← Chapters

ပြန်လည်တွေ့ဆုံခြင်း

Vol. 6 Ch. 87

ပြန်လည်တွေ့ဆုံခြင်း

Vol. 6 Ch. 87

“ဘယ်ဟုတ်မလဲ၊ သမီးပြန်လာတာ အဖေက ဝမ်းအသာဆုံးပဲလေ၊ ဒါပေမဲ့ သမီးရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက်ဖြစ်နေမစိုးလို့လေ”

လင်းထျန်းဝောာက်သည် ပြုံးရွှင်နေသည့် မျက်နှာနှင့် လင်းယိုဟန်ကို ကြည့်ကာပြောလိုက်၏။ သူမသည် ကြယ်တာယာနန်းတော်၏ တပည့်တစ်ဦးဖြစ်ပြီး အလွန်ပင် ပါရမီရှိလှသည့် ချစ်စဖွယ်မိန်းမငယ်လေး တစ်ဦးဖြစ်သည်။ လင်းထျန်းတောက်သည် သူ၏ သမီးဖြစ်သူကိုကြည့်ကာ အလွန်ပင်ဂုဏ်ယူနေမိ၏။ ဗဟိုနယ်မြေကဲသို့ အင်အားကြီးနယ်မြေတစ်ခုတွင် လင်းယိုဟန်၏ အသက်အရွယ်နှင့် ဤသို့ အဆင့်ရောက်ရှိသူကို မကြားဖူးသေးချေ။

“ဟွန့်..”

“ကောင်းပြီ၊ ကောင်းပြီ၊ သမီးအမေကိုသွားတွေ့လိုက်ဦး၊ သမီးအမေလဲ အဖေ့လိုပဲ သမီးကိုလွမ်းနေတာ၊ ပြီးတော့ သမီးလဲ ဗဟိုမြို့တော်ကို မရောက်တာကြာပြီမလား၊ လင်းဟွေ့ရော ဂိုဏ်းကနေပြန်ရောက်နေတာကြာပြီ၊ သူ့ကိုခေါ်ပြီး မြို့တော်အတွင်းလျှောက်ကြည့်ကြလေ”

လင်းထျန်းတောက်သည် လင်းယိုဟန်ကို ပြင်ပလောကနှင့်လည်းအဆက်အသွယ်မပြတ်စေချင်ပေ။ ထို့ကြောင့် ကျင့်ကြံမှုကို အနားယူနေချိန်တွင် စိတ်အပန်းပြေစေလို့၏။

“ဟုတ်ကဲ့ပါ အဖေ” လင်းယိုဟန်သည် သူမ၏ဖခင်ကို နှုတ်ဆက်ကာထွက်သွားလိုက်၏။

တစ်ဖက်တွင် ဟွမ်းတို့ ဆရာတပည့်များသည် ဗဟိုနယ်မြေသို့ရောက်ရှိနေကြပြီဖြစ်သည်။

“ဆရာ ဗဟိုမြို့တော်ကို ရောက်ခါနီးပြီ”

လျှိုမင်ယွမ်သည် ဗဟိုမြို့တော်တွင် ကြီးပျင်းလာခဲ့ပြီး လင်းအိမ်တော်၏ အစေခံ ဖြစ်ခဲ့သောကြောင့် ဗဟိုနယ်မြေ၏ နေရာတော်တော်များများကို ရင်းနှီးနေသည်။ ချုးယွီဟွာသည် ဗဟိုနယ်မြေနှင့် ကုန်သွယ်ရေးတွင် ချုးထန် ကိုယ်တိုင်လုပ်ဆောင်သောကြောင့် သူမအတွက် အစိမ်းသက်သက်ပင်။

“ဒီမြို့က ထိုက်ရွှမ်မြို့ထက်တောင် ကြီးမားမဲ့ပုံပဲ”

လုရှင်းယန်သည် သူ၏ ရှေ့က မြို့တံတိုင်းကိုကြည့်ကာပြောလိုက်သည်။ သူသည် မုန့်ချန်အာကိစ္စနှင့် ပတ်သတ်၍ တည်ငြိမ်လာပြီဖြစ်သည်။ ယခုတွင် ထိုကိစ္စကို ဖြေရှင်းရန် စွမ်းအားမရှိသေးပေ။ ထို့ကြောင့် ဤပြိုင်ပွဲတွင် ထိပ်တန်းဆယ်ဦးအတွင်းဝင်နိုင်ပါက သူစွမ်းအားများ တိုးတက်လာမည့် အခွင့်အရေးပင်။

“ကျုပ်တို့ ထိုက်ရွှမ်မြို့ကို စရောက်တုန်းက ခံစားချက်တောင် သတိရမိသွားတယ်”

ပိုင်ကျန့်ယွီလည်း ထောက်ခံလိုက်၏။

“စီနီယာအစ်ကို နတ်အင်ပါယာထိုက်ကို အကြောင်းကြားမှာလား”

ချုးယွီဟွာသည် ဟွမ်း၏ ဆန္ဒကို မေးမြန်းလိုက်၏။ သို့မှသာ သူမစီစဉ်စရာရှိသည်များ စီစဉ်နိုင်အောင်ဖြစ်သည်။

“မလိုဘူး၊ တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့ အိမ်တစ်လုံးငှားကြတာပေါ့” ဟွမ်းသည် သူ၏ ခေါင်းကိုအသာခါယမ်းကာပြောလိုက်၏။ သူသည် ထိုရှုပ်ထွေးလှသည့် လူများနှင့် မပတ်သတ်ချင်ပေ။ ချုးယွီဟွာ နားလည်သည့်အလား ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် မော့ရွှယ်အာသည် အကြံပြုလိုက်၏။

“မိန်းကလေးယွီဟွာ၊ ရှင်းယန်တို့ကို အိမ်တော်ရှာခိုင်းလိုက်ပါ့လား”

“ဘာလို့လဲ”

ချုးယွီဟွာသည် အံ့ဩစွာ မေးလိုက်၏။ ဟွမ်းသည်လည်း ထိုမိန်းကလေးကို စိုက်ကြည့်လိုက်သည်။ အိမ်တော်ရှာဖွေရာတွင် လူအများကြီး ရှာဖွေရန်မလိုအပ်ပေ။ ထို့ကြောင့် ချုးယွီဟွာသည် တာဝန်ယူကာ ရှာဖွေငှားရမ်းခဲ့ခြင်းဖြစ်သည်။

“မင်ယွမ်ကလဲ ဒီမြို့တော်နဲ့ ရင်းနှီးနေတာပဲလေ” မော့ရွှယ်အာသည် ပြောလိုက်၏။

“ဒါဆို ကျုပ်တို့ သွားလိုက်မယ်လေ” လုရှင်းယန်သည် တာဝန်ယူလိုက်ပြီးနောက် ညီအစ်ကို သုံးဦးသည် အိမ်တော်ရှာဖွေရန် ထွက်ခွာသွား၏။

“ရှင်းယန်တို့ကို အိမ်တော်ရှာဖို့ တာဝန်ပေးလိုက်တာ တစ်ခြားအကြောင်းရင်းရှိသေးလား” ချုးယွီဟွာသည် မော့ရွှယ်အာအနားကပ်ကာ တီးတိုးမေးလိုက်၏။ ပုံမှန်ဆိုလျှင် ထိုမိန်းကလေးသည် သူမနှင့် မသက်ဆိုင်သည့်အလား တိတ်တဆိတ်ပင်နေတက်၏။ ထို့ကြောင့် ယခုလိုပြောချင်းသည် ချုးယွီဟွာအတွက် ထူးဆန်းနေသည်။

“မိန်းကလေးယွီဟွာ သွားလိုက်ရင် သူ့ကို ထိန်းနိုင်တဲ့သူမရှိဘူး”

မော့ရွှယ်အာသည် ဟွမ်းကို ညွှန်ပြကာပြောလိုက်၏။ သူမသည် နယ်စပ်မြို့တွင် ဟွမ်းနောက်လိုက်ပြီးကတည်းက အလွန်ပင်ရှက်နေခဲ့ပြီဖြစ်သည်။ ထိုလူသည် အလွန်ပင် တည်ငြိမ်လှပြီး နတ်အင်ပါယာများကိုပင် မောက်မာစွာဆက်ဆံတက်သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများနှင့်တော့ လမ်းဘေးလူမိုက်အလား ပြုမှုနေခဲ့သည်။

ဟွမ်း “...”

‘ငါ ဘာလုပ်မိလို့တုန်း’

“ဆရာ သူတို့တွေပဲ သွားလို့ အဆင်ပြေပါ့မလား”

ယွဲ့ဝူယောင်သည် ထိုသုံးဦးထွက်သည့်နောက်သို့ကြည့်ကာ ပြောလိုက်၏။

“မင်ယွမ် ဘယ်နားကအိမ်တော်သွားငှားကြမလဲ၊ အကောင်းဆုံး အိမ်တော်ကို ငှားကြမယ်ကွာ”

လုရှင်းယန်သည် ပြောလိုက်၏။ ချုးယွီဟွာသည် သူအား အဆင့်မြင့်သလင်းကျောက်များစွာပေးလိုက်သောကြောင့်ဖြစ်သည်။

“ဒါဆို ကျုပ်တို့ အလယ်လွှာကို သွားကြမယ်” လျှိုမင်ယွမ်သည် ဦးဆောင်ကာ သူ၏ အစ်ကိုနှစ်ဦးကိုခေါ်သွား၏။

ဗဟိုမြို့တော်တွင် အနိမ့်ပိုင်းအလွှာ၊ အလယ်အလွှာနှင့် အဆင့်မြင့်အလွှာဟူ၍ အလွှာသုံးခုခွဲခြားထားသည်။ အနိမ့်ပိုင်းအလွှာသည် မြို့ရိုးအတွင်း၏ ပတ်ပတ်လည်တွင် ရှိသော အလွှာဖြစ်၏။ ထိုအလွှာတွင် အဆင့်အတန်းနိမ့်ကျင့်ကြံသူများ ရောင်းဝယ်ဖောက်ကားပြီး နေထိုင်ရာအလွှာဖြစ်သည်။ ထိုအလွှာမှ ဆက်သွားလျှင် မြို့ရိုးတစ်ခုရှိနေပြီး ထိုမြို့ရိုးအတွင်းဧရိယာသည် အလယ်အလွှာဖြစ်၏။ ထိုအလွှာတွင် အဆင့်အတန်းမြင့်ကျင့်ကြံသူများ၊ အလယ်လတ်အင်အားရှ်ိအိမ်တော်များ အပြင် ဗဟိုကုန်းမြေပြိုင်ပွဲကျင်းပမည့်နေရာလည်းဖြစ်သည်။ ထို့အပြင် အလွှာ သုံးခုတွင် အကျယ်ပြန့်ဆုံးအလွှာဖြစ်၏။ အဆင့်မြင့်အလွှာတွင်တော့ မြို့အုပ်ချုပ်သူများ၊ အိမ်တော်ကြီးများနှင့် အင်အားကြီးပုဂ္ဂိုလ်များ အတွက်သာဖြစ်သည်။ ထိုအလွှာသည် မြို့၏ အလယ်ဗဟိုတည့်တည့်တွင်တည်ရှိ၏။

“ဒီဗဟိုမြို့က အတော်လေးထူးဆန်းပြီး၊ အဆင်အတန်းခွဲခြားထားလွန်းတာပဲ”

လျှိုမင်ယွမ် သည် ဗဟိုမြို့တော် အကြောင်းရှင်းပြပြီးသည့် အချိန်တွင် လုရှင်းယန်သည် မှတ်ချက်ပေးလိုက်၏။

“ပြီးတော့ ဒီမြို့မှာ လူသတ်တာကလွဲရင်၊ တိုက်ခိုက်မှုတွေကို ခွင့်ပြုထားတယ်”

လျှိုမင်ယွမ်သည် တီးတိုးပြောလိုက်၏။ ခိုက်ရန်ဖြစ်ပွားမှုများအတွက် တားမြစ်မထားပေ။ သို့သော် ပတ်ဝန်းကျင် ထိခိုက်စေပြီး ပျက်စီးဆုံးရှုံးမှုရှိပါက လျှော်ကြေးပေးဆောင်ရမည်ဖြစ်သည်။

“ဒါဆို လက်ရည်စမ်းဖို့ လူရှာကြည့်ရင်ကောင်းမလား”

ပိုင်ကျန့်ယွီသည် သူ၏မျက်လုံးများဝင်းပလာပြီး ပြောလိုက်၏။ လုရှင်းယန်နှင့် လျှိုမင်ယွမ်သည် စွံ့အသွားခဲ့သည်။ သို့သော်ပိုင်ကျန့်ယွီသည် ငါးနှစ်လုံးလုံး မော့ရွှယ်အာ၏ ရိုက်နှက်ချင်းကိုသာ ခံခဲ့ရခြင်းကြောင့် တစ်စုံတစ်ဦးအား ပြန်လည်ရိုက်နှက်ချင်နေပြီဖြစ်သည်။

ထို့နောက် သူတို့သည် အလယ်လွှာမှ တစ်လတွင် အဆင့်သလင်းကျောက် ဆယ်တုံးပေးဆောင်ရသော်အိမ်တော်တစ်ခုကို ငှားရမ်းခဲ့သည်။ ထိုအိမ်တော်သည် ထိုက်ရွှမ်မြို့က ငှားရမ်းခဲ့သည်အိမ်တော်ထက် ဆယ်ဆဈေးကြီးပေသည်။ ထို့နောက် သူတို့၏ ဆရာအားသွားခေါ်ရန် ပြန်လာခဲ့ကြသည်။

“မင်း မသေသေးဘူးပေါ့”

လုရှင်းယန်တို့သည် အပြန်လမ်းတွင် အသံတစ်ခုကိုကြားလိုက်ရ၏။ လျှိုမင်ယွမ်သည် ထိုရင်းနှီးနေသည့် အသံလာရာသို့ကြည့်လိုက်ရာ ထိုအသံပိုင်ရှင်သည် လင်းဟွေ့ပင်ဖြစ်နေတော့သည်။

လင်းဟွေ့သည် လျှိုမင်ယွမ်ကို အံ့ဩစွာကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်၊ ငါ မသေသေးဘူး၊ မင်းကို သတ်ဖြတ်ဖို့ အသက်ရှင်နေတုန်းပဲ”

လျှိုမင်ယွမ်သည် လင်းဟွေ့ကို မုန်းတီးစွာကြည့်လိုက်ပြီး အံ့ကြိတ်ကာပြောလိုက်၏။ သူတို့ကြားတွင် အငြိုးတေးများ မရှိသော်လည်း လင်းဟွေ့သည် သူ့အားသတ်ဖြတ်ရန်ကြိုးစားခဲ့သည်။

“တတိယအစ်ကို သူ့ကို ကျုပ်ပဲဖြေရှင်းမယ်”

ထိုအချိန်တွင် ပိုင်ကျန့်ယွီသည် သူ၏ တိမ်လွှာဓားကို ဆွဲထုတ်လိုက်ခြင်းကြောင့် လျှိုမင်ယွမ်သည် တားဆီးလိုက်၏။

“ဟမ့် မင်းက ငါ့ကိုစာရင်းရှင်းချင်သေးတာလား”

လင်းဟွေ့သည်လည်း လျှိုမင်ယွမ်ကို တွေ့ကတည်းက ဒေါသများ အလိပ်လိပ် ထွက်နေခဲ့သည်။

“အစ်ကိုကြီး ဘာဖြစ်နေတာလဲ”

ထိုအချိန်တွင် ချစ်စဖွယ်အသံလေး ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ထိုအသံပိုင်ရှင်လေးသည် လင်းယိုဟန်ဖြစ်ပြီး သူမသည် လင်းဟွေ့အနားသို့ရောက်လာခဲ့သည်။

“ရှင်က လျှိုမင်ယွမ်”

လင်းယိုဟန်သည် လျှိုမင်ယွမ်ကို မြင်သွားပြီးနောက် ချက်ချင်းမှတ်မိနေလေသည်။ ထို့ကြောင့် လင်းဟွေ့သည် မျက်မှောင်ကြုတ်သွား၏။ လျှိုမင်ယွမ်လည်း အနည်းငယ်အံ့ဩသွားသည်။ လင်းယိုဟန်သည် သူ့အား မှတ်မိနေမည်ဟုမထင်ထားခဲ့ချေ။

“မိန်းကလေးလင်း ဖယ်ပေးလို့မရလား သူနဲ့စာရင်းရှင်းစရာရှိသေးလို့ပါ”

လျှိုမင်ယွမ်သည် တည်ငြိမ်စွာပြောလိုက်၏။ သူသည် လင်းအိမ်တော်၏ အစေခံ မဟုတ်တော့သည့်အတွက် သမင်မလေးဟု ခေါ်စရာမလိုတော့ချေ။ လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် အစောကပင် လျှိုမင်ယွမ်အပေါ် လင်းဟွေ့၏ လုပ်ရက်ကို အတော်ပင်ဒေါသထွက်နေခဲ့သည်။ သို့သော်လင်းယိုဟန် ရောက်လာပြီးနောက်တွင် ပိုင်ကျန့်ယွီသည်လည်း သူ၏ ဓားကို ပြန်သိမ်းလိုက်သည်။ထို့နောက် သူတို့နှစ်ဦးသည် ပြဇာတ်တစ်ခုအား ကြည့်နေရသလိုပင် တိတ်တဆိတ်နှင့် စိတ်ဝင်တစားကြည့်နေကြ၏။

“ယိုဟန် ဟိုဘက်သွားနေဦး၊ ဒီကောင့်ကို ရှင်းလိုက်ဦးမယ်”

လင်းဟွေ့သည် လျှိုမင်ယွမ်ကို ထပ်မံဆုံးမရမည်ဟူသည့် အတွေးနှင့် ပြောလိုက်၏။ ထိုအချိန်တွင် လင်းယိုဟန်သည် သူ့အားတားဆီးလိုက်၏။

“အစ်ကိုကြီး သူ့ကို မနိုင်ဘူး”

All Chapters