← Chapters

ဘိုးဘေးစည်းမျဉ်းကို ချိုးဖျက်၍မရ

Vol. 28 Ch. 419

ဘိုးဘေးစည်းမျဉ်းကို ချိုးဖျက်၍မရ

Vol. 28 Ch. 419

"မင်းတို့နှစ်ယောက် ဘေးဖယ်နေပါ။ လုယန်၊ မင်းက အားလုံးဖြတ်ကျော်ပြီးပြီ။ ဒီတစ်ခါ ငါ့ကံကြမ္မာကို ပြောင်းလဲရမယ့်အလှည့်ပဲ"

လုယန်နှင့်ကျောက်ပိုနှစ်ယောက်လုံး စင်ပေါ်တက်မည့်အရိပ်အယောင်မရှိသော်လည်း မုန်ကျင်းကျိုးက တားလိုက်သည်။

မုန်ကျင်းကျိုး စင်ပေါ်တက်ခါနီးတွင် တစ်ခြားလူတစ်ယောက် သူ့ထက်လက်ဦးသွားသည်။ တည်ငြိမ်သည့်ဟန်ရှိသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ရှည်လျားသည့်မုတ်ဆိတ်များက စာပေသမားအသွင်ကို အားဖြည့်ပေးထားသည်။

ထိုလူသည် ဤနယ်မြေတွင် အတော်နာမည်ကြီးသည်။ လူအုပ်ထဲမှတစ်ယောက်က သူ့ကိုမှတ်မိသွားသည်။

"အဲဒါ တန်လုန်သင်တန်းကျောင်းက ဆရာရှန်းပဲ။ သူက ကျောင်းထောင်ပြီး စာပေလေ့လာသူတွေအများကြီး သင်ပေးခဲ့တာ။ နန်းတွင်းစာမေးပွဲအောင်တဲ့ ပညာရှင်တစ်ယောက်တောင် မွေးထုတ်နိုင်ခဲ့တယ်။ သူ့တပည့်တွေ အရိုင်းနယ်မြေရဲ့ နေရာတိုင်းမှာရှိတယ်။ နန်းမြို‌တော်မှာတောင် သူ့တပည့်တွေရှိတယ်။

ဒါတင်မကသေးဘူး။ သူက စာပေတာအိုကိုလည်း ကျင့်ကြံတယ်။ သူ့တပည့်ဟောင်းတစ်ယောက်ပြောပုံအရ လွန်ခဲ့တဲ့ငါးနှစ်က သူဟာ ရွှေသန္ဓေအခြေခံအဆင့်ကို ရောက်နေပြီတဲ့။ အဲဒီ့အချိန်ကစပြီး ဘယ်လောက်တိုးတက်ခဲ့သလဲတော့မသိဘူး။

ရွှေသန္ဓေမိသားစုအတော်များများက သူတို့မျိုးဆက်သစ်တွေကို သူ့လက်အောင်မှာ ပညာသင်ခွင့်ရအောင် ကြိုးစားခဲ့ကြတယ်။ အဖိုးတန်လက်ဆောင်တွေ ပေးခဲ့တယ်။ ဒါပေမယ့်သူက အားလုံးကိုငြင်းပယ်ခဲ့တယ်"

"ဘယ်လို၊ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ရွှေသန္ဓေအဆင့်လား။ ဒါဆိုငါတို့ဘယ်လို ဝင်ပြိုင်လို့ရတော့မှာလဲ။ ချင်လော်ကသူ့ကို ဘယ်လိုနိုင်မှာလဲ"

ကျင့်ကြံသူလောကတွင် အလှ၊ ပါရမီ သို့မဟုတ် စွမ်းအားရှိသည့် မိန်းကလေးတစ်ယောက်ကို 'နတ်မယ်'ဟု ခေါ်ဝေါ်ရည်ညွှန်းလေ့ရှိသည်။ သာမန်လူများအမြင်တွင် မိန်းကလေးမသေမျိုးဟူသည် မရှိ။ ထို့ကြောင့် 'နတ်မယ်'ဟူသည့် ဝေါဟာရကို ကိုယ့်စိတ်ကြိုက် သုံးစွဲကြသည်။

လုယန်က တစ်ယောက်ယောက်ကို ချီးကျူးဖို့ 'နတ်မယ်'ဟူသည့်စကားကို လုံးဝမသုံး။ စကားလုံးအသုံးအနှုန်း သတိထားလွန်း၍မဟုတ်။ ထိုစကားလုံးကို ချီးကျူးစရာဟု မယူဆသောကြောင့်သာဖြစ်သည်။

"မစိုးရိမ်ပါနဲ့။ နတ်မယ်ချင်လော်က အရမ်းပါရမီထူးပါတယ်။ အသက်ဆယ့်ခြောက်ရှစ်နှစ်မှာ အခြေတည်နောက်ဆုံးအဆင့်ရောက်နေပြီ။ သူက ယွမ်ထိုင်ဂိုဏ်းရဲ့ သမိုင်းတလျှောက်မှာ အငယ်ဆုံးဂိုဏ်းချုပ်ပဲ။ ရွှေသန္ဓေအခြေခံအဆင့်ကို ယှဉ်နိုင်မှာပါ"

"ဒါဆိုကောင်းတာပေါ့။...နေပါဦး...အဲလိုဆို ငါတို့လည်း သူ့ကိုနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့သဘောလား"

ဆရာရှန်း စင်ပေါ်တွင် တည်ငြိမ်စွာပြုံး၍ ရပ်နေသည်။

"ဂိုဏ်းချုပ်ချင်၊ အရင်စပါ"

ချင်လော် သက်ပြင်းချသည်။

"ဆရာရှန်း၊ စည်းမျဉ်းတွေကို ရှင်မဖတ်ခဲ့ဘူးလား။ ပြိုင်ပွဲဝင်တွေဟာ အသက်နှစ်ဆယ်အောက်ဖြစ်ရမယ်။ ရှင့်အသက်က လေးဆယ်လောက်ရှိနေပြီ။ ကျွန်မ ခင်ပွန်းရွေးတယ်ဆိုရင်တောင် ကျွန်မအသက်အရွယ်နဲ့ နီးစပ်တဲ့လူကိုပဲ ရှာသင့်တယ်မဟုတ်လား"

ဆရာရှန်း အတော်ထိသွားပုံရသည်။ ရုတ်တရက် ကဗျာစာသားနှစ်ကြောင်း ရွေရွတ်လိုက်သည်။

"ငါငယ်ငယ်တုန်းက မင်းမမွေးသေးဘူး၊ မင်းမွေးလာတဲ့အချိန်မှာ ငါအိုမင်းနေပြီ။ ငါတို့နှစ်ယောက် ခွဲခွာဖို့ကံပါလာတာပဲ"

"သိပ်မှန်တာပေါ့။ ကျေးဇူးပြုပြီး ဆင်သွားပေးလို့ရမလား။ ဒီပြိုင်ပွဲစဉ်ကို ဒီနေ့အတွက်ပဲ ငှားထားတာပါ။ အချိန်က အကန့်အသတ်ရှိတယ်"

ဆရာရှန်း ရင်ကွဲပက်လက် ဆင်းသွားသည်။

နောက်ထပ်စိန်ခေါ်သူများက သတ်မှတ်ချက်နှင့်ပိုကိုက်ညီသည်။ အသက်နှစ်ဆယ်ဝန်းကျင် ပါရမီထူးသည့် လူငယ်လူရွယ်များဖြစ်သည်။ ယောက်ျားလိုဟန်ဆောင်ထားသည့် မိန်းကလေးတစ်ချို့ပင်ပါသည်။

"ဒီချင်လော်က ကျင့်စဉ်အခြေခံခိုင်မာတယ်။ ဟာကွက်တစ်ချို့ရှိပေမယ့် လမ်းညွှန်မှုနည်းနည်းပဲရတဲ့ ဒီလိုပတ်ဝန်းကျင်မှာ ဒီလောက်ထိကျင့်ကြံနိုင်တာ တကယ်လေးစားစရာပဲ။ ကံအခွင့်အလမ်းတစ်ခု ကြုံခဲ့လို့လား။ ပါရမီထူးလွန်းလို့လား။ တစ်ခုခုပဲ"

"သူတကယ်တော်ပါတယ်။ ကျုပ်တို့အလောင်းထိန်းဂိုဏ်းမှာတောင် သူ့လိုလူဟာ တပည့်စစ်ဖြစ်ဖို့ အရည်ချင်းမီတယ်။ ဂိုဏ်းပြိုင်ပွဲတွေမှာ ထိပ်တန်းရှစ်ယောက် ဒါမှမဟုတ် ထိပ်တန်းလေးယောက် စာရင်းဝင်နိုင်တယ်"

လုယန်နှင့်ကျောက်ပိုတို့ ချင်လော်ပါရမီကို တီးတိုးအကဲဖြတ်နေကြသည်။

"သူ့ကို မင်းတိုက်ဂိုဏ်းထဲဝင်ဖို့ စည်းရုံးလိုက်ပါလား။ သူ့လိုပါရမီရှင်မျိုး ဒီလိုနေရာကျဉ်းကျဉ်းလေးမှာနေတာ နှမျောစရာကောင်းတယ်"

လုယန် စနောက်လိုက်သည်။

"ဒါက ကိုယ်ပိုင်ရွေးချယ်မှုပေါ်မူတည်တယ်လေ။ ကျုပ်စည်းရုံးကြည့်လို့တော့ရပါတယ။ ဒါပေမယ့် ကိုယ့်ဂိုဏ်းကို မစွန့်လွှတ်နိုင်တဲ့လူတွေ အများကြီးမြင်ဖူးတယ်။ သူတို့ကို နားခိုစရာပေးပြီး ပြုစုပျေိုးထောင်ပေးခဲ့တဲ့နေရာကို မစွန့်ခွာနိုင်ဘူးလို့ ပြောကြတယ်လေ။

ပြီးတော့ ကျုပ်တို့အလောင်ထိန်းဂိုဏ်းရဲ့ ကျင့်စဉ်သဘာဝကြောင့် ဂိုဏ်းဝင်အားလုံးရဲ့မျက်နှာက လူသေတွေလို ဖြူရော်နေကြတယ်။ ဒီတစ်ချက်ကြောင့်နဲ့တင် တစ်ချို့လူတွေက ကျုပ်တို့ဂိုဏ်းကိုမဝင်ဘဲ တစ်ခြားဂိုဏ်းကိုပဲ သွားကြတာ"

လုယန် သူ့မျက်နှာသူလက်ညှိုးထိုး၍ပြောသည်။ မိန်မအများစုထက်ပင် ပို၍ဖြူသည်။ ဂိုဏ်းဝင်အလောင်းထိန်းသမားဖြစ်စေ ဂိုဏ်းမဲ့အလောင်းထိန်းသမားဖြစ်စေ အားလုံးက ထိုမျက်နှာမျိုးရှိကြသည်။

လုယန် ခေါင်းငြိမ့်ထောက်ခံသည်။ သူသည်ပင် ကျောက်ပိုကိုစတွေ့စဉ်က ဖုတ်ကောင်ဟု ထင်ခဲ့သည်။

သူတို့ပြောခဲ့သလိုပင် ချင်လော်သည် ကျင့်စဉ်အခြေခံခိုင်မာသည်။ သက်တူရွယ်တူထဲတွင် ပြိုင်ဘက်ကင်းသည်။ သူကျွမ်းကျင်သည့် တိမ်ထိန်းချုပ်ပညာရပ်က ထူးခြားသည်။ စိန်ခေါ်သူလူငယ်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူသည်။

နောက်ဆုံးတွင် မုန်ကျင်းကျိုးအလှည့်ရောက်လာသည်။

ယုံကြည်ချက်ရှိသည့်အပြုံးဖြင့် စင်ပေါ်သို့ တည်ငြိမ်စွာတက်သွားသည်။ စင်ပေါ်သို့ရောက်ချိန်တွင် ရှိနေသည့်လူအားလုံးအပေါ် ပြင်းထန်သည့်စွမ်းအင်ဖိအားကို ထုတ်လွှတ်လိုက်သည်။

"ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းရဲ့တပည့် မုန်ကျင်းကျိုးပါ"

လူအုပ်ကြီး မျက်လုံးပြူးသွားပြီး တအံ့တဩရေရွတ်သံများပေါ်လာသည်။

"တာအိုလမ်းစဉ်ဂိုဏ်းလား။ မသေမျိုးငါဂိုဏ်းရဲ့ခေါင်းဆောင်ဂိုဏ်းပေါ့"

"အဲဒီ့ဂိုဏ်းက အဆင့်အနိမ့်ဆုံးတပည့်တောင် သက်တူရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်။ သူတို့ရဲ့စားဖိုမှူးတွေတောင် ကိုယ်ပိုင်ဂိုဏ်းတွေ တည်ထောက်ပြီး အကြည်ညိုခံဘဝနဲ့ နေနိုင်တယ်တဲ့"

"မုန်ကျင်းကျိုးဆိုတဲ့နာမည်ကို ဘာလို့ကြားဖူးသလိုလိုဖြစ်နေတာပါလိမ့်"

"ချင်းကျိုးပွဲတော်က ဟိုမုန်ကျင်းကျိုးများလား"

ထိုစကားသံကြားသည်နျင့် လုယန် မျက်နှာအကြီးအကျယ်ပျက်သွားပြီး အရင်ဦးအောင် စကားလမ်းကြောင်းခင်းပေးလိုက်သည်။

"ရွှေသန္ဓေတည်ဆောက်ပြီးပေမယ့် ရွှေသန္ဓေတည်ဆောက်တဲ့ အတွေးအမြင်မှတ်တမ်းကိုလိုချင်လို့ ဝင်ပြိုင်ခဲ့တဲ့တစ်ယောက်လား"

"ငါကြားတာတော့ သူက သူ့ထက်အဆင့်နိမ့်တဲ့လူတွေကို အနိုင်ကျင့်ရတာ သဘောကျတယ်တဲ့။ ချင်းကျိုးပွဲတော်ကို သူတမင်ဖျက်ခဲ့တာမဟုတ်လား"

"မဟုတ်ဘူး မဟုတ်ဘူး၊ ငါကြားတာတော့ သူက ချင်းကျိုးနဲ့ ဘာရန်ငြှိုးရန်စမှမရှိဘူး။ အပျော်သက်သက် ဒိုင်လူကြီးတွေကို စိန်ခေါ်ချင်ရုံပဲ။ ပြောရရင် ဒိုင်လူကြီးတွေကိုတောင် သူအနိုင်မယူနိုင်ပါဘူး။ စင်ပေါ်ကခုန်ချပြီး အရုံးပေးလိုက်ရတာပါ"

လုယန် ပြောလိုက်သည်။

လူအုပ်ကြီးဆက်၍ ငြင်းခုန်နေကြသည်။ လူတိုင်းက ဇာတ်လမ်းမျိုးကွဲတစ်ခုစီ ပြန်ပြောကြသည်။ သို့သော် အားလုံးက အဖြစ်မှန်ကို အခြေခံထားသည်။

မုန်ကျင်းကျိုးကိုကြည့်ရင်း ချင်လော်မျက်နှာ အမူအရာမျိုးပြောင်းသွားသည်။ စက်ဆုပ်ရွံရှာသည့် အမူအရာမျိုးဖြစ်လာသည်။ မုန်ကျင်းကျိုး၏ နာမည်ဆိုးကို ကြားဖူးထားကြောင်း သိသာသည်။

ချင်းကျိုးပွဲတော်ပြီးသွားချိန်တွင် လုယန်နှင့်မုန်ကျင်းကျိုးတို့သတင်းက အလယ်ပိုင်းတိုက်နယ်တွင်...အထူးသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများကြားတွင် တောမီပမာ ပြန့်နှံ့သွားသည်။ သို့သော် သတင်းပြန့်သည့်နယ်ပယ် ကျယ်လွန်းသွားသဖြင့် အသေးစိတ်အချက်လေးများ နည်းနည်းပြောင်းလဲသွားသည်။

လူအုပ်ကြီး အတင်းပြောနေသည်ကို နားထောင်ရင်း မုန်ကျင်းကျိုး ဒေါသထွက်လာသည်။ သူ့နာမည် လုံးဝပျက်စီးသွားပြီဖြစ်သည်။

'ကျင့်ကြံသူတစ်ယောက်ဟာ တည်ငြိမ်တဲ့တာအိုနှလုံးရှိရမယ်။ တစ်ခြားလူတွေ ကိုယ့်အပေါ်မြင်ကြတဲ့ အမြင်ဟာ ဖြတ်သွားတဲ့တိမ်တိုက်တွေလိုပါပဲတဲ့။...အဲ...မဟုတ်သေးဘူး..လူအုပ်ထဲက တစ်ချို့အသံတွေကို ရင်းနှီးနေသလိုပဲ။

ထားပါတော့လေ၊ ဒီကိစ္စနောက်မှရှင်းမယ်။ အရင်ဆုံး ပြိုင်ပွဲကိုအနိုင်ယူရမယ်"

မုန်ကျင်းကျိုး ညင်သာစွာလက်ဆန့်၍ ချင်လော်ကို စတင်တိုက်ခိုက်ရန် အမူအရာပြသည်။

မုန်ကျင်းကျိုးက ပြိုင်ပွဲစည်းကမ်းနှင့် ကိုက်ညီသူဖြစ်၍ ချင်လော် မတတ်သာတော့ဘဲ တိုက်ခိုက်ရန်ပြင်ရသည်။ အရင်လှုပ်ရှားသည်။ သူ့နောက်ဘက်တွင် ရွှေရောင်တိမ်တိုက်များကို ဆင့်ခေါ်လိုက်သည်။ တိမ်တိုက်များက လက်နက်မျိုးစုံအဖြစ် အသွင်ပြောင်းသွားသည်။ ပုဆိန်များ၊ လှံများ ဓားများ မျိုးစုံပါသည်။ အားလုံးက ထက်မြက်သည့် သေစေနိုင်သည့် လက်နက်များဖြစ်သည်။ လက်နက်ဆယ့်ရှစ်မျိုး မုန်ကျင်းကျိုးထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ထိုပညာသည် အစောပိုင်းကပြိုင်ပွဲဝင်အားလုံးကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့သည်။

"တကယ်ကောင်းတဲ့ တိမ်ထိန်းချုပ်ပညာပဲ"

မုန်ကျင်းကျိုးမျက်လုံးတွင် လေးစားရိပ်သန်းလာသည်။ တိုးဝင်လာသည့် လက်နက်ဆယ့်ရှစ်မျိုးကို ရင်ဆိုင်ရန် သိုင်းဟန်ခင်းလိုက်သည်။

"တောင်ဖြိုလက်သီး"

လက်သီးနှစ်ဘက်ကို ဦးခေါင်း‌၏ဘယ်ညာနှစ်ဘက်တွင်ခွဲ၍ ထိုးလိုက်သည်။ လက်နက်ဆယ့်ရှစ်မျိုး သူ့လက်သီးချက်များနှင့် ရင်ဆိုင်တွေ့သည်။ လက်နက်အားလုံး ချက်ချင်းပျော့ကျသွားပြီး အန္တရာယ်မပေးတော့နိုင်သည့် မြူငွေ့များအအဖြစ်ပြောင်းလဲသွားသည်။

ချင်လော် စွမ်းအားကြီးပါသည်။ သို့သော် သူ့ပြိုင်ဘက်က မုန်ကျင်းကျိုးဖြစ်နေသည်။

သူရွှေသန္ဓေအဆင့်ရောက်နေလျှင်ပင် မုန်ကျင်းကျိုးကို ယှဉ်နိုင်မည်မဟတု်။

မုန်ကျင်းကျိုး လက်သီးသုံးချက်ထိုးရုံဖြင့် ချင်လော် လျှို့ဝှက်ပညာအားလုံး ထုတ်သုံးလိုက်ရသည်။ အရုံးပေးရုံမှလွဲ၍ သူတစ်ခြားရွေးချယ်စရာမရှိတော့။

"ကျွန်မ အရှုံးပေးပါတယ်"

အရှုံးကိုဝန်ခံပြီးနောက် ချင်လော် အံတင်းတင်းကြိတ်၍ မုန်ကျင်းကျိုးကို ဆက်ပြောသည်။

"ဘိုးဘေးစည်းမျဉ်းဆိုတာ ချိုးဖောက်လို့မရဘူး။။ ဂိုဏ်းရဲ့စည်းမျဉ်းအရ ကျွန်မကို အနိုင်ရတဲ့လူဟာ ကျွန်မခင်ပွန်းဖြစ်လာရမယ်"

"အဲဒီတော့.."

မုန်ကျင်းကျိုးမျက်လုံးများ အရောင်လက်လာသည်။

ချင်လော်မျက်လုံးများက ပြတ်သားသည်။ ဘဝအပြောင်းအလဲဖြစ်သွားစေမည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"အဲလိုဆိုမှတော့ ကျွန်မကိုယ်တိုင် အဲဒီ့ဘိုးဘေးစည်းမျဉ်းကို ဖျက်သိမ်းရုံပဲရှိတော့တာပေါ့"

**********************************

All Chapters