← Chapters

သူတို့ဇာတ်လမ်း

Vol. 28 Ch. 415

သူတို့ဇာတ်လမ်း

Vol. 28 Ch. 415

ခံစားချက်ခုနစ်မျိုးချောက်နက်သခင် ရွှမ်ဖေးယွမ်သည် အရိုင်းနယ်မြေ၏ နာမည်ကျော်ကြားဆုံး ရန်စဖို့လက်အတွန့်ရဆုံး ကျိန်စာသခင်များထဲမှ တစ်ယောက်ဖြစ်သည်။

ထူးဆန်း၍ ခန့်မှန်းရခက်သည့် ကျိန်စာပညာမျိုးစုံ တတ်ကျွမ်းသည်။ ထိုပညာများက ဟာကွက်မရှိ၊ ခုခံကာကွယ်၍မရနိုင်။ သူ့ကိုပြဿနာရှာသည့်လူတိုင်း ကျိန်စာမျိုးစုံကို ရင်ဆိုင်ရန် အသင့်ပြင်ထားရမည်။

လွန်ခဲ့သည့် နှစ်ပေါင်းရာချီက ဂိုဏ်းတစ်ဂိုဏ်းသည် ရွှမ်ဖေးယမ်ကို သူ့နောက်ကွယ်တွင် စော်ကားခဲ့သည်။ ထိုအကြောင်း သူသိသွားပြီးနောက် ထိုဂိုဏ်းဝင်အားလုံး လိင်ပြောင်းသွားသည်။ ခြောက်လကြာမှ ပုံမှန်ပြန်ဖြစ်လာသည်။

ယနေ့အထိ ထိုဂိုဏ်းသည် အရိုင်းနယ်မြေတစ်ခုလုံး၏ လှောင်ရယ်ခံဘဝတွင် ရှိနေသည်။

ရွှမ်ဖေးယွမ်၏ အတိတ်ကလုပ်ရပ်များကို လုယန်မသိပါ။ သို့သော် ကျိန်စာသခင်တစ်ယောက်၏‌ဒေါသကိုသွားဆွခြင်းသည် ဆိုးဝါးသည့်စိတ်ကူးဖြစ်ကြောင်း သူသိသည်။

ရှေးဟောင်းလျှို့ဝှက်ချက်များ...အထူးသဖြင့် ရှေးမသေမျိုးတို့၏ သမိုင်းဆိုးများကို သူသိသည်။ တစ်နေ့နေ့တွင် ကြီးမားသည့်တာဝန်များကို ထမ်းပိုးရဖို့ရှိသေးသည်။

ယခုလောလောဆယ် စွမ်းအားအကြီးဆုံးကျိန်စာသခင်တစ်ယောက်၏ ဒေါသကို ရင်ဆိုင်ဖို့မလိုအပ်သေးပါ။

ဘယ်သူမှလည်း ရင်ဆိုင်နိုင်မည်မဟုတ်။

"စိတ်မပူပါနဲ့။ ငါရှိနေရင် ဘယ်ကျိန်စာမှ နင့်ကိုဒုက္ခမပေးနိုင်ပါဘူး"

နတ်မယ်က သိစိတ်နယ်မြေမှ ယုံကြည်ချက်အပြည့်ဖြင့် ကြေညာသည်။

သူစကားကြောင့် လုယန်ပို၍ပင် စိုးရိမ်လာသည်။

ကျောက်ပိုလည်း အတော်စိုးရိမ်နေသည်။ သူက လုယန်လိုမဟုတ်။ ချောက်နက်သခင်၏စွမ်းအားကို ကောင်းကောင်းသိထားသည်။ သခင်မရွှမ်၏ နာမည်ကျော်ကြားမှုက သတ္တိအရှိဆုံးလူများကိုပင် ကြောက်ဒူးတုန်သွားစေနိုင်သည်။ အလောင်းထိန်းဂိုဏ်းနှင့် ခံစားချက်ခုနစ်မျိုးဂိုဏ်းတို့သည် အချိန်ကြာမြင့်စွာ ရင်းနှီးခဲ့ကြသော်လည်း ထိုရင်းနှီးမှုက သူတို့ကို ကာကွယ်ပေးနိုင်မပေးနိုင်ဆိုသည်မှာ ချောက်နက်သခင်၏ စိတ်အခြေအနေပေါ်သာမူတည်သည်။

ကံကောင်းထောက်မစွာဖြင့် ချောက်နက်သခင်က သူ့ဒေါသကို ဂျူနီယာများအပေါ် ဖွင့်ထုတ်ဖို့ရည်ရွယ်ထားပုံမရ။ သူ့အမူအရာ အမျိုးမျိုးပြောင်းလဲနေပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချသည်။

"ရှဲ့ရှန်ရန်ကို စတွေ့တုန်းက ငါတို့ဟာမင်းတို့အသက်အရွယ်လောက်ပဲရှိသေးတာ။

တစ်နေ့မှာ ရှဲ့ရှန်ရန် စန်းတောင်ကိုဖြတ်သွားနေတုန်း အော်ဟစ်အကူအညီတောင်းတဲ့အသံတွေ သူကြားတယ်။ ဓားပြတွေက ဒုက္ခပေးနေတာလေ။ သူက ရဲရဲတင်းတင်းဝင်လာပြီး အားလုံးကိုကယ်လိုက်တယ်။ အဲလိုနဲ့ ငါတို့စတွေ့ခဲ့တာ"

လုယန်ကျိတ်၍ ခေါင်းငြိမ့်သည်။ မိန်းမလှကိုသူရဲကောင်းကယ်တင်သည် ကန္တဝင်ဖြစ်ရပ်မျိုးဖြစ်သည်။ အကြီးအကဲရှဲ့၏ ချစ်ရေးကံကြမ္မာ အတော်ကောင်းခဲ့ပုံရသည်။

"ငါက ဓားပြခေါင်းဆောင်လေ"

ချောက်နက်သခင် ဆက်ပြောသည်။

"ရှဲ့ရှန်ရန်ကို ငါတွေ့တော့ သူ့ရဲ့သိမ်မွေ့တဲ့ဟန်ပန် ရည်မွန်တဲ့ပြောပုံဆိုပုံတွေကြောင့် ဂုဏ်သရေရှိဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် အဆင့်အတန်းမြင့်တဲ့မိသားစုတစ်ခုက လူတစ်ယောက်ဖြစ်မယ်ဆိုတာ ငါရိပ်မိတယ်။

ဒါကြောင့် သူ့ကိုငါဖမ်းခေါ်သွားပြီး ငါ့ယောက်ျားလုပ်လိုက်တယ်"

လုယန် "..."

ဇာတ်လမ်းက တစ်ခုခုလွဲချော်နေသည်။

"ငါက ဓားပြပါ။ ဓာပေမယ့် လူချမ်းသာတွေဆီကပဲလုယက်ပြီး ဆင်းရဲတဲ့လူတွေကိုပေးတာ။ လူဆင်းရဲတွေဆီက ငွေတစ်ခါမှမယူဖူးဘူး။

ငါးဓားပြဖြစ်လာတဲ့ အကြောင်းရင်းကလည်း အရိုင်းနယ်မြေမှာ ဓားပြတွေများလွန်းလို့ပဲ။ သူတို့အားလုံးကို ရှင်းလင်းသုတ်သင်ဖို့က မဖြစ်နိုင်ဘူးလေ။

ဒါကြောင့် ငါကိုယတိုင်ဓားပြလုပ်၊ အင်အားစုစည်းပြီး တစ်ခြားဓားပြတွေကို နှိပ်ကွပ်တာက ပိုကောင်းမယ်လို့တွေးမိတယ်။ အဲလိုမှ ပြဿနာကို ရှင်းနိုင်မယ်လေ"

သူခဏနားပြီးနောက် ဆက်ပြောသည်။

"ရှဲ့ရှန်ရန်ကိုဖမ်းခေါ်လာပြီးတဲ့နောက်မှာ ငါသူ့ကို လက်ထပ်ချင်ခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲ သူကငြင်းတယ်လေ။ အသက်သေရင်တောင် လက်မခံဘူးတဲ့။ ဒါကြောင့် ငါမတတ်သာပဲ သူ့ကိုလက်လျှော့လိုက်ရတယ်...ယာယီပေါ့"

လုယန် တွေးနေသည်။ ကြိုတင်စီစဉ်ပြန်ပေးဆွဲခြင်းများသည့် အရိုင်းနယ်မြေတွင် ဓလေ့တစ်ခုလိုဖြစ်နေသည်ဟု ကောလဟာလကြားဖူးသည်။ သို့သော် ပြန်ပေးဆွဲသူထံမှ ယခုလိုတိုက်ရိုက်ကြားရမည်ဟု ထင်မထား။

"အမှန်ကတော့ ရှဲ့ရှန်ရန်ကို ငါလက်မလျှော့ခဲ့ဘူး။ သူ့ကျင့်စဉ်အဆင့်က ငါနဲ့တန်းတူပဲ။ ငါသူ့ကို အလစ်တိုက်ခိုက်ပြီးတော့ပဲ ဖမ်းခဲ့ရတယ်။ သူထွက်မပြေးနိုင်အောင် ကျိန်စာတိုက်ခဲ့တယ်။

ဒီကျိန်စာကို မြန်မြန်မချိုးဖျက်နိုင်မှန်းသိတော့ သူငါနဲ့ခဏနေတယ်။ ဓားပြတွေရှင်းလင်းဖို့ ငါသေချာစီစဉ်ထားတဲ့ကိစ္စကို သူ့ကိုပြောပြလိုက်တယ်။

သူသေချာပြန်တွေးကြည့်ပြီးတော့ ကျိုးကျောင်းဆီလျော်တယ်လို့ယူဆပြီး ငါနဲ့အတူ လူချမ်းသာတွေဆီကဓားပြတိုက်ပြီး လူဆင်းရဲတွေကူညီဖို့ သဘောတူခဲ့တယ်။

ကျင့်ကြံသူလောကမှာ ငါတို့နှစ်ယောက်က 'အမွှာဓားပြ"ဆိုပြီး အတူတူနာမည်ကြီးလာတယ်။ အဲဒီ့အချိန်အတွင်းမှာလည်း ရှဲ့ရှန်ရန်က ကျိန်စာပယ်ဖျက်ပြီး ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူမအောင်မြင်ဘူးလေ။

သူ့ဇွဲလုံ့လကိုတော့ ငါတကယ်လေးစားမိပါတယ်"

အကြီးအကဲရှဲ့သည် သူ့ကျိန်စာဖျက်စွမ်းရည်များကို ထိုကာလအတင်း လေ့ကျင့်ခဲ့ခြင်းဖြစ်မည်ဟု လုယန်တွေးနေသည်။ ကျိန်စာဖျက်ပညာသာကျွမ်းကျင်ပြီး ကျိန်စာမတိုက်တတ်သည်မှာ အံ့ဩစရာမရှိတော့။ သူက ကျိန်စာတိုက်ခံရသည့်ဘက်မှဖြစ်သည်။

"စန်းတောင်က တကယ်နေ့ရာကောင်းပဲ။ နာမည်ကျော်လူငယ်ကျင့်ကြံသူတစ်ချို့ကို ငါတို့ဖမ်းဆီးခဲ့တယ်။ လက်ရှိအလောင်းထိန်းဂိုဏ်းချုပ်နှင့် အရိုင်းမျိုးနွယ်ခေါင်းဆောင်လည်း ပါတယ်။

ငါ့အစီအစဉ် သူတို့ကိုရှင်းပြလိုက်တော့ သူတို့ကလည်း လက်ခံကြတယ်။ သွေးသစ္စာဆိုတယ်။ ငါ့ရဲ့ဓားပြအဖွဲ့ထဲဝင်တယ်။ ငါ့ကို အမကြီးလိုခေါ်ကြတယ်။

ဒီသုံးယောက်အကူအညီနဲ့ စန်းတောင်က ငါတို့ဓားပြအဖွဲ့ကို ချက်ချင်းချဲ့ထွင်ခဲ့တယ်။ ဘေးပတ်လည်က ဓားပြတွေအားလုံး ငါတို့ဆီမှာ အညံ့ခံကြတယ်။ ငါ့အနိုင်ယူခဲ့တဲ့ ဓားပြတွေကို ရွေးစရာနှစ်ခုပေးတယ်။

ဖုတ်ကောင်အဖြစ်ပြောင်းလဲတာ ခံမလား။ ဒါမှမဟုတ် ငါကျိန်စာတိုက်တာခံမလားဆိုတာပဲ။ သူတို့က ကျိန်စာကိုပဲရွေးပြီး ငါ့လက်အောက်ခံတွေဖြစ်လာတယ်။

ဒီနည်းလမ်းနဲ့ ငါတို့ဩဇာကို ဆက်ပြီးချဲ့ထွင်တယ်။ သိပ်မကြာခင် တောင်တန်းဓားပြစခန်းတွေ ဒါဇင်ချီပြီး ငါတို့ထိန်းချုပ်မှုအောက်ကို ရောက်လာတယ်။

နောက်ဆုံးမှာ အရိုင်းနယ်မြေတစ်ဝက်နီးပါး ငါတို့ထိန်းချုပ်နိုင်ခဲ့သည်။ မြေအောက်လောကနဲ့ ပတ်သက်နေတဲ့လူအားလုံး "စန်းတောင်နဂါးလေးဖော်"ကိုသိကြတယ်။

အဲဒီ့အချိန်တုန်းက အကြီးဆုံးဓားပြအဖွဲ့ရဲ့ခေါင်းဆောင်က ကျန်းရှန်ဟူဆိုတဲ့လူပါ။ ငါတို့ မြန်မြန်ဆန်ဆန် အင်အားချဲ့ထွင်လာတာသိတော့ ငါတို့အင်အားနည်းတုန်းမှာ နှိပ်ကွပ်ဖို့ကြံတယ်။ တိုးတက်လာတဲ့အရှိန်ကို တားဖို့ပေါ့။

ကျန်းရှန်ဟူက နတ်ဝိညာဉ်ထိပ်တန်းအဆင့်ပါ။ ငါတို့သူ့ကို တစ်ယောက်ချင်းဆို မယှဉ်နိုင်ဘူး။ ဒါပေမယ့် ငါတို့လေးယောက် ပူးပေါင်းလိုက်တော့ သူ့ကိုအနိုင်ယူနိုင်ခဲ့တယ်။

ကျန်ရှန်ဟူ ငါတို့ကိုမနိုင်တော့ ကြောက်လန့်တကြားထွက်ပြေးတယ်။ ဒါပေမယ့် မပြေးခင် ငါတို့ကိုခြိမ်းခြောက်သွားတယ်။ သူ့ကိုနောက်ကနေ ထောက်ပံ့နေတဲ့ စုစည်းခြင်းအဆင့် ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်ရှိတယ်။

သူ့ကိုပြဿနာရှာတာဟာ ငါတို့အတွက် သေမိန့်ကျတာပဲတဲ့။ အဲဒီ့စုစည်းခြင်းကျင့်ကြံသူလက်ထဲမှာ သေဖို့စောင့်နေကြတဲ့။ သူ့စကားအတိအကျကိုတော့ငါမမှတ်မိတော့ဘူး။ ပြောသွားတာတွေကတော့ အဲဒီ့အဓိပ္ပါယ်ပဲ။

စုစည်းခြင်းအဆင့်ကျင့်ကြံသူကို ငါတို့မယှဉ်နိုင်မှန်းသိတယ်။ ဒါကြောင့် မတတ်သာတော့ပဲ ငါတို့အကြီးအကဲတွေကို အကူခေါ်ရတယ်။

အစုစည်းခြင်းအဆင့်ဂိုဏ်းမဲ့ကျင့်ကြံသူ စွမ်းအားလာပြတဲ့အချိန်မှာ အဲဒီတုန်းကချောက်နက်ရဲ့သခင်ရယ် အလောင်းထိန်းဂိုဏ်းက မဟာအကြီးအကဲရယ် အရိုင်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲရယ် အားလုံးပေါ်လာကြတယ်။

ဟိုဂိုဏ်းမဲ့ကျင့်ကြံသက ကြောက်လန့်ပြီး ထွက်ပြေးဖို့ကြိုးစားတယ်။ ဒါပေမယ့် ငါတို့အကြီးအကဲတွေလက်ထဲကနေ ဘယ်လိုလွတ်နိုင်မှာလဲ။ သူက စုစည်းခြင်းအခြေခံအဆင့်ပဲရှိတာ။

ငါတို့အကြီးအကဲတွေက စုစည်းခြင်းနောက်ဆုံးအဆင့်တွေလေ။ အားလုံးက ဝိုင်းပြီးပိုက်ကွန်တစ်ခုဆင်ကြတယ်။ ထောင်ချောက်ထဲ သူဝင်လာချိန်ကိုစောင့်ရုံပဲပေါ့"

ဂိုဏ်းမဲ့ကျင့်ကြံသူ ဘယ်လောက်စိတ်ပျက်မည်ကို လုယန် စိတ်ကူးယဉ်ကြည့်သည်။ လက်အောက်ခံများ၏ရန်သူကို ကူရှင်းပေးရန် ရောက်လာခြင်းဖြစ်သည်။ တစ်ဘက်က စွမ်းအားမြင့်ပုဂ္ဂိုလ်များ ပေါ်လာမည်ကို သူကြိုခန့်မှန်းမိမည်မဟုတ်။

"ဂိုဏ်းမဲ့ကျင့်ကြံသူက တကယ်ထူးခြားတဲ့ထွက်ပြေးနည်းတစ်ခုတတ်ထားတယ်။ အဖမ်းခံရရင် သူသေမယ်ဆိုတာသိတော့ သူ့သွေးသန္ဓေကိုစတေးပြီး ပိုက်ကွန်ထဲကနေထွက်ပြေးဖို့ ကြိုးစားတယ်။

အဲဒီ့အချိန်မှာ ကလေးတစ်ယောက်က သူ့ပြေးလမ်းကိုလာပိတ်တယ်။ အဲဒါ နင်တို့ရဲ့ဘိုးဘေးဆရာပဲ။ အဲဒီတုန်းက သူက တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့။ ရှိနေတဲ့အကြီးအကဲတွေမှာ သူစွမ်းအားအကြီးဆုံးပဲ။

သူလှုပ်ရှားလိုက်တော့ အသက်ဓာတ်စတေးထားတဲ့ စုစည်းခြင်းအဆင့် ဂိုဏ်းမဲ့ကျင့်ကြံသူတောင် မလွတ်နိုင်တော့ဘူး။

အဲဒီ့နောက်မှာ အရိုင်းနယ်မြေက ဓားပြအဖွဲ့တွေကို ငါတို့စုစည်းခဲ့တယ် ဒါပေမယ့် အကြီးအကဲတွေက ငါတို့ကို ကိုယ့်ဂိုဏ်းသူ့ဂိုဏ်း ပြန်ခေါ်သွားပြီး အပြစ်ပေးတဲ့အနေနဲ့ ပိတ်လှောင်ထားကြတယ်။

ရှဲ့ရှန်ရန်လည်း ဂိုဏ်းကိုပြန်ခေါ်ပြီး ပိတ်လှောင်ခံရဖို့ပါပဲ။ ဒါပေမယ့် နင်တို့ဘိုးဘေးကဆရာက 'သုံးသပ်ခြင်းချောက်ကမ်းပါး'မှာ နေရာလွတ်မရှိလို့ သူ့ကိုငါနဲ့အတူ ခံစားချက်ခုနစ်မျိုးချောက်နက်မှာပဲ ပိတ်လှောင်ထားမယ်လို့ ပြောတယ်"

သုံးသပ်ခြင်း‌ချောက်ကမ်းပါးအကြောင်း လုယန်ကြားဖူးသည်။ တာအိုလမ်းစဉ်ဂိုဏ်းက အပြစ်ပေးဖို့နှင့် ကိုယ့်အမှားကိုယ်သုံးသပ်ခိုင်းဖို့ အသုံးပြုသည့်နေရာဖြစ်သည်။

သို့သော် သူသည် အမြဲတမ်း အမိန့်နာခံခဲ့သည့် တပည့်ဖြစ်၍ ထိုနေရာသို့ တစ်ခါမှ အပို့မခံခဲ့ရဖူးပါ။

ယွမ်ကျိက အကျင့်ပျက်ဆိုးသွမ်းသည့် သူ့ဆရာဝစီပိတ်ကို ထိုချောက်ကမ်းပါးတွင် ပိတ်လှောင်ထားချင်ခဲ့သည်။ သို့သော် သူ့ဆရာ၏ကျင့်စဉ်စွမ်းအားက မြင့်လွန်းနေသည်။

ထိုနေရာသို့ ဝစီပိတ်ကို ခဏခဏပို့ခဲ့သဖြင့် ချောက်ကမ်းပါး၏ စွမ်းအင်သက်ရောက်မှု ပျက်စီးသွားသည်။ ထို့ကြောင့် ကောင်းကင်ဂိတ်တောင်ထိပ်တွင်သာ ပိတ်လှောင်ခဲ့ခြင်းဖြစ်သည်။

"အဲဒီတုန်းက သုံးသပ်ခြင်းချောက်ကမ်းပါးမှာ ဘယ်သူပိတ်လှောင်ခံထားရတာလဲ"

လုယန် မေးလိုက်သည်။

"နင့်ဆရာနဲ့ သူ့ညီအကိုမောင်နှမခုနစ်ယောက်လေ။ နင့်ဆရာက သူတို့ကို နန်းမြို့တော်ကို ဦးဆောင်ခေါ်သွားပြီး ဂြိုလ်မွှေခဲ့တာဖြစ်မယ်။ လူကုံထံမိသားစုက တပည့်တွေကို သည်းမခံနိုင်လောက်အောင် ဒုက္ခပေးခဲ့တာ။

နန်းမြို့တော်ကိုရောက်ရင် နင့်ကိုယ်နင် တာအိုရှင်ဝစီပိတ်ရဲ့တပည့်လို့ မပြောမိစေနဲ့"

လုယန် - "..."

တစ်ခြားလူတွေရဲ့ အကြီးအကဲတွေက အမြဲတမ်း သူတို့ရဲ့ကျောထောက်နောက်ခံတွေပါ။ ငါ့အကြီးအကဲတွေကျတော့ ငါဖြေရှင်းရမယ့် ရန်ကြွေးအားလုံးကို ဖန်တီးကြတဲ့လူတွေပါလား..

All Chapters