← Chapters

သူမထံမှ

Vol. 6 Ch. 89

သူမထံမှ

Vol. 6 Ch. 89

လျှိုမင်ယွမ်သည် လင်းဟွေ့ကို အဆုံးသတ်ရန် စိတ်စွမ်းအင် ဓားတစ်ချောင်း ထုတ်ဖော်လိုက်သည်။ ထိုဓားတွင် သူ၏ စိတ်စွမ်းအင်များစွာပါဝင်ပြီး လင်းဟွေ့ကို သတ်ဖြတ်ရန်လုံလောက်၏။ ထိုအချိန်တွင် လင်းယိုဟန်သည် လင်းဟွေ့၏ ရှေ့မှပိတ်ရပ်လိုက်သည်။ ထို့ကြောင့် လျှိုမင်ယွမ်သည် အေးစက်နေသည့် လေသံဖြင့်ပြောလိုက်၏။

"မိန်းကလေးလင်း မသေချင်သေးရင် ရှေ့ကဖယ်လိုက်၊ ကျုပ်ညှာတာမှုပေးမှာ မဟုတ်တော့ဘူး"

"ကျွန်မ မဖယ်နိုင်ဘူး၊ အဲ့ဒီဓားနဲ့ ကျွန်မကို တိုက်ခိုက်ပြီး ရှင့်ရဲ့အငြိုးတေးကို အဆုံးသတ်ပေးပါ၊ နောက်ထပ်ရှင့်ကို ပြသနာမရှာစေရဘူးလို့ ကတိပေးပါတယ်"

လင်းယိုဟန်သည် လျှိုမင်ယွမ်ကို စိုက်ကြည့်ကာပြောလိုက်၏။

"ကောင်းပြီသေလိုက်.."

"ဒုတိယအစ်ကို ပြီးရင် အငယ်ဆုံးလေးကို မိန်ကလေးတွေ အပေါ်သက်ညှာခြင်း နည်းစနစ်သင်ပေးလိုက်တော့"

ပိုင်ကျန့်ယွီသည် လုရှင်းယန်ကိုပြောလိုက်၏။ လုရှင်းယန်လည်း သဘောတော့သည့်အလားခေါင်းညိတ်လိုက်၏။

လျှိုမင်ယွမ်သည် ထိုဓားကို ပစ်လွှတ်လိုက်သည်။ ထိုဓားသည် မြန်ဆန်းလွန်းသည့် အရှိန်ဖြင့် လင်းယိုဟန်ထံ ဦးတည်လာခဲ့သည်။ လင်းယိုဟန်သည် တုပ်တုပ်မျှပင် မလှုပ်ချေ။ လျှိုမင်ယွမ်ကိုသာ စိုက်ကြည့်နေ၏။ သူမ၏ မျက်ဝန်းတွင် ဝမ်းနည်းရိပ်များ ဖြတ်ပြေးနေသည်။ ထိုစိတ်စွမ်းအင်ဓားသည် လင်းယိုဟန်၏ အနီးရောက်သည့်နှင့်တပြိုင်နက် ဘေးသို့စောင်းသွားကာ လင်းဟွေ့ထံဦးတည်သွားခဲ့သည်။

"မဟုတ်ဘူး"

လင်းယိုဟန် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ လျှိုမင်ယွမ် ထိုဓားကို ပစ်လွှတ်လိုက်သည့်အချိန်ကတည်းက လင်းဟွေ့ထံ ဦးတည်ထားခြင်းဖြစ်သည်။ သူသည် စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦးဖြစ်လေသည်။ သူ၏စိတ်ဝိညာဉ်နှင့် ထိန်းချုပ်၍ရသည့် အရာမှန်သမျှသည် သူ၏ စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်းရှိသည်။

လင်းဟွေ့သည် ထိုဓားကို မြင်နေရသော်လည်း ပြန်လည်ခုခံရ အချိန်မမှီတော့ပေ။

"ဝုန်း.."

လင်းဟွေ့သည် လွင့်စင်သွားကာ သွေးများ အန်ထွက်လာသည်။ လျှိုမင်ယွမ်သည် မျက်မှောင်ကြုတ်သွား၏။ သူ၏ စိတ်ဝိညာဉ်ဓားတွင် ထည့်သွင်းထားသည့် စိတ်စွမ်းအင်သည် လင်းဟွေ့ သေစေရန်လုံလောက်သည်။ သို့သော် လင်းဟွေ့သည် လွင့်စင်သွား၏။ ထို့နောက် လင်းဟွေ့ လဲကျခဲ့သည့် နေရာတွင် ဓားတစ်ချောင်းစိုက်နေခဲ့သည်။ ထိုဓားသည် လင်းယိုဟန်ဓားမဟုတ်မှန်း သိလိုက်၏။

"မင်းတို့ အတင့်ရဲ လွန်းတယ်၊ ဗဟိုမြို့တော်မှာတောင် လူသတ်ဖို့ ကြိုးစားရဲတယ်"

ထိုအသံနှင့် အတူ ဓားပိုင်ရှင်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည်။

"စီနီယာအစ်ကိုရှင်း.."

လင်းယိုဟန်သည် ထိုလူကိုတွေ့ကာ အံ့ဩသွားသည်။ သူသည် ရှင်းဝမ်ကျဲပင် ဖြစ်၏။ သူသည် ဗဟိုမြို့တော်တွင် ဟွမ်းကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုလူသည် အခုချိန်ထိ ဗဟိုမြို့တော်၏ အလယ်အလွှာကို မရောက်ရှိလာသေးချေ။ ထို့ကြောင့် အနိမ့်အလွှာမှ သွားစောင့်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။ လမ်းတွင် လင်းယိုဟန် ပြသနာ ဖြစ်နေသည်ကို တွေ့ရှိပြီးနောက် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားကိစ္စမဟုတ်ရင် ထွက်သွား"

လျှိုမင်ယန်သည် မျက်မှောင်ကြုတ်ထားဆဲဖြစ်ကာ ပြောလိုက်၏။ လုရှင်းယန်တို့ နှစ်ဦးသည်လည်း လျှိုမင်ယွမ်ဘေးသို့ရောက်ရှိလာခဲ့သည်။

"အသက်ငယ်ငယ်နဲ့ ဒီလိုအဆင့်ရောက်နေတော့ မောက်မာရဲတာ မဆန်းပါဘူး၊ ဒါပေမဲ့ မင်းတို့ရဲ့ ရိုင်းစိုင်းမှုအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်"

ရှင်းဝမ်ကျဲသည် လေသံ ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ သို့သော် သူ၏ စိတ်ထဲတွင် ဒေါသထွက်နေခြင်းဖြစ်သည်။ လင်းယိုဟန်သည် ကြယ်တာယာနန်းတော်၏ တပည့်တစ်ဦးဖြစ်ပြီး သူ့အတွက်လည်း ဂျုနီယာညီမ တစ်ဦးဖြစ်သည်။ သို့သော် ထိုလူငယ်သည် သတ်ဖြတ်ရန်ပင်ကြိုးစားနေ၏။

"ခင်ဗျားမှာက အဲ့လိုအရည်အချင်းမရှိဘူး"

လုရှင်းယန်သည် အေးအေးဆေးဆေးနှင့်ပင် ပြောလိုက်၏။

"စီနီယာအစ်ကိုရှင်း ဒီကိစ္စက.."

လင်းယိုဟန်သည် ဝင်ရှင်းပြရန်ကြံရွယ်လိုက်သည့်အချိန်တွင် ရှင်းဝမ်ကျဲသည် စကားဖြတ်ပြောလိုက်၏။

"ဂျုနီယာ ညီမလေး၊ စိတ်မပူ သူတို့ကို ပညာပေးယုံလောက်ပါပဲ"

ထို့နောက် အုတ်လွှာ ကြမ်းခင်းတွင် စိုက်ဝင်နေသည့် သူ၏ ဓားကို ဆွဲထုတ်ကာ တိုက်ခိုက်တော့မည့်အနေအထားနှင့်ပြောလိုက်၏။

"မင်းတို့ရဲ့ယုံကြည်မှုရှိတဲ့ မျက်နှာတွေက လေးစားဖို့ကောင်းပါတယ်၊ ဒါပေမဲ့ အဲ့ဒီယုံကြည်မှုက ဘယ်ကလာလဲဆိုတာ သိချင်မိတယ်"

"သူမဆီက"

လုရှင်းယန်သည် ကောင်းကင်ပေါ်သို့ ညွှန်ပြကာပြောလိုက်၏။

တိုက်ခိုက်ရန်ပြင်နေသည့် ရှင်းဝမ်ကျဲသည် အံ့ဩသွားပြီနောက် လုရှင်းယန် ညွှန်ပြသည့် ဘက်သို့ ကြည့်လိုက်၏။

'နတ်ဘုရားတစ်ပိုင်းအဆင့်လား၊ သူမဘယ်တုန်းက ရောက်နေတာလဲ'

ရှင်းဝမ်ကျဲသည် ကောင်းကင်ထက်တွင် ခရမ်းရောင်ဖျော့ဖျော့ဆံနွယ်ရှည်များနှင့် မိန်းကလေးကိုတွေ့ကာ အလွန်ပင် အံ့ဩသွား၏။ ထိုမိန်းမငယ်လေးသည် ခရမ်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ အေးစက်သည့် မျက်ဝန်းများနှင့် သူအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"မိန်းကလေး.."

"ဝှီး.."

"ဝုန်း.."

ရှင်းဝမ်ကျဲသည် စကားပြောရန်ပြင်လိုက်သည့် အချိန်တွင် ယွဲ့ဝူယောင်သည် ချက်ချင်းပင် ရေခဲဆူးချွန်နှင့် ပစ်လိုက်၏။ ထို့ကြောင့် ရှင်းဝမ်ကျဲသည် အလျှင်မြန်ပင် ထိုရေခဲဆူးချွန်ကို သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်ရသည်။ လင်းယိုဟန်လည်း ထိတ်လန့်သွား၏။ သူတို့အနီးရှိလေထုသည် အပြင်းအထန် အေးစက်လာမှုကို ခံစားလိုက်ရသည်။ ရှင်းဝမ်ကျဲသည် သူမကိုကြည့်ကာ တိုးလျစွာရေရွတ်လိုက်၏။

"ဒီမိန်းကလေးရဲ့ စွမ်းအားက အတော်လေးသန်မာတာပဲ"

ယွဲ့ဝူယောင်၏ ပတ်ပတ်လည်တွင် ခရမ်းရောင်ရေခဲစွမ်းအင် ဆူးချွန်များစွာ ပေါ်ထွက်လာခဲ့ပြီး ရှင်းဝမ်ကျဲထံ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ရှင်းဝမ်ကျဲသည် ကောင်းကင်ပေါ်သို့ခုန်တက်လာကာ ထိုဆူးချွန်များက သူ့အား မထိမှန်စေရန် သူ၏ဓားကို ဆက်တိုက်ပင် လွှဲယမ်းပြီး ခုခံနေ၏။

ထို့နောက်ရှင်းဝမ်ကျဲသည် ယွဲ့ဝူယောင်အနီးချက်ချင်းရောက်လာကာ သူ၏ ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ ယွဲ့ဝူယောင်၏ လက်ထဲတွင် ခရမ်းရောင်ရေခဲစွမ်းအင် ဓားတစ်ချောင်းပေါ်ထွက်လာပြီးခုခံလိုက်သည်။ ထို့နောက် သူတို့သည် ဆက်တိုက်ဆိုသလို အပြန်အလှန် တိုက်ခိုက်နေကြသည်။

"ဝုန်း."

"ဝုန်း.."

ကောင်းကင်ထက်တွင် စွမ်းအင်ပေါက်ကွဲသံများဆက်တိုက်ပေါ်ထွက်နေခဲ့သည်။

"ဒီမိန်းကလေးနဲ့ငါက အသက်မကွာဘူး၊ ငါ့ကိုငါ ပါရမီရှင်လို့ထင်ထားတာ၊ သူမကိုတော့ ယှဉ်လို့မရပါလား"

လင်းယိုဟန် ယွဲ့ဝူယောင် တိုက်ခိုက်နေပုံကိုကြည့်ကာ တိတ်တဆိတ်တွေးလိုက်မိသည်။ ဤတိုက်ပွဲကို သူမသည် ဝင်ရောက်တားဆီးနိုင်သည့် အင်အားမရှိချေ။ထို့နောက် သူမသည် လျှိုမင်ယွမ်ကို ကြည့်လိုက်မိ၏။ သူတို့၏ အမူအရာသည် အေးအေးဆေးဆေးပင်ဖြစ်နေသည်။ လျှိုမင်ယွမ်သည် လင်းဟွေ့အပေါ် အာရုံရောက်မနေသောကြောင့် သူမသည် စိတ်အေးသွားခဲ့သည်။ ဤပြသနာများ၏ ဇစ်မြစ်သည် လင်းဟွေ့ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယွဲ့ဝူယောင်နှင့် ရှင်းဝမ်ကျဲသည် အဆက်ပြတ် တိုက်ခိုက်နေတုန်းပင်။ ယွဲ့ဝူယောင်သည် ကျင့်ကြံမှု ရပ်နားပြီးနောက်တွင် ပထမဆုံး တိုက်ခိုက်မှုဖြစ်သည်။ ထို့ကြောင့် သူမသည် သူမ၏ စွမ်းအား အကန့်အသတ်ကို သိချင်နေသောကြောင့် စိတ်အားထက်သန်စွာတိုက်ခိုက်နေ၏။

သို့သော် ရှင်းဝမ်ကျဲသည်တော့ မတူပေ။ အတင်းအကြပ်တိုက်ခိုက်ရန် ဖိအားပေးခံထားရသည့်အလားပင်။ ယွဲ့ဝူယောင်၏ စွမ်းအားကို အံ့ဩထိတ်လန့်နေသော်လည်း သူသည် အောက်စည်းသို့ ရောက်ရှိမနေချေ။ သူတို့နှစ်ဦးသည် လက်ရည်စမ်းနေသည့်အလားဟုပင် ရှင်းဝမ်ကျဲသည် တွေးမိလိုက်၏။

သို့သော် ယွဲ့ဝူယောင်သည် ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်လိုက်၏။ ရှင်းဝမ်ကျဲသည် သူမ မည်သည့်အရာကို ဦးတည်နေမှန်း နားလည်လိုက်သည်။ ထို့ကြောင့် စွံ့အသွားခဲ့၏။

'လက်ရည်စမ်းနေတာမဟုတ်ဘူးလား'

ယွဲ့ဝူယောင်သည် လက်ပုံစံ တစ်ခုပြုလိုက်ကာ အအေးစွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် သူမ၏ အရှိန်အဝါသည် တဟုန်တိုး မြင့်မားလာခဲ့သည်။ ထို့နောက်တွင် ရှင်းဝမ်ကျဲ၏ အနီးနားရှိလေထုပါ အေးခဲလာခဲ့သည်။ သူမ၏ အရှိန်အဝါနှင့် အအေးဓာတ်များသည် မြို့တစ်ခုလုံးနီးပါးအထိပင် လွှမ်းခြုံလာခဲ့သည်။ သူမကိုယ်တိုင်လည်း အံ့ဩသွားခဲ့သည်။ ခရမ်းလဝိညာဉ်အဆင့် အောင်မြင်ပြီးနောက် အအေးစွမ်းအင်သည် ဤမျှအထိ ပြင်းထန်လာမည်ဟုမထင်ထားခဲ့ချေ။

ဗဟိုမြို့တော်အတွင်းရှိ ကျင့်ကြံသူများသည် ထိုတိုက်ပွဲမှပေါ်ထွက်လာသည့် စွမ်းအင်နှင့် ပေါက်ကွဲမှုများကို သတိထားမိခဲ့ကြသည်။ သို့သော် သိပ်၍ စိတ်မဝင်စားချေ။ ဤမြို့တော်တွင် တိုက်ပွဲများသည် အနည်းနှင့်အများ ရှိနေခြင်းကောင့် သူတို့အတွက် ရိုးနေပြီဖြစ်သည်။ သို့သော် ယခု မြို့တစ်ခုလုံးနီးပါး လွှမ်းခြုံနေသည့် အအေးဓာတ်ကြောင့် အတော်ပင် စိတ်ဝင်စားလာကြသည်။

"သူတို့ ဗဟိုမြို့တော် ရောက်လာပြီ၊ ဒါပေမဲ့ ပြသနာရှာကြပြန်ပြီပဲ"

ထိုက်ဟုန်ကျွင်းသည်လည်း ယွဲ့ဝူယောင်၏ အရှိန်အဝါကို ခံစားမိကာ တီးတိုးရေရွတ်လိုက်၏။

"ဘယ်သူတွေလဲ.."

ချီမင်ယောင်သည်လည်း ထိုအအေးစွမ်းအင်များကို ခံစားမိ၍ မေးလိုက်၏။

"အဲ့ဒီစီနီယာရဲ့ တပည့်တွေ၊ ကျုပ်သွားလိုက်ဦးမယ်"

ထိုက်ဟုန်ကျွင်းသည် ယွဲ့ဝူယောင်တို့ ရှိရာသို့ ဦးတည်ကာ ထွက်လာခဲ့သည်။ ချီမင်ယောင်လည်း စိတ်ဝင်စားကာ လိုက်လာခဲ့၏။

"ဝမ်ကျဲနဲ့ တိုက်ခိုက်နေတာ ဘယ်သူများလဲ၊ နတ်ဘုရင်အဆင့်လား၊ မဟုတ်သေးဘူး သူမအရှိန်အဝါက နတ်ဘုရားတစ်ပိုင်း အဆင့်ပဲရှိသေးတယ်၊ ဒါပေမဲ့ ပြင်းထန်လွန်းတယ်"

ဗဟိုမြို့တော်၏ အလယ်ဗဟိုရှိ ကြီးမားသည့် အဆောက်အဦး တစ်ခုပေါ်တွင် မြို့အုပ်ချုပ်သူဖြစ်သည့် ယဲ့ချန်းရန်သည်လည်း ထိုတိုက်ပွဲကို အာရုံခံမိသွားသောကြောင့် အလျှင်အမြန်ပြေးလာခဲ့သည်။

All Chapters