သူ၏ဆရာသည် ရုတ်တရက် အဝေးသို့ ပျံသန်းသွားလေသည်။ မျက်စိတမှိတ်အတွင်းတွင် ပျောက်ကွယ်သွား၏။

ထိုအမြန်နှုန်းမှာ ကြောက်စရာ ကောင်းလှသည်။

'မူလအဆင့် သိုင်းသမားတွေက လေကိုထိန်းချုပ်ပြီး  မိုင်၁၀၀ကို ချက်ချင်း ပျံသန်းနိုင်ကြတယ်။ ဆရာက မူလအဆင့်ရဲ့ သိုင်းသမားတစ်ယောက်လား..'

'မဟုတ်ဘူး။ အဲ့လိုမဟုတ်လောက်ဘူး..'

'ဆရာ့ရဲ့အဆင့်က သေချာပေါက် မူလအဆင့်ထက် အများကြီး သာလွန်နေမှာ။ စီနီယာအကို ပြောဖူးတာက  ဆရာက လျှို့ဝှက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်တဲ့..'

'သူ့ရဲ့အဆင့်က အရမ်းကို မြင့်မားပြီး တည်ရှိနေတဲ့ သိုင်းပညာအဆင့်တွေ အားလုံးကို ဖြတ်ကျော်ပြီးလို့  တာအိုနဲ့နီးကပ်တဲ့ တည်ရှိမှု တစ်ခုတောင် ဖြစ်လာနေပြီးပြီတဲ့..'

မုန့်ချုံသည် ရုတ်တရက် စိတ်လှုပ်ရှားမှုကို ခံစားလာရပြီး သွေးသစ်လောင်းသကဲ့သို့ အားမာန်တို့ တက်ကြွလာခဲ့သည်။

'ငါအမြန်ဆုံး စတင်ခြင်း အဆင့်ကို ဝင်ရောက်ချင်တယ်..'

သူက ပိုမိုပိုမိုကာ ဇွဲလုံ့လထားကာ ကျင့်ကြံလာ၏။

နေမင်း၏ ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။ သူသည် နေ၏ သန့်စင်ပေးမှုကို ခံရသည့်အလား ရှိနေပြီး ကြေးအရိုးများက တဖြည်းဖြည်းနှင့် ပိုမို ပြည့်စုံလာခဲ့သည်။

လီရွှမ်က လေထဲတွင် ပျံသန်းနေ၏။ ဤသည်မှာ  မူလအဆင့်ကို ချိုးဖျက်ပြီးနောက် သူ၏ ပထမဆုံးအကြိမ် လေ၌ ပျံသန်းခြင်း ဖြစ်သည်။

'သိုင်းသမားတွေက တကယ်ပဲ အံ့သြဖို့ကောင်းတယ်။ ငါ့ရဲ့ဘဝတာ နှစ်ခုမှာ ပထမဆုံးအကြိမ် ပျံသန်းနိုင်ခဲ့ပြီ..' လီရွှမ်က ခံစားချက်မြင့်စွာ  စဉ်းစား၏။

သူ၏ လက်ရှိခွန်အားနှင့် မြန်နှုံးအပြည့် ပျံသန်းပြီးနောက် မကြာခင်တွင် သုံဟယ်သို့ ရောက်ရှိလာခဲ့၏။

All Chapters