← Chapters

မုန်ကျင်းကျိုး၏ဆင်းရဲဒုက္ခ

Vol. 28 Ch. 406

မုန်ကျင်းကျိုး၏ဆင်းရဲဒုက္ခ

Vol. 28 Ch. 406

သိစိတ်နယ်မြေတွင်။

လုယန် သေမျိုးတစ်ယောက်အနေဖြင့် မုန်ကျင်းကျိုးအပေါ်သက်ရောက်လာမည့် မသေမျိုးဒုက္ခကိုကယ်ဖို့ အကောင်းဆုံးကြိုးစားပေးနေသည်။ တကယ်မြင့်မြတ်သည့်လုပ်ရပ် လေးစား‌လောက်သည့်လုပ်ရပ်ဖြစ်သည်။

"ဒီမုန်မျိုးရိုးကို ငါမသေမျိုး ဘယ်လိုလုပ်မလဲ ကြည့်လိုက်ပါ။ "ငါရှိရှိမရှိရှိ အတူတူပဲ"ဆိုတာ ဘာစကားလဲ"

ခုနက မုန်ကျင်းကျိုး ထိုသို့ပြောလိုက်သည်။

ထာဝရန်နတ်မယ် အကြီးအကျယ်ဒေါပွနေသည်။ ကြောင်တစ်ကောင်မာန်ဖီ၍ လက်သည်းဆန့်ထုတ်ထားသကဲ့သို့ မုန်ကျင်းကျိူးကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

"နတ်မယ်၊ နတ်မယ်၊ မုန်ကျင်းကျိုးက သေမျိုးတစ်ယောက်မို မဆင်မခြင်ပြောမိတာပါ။ သူကြောင့် ခင်ဗျားဒေါသထွက်ရတာ မထိုက်တန်ပါဘူး"

လုယန် နတ်မယ်လက်မောင်းကို အတင်းဆွဲထားသည်။ အပြင်သို့လွှတ်မပေးရဲ။

နတ်မယ် ဒေါသမပြေသေးသဖြင့် ပြန်မေးသည်။

"ငါကသူ့ကိုစေတနာထားပြီး ကူညီဖို့ကြိုးစားနေတာလေ။ သူကငါ့ကို ဒီလိုအပုပ်ချပြီးပြောတယ်ပေါ့"

"နတ်မယ်၊ ခင်ဗျားက သဘောထားကြီးတဲ့လူပါ။ လောင်မုန်က အသက်ငယ်ပြီး မိုက်မဲတဲ့အရွယ်ပါ။ သူ့ကိုခွင့်လွှတ်လိုက်ပါ"

လုယန် တောင်းပန်နေသည်။

နတ်မယ် နှုတ်ခမ်းစူလျက်သားဖြင့် ပြန်ထိုင်သည်။ သေးသွယ်သည့်ခြေထောက်များကို ဒေါသတကြီး လွှဲယမ်းနေသည်။

"ဒါဆိုငါ့ကို ပြောစမ်းပါ။ မုန်မျိုးရိုးပြောတဲ့စကားထဲမှာ ငါနဲ့မကိုက်ညီတာ ဘယ်ဟာရှိလို့လဲ"

"ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းမသေမျိုးတစ်ယောက် ရှိနေတဲ့လူတွေဟာ အရမ်းကံကောင်းတယ်လို့ လောင်မုန်ပြောတယ်"

"ငါနင့်ကို တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံးရဲ့ ယာယီဂိုဏ်းချုပ်ဖြစ်အောင် လုပ်ပေးခဲ့တယ်မဟုတ်လား။ ရှောင်ယွမ်တောင် နင့်အမိန့်ကို နာခံရတယ်။ ဓာတ်ငါးမျိုးဂိုဏ်းလာလည်တဲ့အချိန် ထွက်ပြီးကြိုဆိုခဲ့တာလည်း နင်ပဲလေ"

"ပြီးတော့ ရှေးဟောင်းရတနာတွေ လက်နက်အဖြစ်ကိုင်ခွင့်ရတယ်တဲ့"

"နင့်ရဲ့ငရဲလဓားဟာ အဲဒါပဲပေါ့။ အဲဒါ မသေမျိုးအဆင့်ဓားပျံပါ။ ယင်ထန်မသေမျိုးကိုယ်တိုင် လုပ်ထားတာ။ ချီလင်မသေမျိုးတောင် ဒါကို အရမ်းတန်ဖိုးထားခဲ့တာ။ နဂါးနဲ့ဖီးနစ်မနှစ်ယောက်ကြောင့်သာ ဒီဓားကျိုးခဲ့ရတာ"

"ပြီးတော့ အံ့ဩစရာလျှို့ဝှက်ချက်တွေကိုသိခွင့်ရတယ်တဲ့"

"ရှေးဟောင်းလျှို့ဝှက်ချက်တွေ ငါနင့်ကိုပြောမပြခဲ့ဘူးလား။ ငါကလွဲရင် တစ်ခြားဘယ်သူ့ဆီက နင်ဒါမျိုးတွေကြားနိုင်မှာလဲ။ ဒါတွေက လျှို့ဝှက်ချက်အစစ်အမှန်တွေပါ။ တစ်ခြားဘယ်နေရာမှာမှ နင်ရှာတွေ့မှာမဟုတ်ဘူး"

လုယန် ခဏတွေးကြည့်သည်။ မှန်သည်။ နတ်မယ်မျှဝေခဲ့သည့် လျှို့ဝှက်ချက်များကို သူထုတ်ပြောလိုက်လျှင် သေချာဂရုတစိုက် ထိန်းသိမ်းထားသည့် ယင်ထန်မသေမျိုး၏သိက္ခာ အလုံးလိုက်အခဲလိုက် ကျသွားလိမ့်မည်။

အမှန်တကယ် အံ့ဩဘနန်းဖြစ်သွားကြမည့် လျှို့ဝှက်ချက်များဖြစ်သည်။

"ကျင့်စဉ်ပညာ‌တွေ အများကြီးသိခွင့်ရတယ်ဆိုတာကရော"

"အိပ်ရင်းနဲ့ ဘယ်လိုကျင့်ကြံရမလဲဆိုတာ ငါနင့်တိုင်းနေ့ကို လက်တွေ့ပြနေတာပဲလေ။ ပြီးတော့ နင့်ကျင့်စဉ်စွမ်းအားတိုးဖို့ ရှေးအကျဆုံး ကောင်းကင်မျိုမြေစားပညာကိုတောင် ငါသင်ပေးခဲ့တယ်မဟုတ်လား"

"အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကရော"

ထိုစကားကြားပြီးနောက် နတ်မယ်ပို၍ ဝင့်ကြွားဟန်ပေါ်လာသည်။ ကုတင်ပေါ်ခုန်ထရပ်၍ လုယန်ကို အထက်စီးမှငုံ့ကြည့်သည်။

"ငါနင့်ကို ပြိုင်ဘက်ကင်းသန္ဓေအကြောင်း သင်ပေးခဲ့တာ မေ့နေပြီလား။ အဆင့်တူချင်းပြိုင်ဘက်ကင်းအောင် တိုက်ပွဲမှာမရှုံးနိုင်အောင်လို့လေ။ ငါတစ်ယောက်ပဲ ဒါမျိုးလုပ်နိုင်တာ။ ယင်ထန်တို့ ချီလင်တို့တောင် နင့်ကိုဒါမျိုးသင်မပေးနိုင်ဘူး။

ပြီးတော့ နင်ယာယီဂိုဏ်းချုပ်လုပ်တုန်းကအချိန်ကို မှတ်မိသေးလား။ အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့်၊ နတ်ဝိညာဉ်အဆင့်၊ ဝိညာဉ်ပြောင်းအဆင့်တွေကို နင်အနိုင်ယူခဲ့တယ်လေ။ ငါ့အကူအညီမပါရင် နင်ဒီလိုလုပ်နိုင်ပါ့မလား။

နောက်ပြီး နင်နားလည်နိုင်စွမ်းထက်မြင့်တဲ့ ကိစ္စတွေ ငါမကြာခဏပြောပြခဲ့တယ်။ နင့်ကျင့်စဉ်အဆင့်နဲ့ မသိသင့်သေးတဲ့ ဗဟုသုတတွေတောင် ငါပြောပြခဲ့တာပဲ"

နတ်မယ်၏စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် ထရပ်နေရာမှ ပြန်ထိုင်သည်။ မုန်ကျင်းကျိုးကို ဒေါသထွက်ခဲ့သည့်ကိစ္စ လုံးဝမေ့သွားသည်။

"နင်ဒီလောက်အသက်ငယ်ငယ်နဲ့ မသေမျိုးလျှို့ဝှက်ချက်တွေ ရှေးခေတ်ပဟေဠိတွေ အများကြီးသိထားတာပါ။ တစ်ချို့စုစည်းခြင်းအဆင့်တွေထက်တောင် နင်ပိုသိသေးတယ်။ အဲဒါဆို မလုံလောက်သေးဘူးလား"

"ဒါဆို မိန်းမလှတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကရော"

ထိုစကားကြားချိန်တွင် နန်မယ် ရှားရှားပါးပါး ရှက်ရွံ့ရိပ်နည်းနည်းပေါ်လာပြီး သက်ပြင်းချသည်။

"အင်း...မိန်းမလှတွေ ဆွဲဆောင်နိုင်ဖို့ကတော့ နည်းနည်းခက်မယ်။ ဒါပေမယ့် နင့်ဘေးမှာဝိုင်းနေတဲ့ မိန်းမလှတွေ အတော်များနေပါပြီ။ ရှောင်ယွမ်ရှိတယ်၊ ထောင်ယော်ယဲ့ရှိတယ်။ ပြီးတော့ လသံလွင်နန်းတော်က တစ်ယောက်ရှိတယ်။ သူ့နာမည်ဘာပါလိမ့်...ဪ..ဟုတ်တယ်၊ လန်ထင်လေ"

"...ဒါပေမယ့် သူတို့ကို ခင်ဗျားပြန်နိုးထမလာခင်ကတည်းက ကျုပ်သိခဲ့တာပါ"

လုယန် ထောက်ပြသည်။

"ဒါဆို အကျုံးဝင်သွားအောင် ငါနင့်ကို တစ်ခါလောက်ပွေ့ဖက်ပေးရမလား"

ရှေးဟောင်းခေတ် ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်စာရင်းဝင်ဖြစ်သည့် ထာဝရနတ်မယ်၏ နူးညံ့သည့်မျက်နှာကို လုယန်တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာငြင်းလိုက်သည်။

ထာဝရနတ်မယ်ဟူသည့် ကျိန်စာရင်းမြစ်ကြီး၏ သက်ရောက်မှုကို ခံနိုင်လောက်အောင် သူ့ကံကြမ္မာက အားမကောင်းပါ။

"ဒါဆို လျှို့ဝှက်နယ်မြေတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထွက်နိုင်တယ်ဆိုတဲ့ကိစ္စကရော"

"ဒါလည်းနည်းနည်းခက်ခဲတယ်။ ငါသိထားတဲ့ လျှို့ဝှက်နယ်မြေအများစုက မရှိလောက်တော့ဘူး။...အဲ..နေဦး...ထာဝရမြို့ပျက်ကို နင်ရောက်ဖူးတာပဲ။ ငါ့မီးဖိုချောင်ရှိခဲ့တဲ့နေရာလေ"

လုယန် "..."

'လောင်မုန်ပြောတာ မမှားဘူး။ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းမသေမျိုးတစ်ယောက်ရှိတဲ့ လူတစ်ယောက်နဲ့ ငါဘယ်နားမှာတူနေလို့လဲ။ ငါအခုထိအသက်ရှင်နေသေးတာက ကြံ့ကြံ့ခံနိုင်လွန်းလို့ပဲ။

ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းသားရဲဆိုးကြီးတစ်ကောင် ပိတ်မိနေတယ်လို့ ပြောခဲ့တဲ့ ငါ့ဆရာတောင် ငါ့ထက်ပိုပြီး ယုံချင်စရာကောင်းသေးတယ်'

ဒေါသထွက်နေသည့် နတ်မယ်ကို တည်ငြိမ်‌အောင်ထိန်းပြီးနောက် လုယန် သိစိတ်နယ်မြေမှ ထွက်လိုက်သည်။

"မှတ်ထားနော်၊ နင့်ငါ့ကို အသက်ကြွေးတင်သွားပြီ"

"..."

လုယန်၏ကြောင်တက်တက်အမူအရာက ထူးဆန်းနေသော်လည်း မုန်ကျင်းကျိူး သိပ်အရေးမစိုက်။

"မြင်းအို၊ အနီးဆုံးမြို့‌တော်ကိုသွားပါ။ ကျုပ်တို့ သတင်းယူဖို့လိုတယ်"

မုန်ကျင်းကျိုး မြင်းအိုကိုလက်ဖြင့်ပုတ်လိုက်သည်။

မြင်းအိုက အေးအေးလူလူလျှောက်သွားသည်။ အနီးဆုံးမြို့ ဘယ်နေရာတွင်ရှိသည်ကို သိနေပုံရသည်။

မြင်းရထားက တိတ်ဆိတ်သည့် တောင်ကြောလမ်းတစ်လျှောက် တအိအိသွားသည်။

ထိုစဉ် ဆိုင်းမဆင့်ဗုံမဆင့် မိုးကသည်းသည်းမည်းမည်းရွာချလာသည်။ ကောင်းကင်က မြေပြင်ကို ဆေးကြောသန့်စင်လိုသယောင်ရှိသည်။

"ဝုန်း"

ကျယ်လောင်သည့် အသံတစ်ချက် ပဲ့တင်ထပ်သွားသည်။ အလွန်တရာကြီးမားသည့်အရာတစ်ခု လိမ့်ဆင်းလာသည့်အသံမျိုးဖြစ်သည်။

နှစ်ယောက်သား မြင်းရထားခန်းဆီးကိုလှပ်၍ ခေါင်းပြူ၍မော့ကြည့်သည်။ မိုးရေများကြားမှ ပြင်းထန်စွာတုန်ခါနေသည့် တောင်တန်းကိုမြင်ရသည်။ မြေသားကျောက်သားများ လွင့်ပျံထွက်လာသည်။

သားရဲအရိုင်းတစ်ကောင် တောင်ပေါ်မှ ဒုန်းစိုင်းပြေးဆင်းလာသည်နှင့်တူသည်။ ရွှံ့သားကျောက်သားစီးကြောင်းများကြောင့် သစ်ပင်များပြိုလဲ၍ တောင်စောင်းအတိုင်း တဝုန်းဝုန်းလျှောဆင်းလာသည်။

"မြေပြိုတာဟေ့"

"ဝေါ"

မြေသားကျောက်သားများ မြင်းရထားသည့် အားရှိန်အပြည့်ဖြင့် ထိုးကျလာသည်။

သို့သော် မြင်းအိုသည် ကျင့်စဉ်အဆင့်မြင့်မားသည်။ မြင်းရထားကလည်း မှော်ရတနာတ်စခုဖြစ်သည်။ သာမန်သဘာဝအန္တရာယ်လောက်က ထိခိုက်အောင်မလုပ်နိုင်။

မြေပြိုမှုရပ်သွားပြီးနောက် နှစ်ယောက်သား အခြေအနေကို စစ်ဆေးကြသည်။

"ရှေ့ဘက်နောက်ဘက်နှစ်ခုလုံး လမ်းပိတ်သွားပြီ"

မုန်ကျင်းကျိုး မျက်မှောင်နည်းနည်းကျုံ့သွားသည်။ မြင်းရထားမထိခိုက်သော်လည်း မြေသားကျောက်သားများကြောင့် လမ်းကြောနှစ်ဘက်လုံးပိတ်သွားသည်။ ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရတော့။

မြင်းအိုကူညီချင်စိတ်ရှိလျှင်တော့ အလွယ်တကူ လမ်းရှင်းသွားနိုင်ပါသည်။

သို့သော် မြင်းအိုပုံစံက သာမန်မြင်းတစ်‌ကောင်လို အေးအေးလူလူဖြစ်နေသည်။ လှုပ်ရှားမည့်အရိပ်အယောင်မရှိ။

မုန်ကျင်းကျိုး သဘောပေါက်သွားပြီး သက်ပြင်းချလိုက်သည်။ မြင်းအိုသည် သူ့ကိုကာကွယ်ဖိုသာ တာဝန်ရှိသည်။ အလုပ်သမားလို ဆောင်ရွက်ပေးမည်မဟုတ်။ အရာအားလုံး လုပ်ပေးနေလျှင်လည်း အဖိုးတန်အတွေ့အကြုံများကို သူဘယ်လိုရနိုင်မည်နည်း။

"လမ်းပိတ်နေတာတွေကို ငါတို့ဘာသာ ရှင်းကြတာပေါ့"

နှစ်ယောက်သား မြင်းရထားထဲမှထွက်၍ ဝိညာဉ်စွမ်းအင်ဖြင့် ကိုယ့်ကိုယ်ကို မိုးမစိုအောင် ကာကွယ်လိုက်သည်။

ကိုယ်နည်းလမ်းနှင့်ကိုယ် မြေသားကျောက်သားများကို ဖယ်ရှားကြသည်။

"တောင်ဖြိုလက်သီး"

မုန်ကျင်းကျိုး သူ့လက်သီးပညာကို နောက်တစ်ကြိမ်သုံးသည်။ စွမ်းအားသိပ်မကြီးလှသာ်လည်း လက်သီးထိချက်က တိကျသည်။ အားနည်းသည့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် အသုံးတည့်သည်။

"ဘုန်း"

သူ့ရှေ့မှ မြေသားကျောက်သားများ အနည်းငယ်တုန်ခါသွားသည်။ မုန်ကျင်းကျိုး ခွန်အားကို နှစ်ဆတိုးပြီး လက်သီးဖြင့် ထပ်ကာထပ်ကာထိုးသည်။လမ်းကြောင်းတစ်ခု ပေါ်လာသည်။

လုယန်ကလည်း အညံ့မခံဘဲ ကျင့်စဉ်ပညာတစ်ခု ထုတ်သုံးသည်။ မျက်လုံးများကို မှေးစင်း၍ ပါးစပ်ကို အနည်းငယ်ဟလိုက်သည်။

"ကောင်းကင်မျိုမြေစားစွမ်းအား"

လေတစ်ချက်ရှူလိုက်သည်နှင့် နောက်ဘက်မှ မြေသားကျောက်သားများ ကြီးမားသည့်လေဝဲထဲသို့ စုပ်ယူခံလိုက်ရပြီး အားလုံး သူ့ပါးစပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

မုန်ကျင်းကျိုး အံ့ဩသွားသည်။ တကယ်စွမ်အားကြီးသည့် မှော်ပညာဖြစ်သည်။ များပြားသည့် မြေသားကျောက်သားများ ချက်ချင်းပျောက်ကွယ်သွားသည်။

အရာအားလုံးကိုဝါးမျိုနိုင်သည့် ဒဏ္ဍာရီထောင်ထျဲ့မျိုးနွယ်ကျင့်စဉ်ပညာ ပီသသည်။

"မင်းသင်ချင်လား"

လုယန်က မပွင့်တပွင့်ပြုံး၍မေးသည်။ ထောင်ချောက်တစ်ခုရှိသည်ကို မုန်ကျင်းကျိုး အလိုလိုခံစားမိသည်။

သူတို့စကားဆက်ပြောရန် ပြင်နေစဉ်မှာပင် တောင်ပေါ်မှ နောက်ထပ်ကျယ်လောင်သည့်အသံတစ်ခု မြည်ဟိန်းသွားသည်။

မုန်ကျင်းကျိုး စိတ်ပျက်လက်ပျက်ညည်းလိုက်သည်။

"မြေထပ်ပြိုပြန်ပြီလား။ ဘယ်အချိန်ကျမှရပ်မှာလဲကွာ"

လုယန် မုန်ကျင်းကျိုးကို အသံတိတ်စိုက်ကြည့်နေသည်။ သူတို့ကြုံနေရသည့်ဒုက္ခ၏ အကြောင်းရင်းကို နားလည်လာသည်။ ထိုဒုက္ခထဲသို့ သူဆွဲသွင်းခံနေရသလို ခံစားမိလာသည်။

"အခုငါတို့က မြို့တော်ကိုသွားဖို့ ကြိုးစားနေတာမဟုတ်လား. မြို့တော်ထဲမှာ မိန်းမတွေရှိမှာပဲ။ မင်းကတန်ပြန်ကျိန်စာသင့်နေတာလေ။ ဒီတော့ မြို့ကိုမရောက်နိုင်ဘူး။ ငါက ကျိန်စာသက်ရောက်မှုထဲမှာ ရောပါနေတဲ့သဘောပဲ"

"ဒါဆိုဘယ်လိုလုပ်မလဲ"

မုန်ကျင်းကျိုးလည်း အခြေအနေကို သဘောပေါက်သည်။

"မင်းဒီမှာနေခဲ့။ ငါတစ်ယောက်တည်းသွားမယ်"

**********************************

All Chapters