← Chapters

ရှေးဟောင်းစစ်မြေပြင်

Vol. 018 Ch. 1738

ရှေးဟောင်းစစ်မြေပြင်

Vol. 018 Ch. 1738

ရှန်လော့ရွှီရောက်လာခြင်းက ရှန်ကလန်အပါအဝင် တခြားသော လူများ၏အာရုံစိုက်မှုကို ရရှိစေသည်။

ရှန်ကလန်ကို ဦးဆောင်လာသူကား သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးဖြစ်သည်။ ထိုနေရာတွင်ရပ်နေရုံမျှဖြင့် သူ့ထံမှ ကြီးမားသော ဩဇာအရှိန်အဝါကို ရနေ၏။ သူသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ထားကာ သူ့နဖူးမှ ပြင်းထန်သော အင်အားတစ်ခုကို ခံစားကြရ၏။ သေသေချာချာကြည့်ပါက သူနှင့် ရှန်လော့ရွှီတို့သည် ရုပ်ချင်းဆင်၏။

ရှန်ကလန်၊ ရှန်လော့ချွမ်။

ရှန်လော့ရွှီ၏အစ်ကို၊ ရှန်ဟောက်၏အဘိုး။

ရှန်ဟောက်ကား ဖေးရွှီနှင့် မျိုးဆက်တူဖြစ်သည်။

ရှန်လော့ချွမ်၏အကြည့်က ရှန်လော့ရွှီထံသို့ ရောက်လာကာ မေးသည် “ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အဆင်ပြေရဲ့လား…”

ရှန်လော့ရွှီက သူ့အား ထူးမခြားနားစွာ ကြည့်သည်။ သူမက မည်သို့မှ ပြန်မပြောပေ။

သူမက ထိုအဖြစ်ဆိုးကြီးကို ရင်ဆိုင်ရစဉ်က မည်သူမှ သူမဘက်တွင် ရှိမနေခဲ့ကြ။ အားလုံးက ရှန်ကလန်၏သဘောဆန္ဒအတိုင်း လိုက်နာခဲ့ကြ၏။ ထိုအထဲတွင် သူမ၏အစ်ကိုလည်း ပါဝင်ခဲ့ကာ တိုက်ပွဲတွင်ပင် ပါဝင်ပတ်သက်ခဲ့သေးသည်။

ထို့ကြောင့် ရှန်လော့ရွှီအတွက်မူ မိသားစုပတ်သက်မှုဆိုသည်မှာ မရှိတော့။ သူမ၏သမီး သေဆုံးသွားကတည်းက သွေးအေးရက်စက်သော ထိုမိသားစုပတ်သက်မှုသည် သူမ၏စိတ်နှလုံးထဲတွင် ပျောက်ပျက်သွားပြီးဖြစ်သည်။

ထို့ကြောင့် သူမအနေဖြင့် ရှန်လော့ချွမ်ကို အနည်းငယ်မျှပင် အရေးမစိုက်တော့။ သူမ၏ကျင့်ကြံခြင်းအဆင့်တွင် စိတ်နှလုံးသည် အလွန်ခိုင်မာပြတ်သား၏။ သူမက တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးပါက မည်သည့်အရာကမှ ပြောင်းလဲရန် မဖြစ်နိုင်။

တခြားအင်အားစုများက သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်ကြသည်။ ရှန်ကလန်မှ သည်နှစ်ယောက်သည် ပြိုင်စံရှားများဖြစ်ကြကာ နာမည်ကျော်ကြား၏။ အတိတ်မှ အဖြစ်ဆိုးသည်သာ မရှိခဲ့လျှင် သူတို့လက်ထက်တွင် ရှန်ကလန်သည် ပိုမို၍ ကြီးကျယ်ခန်းနားပေလိမ့်မည်။

သို့သော်လည်း ‘ခဲ့လျှင်…” ဟူသည် မရှိပေ။

ရှန်ကလန်၏သွေးအေးရက်စက်သော ဆုံးဖြတ်ချက်က ယနေ့ အခြေအနေကို ဖြစ်လာစေခဲ့သည်။

“ဆရာတော်ပုတောက်…” ရှန်လော့ရွှီက ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးကို လှမ်းကြည့်ကာ နှုတ်ဆက်သည်။ ဆရာတော်ပုတောက်ကလည်း လက်နှစ်ဘက်ကို ပူးကပ်ကာ ပြန်နှုတ်ဆက်သည် “ဒကာမလော့ရွှီ…”

“တောင်တန်းဘုံက ကျင့်ကြံသူတွေဟာ ငရဲတံခါးနဲ့ပတ်သက်ပြီးတော့ အသိဆုံးဖြစ်မယ်ထင်တယ်။ ငရဲတံခါးရဲ့ ရည်ရွယ်ချက်ကို ဆရာတော် ရိပ်မိပါသလား…”

ရှန်လော့ရွှီ၏အမေးကို ဆရာတော်ပုတောက် နားလည်ပေသည်။

ငရဲတံခါးက ဘုံကိုးခုမှ အင်အားစုများကို တမင်တကာ သည်နေရာသို့ ကြံစည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ကျုပ်က တောင်အောက်ကို မဆင်းခင် ဂိုဏ်းအုပ်ဆရာတော်က အရာအားလုံးဟာ ကိုယ်ပိုင်ကံကြမ္မာရှိပြီးတော့ ဖြစ်လာမယ့်အရာတွေက တားဆီးလို့ မရနိုင်ဘူးလို့ ပြောခဲ့တယ်” ဆရာတော်ပုတောက်က ပြုံးလျှက်ပြောသည်။ ထျန်ရှင်းဘုန်းတော်ကြီးကျောင်း၏ဂုဏ်းအုပ်ဆရာတော်သည် စစ်မှန်သော လမ်းစဉ်ကို နားလည်ပြီးသော ဗုဒ္ဓအရှင်ဟု နာမည်ကျော်ကြားသည်။ သူ၏အစွမ်းများမှာ အကန့်အသက်မဲ့ပြီး တခြားလူများ မမြင်နိုင်သည်များကို မြင်နိုင်၊ နားလည်နိုင်ပေသည်။

ထျန်ရှင်းဘုန်းတော်ကြီးကျောင်းက ထိုသို့သော အမြင်ရှိသည်ဆိုပါက အဖြစ်အပျက်များမှာ အမှန်တကယ် တားဆီးရန် ဖြစ်နိုင်မည် မထင်ရတော့။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ငြိမ်းချမ်းနေသော ဘုံကိုးခုသည် မကြာခင် စိန်ခေါ်မှုကာလတစ်ခုကို ဖြတ်ကျော်ရနိုင်၏။

“ဒကာမဆိုလိုတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ဒကာမသာ ဝင်မစွက်ဖက်ရင် ကျုပ်လည်း ဝင်မစွက်ဖက်ဘူး။ ဒါဆိုရင်တောင်မှ တစ်လောကလုံးက ကျင့်ကြံသူတွေကို ကျုပ်တို့နဲ့အတူ ဝင်မစွက်ဖက်ဖို့ တိုက်တွန်းမရနိုင်ဘူးမလား” ဆရာတော်ပုတောက်က ပြောသည် “ဒီလိုဆိုမှတော့ ကျုပ်တို့က ထိပ်တိုက်မရင်ဆိုင်သင့်ဘူးလား…”

ဘုံကိုးခုတွင် ထိပ်သီးအင်အားစုများစွာ ရှိပေသည်။ သူတို့က ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဘေးထွက်နေလျှင်ကော ထိုအင်အားစုများကို ပါဝင်ပတ်သက်ခြင်းမှ တားဆီးနိုင်ပါမည်လော။

“ဆရာတော်ပြောတာ မှန်တယ်…” ရှန်လော့ရွှီက မည်သို့မှ မပြောတော့။ သည်အဖြစ်အပျက်များအားလုံးကို ရပ်တန့်နိုင်သည်မှာ အင်အားစုတစ်ခုတည်းသာ ရှိသည်။

နတ္တိအင်ပါယာနန်းတော်သည် မဟာအင်ပါယာ၏အုပ်ချုပ်မှုအောက်တွင် ရှိသည်။ သူတို့က နေ့စဉ်အဖြစ်အပျက်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့်တိုင် သတင်းအချက်အလက်များကတော့ ရှိသည်သာ။

ယခု နတ္တိအင်ပါယာနန်းတော်ကိုယ်တိုင်က ရောက်လာခြင်းမရှိရာ၊ ဆိုလိုသည်က သူတို့သည် ဖြစ်ပျက်နေသည်များကို တိတ်ဆိတ်စွာ ခွင့်ပြုပေးနေသည့်သဘောလား။

“အထဲကို ဝင်ရအောင်…”

ဆရာတော်ပုတောက်က ထူးထူးထွေ‌ထွေမပြောတော့ဘဲ လက်နှစ်ဘက်ကို အုပ်မိုးလိုက်ကာ ရှေ့ကို တက်သွားသည်။ ရုတ်တရက် ရွှေဝါရောင်အလင်းများ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့၏။ သူ၏ပိန်ပါးသော ခန္ဓာကိုယ်သည် ဗုဒ္ဓအရှင်၏အသွင်သို့ ပြောင်းလဲသွားပြီး မြစ်ဝါမြစ်တံခါးသို့ တည်ငြိမ်စွာ လှမ်းသွားသည်။

ဗုဒ္ဓအလင်းများ ထိတွေ့မိသော နေရာတိုင်းမှာ မြစ်ဝါမြစ်၏ဖျက်ဆီးခြင်းစွမ်းအားများကို တားဆီးကာကွယ်ပေး၏။ ထို့နောက်တွင် ဆရာတော်ပုတောက်သည် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

သည်မတိုင်ခင်က ဆရာတော်ပုတောက်ကို ဦးဆုံးဝင်ရောက်ရန် တိုက်တွန်းပြောဆိုခဲ့ရာ ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ လူများကို သဘောမကျဖြစ်စေခဲ့၏။ သို့သော်လည်း အဆုံးသတ်တွင် ဆရာတော်ပုတောက်သည်သာ မြစ်ဝါမြစ်တံခါးကို ဦးဆုံးဖြတ်ကျော်ရန် ဖြစ်လာခဲ့၏။

ဗုဒ္ဓတရားသံအချို့ ညီညာစွာ ထွက်ပေါ်လာခဲ့၏။ ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ကိုယ်တော်များ ဗုဒ္ဓအလင်းများ ထုတ်လွှတ်ကာ ရှေ့ကို တက်သွားကြသည်။ ထိုအထဲတွင် ကွေ့ကျန်းလည်း ပါဝင်သည်။

မကြာခင် ထျန်ရှင်းဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးများအားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

“သွားရအောင်…” ရှေ့မှ တစ်ဖွဲ့က ဦးဆောင်ကာ ဝင်သွားမှတော့ တခြားလူများကလည်း အနည်းငယ် ယုံကြည်မှု ရှိလာကြသည်။

ထို့ကြောင့် လူအများအပြားက စတင်၍ ရှေ့ကို တက်သွားကြသည်။

တစ်ခြားလူများ လှုပ်ရှားသည်ကို မြင်သော်လည်း ရီဖူရှင်းကား အလျင်မလို။ ထျန်ရှင်းကျောင်းတော်သည်လည်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။

“အား…” ထိုအခိုက်တွင် ကျယ်လောင်စွာ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။ ကျင့်ကြံသူတစ်ဦးသည် သူထုတ်လွှတ်ထားသော မီးတောက်များ မှေးမှိန်သွားကာ တဖြေးဖြေး အနက်ရောင်အငွေ့များ ဝါးမျိုလာသည်ကို တွေ့ရ၏။ မကြာခင် သူ့ခန္ဓာကိုယ်သည် မြစ်ဝါမြစ်ထဲကို နစ်ဝင်ပျောက်ကွယ်သွားတော့သည်။

“သတိထား…” ထိုမြင်ကွင်းကို တွေ့ကာ လူတိုင်းက ထိတ်လန့်သွားကြတော့သည်။

တချို့က လမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ၏။

“ရာရာ… ချင်းယောင်ကို ကာကွယ်ပေး…” ရီဖူရှင်းက ဘေးမှ ရာရာကို ပြောသည်။

ရာရာသည်လည်း အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းထားသူဖြစ်ရာ မြစ်ဝါမြစ်၏တိုက်ခိုက်ခြင်းမှာ ကောင်းစွာ ကာကွယ်ပေးနိုင်ပေသည်။

“သွားရအောင်…”

ရီဖူရှင်းက ပြောသည်။ ထို့နောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများ စတင်လှုပ်ရှားကြတော့သည်။

ရီဖူရှင်းသည် မြစ်ဝါမြစ်ထဲကို ဝင်ရန် မည်သည့်စွမ်းအားမှ ထုတ်လွှတ်ခြင်းမရှိပေ။ သူက ဖျက်ဆီးခြင်းစွမ်းအားများကို သည်အတိုင်း သူ့ခန္ဓာကိုယ်သို့ တိုက်စားခွင့်ပေးထားသည်။ အနက်ရောင်စွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာကာ သူ၏အသက်ဓာတ်များကို စတင်တိုက်စားကြ၏။

သို့သော်လည်း ရန်ဟောင်တန်ခိုးရှင်များ၏ခန္ဓာကိုယ်မှာ မဟာလမ်းစဉ်စွမ်းအား၏သန့်စင်ခြင်းကို ခံထားပြီးသူများဖြစ်ပြီး သဘာဝအားဖြင့် ခံနိုင်ရည်စွမ်းအားမြင့်ရာ မြစ်ဝါမြစ်သည် သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။ သူက သည်အတိုင်း ဂိတ်တံခါးသို့ လှမ်းသွားလိုက်သည်။

ရာရာက ချင်းယောင်ကို ဓားစွမ်းအားဖြင့် ရစ်ပတ်ကာ မြစ်ဝါမြစ်အတွင်းသို့ ခေါ်ဆောင်သွား၏။

“ဆရာကျလိုက်တာ…” မြစ်ဝါမြစ်ကမ်းနံဘေးမှ မရေမတွက်နိုင်သောလူများက ထိုမြင်ကွင်းကို တအံ့တဩ ကြည့်ကြ၏။ မြစ်ဝါမြစ်ထဲကို ရီဖူရှင်း ဝင်ရောက်သောနည်းလမ်းမှာ လူအများ တတ်နိုင်သော ကိစ္စမဟုတ်ပေ။ သူနှင့်အဆင့်တူတွင် မည်သူမှ ထိုသို့ မလုပ်နိုင်။

ပိုမိုကြီးမားသော စွမ်းအားပိုင်ရှင်များသာ ထိုသို့ လုပ်နိုင်လောက်ပေသည်။

“သူက နတ်ဝင်ရိုး အဆင့်(၆)၊ အလယ်အလတ်ရန်ဟောင်ကို သတ်ဖြတ်နိုင်တဲ့သူပဲ…” နောက်တစ်ယောက်က ပြောသည်။ ရွှယ်ယူမြို့တိုက်ပွဲသတင်းကို လူတိုင်း သိပြီးဖြစ်သည်။

ရီဖူရှင်းက မည်သို့စွမ်းဆောင်နိုင်သည်ဖြစ်စေ၊ သူသည် အလယ်အလတ်ရန်ဟောင်တစ်ပါး၏အမြင့်ဆုံးသော အစွမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်မှာ ထင်ရှားသည်။

အမှန်တကယ်လည်း သူ့တွင် မောက်မာနိုင်ခွင့် ရှိပေသည်။

သို့သော်လည်း သူ၏တကယ့် ကျင့်ကြံခြင်းအဆင့်က လူအများကို အထင်မှား၊ အမြင်မှား ဖြစ်စေသည်။ သူ့အား သာမန် နတ်ဝင်ရိုးအဆင့်(၂) ပိုင်ရှင်ဟု ထင်မြင်သူတိုင်း အမှားကြီး ကျူးလွန်မိပေလိမ့်မည်။

ရီဖူရှင်း၏အပြုအမူကိုမြင်လျှင် ချင်းချီက ပြုံးလိုက်သည်။ သူမကလည်း ရှေ့ကို တက်သွားလိုက်၏။

“နတ်မိမယ်…” အနီးမှ လူများက ထိုမြင်ကွင်းကိုမြင်လျှင် စိုးရိမ်တကြီး လှမ်းခေါ်ကြ၏။

ချင်းချီက သူတို့အား လျစ်လျူရှုထားသည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသော သူမသည်လည်း ရီဖူရှင်းနည်းတူ ပြုလုပ်နိုင်ပေသည်။

အားလုံး၏အကြည့်အောက်တွင် သူမသည် အတွင်းသို့ ဝင်ရောက်သွား၏။

ထို့နောက်တွင် လူအများအပြားက မြစ်ဝါမြစ်တံခါးကို စတင်ဝင်ရောက်ကြ၏။

မကြာခင် ဘုံအသီးသီးမှ အင်အားစုများ အတွင်းသို့ ရောက်သွားကြတော့သည်။

သို့တိုင်အောင် ရွှယ်ယူမြို့တွင် တန်ခိုးရှင် အများအပြား ကျန်ရစ်ပေသေးသည်။ သူတို့က တစ်ယောက်ပြီး တစ်ယောက် မြစ်အတွင်းသို့ ဝင်ရောက်နေကြ၏။ ထိုလူများအားလုံးသည် ရန်ဟောင်အဆင့်များ ဖြစ်ကြသည်။

ရန်ဟောင်အဆင့်ထက်နိမ့်သောသူများကား တခြားလူများ၏အကာအကွယ်မပါဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ချင်းယောင်သည်လည်း မြစ်အတွင်းသို့ ဝင်ရောက်ရန်လိုသည်မှာ သူမ၏အန္တရာယ်များအရ အပြင်တွင် ထားခဲ့၍ မရသောကြောင့်ပင်။

သည်တစ်ကြိမ်တွင် မြစ်ဝါမြစ်တံခါးအတွင်း၌ သေချာပေါက် ပွဲစည်ပေတော့မည်။ တခြားလူများကလည်း အတွင်းသို့ ဝင်ရောက်ကာ ကြည့်ရှုလိုကြ၏။ သို့သော်လည်း သူတို့မှာ အဆင့်မမှီရာ အပြင်မှသာ တိတ်ဆိတ်စွာ ကြည့်နေရတော့သည်။

…

ရီဖူရှင်းတို့က မြစ်ဝါမြစ်တံခါးကို ဖြတ်ကျော်ပြီးနောက်တွင် သူတို့သည် သီးခြားနေရာတစ်ခုသို့ ရောက်လာသည်။

“ဒါက ဘယ်လိုနေရာလဲ…” အားလုံးက စူးစမ်းလေ့လာနေကြသည်။

မြစ်ဝါမြစ်အတွင်း၌ သီးသန့်နယ်ပယ်တစ်ခု ရှိနေသည်။

နယ်ပယ်သည် အဆုံးအစမဲ့ကာ အလင်းအားနည်းပြီး မြေအောက်လောက၏အဆုံးမဲ့သော ညစ်ထေးသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

သူတို့၏ခြေထောက်အောက်တွင်ကား ဖျက်ဆီးခြင်းမဟူရာမီးတောက်များ ရှိနေပြီး တချို့ဆိုလျှင် မတော်တဆ လောင်ကျွမ်းခံရပြီးဖြစ်သည်။

“ကျုပ်တို့က တကယ့်ငရဲကို ရောက်နေတာများလား…” ရီဖူရှင်းဘေးတွင် သောကျောက်က ရေရွက်လိုက်သည်။ သူသည်နေရာကား ခြောက်ခြားစရာကောင်း၏။

“ရှေ့မှာ တောင်တန်းတစ်ခု ရှိတယ်…” ရီဖူရှင်းက အဝေးကို လှမ်းကြည့်သည်။ လူအများအပြားကလည်း လှမ်းကြည့်ကြ၏။ ထိုနေရာတွင်ကား အမှန်တကယ် တောင်တန်းတစ်ခုရှိပြီး မဟူရာမီးတောက်နက်များ စီးကျနေသည်။

သည်နေရာမှာ အများစုအတွက် ကျင့်ကြံခြင်း၌ သင့်တော်ခြင်းမရှိရာ လူအများမှာ စိတ်မသက်မသာဖြစ်ရ၏။ သို့သော်လည်း လျှို့ဝှက်နယ်မြေဘုံမှ လူများမှာ အလွန်တရာ ရင်းနှီးသော ခံစားချက်များကို ရနေကြ၏။ သူတို့အတွက်မူ သည်နေရာက ကျင့်ကြံခြင်း၌ လွန်စွာ သင့်တော်ကောင်းမွန်လှ၏။

ထိုအခိုက်တွင် လူတစ်စု သူတို့ထံသို့ လျှောက်လာ၏။ သူတို့မှာ ရီဖူရှင်းတို့ထက် ရှေ့မှ ဦးဆုံး ဝင်သွားသော တောင်တန်းဘုံမှ ဘုန်းကြီးများဖြစ်သည်။

“ဆရာတော်ပုတောက်တို့က တစ်ခုခုတွေ့မိလား…” လူတစ်ယောက်က လှမ်းမေးသည်။

“စစ်မြေပြင်…” ဆရာတော်ပုတောက်က အနည်းငယ် တွန့်ဆုတ်နေပြီးမှ ဖြေသည်။ အနီးတဝိုက်မှ တန်ခိုးရှင်များအားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ တစ်ယောက်က မေးသည် “ဘယ်လို စစ်မြေပြင်လဲ…”

“ငရဲတံခါး ဖျက်ဆီးခံလိုက်ရတဲ့ စစ်မြေပြင်…” ဆရာတော်ပုတောက်က ပြန်ဖြေသည်။ ထို့နောက်တွင် သူ၏အကြည့်က တစ်နေရာသို့ ရောက်သွား၏။ အားလုံးက လှမ်းကြည့်လျှင် ထိုနေရာတွင် အလောင်းတစ်ခုကို မြင်ကြရသည်။ သူကား အသက်မဲ့နေပြီးဖြစ်ကာ မည်သည့်အချိန်ကာလကတည်းက သေဆုံးနေသည်ကို မသိရပေ။

ထိုအခိုက်တွင် လေထုသည် အနည်းငယ် လေးလံထိုင်းမှိုင်းလာ၏။ မြစ်ဝါမြစ်အတွင်းမှ နယ်မြေသည် တချိန်က စစ်မြေပြင် ဖြစ်နေခဲ့သည်။

ယခင် မျိုးဆက်မှ ဘိုးတော်များအားလုံး ထိုစစ်ပွဲကို ကောင်းကောင်းမှတ်မိကြ၏။ သို့သော်လည်း ငရဲတံခါး ပျက်စီးခြင်း၌ သူတို့ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။ ကောလာဟလများအရ တောင်တန်းဘုံမှ ထိပ်သီးအင်အားစုတချို့ ထိုတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့်လည်း တောင်တန်းဘုံသည် တခြားအင်အားစုများထက် ငရဲတံခါးအကြောင်းကို ပိုသိထားသည်။

ငရဲတံခါးက သည်နေရာတွင် ပေါ်လာလောက်ပေသည်။

***

All Chapters