← Chapters

ကြီးမားလှသော ဗုဒ္ဓရုပ်တု

Vol. 018 Ch. 1739

ကြီးမားလှသော ဗုဒ္ဓရုပ်တု

Vol. 018 Ch. 1739

ကျင့်ကြံသူအားလုံး၏အမူအရာက တင်းမာသွားကြသည်။ ဤတိုက်ပွဲကွင်းပြင်တွင် အတိတ်က မည်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့လေသည်နည်း။

လူမည်မျှသေဆုံးသွားခဲ့ရသနည်း။

ယခု ဤနေရာက ထပ်မံပေါ်ပေါက်လာပြီး သမိုင်းကြောင်းတချို့က ထိုနေရာတွင်မြှုပ်နှံခံခဲ့ရသည်။

တောင်တန်းဘုံရှိ ထျန်ရှန်းကျောင်းတော်မှ ကျင့်ကြံသူများက ရပ်လိုက်ကြသည်။ ဗုဒ္ဓရောင်ခြည်တော်က သူတို့ထံမှထွက်ပေါ်​နေပြီး ထိုမှောင်မိုက်နေသောနေရာအား အလင်းပေးနေသည်။ ကြောက်မက်ဖွယ် ဗုဒ္ဓအလင်းတန်းက ရှေ့၌ထွန်းလင်းလာပြီး မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်အား မြင်လိုက်ကြရသည်။ ထိုမိစ္ဆာကြီး၏နောက်တွင် မရေမတွက်နိုင်သော မိစ္ဆာများက အစွယ်များကိုထုတ်၍ လက်သည်းများဖြင့် ကုတ်ခြစ်နေကြသည်။ ထိုသည်မှာ ငရဲကျနေသောသူများ အသက်ပြန်ရှင်လာသကဲ့သို့ပင်။

ဗုဒ္ဓရောင်ခြည်တော်အောက်တွင် ထိုကြောက်မက်ဖွယ်အရိပ်များစွာက ဆက်တိုက်ဖျက်ဆီးခံနေရပြီး တစစီပြိုကွဲ​နေကြသည်။ ထိုသည်များမှာ ၎င်းတို့၏ခန္ဓာကိုယ်အစစ်အမှန်များမဟုတ်ဘဲ ဤလောက၌ ကျန်ရစ်ခဲ့သော ၎င်းတို့၏ အကြွင်းအကျန်စိတ်အသိများသာဖြစ်ပြီး ဗုဒ္ဓရောင်ခြည်တော်အောက်တွင် မြူမှုန်ပင်မကျန်အောင် သန့်စင်ခြင်းခံနေရသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လူများစွာက တစ်စုံတခုအားနားလည်သွားဟန်ပေါ်ကာ နေရာအနှံ့မှ ကျင့်ကြံသူများက သူတို့၏လှုပ်ရှားမှုအရှိန်ကို မြှင့်တင်လိုက်ကြပြီး ရှေ့မှဦးဆောင်နေသော ထျန်ရှန်းကျောင်းတော်မှ ဆရာတော်များဦးတည်နေသောနေရာသို့ အလျင်အမြန်သွားကြသည်။

ထိုသည်ကိုမြင်ပြီး ရီဖူရှင်းတို့သည်လည်း စဥ်းစားမိလိုက်ကြသည်။ ယခင်က လူတိုင်းသည် ထျန်ရှန်းကျောင်းတော်မှ ဆရာတော်များအား လမ်းကိုဦးဆောင်ပေးရန် မှီခိုအားထားခဲ့ကြသည်။ ယခုမူ သူတို့၌ တခြားအကြံအစည်များ ရှိနေဟန်တူသည်။

"ငါတို့လည်းသွားကြစို့"

ရီဖူရှင်းက ထိုသို့ပြော၍ သူသည်လည်း အရှိန်မြှင့်ကာ ရှေ့သို့ဦးတည်သွားလိုက်သည်။ တခဏအကြာတွင် သူတို့က ထျန်ရှန်းကျောင်းတော်မှ ဆရာတော်များနှင့် သိပ်မကွာတော့ပေ။ ထ်ပ်သီးအင်အားစုအားလုံးကလည်း သူတို့အားမှီလာပြီး နေရာအသီးသီ၏သို့ ဖြန့်ကျက်၍သွားလိုက်ကြသည်။

ဗုဒ္ဓရောင်ခြည်တော်အောက်တွင် ထိုမိစ္ဆာက နောက်သို့တဖြည်းဖြည်းဆုတ်သွားသည်။ သို့သော် ရှေ့တည့်တည့်၌ ခြေချိတ်၍ထိုင်နေသော အရိုးစုတစ်ခုရှိနေလေသည်။ ထိုအရိုးစုက နှစ်ရာစုများစွာကြာသည်အထိ ဆွေးမြေ့ခြင်းမရှိဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာထိုင်နေလေသည်။ သို့သော် ထိုအရိုးစု၌ အသက်ရှိနေသည့်အရိပ်အယောင်လုံးဝမရဘဲ သေခြင်းအငွေ့အသက်များသာ ရစ်သိုင်းနေသည်။ ယင်ဓာတ်အသိများက လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက သေဆုံးနေပြီဖြစ်သော ထိုအရိုးစု၏ဝန်းကျင်၌ ရစ်သိုင်းနေလေသည်။

သို့သော် ကြောက်မက်ဖွယ်ကောင်းသည်က ထိုခြောက်သွေ့နေသောအရိုးစုမှ ထုတ်လွှတ်နေသော ပုံမှန်မဟုတ်သည့် အလင်းရောင်မှာ အမှောင်ထုအလင်းရောင်ဖြစ်နေခြင်းဖြစ်သည်။

ထိုအမှောင်ထုအလင်းရောင်က အလွန်အားကောင်းလှပြီး ရှေးဟောင်းအမှောင်မှော်စာအုပ်က သူ၏ခန္ဓာကိုယ်ထဲ၌ ပျော်ဝင်နေသကဲ့သို့ဖြစ်သည်။ ထိုရှေးဟောင်းအမှောင်မှော်စာအုပ်က စာမျက်နှာများစွာရှိနေဟန်ပေါ်ပြီး ထိုစာရွက်များကြား၌ ခြောက်ခြားဖွယ် အထီးကျန်ဆန်မှုက ပျံ့နှံ့နေလေသည်။

"ဒဏ္ဍာရီထဲက မသေမျိုးနတ်ဝင်ရိုး"

လူအချို့က ထိုအရာဆီသို့ ဦးတည်သွားလိုက်ကြသည်။ ထိုနတ်ဝင်ရိုးသည် သူ၏ပိုင်ရှင်သေဆုံးသွားသည့်တိုင် မပျက်စီးမဆွေးမြေ့ဘဲ ကျန်ရစ်ခဲ့လေသည်။ လူများ၏အမြင်၌ ထိုအရိုးစုသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်အရာထက် လျှို့ဝှက်ဆန်းကြယ်သော ရတနာအဖြစ်သို့ ပြောင်းလဲသွားသည်။

လောဘအရောင်က လူများစွာ၏မျက်လုံးတွင်း၌ လင်းလက်သွားလေသည်။ အထူးသဖြင့် ရွှယ်ယူမြို့မှလူများဖြစ်သည်။ သူတို့အားလုံးက ရှေ့သို့လျှောက်သွား၍ ထိုအရိုးစုနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ သူတို့က ထိပ်သီးအင်အားစုများနှင့် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည်မရှိလျှင်ပင် သူတို့က အလွယ်တကူအလျော့ပေးမည်မဟုတ်ပေ။

"အဲ့ဒီပစ္စည်းက ကျုပ်တို့ လျှို့ဝှက်နယ်မြေဘုံက ကျင့်ကြံသူတွေအတွက် ပိုပြီးသင့်တော်တယ်။ အခုလာနေကြတဲ့လူတွေအနေနဲ့ ဒါကိုရသွားရင်တောင် အသုံးဝင်မှာမဟုတ်ဘူး။ လျှို့ဝှက်နယ်မြေဘုံက ဒါကိုရသင့်တယ်" ထိုအခိုက်တွင် တစ္ဆေနတ်ဘုရားကလန်မှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

သူသာမဟုတ်ပေ...လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးအင်အားစုအားလုံးက အလွန်ပင်ဆွဲဆောင်ခံနေရသည်မှာ သိသာလှပေသည်။ ထိုနေရာတွင်ထိုင်နေသော အရိုးစုမှာ သေချာပေါက်ပင် အလွန်အစွမ်းထက်သည့်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ဟန်တူသည်။

သူ၏စကားများကို ကြားပြီးနောက် မည်သူမျှမတုန့်ပြန်ဘဲ အားလုံးက တိတ်ဆိတ်သွားကြသည်။

ရတနာအားတွေ့ထားပြီဖြစ်ရာ မည်သူကများ အလွယ်တကူလက်လျော့၍ အခြားသူအား လွှဲပေးလိုမည်နည်း။

ထို့အပြင် ဤနေရာ၌ ဘုံကိုးခုလုံးမှ အင်အားစုများအားလုံးနီးပါးရှိနေပြီး ပြည်ထောင်များစွာမှ မင်းမျိုးနွယ်များလည်းရှိနေကြသည်။

အင်အားစုတစ်ခုက သဘောတူလိုက်လျောပေးလျှင်ပင် အခြားအင်အားစုများက သဘောတူပါမည်လော။

"ကျုပ်တို့က ဒီရတနာကို လျှို့ဝှက်နယ်မြေဘုံကို ယူခွင့်ပေးလိုက်ပြီပဲထားပါတော့။ အဲ့ကျ နောက်ပိုင်း တခြားရတနာတွေတွေ့ရင် လျှို့ဝှက်နယ်မြေဘုံက ကျင့်ကြံသူတွေက ကျုပ်တို့နဲ့ယှဥ်မလုတော့ဘဲ အလျော့ပေးမယ်လို့ အာမခံနိုင်လို့လား..." ထိုအချိန်တွင် နေမင်းနန်းတော်မှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်လေသည်။

ယခင်ကဲ့သို့ပင် လျှို့ဝှက်နယ်မြေဘုံမှ အဓိကအင်အားစုများစွာက တိတ်ဆိတ်သွားကြသည်။

သူတို့က ထိုအရာအား အာမခံနိုင်ပါမည်လော။

မည်သူမျှ ထိုကဲ့သို့အာမခံမှုမျိုးအား ပေးဝံ့မည်မဟုတ်ပေ။ သူတို့က ယခုမှ ဤငရဲတိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာခါစဖြစ်သည်။ နောင်တွင်မည်သည့်အရာများဖြစ်ပွားလာမည်ကို မည်သူက သိနိုင်မည်နည်း။

သူတို့က ပိုကောင်း၍ ပိုမိုအင်အားကြီးမားသော အဖိုးတန်ရတနာများနှင့် ကြုံတွေ့ခဲ့ရလျှင် ထိုရတနာအားလက်လျော့နိုင်မည်ဟု ကတိပေးနိုင်ပါ့မည်လော။

သေချာပေါက် မဖြစ်နိုင်ပေ။

"မင်းတို့တွေက တစ်ယောက်မှအဲ့လိုကတိမျိုးမပေးနိုင်ဘူးဆိုရင် စာချုပ်တွေ ဘုံတွေအကြောင်းမေ့ထားလိုက်ကြတာပေါ့။ အဲ့ဒီရတနာက ယူနိုင်တဲ့သူရဲ့အပိုင်ပဲ..." နေမင်းနန်းတော်မှကျင့်ကြံသူက ထူးမခြားနားစွာပြောလိုက်သည်။

လျှို့ဝှက်နယ်မြေဘုံက ဤနေရာအားအပိုင်သိမ်းလိုလျှင် သူတို့က ဤနေရာတွင်ရှိသမျှအရာအားလုံးအား လျှို့ဝှက်နယ်မြေဘုံကို စိတ်တိုင်းကျပိုင်ဆိုင်ခွင့်ပြုနိုင်ပါ့မည်လော။

ဘန်း... ပုံရိပ်တစ်ခုက အနက်ရောင်အရိပ်တစ်ခုအသွင်ဖြင့် လျှင်မြန်စွာရှေ့သို့တက်လာပြီး ထိုင်နေသောအရိုးစုထံသို့ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုကိုပြုလုပ်လိုက်သူမှာ တစ္ဆေနတ်ဘုရားကလန်မှ ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုအရာအား တိုက်ခိုက်အားသုံး၍ ယူဆောင်ရမည်ဆိုလျှင် သူက ပထမဆုံးလှုပ်ရှားမည့်သူဖြစ်ပေသည်။

အုန်း...

ကြောက်မက်ဖွယ် မဟာလမ်းစဥ်ဖိအားက ဆင်းသက်လာပြီး တစ္ဆေနတ်ဘုရားကလန်မှ ကျင့်ကြံသူ၏ အမြန်နှုန်းမှာ ရုတ်တရက်ရပ်တန့်သွားရသည်။ မြူခိုးအဆိပ်ကလန်မှ ကျင့်ကြံသူကရှေ့သို့တက်လာပြီး အလွန်လေးလံသောခြေလှမ်းများဖြင့် ဟင်းလင်းပြင်ကိုဖိနှိပ်၍ တလှမ်းချင်းတက်လှမ်းလာသည်။

လျှို့ဝှက်နယ်မြေဘုံမှအင်အားစုများက အားလုံးထင်ထားသလိုပင် ထိုရတနာအတွက် ယှဥ်ပြိုင်တိုက်ခိုက်ရန် လက်ဦးမှုယူလိုကြသည်။

ဆရာတော်ပုတောက် က သူတို့အားကြည့်လိုက်ပြ သူ၏လက်နှစ်ဖက်ကို ယှက်လိုက်ကာ ဗုဒ္ဓတရားတော်ကိုရွတ်ဖတ်၍ ရှေ့သို့တက်လှမ်းလာသည်။ သူက ကောင်းကင်ထက်မှလျှောက်လှမ်းလာနေပြီး အောက်မှအခြေအနေများကိုလစ်လျူရှုထားလေသည်။

ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားလိုက်ကြသည်။ တခဏအတွင်းတွင် အရိုးစုကိုဗဟိုထား၍ ထိပ်သအင်အားစုများစွာက စတင်ယှဥ်ပြိုင်တိုက်ခိုက်လိုက်ကြပြီး လျှို့ဝှက်နယ်မြေဘုံမှ ထိပ်သီးပြည်ထောင်များသည်လည်း တိုက်ပွဲ၌ ပါဝင်လာကြသည်။

သူတို့က ထိုအရိုးစုမှာ မည်သူ၏အရိုးစုဖြစ်ကြောင်း သိထားကြသည်။

ထိုအလွန်အားကောင်းလှသော ကြောက်မက်ဖွယ်တည်ရှိမှုမှာ လျှို့ဝှက်နယ်မြေဘုံမှပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ခဲ့သည်။ ထိပ်သီးအင်အားစုအားလုံး၏စိတ်ထဲ၌ ထိုပုဂ္ဂိုလ်ကြီးအားကြောက်လန့်မှုက အရိုးထဲပင်စွဲနေလေသည်။ သူ၏နတ်ဝင်ရိုးက အလွန်လွှမ်းမိုးနိုင်ပြီး တချိန်က လျှို့ဝှက်နယ်မြေဘုံတခွင်တွင် အလွန်နာမည်ကျော်ကြားခဲ့သည်။

ထိုသို့ဆိုမှတော့ သူတို့က ဤအခွင့်အရေးအား မည်သို့လက်လွှတ်ခံနိုင်ပါမည်နည်း။

ရှန်လော့ရွှီက သူမဘေးရှိ ရီဖူရှင်းအားကြည့်လိုက်သည်။

"အဘွား ကျွန်တော်တို့ ရှေ့ဆက်သွားကြရအောင်" ရီဖူရှင်း၏အမူအရာက အလွန်တည်ငြိမ်နေပြီး သူက ရှေ့သို့ဆက်သွားနေသော ထျန်ရှန်းကျောင်းတော်မှ ကျင့်ကြံသူများအားကြည့်လိုက်သည်။ ရှန်လော့ရွှီက ခေါင်းငြိမ့်လိုက်ပြီး သူတို့က တိုက်ပွဲကွင်းပြင်အားရှောင်ကွင်းကာ ရှေ့သို့ဦးတည်လိုက်ကြသည်။

တချို့အင်အားစုများက ထိုတိုက်ပွဲ၌ ဝင်ပါကြရန်ဆုံးဖြတ်ကြပြီး တချို့က လက်လျော့ရန်ဆုံးဖြတ်ကြသည်။ သူတို့၏အမြင်တွင် ဤနေရာ၌တ်ိုက်ခိုက်နေခြင်းက မထိုက်တန်ပေ။

သူတို့ပို၍အလိုရှိသောအရာများရှိနေသောကြောင့် ရှေ့သို့သာဆက်သွားလိုက်ကြသည်။

ရီဖူရှင်းနှင့်ကျန်လူများက ရှေ့သိုဆက်သွားလိုက်သည်။ ကြောက်မက်ဖွယ်ဖိအားက သူတို့နောက်မှ တိုက်ခတ်လာပြီး ထိုသည်မှာ မဟာလမ်းစဥ်မုန်တိုင်းဖြစ်သည်။ သို့သော် သူတို့က ဘာမှမဖြစ်သလိုပင် ရှေ့သို့ဆက်သွားလိုက်ကြသည်။

သို့သော် တစ္ဆေသဖွယ် မိစ္ဆာပုံရိပ်များစွာက ဤနယ်မြေ၌ရှိနေသေးပြီး ဗုဒ္ဓရောင်ခြည်တော်၏ သန့်စင်ခြင်းကိုခံနေရသည်။

လူအုပ်က တောင်ထူထပ်သောနေရာသို့ရောက်ရှိလာပြီး တောင်စောင်းချောက်နက်တစ်နေရာ၌ သွေးနီရောင်မိစ္ဆာဓားတစ်လက်က ပေါ်ထွက်လာကာ ကောင်းကင်တစ်ခုလုံး သွေးနီရောင်ဖုံးလွှမ်းသွားလေသည်။

ထိုဓားက မြေအောက်တွင်မြှုပ်နှံခံထားရပြီး ကျိုးပဲ့နေဟန်ပေါ်သည်။ သို့သော် ထိုဓားမှထုတ်လွှတ်နေသော အရှိန်အဝါမှာ အလွန်အားကောင်းလှပေသည်။ ထိုမှော်ဓားနှင့် မီတာရာဂဏန်းဝန်းကျင်တွင် ကြောက်မက်ဖွယ် ဖျက်ဆီးစွမ်းအားများက လွှမ်းခြုံထားသည်။ ထိုဓားအနီးသို့ကပ်လာသည့်သူတိုင်းသည် ဓား၏ဖျက်ဆီးခြင်းအသိကြောင့် သုတ်သင်ခံလိုက်ကြရသည်။

ရှေ့သို့ဆက်တိုးလာကြသော ကျင့်ကြံသူများစွာရှိနေလေသည်။ ဤတစ်ကြိမ်တွင် မည်သူကမျှ ထိုနေရာသို့မဝင်ရောက်ခင် နှောက်ယှက်သောစကားများမဆိုကြပေ။

ရီဖူရှင်းက သူတို့အား စိတ်ပါဝင်စားမှုနည်းစွာ ကြည့်လိုက်သည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် သူက ပျောက်ကွယ်နေသော အမွေအနှစ်ရတနာများစွာအား ရရှိခဲ့သည်။ ထိုနောက်ပိုင်းတွင် သူက သာမန် ရတနာများအားစိတ်ဝင်စားခြင်းမရှိတော့ပေ။ သူ့တွင်ထိုရတနာများပိုင်ဆိုင်ကလျှင်တောင်မှ သူ့အတွက် အဓိပ္ပါယ်သိပ်မရှိပေ။

ထိုရတနာက အလွန်ထူးခြားသောရတနာ သို့မဟုတ် ရန်ဟောင်အဆင့်အထက်မှရတနာဖြစ်နေလျှင်သာ သူကစိတ်ဝင်စားပေသည်။ ထိုရတနာများကို အကြွင်းအကျန်ရတနာဟုခေါ်ဆိုခြင်းထက် နတ်ဝိညာဥ်လက်နက်ဟုခေါ်ဆိုခြင်းကသာ သင့်တော်ပေမည်။ ထိုနတ်ဝိညာဥ်ရတနာများ၏ စွမ်းအားမှာ အကြွင်းအကျန်ရတနာများ၏စွမ်းအားထက် အလွန်သာလွန်ပေသည်။

ရီဖူရှင်းတို့အုပ်စုက ရှေ့သို့ဆက်သွားလိုက်သည်။ ထွက်ပေါ်လာသော ရတနာများအတွက် ယှဥ်ပြိုင်တိုက်ခိုက်နေသောလူများမှလွဲ၍ အခြားအင်အားစုအားလုံးမှလူများသည် တိုက်ပွဲများကိုရှောင်ကွင်းကာ ရှေ့သို့ဆက်သွားကြသည်။

ထိုရှေးဟောင်းတိုက်ပွဲကွင်းပြင်သည် သူတို့အတွက် အံ့အားသင့်ဖွယ်များ ယူဆောင်လာခဲ့ပုံပေါ်သည်။

ထို့အပြင် ငရဲဂိတ်တံခါးတစ်ခုတည်းသာမဟုတ်ပေ။

ဤနယ်မြေသည် လွန်ခဲ့သောနှစ်ရာပေါင်းများစွာကတည်းက ချိတ်ပိတ်ခံထားရပြီး ထိုနယ်မြေမှာအကန့်အသတ်မဲ့ပုံပေါ်၍ သူတို့၏ စိတ်စွမ်းအားသည်ပင် အကွာအဝေးအနည်းငယ်သို့သာ ဖြန့်ကျက်နိုင်ကာ သက်ရောက်မှုကိုအလွန်ခံစားကြရသည်။

ထိုအခိုက်တွင် တောင်တန်းဘုံမှကျင့်ကြံသူများက အရှိန်မြှင့်လိုက်ကြသည်။

ထိုသည်က လူများစွာအား သတိပေးလိုက်သကဲ့သို့ဖြစ်သည်။ ရှေ့၌ အလွန်အားကောင်းသော အ​ငွေ့အသက်တစ်ခုရှိနေပြီး သူတို့နှင့်အလွန်ဝေးကွာသေးသော်လည်း ထိုအငွေ့အသက်၏ လောကအားအုပ်စိုးနိုင်သောအရှိန်အဝါကို သူတို့ခံစားမိလိုက်ကြသည်။

ထိုသည်က မည်သည့်အရာပေနည်း။ ရီဖူရှင်းက တိတ်တဆိတ်တွေးမိလိုက်သည်။ သူသာထိုအရာအားခံစားမိသည်မဟုတ်ပေ။ ရှန်လော့ရွှီနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ အခြားကျင့်ကြံသူများသည်လည်း ထိုသည်အားခံစားမိလိုက်ကြသည်။

အခြားပြည်ထောင်များမှ မင်းမျိုးနွယ်များလည်း ရှိနေပေသည်။

ရှန်ကလန်မှ ရှန်လော့ချွန်က သိလိုစိတ်ပြင်းပြသောအမူအရာပေါ်လာသည်။ သူက အဆုံးမဲ့အာကာပြင်အားဖြတ်၍ မြင်နိုင်ဟန်ပေါ်သည်။ သူတို့က မရည်ရွယ်ဘဲ အလင်းတန်းများသဖွယ် အရှိန်မြှင့်၍ရှေ့သို့ဦးတည်လိုက်ကြသည်။

ထိုသြဇာအာဏာကြီးမား၍ လွှမ်းမိုးနိုင်သောအရှိန်အဝါက ပို၍အားကောင်းလာပြီး ကြီးမားသောအဆောက်အဦးများက ရှေ့၌ပေါ်ပေါက်လာသည်။ ထိုကြောက်မက်ဖွယ် အရှိန်အဝါက ထိုနေရာမှထွက်ပေါ်လာခြင်းဖြစ်ပေသည်။

ထိုခမ်းနားသော အလွန်ကြီးမားသည့်အဆောက်အဦးကြီးများသည် ကောင်းကင်အားပိတ်ဆို့ကာဆီးထားသည်။ သူတို့က အနီးသို့ရောက်လာလေ ထိုအဆောက်အဦးကြီးများက အလွန်ပင်ကြီးမားကြောင်း သိလာရလေဖြစ်သည်။ ထိုအဆောက်အဦးများသည် ပေပေါင်း ထောင်သောင်းချီ၍မြင့်မားလှပေသည်။

သူတို့က အနီးသို့ရောက်လာချိန်တွင် ခြောက်ခြားဖွယ် အရှိန်အဝါဖိအားကြောင့် ရှေ့သို့ဆက်ရန်ပင် ခက်ခဲ့လာသည်။ နောက်ဆုံး၌ သူတို့သည် ထိုအဆောက်အဦးကြီးများအား ရှင်းလင်းစွာမြင်လိုက်ကြရသည်။

"ဒါက..."

ရီဖူရှင်းက အလွန်အံ့အားသင့်သွားရသည်။ သူ၏မျက်လုံးများက ရှေ့မှမြင်ကွင်းအား မျက်တောင်ပင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ ထိုကြီးမားလှသောအရာကြီးများမှာ အဆောက်အဦးများမဟုတ်ဘဲ ရုပ်တုများဖြစ်နေလေသည်။ ထိုသည်မှာ တချိန်က ကျင့်ကြံသူများ၏ ရုပ်တုများဖြစ်သည်။

အလွန်ကြီးကျယ်ခမ်းနားလှသောရုပ်တုကြီးနှစ်ခုက မျက်နှာချင်းဆိုင်၍ တည်ရှိနေပြီး တစ်ခုမှာ ဗုဒ္ဓရုပ်တုဖြစ်ကာ တစ်ခုမှာ မိစ္ဆာရုပ်တုဖြစ်နေလေသည်။

ရုပ်တုတစ်ခုက အဆုံးမရှိသော ဗုဒ္ဓရောင်ခြည်တော်များဖြင့် လင်းလက်​နေပြီး ရုပ်တုတစ်ခုလုံးအား ရွှေရောင်ခန္ဓာဖြင့်ဖွဲ့စည်းထားသည်။ အခြားရုပ်တုတစ်ခုမှာ မကောင်းဆိုးဝါးမိစ္ဆာရုပ်တုဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက နက်မှောင်နေလေသည်။

ထိုကြီးကျယ်ခမ်းနားလှသောပုဂ္ဂိုလ်ကြီးနှစ်ဦးက ထိုင်လျှက်အနေအထားဖြင့် သေဆုံးခဲ့ကြဟန်ပေါ်သည်။

သူတို့၏ဘေးပတ်ဝန်းကျင်တွင် ကြီးမားသောရုပ်တုကြီးများရှိနေပြီး အားလုံးက အလွန်အားကောင်းသော အရှင်သခင်သဖွယ်လွှမ်းမိုးနိုင်သည့်အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။ သို့သော် သူတို့ သေဆုံးသွားခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ထိုနေရာ၌ အသက်ရှိနေသည့်အငွေ့အသက်များရှိမနေပေ။

ထျန်ရှန်းကျောင်းတော်မှ ကျင့်ကြံသူများက ဗုဒ္ဓရုပ်တုထံလျှောက်သွားကြသည်။သူတို့အားလုံးက တင်ပုလ္လင်ခွေ၍ထိုင်လိုက်ကြပြီး ဗုဒ္ဓတရားတော်အား သံပြိုင်ရွတ်ဆိုလိုက်ကြသည်။

သူတို့က သူတို့၏ဘိုးဘေးအား အရိုအသေပြုနေသကဲ့သို့ပင်ဖြစ်သည်။

မှန်ပေသည်။ ထိုသေဆုံးသွားပြီဖြစ်သော အလွန်အားကောင်းလှသည့် ကျင့်ကြံသူရုပ်တုမှာ သူတို့၏ဘိုးဘေးဖြစ်သော ရှေးဟောင်းဗုဒ္ဓပင်ဖြစ်လေသည်။

***

All Chapters