← Chapters

တောင်ကိုရွှေ၍ ပင်လယ်ကိုဖြည့်သည့် အရူးအဘိုးအို

Vol. 28 Ch. 412

တောင်ကိုရွှေ၍ ပင်လယ်ကိုဖြည့်သည့် အရူးအဘိုးအို

Vol. 28 Ch. 412

"ရှေ့ဆက်သွားရင် ခံစားချက်ခုနစ်မျိုးဂိုဏ်းကိုရောက်ပြီ။ ဒီမှာပဲရပ်ရအောင်။ ငါတို့နှစ်ယောက် ချောက်နက်ကိုသွားပြီး လောင်မုန်ကို စစ်ဆေးပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းကြမယ်"

ဆက်သွားလျှင် ထင်မထားသည့် အဖြစ်အပျက်တစ်ခု ထပ်ကြုံရပြီး ရှေ့ဆက်မသွားနိုင်မည်ကို လုယန်စိုးရိမ်နေသည်။

မြေပြိုတောင်ပြိုအဖြစ်များ ကြုံခဲ့ရသည်။ ကောင်းကင်မျိုမြေစားပညာသုံးခဲ့ရသည်။ ထိုအဖြစ်မျိုး သူထပ်မကြုံချင်တော့။

လုယန်ပြောသည့်စကား ယုတ္တိကျမှန်း မုန်ကျင်းကျိုးသိသည်။ မကျေမနပ်ဖြင့် လက်ခံပြီး မြင်းရထာားနားတွင် စောင့်နေခဲ့ရသည်။

အ‌လောင်းကောင်နှင့်အတူ လုယန်တို့နှစ်ယောက် နှစ်မိုင်သုံးမိုင်ခန့်လျှောက်သွားပြီးနောက် ကောင်းကင်ဓားဖြင့်နှစ်ခြမ်းခွဲထားသလို ထင်ရသည့် ‌ချောက်နက်တစ်ခုသို့ ရောက်လာသည်။

ချောက်နက်နံရံများက မတ်စောက်ချောမွေ့သည်။ အဖုအထစ်တစ်ခုမှမရှိ။ သဘာဝတရား၏လက်ရာဆိုလျှင်လည်း အတော်ပြောင်မြောက်သည့်လက်ရာဟု ဆိုရမည်။

ထူးဆန်းသည့်နံရံကို လုယန်စိတ်ဝင်စားနေမှန်းသိသဖြင့် ကောက်ပိုက ရှင်းပြသည်။

"အကိုအခုမြင်နေရတဲ့နေရာကို အရင်က ခံစားချက်ခုနစ်မျိုးချောက်နက်လို့ မခေါ်သေးဘူး။ ခံစားချက်ခုနစ်မျိုးဂိုဏ်းလို့ ခေါ်တာပါ။

အလယ်ပိုင်းတိုက်နယ်မှာ ဂိုဏ်းတွေအဖွဲ့အစည်းတွေ အများကြီးရှိတော့ ခံစားချက်ခုနစ်မျိုးဂိုဏ်းဆို့တဲ့နာမည်ဟာ မထင်ပေါ်ဘူးလို့ အရင်ဂိုဏ်းချုပ်က ယူဆတယ်။

ပိုထူးခြားလာအောင် နာမည်ကျော်ဓားကျင့်ကြံသူတစ်ယောက်ကိုခေါ်ပြီး ဒီကွင်းပြင်ကို ဓားတစ်ချက် ခွဲခိုင်းတယ်။ ကွင်းပြင်ကနေ ချောက်နက်ဖြစ်လာတယ်။

နာမည်ကိုလည်း ခံစားချက်ခုနစ်မျိုးချောက်နက်လို့ ပြောင်းလိုက်တယ်။ တော်ဝင်ရုံးတော်မှာတောင် နာမည်ပြောင်းမှတ်ပုံတင်လုပ်ခဲ့ပါတယ်"

"ဪ...အဲလိုလား။ လေးစားစရာပဲ။ သူတို့က နာမည်ပြောင်းတာတောင် တရားဝင်လမ်းကြောင်းကနေ သေချာလုပ်ခဲ့တာပဲ"

လုယန် မှတ်ချက်ပြုသည်။ ထို့နောက် ကိစ္စတစ်ခုကို သူရုတ်တရက် တွေးမိလာသည်။

"နေပါဦး၊ ရှားနိုင်ငံဥပဒေက ကျင့်ကြံသူတွေ တိုက်ခိုက်ပြီးရင် မြေအနေအထားကို မူလပုံစံအတိုင်း ပြန်ပြင်ရမယ်လို့ ပြဌာန်းထားတယ်မဟုတ်လား။ ဒီ‌လိုချောက်နက်ဖြစ်အောင်လုပ်တာမျိုးက ထောက်ခံချက်လိုတယ်မဟုတ်လား"

"သိပ်မှန်တာပေါ့။ ဒါကြောင့်လည်း ဒီနေ့အထိ ခံစားချက်ခုနစ်မျိုးချောက်နက်ဟာ တရားဥပဒေအရ ဘောင်မဝင်တဲ့အဆောက်အဦးဖြစ်နေတာပါ"

ကျောက်ပို သွားဖြဲပြုံး၍ ပြောသည်။

တရားမဝင်အဆောက်အဦးဟု သတ်မှတ်သည့် ချောက်နက်မျိုးကို လုယန်ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အမှန်တကယ်ပင် ကျင့်ကြံသူလောက၏ ထူးခြားသည့်နေရာတစ်ခုဖြစ်သည်။

သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က ညည်းညည်းညူညူပြောသည်။

"နင်တို့မဟာရှားခေတ်ကလူတွေက ဒီလိုကိစ္စမျိုးကိုတောင် တရားလွန်စည်းကမ်းတင်းကြပ်ထားတယ်ပေါ့။ ရှေးဟောင်းခေတ်တုန်းကဆိုရင် ငါတို့က လွတ်လွတ်လပ်လပ်ပဲ။ ဒီလိုရှုပ်ရှုပ်ယှက်ယှက် စည်းမျဉ်းတွေမရှိဘူး။

မြေအနေအထားကို ကြိုက်သလိုပြောင်းလဲလို့ရတယ်။

ငါမှတ်မိသေးတယ်။ တောင်းတန်တွေပေါ်မှာ မျိုးရိုးစဉ်ဆက်နေထိုင်တဲ့ မိသားစုတစ်ခုရှိတယ်။ အပြင်လောကကို သူတို့အဝင်အထွက်လုပ်ရတာ အတော်အဆင်မပြေဘူး။ တောင်တန်းကြီးနှစ်ခုက လမ်းကြောပိတ်နေတယ်။

ကွေ့ပတ်ပြီးသွားရတယ်။

အဲဒီ့မိသားစုမှာ ဒီပြဿနာကို သတိထားမိတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ လမ်းပိတ်နေတဲ့ တောင်နှစ်လုံးကို ရွှေ့ပစ်မယ်လို့ သူဆုံးဖြတ်တယ်။ တစ်ချို့လူတွေက သူ့ကိုလှောင်ရယ်ကြတာပေါ့။

အသက်ငယ်ပြီး အားနည်းနေသေးတဲ့သူ့ကို တောင်ရွှေ့ဖို့မပြောနဲ့။ ကျောက်တုံးတစ်တုံးတောင် မ,မနိုင်ပါဘူးလို့ ပြောကြတယ်။

ကောင်လေးက ပြန်ပြောတယ်။ သူအခု မလုပ်နိုင်ပေမယ့် လေ့ကျင့်မယ်တဲ့။ ချီကျင့်ကြံမှုအဆင့်မှာ မလုပ်နိုင်ရင် အခြေတည်အဆင့်ရောက်အောင် ကြိုးစားမယ်။ အခြေတည်အဆင့်နဲ့မရရင် ရွှေသန္ဓေအဆင့်ထိကြိုးစားမယ်။

အဲဒါမှမရရင် နတ်ဝိညာဉ်အဆင့်ပေါ့တဲ့။ ကျင့်စဉ်လမ်းဆိုတာ အကန့်အသတ်မရှိဘူး။ တောင်တွေကိုသူရွှေ့နိုင်တဲ့နေ့တစ်နေ့ ရောက်လာမှာပါတဲ့။

အပြင်လောကမှာ ဆရာသွားရှာပြီး သူလေ့ကျင့်တယ်။ သူပြန်လာတဲ့အချိန်ကျတော့ အဘိုးကြီးတစ်ယောက် ဖြစ်နေပြီလေ။ သူ့အကြောင်းသိတဲ့လူတွေက အရူးအဘိုးအိုလို့ ခေါ်ကြတယ်။

ဒီအဘိုးအိုက ကြောက်စရာကောင်းတဲ့စွမ်းအားအဆင့်ထိ လေ့ကျင့်ပြီး အိမ်ပြန်လာတာလေ။ ထိုက်ဟန်နဲ့ဝမ်ဝူဆိုတဲ့ တောင်နှစ်လုံးကို ကောင်းကင်အသွင်ပြောင်းပညာသုံးပြီး ပင်လယ်ထဲကို လွှင့်ပစ်ခဲ့တယ်။

အဲဒီ့နောက်ပိုင်း တောင်တန်းပေါ်မှာနေကြတဲ့ မိသားစုတွေရဲ့ အိမ်တံခါးရှေ့ကတောင်တွေကို ကူရွှေ့ပေးပြီး ပင်လယ်ထဲကို လွှင့်ပစ်တယ်။

အဲလိုစိတ်အားထက်ထက်သန်သန်နဲ့ ကူညီရင်း အချိန်ကြာလာတော့ ပင်လယ်ထဲမှာ တောင်တွေပြည့်သွားတယ်"

လုယန် နားထင်နှစ်ဘက်ကို လက်ဖြင့်ပွတ်နေသည်။ သူ့မှတ်ဉာဏ်များ ရှုပ်ထွေးလာသည်။

(**ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပါသည်။ အဘိုးအိုတစ်ယောက် လမ်းပိတ်နေသည့် တောင်တန်နှစ်ခုကို ရွှေ့မည်ဟုသန္နိဌာန်ချခဲ့သည်။ တူးရွင်းများ ဂေါ်ပြားများဖြင့်‌ တောင်ကိုတူးဆွ၍ အပြင်သို့သယ်ထုတ်သည်။ မဖြစ်နိုင်သည့်အလုပ်ကို ဘာကြောင့်လုပ်နေသလဲဟု တစ်ခြားလူများကမေးသည်။

ဒီအလုပ်ကို သူ့တစ်သက်မပြီးလျှင် သူ့သားသမီးမြေးမြစ်များ ဆက်လုပ်လိမ့်မည်။ ဇွဲကောင်းလျှင် တောင်တန်းများကို ရွှေ့နိုင်သည်ဟု ပြန်ပြောသည်။ ကောင်းကင်နတ်ဘုရားများက သူ့ဇွဲလုံ့လကို လေးစားသဖြင့် တောင်တန်းများကို နှစ်ခြမ်းခွဲဖို့ အမိန့်ပေးခဲ့သည်)

လုယန်ဘာမှပြန်မပြောနိုင်မီ နတ်မယ်ဆက်ပြောသည်။

"နင်သိလား။ ပင်လယ်က ‌ပျောက်မသွားဘူး။ နေရာရွေ့သွားရုံပဲရှိတာ။ အရူးအဘိုးအိုက ပင်လယ်ကို တောင်တန်းတွေနဲ့ ဖြည့်လိုက်တော့ ပင်လယ်ရေကြွတက်ပြီး ရေကြီးရေလျှံတာတွေဖြစ်လာတယ်။

ကံကောင်းလို့ပေါ့။ အဲဒီ့အချိန်မှာ အချိန်မသေမျိုးက 'ဆပွားမြေကြီး'လို့ခေါ်တဲ့ မြေကြီးတစ်မျိုးဖန်တီးပြီးပြီ။ ဒီမြေကြီးကိုသုံးပြီး ရေကြီးရေလျှံတာတွေ ဆက်မပြန့်အောင် တားခဲ့တယ်။

ဒီဖြစ်ရပ်ကို နောက်ပိုင်းမှာ 'မသေမျိုးရဲ့ ရေထိန်းချုပ်စွမ်းအား'လို့ လူတွေသိလာကြတယ်"

လုယန် သိစိတ်နယ်မြေမှ ပြန်ထွက်သည်။ ခံစားချက်ခုနစ်မျိုးချောက်နက်ရှေ့တွင် လူတန်းရှည်ကြီးရှိသည်။ သူတို့အလှည့်ရောက်အောင် စောင့်ရမည်ဆိုလျှင် ဘယ်လောက်ကြာဦးမည်မသိ။

"ဘာတွေဖြစ်နေတာလဲ။ ဒီလူတွေအားလုံး ခံစားချက်ခုနစ်မျိုးချောက်နက်ကြောင့် ကျိန်စာသင့်နေကြတာလား"

ထိုချောက်နက်မှကျိန်စာသည် လေထဲမှ ဖြန့်ကျဲနိုင်သလားမသိ။ ဘာကြောင့် ဒီလောက်နစ်နာသူများနေရသနည်း။

"အဲလောက်လည်း မဆိုးပါဘူး။ ဒီလူတစ်ဝက်ကျော်လောက်က တစ်ခြားလူတွေရဲ့ကျိန်စာသင့်လို့ ဒီချောက်နက်မှာလာပြီးအကူအညီတောင်းတာပါ။

ခံစားမှုခုနစ်မျိုးချောက်နက်က ဒီအခွင့်အရေးကို အသုံးချပြီး သူတို့တပည့်တွေကို ကျိန်စာဖျက်ပညာ လေ့ကျင့်ပေးတာ။

တစ်ချို့တပည့်တွေကို ကျိန်စာတွေကို ချက်ချင်းစစ်ဆေးပြီး ချက်ချင်းဖယ်ရှားဖို့ ချောက်နက်အဝင်မှာ တာဝန်ချထားတယ်။

လူတွေများလွန်းလို့ အထင်မမှားပါနဲ့။ ဒီလူအများစုက သွားကိုက်တာလို အဆစ်အမြစ်ကိုက်ခဲတာလို အသေးအဖွဲကျိန်စာမျိုးပဲမိထားတာပါ။

ဒါပေမယ့် ဒီလိုရပ်နေလို့တော့ မဖြစ်ဘူး။ ဒီနေရာကတပည့်တွေက အခြေတည်အဆင့်ကျိန်စာတွေတောင် မရှင်းပေးနိုင်ကြဘူး။ အကိုမုန်ရဲ့ကျိန်စာကိုဖျက်ဖို့ဆိုရင် ချောက်နက်သခင်မကို သွားတွေ့မှဖြစ်မယ်"

ထိုစဉ် ရုတ်တရက် တန်းစီနေသည့်လူများဆီမှ လုယန်နှင့်ကျောက်ပိုထံ သိစိတ်အသံလှိုင်းတစ်ခု ဝင်လာသည်။

"ဟေ့၊ ညီလေးတို့၊ ကျိန်စာဖျက်ဖို့လာကြတာလား။ ငါ့နေရာ မင်းတို့ကိုပေးလို့ရပါတယ်။ ငါ့ရဲ့ဆွေမျိုးတွေလို့သာပြောလိုက်ပါ။ ဝိညာဉ်ကျောက်ငါးရာပဲပေး။ အဆင်ပြေလား"

အသံလာရာသို့ လုယန်လှမ်းကြည့်သည်။ ကမ်းလှမ်းသူကိုမြင်ပြီး မျက်ခုံးတစ်ချက်လှုပ်သွားသည်။

ချင်မင်တည်းခိုခန်းပိုင်ရှင်အဖြစ် ဟန်ဆောင်ခဲ့သည့် စက္ကူဖြူဦးထုပ်နှင့်လူဖြစ်သည်။

ဤချောက်နက်တွင် ပေါ်ပေါ်ထင်ထင် လူလုံးပြရဲသည်ဆိုလျှင် ဖမ်းမိလျှင်လည်း ထွက်ပြေးနိုင်မည်ဟု သူ့ကိုယ်သူအပြည့်အဝယုံကြည်၍သာဖြစ်မည်။

လုယန်ပြုံး၍ သူ့ဆီလျှောက်သွားသည်။

"ကျုပ်ကိုမှတ်မိလား"

စက္ကူဦးထုပ်နှင့်လူက လုယန်ကို ခဏစိုက်ကြည့်ပြီးနောက် မှတ်မိသွားဟန်ရှိသည်။

"မှတ်မိပြီ။ ငါ့တည်းခိုခန်းကို လာခဲ့တဲ့ ဧည့်သည်မဟုတ်လား"

လုယန်တွေးနေသည်။

'အစကတည်းက ခင်ဗျားတည်းခိုခန်းမှ မဟုတ်ဘဲ။ ဘာလို့ကျုပ်က ခင်ဗျားဧည့်သည်ဖြစ်ရမှာလဲ'

စက္ကူဦးထုပ်နှင့်လူက တွေးရခက်နေဟန်ဖြင့် ဆက်မေးသည်.

"မင်းနဲ့ပါလာတဲ့ ဟိုညီလေးရော ဘယ်မလဲ။ ပြီးတော့ ဟိုမြင်းအိုကရော။ သူတို့ဘာလို့ ပါမလာတာလဲ"

လုယန် ကျောရိုးထဲစိမ့်သွားသည်။ မြင်းအိုကို အထူးတလည်မေးခြင်းသည် ထူးခြားချက်တစ်ခုခုကို ထိုလူသတိပြုမိ၍သာဖြစ်မည်။

"နတ်မယ်၊ ဒီလူ့ကျင့်စဉ်အဆင့်က ဘာလဲ"

လုယန် သိစိတ်နယ်မြေသို့ လှမ်းမေးသည်။

"ပြောရခက်တယ်။ ဒါက ကိုယ်ပွားတစ်ခုသက်သက်ပါ။ ဒီတော့ သူ့ကျင့်စဉ်အဆင့်ကို အတိအကျမပြောနိုင်ဘူး။ သူက စိတ်စွမ်းအားလေ့ကျင့်ဖို့ ခန္ဓာကိုယ်ကို ထောင်ချီပြီးခွဲထုတ်တဲ့ 'အနန္တကိုယ်ပွားခန္ဓာ'ကျင်စဉ်မျိုးကို ကျင့်ကြံနေတာဖြစ်မယ်"

"ငါကံဆိုးနေတဲ့ပုံပဲ။ သွားတော့မယ်ကွာ"

စက္ကူဦးထုပ်နှင့်လူ နေရာမှချက်ချင်းပျောက်သွားသည်။ လုယန်သည် ကျင့်စဉ်အဆင့်မမြင့်သော်လည်း အခြေခံစွမ်းအား ခိုင်မာသည်။ လုယန်နောက်ခံက ထူးခြားကြောင်း ထိုလူရိပ်စားမိသည်။

လုယန်နှင့်အတူပါလာသည့် နောက်တစ်ယောက်ကို သူမမြင်ဖူးသော်လည်း အလောင်း‌ကောင်ကို သန့်စင်ထားသည့်နည်းလမ်းက အလောင်းထိန်းဂိုဏ်းဝင်ဖြစ်ကြောင်း သိသာသည်။

လုယန်၏နောက်ခံကိုလည်း သူမသိ။ ကျောက်ပိုလို အလောင်းထိန်းဂိုဏ်းတပည့်လည်း ပါလာသည်။ အခြေအနေက အလွယ်တကူ ပြဿနာတက်နိုင်သည်။ ထို့ကြောင့် သူထွက်ပြေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လုယန်မျက်စိရှေ့မှာပင် ထွက်ပြေးနည်းမှော်ပညာတစ်မျိုး သူသုံးသည်။ သို့သော် သူဘယ်လိုပျောက်သွားသည်ကို လုယန်သေချာမမြင်လိုက်ရ။

"ဒီလူက အလိုရှိစာရင်းမှာ ကြော်ငြာထားတဲ့ စက္ကူဖြူဦးထုပ်နဲ့လူဆိုတာမဟုတ်လား"

"မင်းလည်း သူ့အကြောင်းကြားဖူးတယ်ပေါ့"

"ကြားဖူးတာပေါ့။ ကျုပ်တို့ညီအကိုသုံးယောက်...အဲ...မောင်နှမသုံးယောက်ပေါ့လေ...အပြင်မှာ ခရီးထွက်ရင်း ဆုကြေးလိုချင်လို သူ့ကိုဖမ်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် လုံးဝရှာမတွေ့ဘူး"

ခုနက သူလှုပ်ရှားရန်ပြင်ခဲ့သည်။ သို့သော် လုယန်မျက်နှာက တည်ကြည်လေးနက်သည့်အသွင်ရှိနေသဖြင့် ဦးထုပ်နှင့်လူသည် သူထင်ထားသလောက် မရိုးရှင်းကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူမလှုပ်ရှားတော့ခြင်းဖြစ်သည်။

***********************************

All Chapters