← Chapters

ရှင့်ကိုရှင် အထင်ကြီးနေတာ

Vol. 6 Ch. 90

ရှင့်ကိုရှင် အထင်ကြီးနေတာ

Vol. 6 Ch. 90

"သူမက အတည်တိုက်နေတာပဲ"

ယွဲ့ဝူယောင်ထံမှ ပြင်းထန်လွန်းသည့် အအေးဓာတ်ထွက်ပေါ်လာခဲ့ခြင်းကြောင့် ရှင်းဝမ်ကျဲသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက်သူသည် ဝိညာဉ်စွမ်းအင်များစွာစုစည်းကာ သူ၏ ဓားအတွင်း စီးဆင်းစေလိုက်သည်။ ယွဲ့ဝူယောင်ထံမှ ထွက်ပေါ်သည့် အရှိန်အဝါကြောင့် သူသည် မပေါ့ဆရဲချေ။

ယွဲ့ဝူယောင်၏ ရှေ့တည်တည့်တွင် ကြီးမားသည့် စွမ်းအင်ဓားတစ်စင်းပေါ်ထွက်လာခဲ့သည်။ ထိုဓား၏ ပတ်ပတ်လည်တွင် လေထုသည် တင်းကြပ်စွာ အေးခဲနေခဲ့သည်။ ထို့အပြင်စွမ်းအင်လှိုင်းများ ပေါ်ထွက်နေခဲ့ပြီး ၎င်းလှိုင်းများအား သာမန်ကျင့်ကြံသူ အခြေတည်ဝိညာဉ်အဆင့်နှင့်အောက်ကျင့်ကြံသူများ ထိမိယုံနှင့်ပင် အေးခဲကာ သေးဆုံးသွားနိုင်သည်။ သူတော်စင်အဆင့်များ ပင် မလွယ်ကူချေ။ ထို့နောက် သူမသည် ထိုဓားကို ရှင်းဝမ်ကျဲထံ ပစ်လွှတ်လိုက်သည်။

ရှင်းဝမ်ကျဲသည် ထိုဓား၏ အန္တရာယ်ကို ခံစားမိပြီးနောက်တွင် သူ၏ ဓားအတွင်း ဝိညာဉ်စွမ်းအင်များ အဆုံးစွန်ထိထည့်သွင်းလိုက်သည်။

"ကံကြမ္မာဖြတ်တောက်ခြင်းဓားချက်"

ရှင်းဝမ်ကျဲ၏ စွမ်အားတစ်ဝက်ခန့် ပါဝင်သော နည်းစနစ်ကို ထုတ်သုံးလိုက်ရသည်။ ထိုသို့မသုံးလျှင် သူ့အတွက် အလွန်အန္တရာယ်များ သည်ဟုခံစားမိသောကြောင့်ပင်။ ရှင်းဝမ်ကျဲထံမှ ဓားအလင်းသည်လည်း ထွက်ပေါ်လာခဲ့သည်။

ယွဲ့ဝူယောင်၏ အအေးစွမ်းအင်ဓားကြီးဖြတ်သန်းသွားရာ လမ်းတစ်ယောက်တွင် ထျန်းယွမ်ကုန်းမြေ၏ လေထုပင် ခံနိုင်ရည်မရှိတော့ချေ။ လေဟာနယ်များ အက်ကွဲလာပြီး ထိုအအေးဓာတ်များသည် အက်ကွဲသွားသည့် လေဟာနယ်ကိုပင် ပြန်လည်အေးခဲပစ်လိုက်သည်။

"ဝုန်း.."

သို့သော် ခဏအတွင်းပင် ရှင်းဝမ်ကျဲ၏ ဓားအလင်းသည် ကျိုးပဲ့သွားပြီးနောက် ယွဲ့ဝူယောင်၏ ဓားသည် ရှင်းဝမ်ကျဲထံအရှိန်ဟုန်ဖြင့်ရောက်ရှိလာသည်။ ရှင်းဝမ်ကျဲသည် မည်သို့ တားဆီးရမည်မှန်းသိတော့ချေ။ ယွဲ့ဝူယောင်၏စွမ်းအင်ဓားသည် သူ၏ နည်းစနစ်ကိုပင် အသာအယာ ဖျတ်ဆီးသွားသည်။ ထို့အပြင် ထို ဓားစွမ်းအင်သည် မပျောက်ကွယ်သွားခဲ့ပေ။

"ဒီမိန်းကလေး အတော်ရက်စက်တာပဲ"

ရှင်းဝမ်ကျဲသည် ထိုသို့ တွေးပြီးနောက် သူ၏ ကျန်ရှိနေသေးသည့် ဝိညာဉ်စွမ်းအင်များအားလုံးကို ခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံလိုက်ကာ ကာကွယ်လိုက်သည်။

"ဝုန်း.."

"အဟွတ်"

အအေးစွမ်းအင်ဓားသည် ရှင်းဝမ်ကျဲ၏ အကာအကွယ်ကို ထိုးစိုက်သွား၏။ ရှင်းဝမ်ကျဲသည် ချက်ချင်းသွေးအန်လိုက်ရ၏။ သို့သော် မပြီးသေးချေ။ ယွဲ့ဝူယောင်၏ ဓားသည် အကာကွယ်အတွင်း ထိုးစိုက်ပြီးနောက် တစ်ရွှေ့ချင်းရွှေ့ကာ သူ၏ ဝမ်းဗိုက်ကိုပါ ထိုးစိုက်လုမတက်ဖြစ်နေပြီ ဖြစ်သည်။

"ပေါက်ကွဲစမ်း.."

ယွဲ့ဝူယောင်သည် သူမ၏ လက်တစ်ဖက်ကို ဆန့်တန်းထားပြီး သူမ၏ လက်ဖဝါးသည် စက္ကူတစ်ရွက်ကို လုံးချေလိုက်သည့် ပုံစံ ပြုလုပ်လိုက်သည်။

"ဝုန်း.."

ရှင်းဝမ်ကျဲ၏ ခန္ဓာကိုယ်တွင် ထိုးစိုက်နေသည့် အအေးစွမ်းအင် ဓားသည် ပေါက်ကွဲထွက်သွားခဲ့သည်။ ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ်လုပ်မတက် ခရမ်းရောင်ရေခဲများနှင့် ပြည့်နှက်သွားသည်။ အဝေးကကြည့်လျှင် ဗဟိုမြို့တော် တစ်ခုလုံးအား ရေခဲများဖြင့် ဖုံးအုပ်ထားသည့်အလားပင်။

ပတ်ဝန်းကျင်ရှိ ထိုတိုက်ပွဲကို ကြရှုနေကြသည့် ကျင့်ကြံသူများသည်လည်း ထိုအအေးဒဏ်ကို ခံစားလိုက်ကြရသည်။ အဆင့်နိမ့်ကျင့်ကြံသူများသည် သတိပါလစ်ကုန်ကြ၏။ သူတော်စင်အဆင့်များပင် ထိုတိုက်ပွဲနှင့် ဝေးရာသို့ ပြေးထွက်ကုန်ကြရ၏။

"စီနီယာအစ်ကိုရှင်း.."

လင်းယိုဟန်သည် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။ ထိုပြင်းထန်လွန်းသည့် စွမ်းအားများကြောင့် ရှင်းဝမ်ကျဲသည် မသေနိုင်သော်လည်း အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်၏။

"မိန်းကလေး မင်းက ဗဟိုမြို့တော်ထဲမှာတောင် လူသတ်ဖို့ကြိုးစားရဲတယ်"

သတ်လတ်ပိုင်းအရွှယ် လူကြီးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် ဗဟိုမြို့တော်အုပ်ချုပ်သူယဲ့ချန်ရန် ဖြစ်ပြီး နတ်ဘုရင်အဆင့်တွင်တည်ရှိနေသည့် လူတစ်ယောက်ဖြစ်သည်။

သူသည် ယွဲ့ဝူယောင်၏ ဓားစွမ်းအင်ဖောက်ခွဲလိုက်သည့်အချိန်တွင် ချက်ချင်းရောက်လာခဲ့ပြီး ရှင်းဝမ်ကျဲကို ကာကွယ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ထိုအအေးစွမ်းအင်များပေါက်ကွဲမှုသည် အလွန် ပြင်းထန်သောကြောင့် ထိုအရာကိုကာကွယ်ရန် နတ်ဘုရင်တစ်ဦးအနေနှင့်ပင် အနည်းငယ် အခက်တွေ့ခဲ့ရသည်။ ဆိုလိုသည်က ထိုမိန်းကလေးသည် ရှင်းဝမ်ကျဲကို အသေသတ်ရန်ရည်ရွယ်ထားခြင်းပင်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲယဲ့"

ရှင်းဝမ်ကျဲ၏ လေသံသည် အလွန်အမင်း တိုးလျနေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ဖြစ်သည့် သူသည် ယွဲ့ဝူယောင်၏ ရိုးရှင်းသည့် တိုက်ခိုက်မှုကိုပင် မခုခံနိုင်ခဲ့ပေ။

ယဲ့ချန်ရန်သည် အလွန်ပင် ဒေါသထွက်နေ၏။ ဗဟိုနယ်မြေ၏ ထိပ်ဆုံးပါရမီရှင်တစ်ဦးကို ထိုသို့သတ်ဖြတ်ရန်ကြံရွယ်ချင်းအတွက် သူသည်းမခံနိုင်တော့ပေ။

"အုပ်ချုပ်သူယဲ့ သူမက ဒီမြို့ကို ခုမှရောက်လာတာမို့ သေချာမသိသေးလို့ပါ၊ လူငယ်တွေ လက်ရည်စမ်းတယ်လို့ သဘောထားလိုက်လို့ရမလား"

ထိုအချိန်တွင် ထိုက်ဟုန်ကျွင်းသည် ရောက်ရှိလာပြီး ဖျန်ဖြေရန် ကြိုးစားလိုက်၏။ သူသည် နတ်အင်ပါယာတစ်ပါး ဖြစ်သော်လည်း မောက်မောက်မာမာ မရှိပဲ ပြောဆိုလိုက်သည်။

"နတ်အင်ပါယာထိုက်က သူမနဲ့ သိတာလား"

ယဲ့ချန်းရန်သည် ထိုက်ဟုန်ကျွင်းကြောင့် စိတ်ကို အနည်းငယ်လျော့ကာ မေးလိုက်၏။ ထိုက်ဟုန်ကျွင်းသည် သူ့ထက်ငယ်သော်လည်း နတ်အင်ပါယာ တစ်ပါး ဖြစ်သည်မို့ လေးစားမှုတော့ပြပေးရမည်ဖြစ်သည်။ သို့သော် သူ၏ဒေါသသည်တော့ မပြေလျော့သေးပေ။

"သူမက ကျုပ်တို့ လင်းယွမ်နယ်မြေရဲ့ ထိပ်ဆုံးက ပါရမီရှင်တစ်ဦးပါ၊ ဒီတိုက်ပွဲက လူငယ်တွေရဲ့ အတွေ့အကြုံဖလှယ်တဲ့ တိုက်ပွဲလို့ သဘောထားလိုက်လို့ရမလား"

ထိုက်ဟုန်ကျွင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် သာပြောဆိုလိုက်၏။ ထိုစကားသည် ထျန်းယွမ်ကုန်းမြေ၏ လူငယ်မျိုးဆက်များတွင် လင်းယွမ်နယ်မြေသည် ဗဟိုနယ်မြေထက်ပင် သာလွန်သည်ဟု ဆိုလိုလိုက်ခြင်းပင်။

"ထိုက်ရွှမ်ဂိုဏ်းက သူမလို ပါရမီရှင်ကို ပျိုးထောင်နိုင်ခဲ့တာ တကယ်ပဲချီးကျုးစရာကောင်းပါတယ်"

ယဲ့ချန်ရန်သည် သူ၏ ဒေါသကို မြိုသိပ်လိုက်ကာချီးမွန်းလိုက်၏။ သူမသည် လင်းယွမ်နယ်မြေကို ကိုယ်စားပြု လူငယ်ပါရမီရှင်ဖြစ်နေသောကြောင့် ပြသနာရှာ၍ မဖြစ်နိုင်တော့ချေ။ ထို့အပြင် ဤတိုက်ပွဲသည် ထိုက်ဟုန်ကျွင်း၏ စကားကြောင့် အတွေ့အကြုံဖလှယ်သည့် တိုက်ပွဲအဖြစ်သာ အဆုံးသတ်လိုက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် ထိုက်ဟုန်ကျွင်းကို နှုတ်ဆက်ကာ ထွက်ခွာရန်ပြင်လိုက်၏။

"ဒါဆို ဒီမှာပဲ နှုတ်ဆက်လိုက်ပါတယ်၊ ဝမ်ကျဲ၊ ယိုဟန် သွားကြမယ်"

"အားလုံးသွားလို့ရတယ်၊ သူက နေခဲ့ရလိမ့်မယ်"

ထိုအချိန်မှာပဲ လျှိုမင်ယွမ်၏ စကားသံထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်ရန်သည် မျက်လုံးမှေးစင်းသွားကာ လျှိုမင်ယွမ်ကို ကြည့်လိုက်၏။ ထို့နောက် သူညွှန်ပြသည့် နေရာသို့ ကြည့်လိုက်ချိန်တွင် လင်းဟွေ့သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွဲနစ်နေသည်။ ထို့အပြင် မျက်နှာသည်လည်း ဖူးယောင်ကာ စုတ်ပျက်နေသည်။ ထိုအချိန်မှသာ ယဲ့ချန်ရန်သည် လင်းဟွေ့ကို တွေ့ရှိသွားခဲ့သည်။

သူသည် ရှင်းဝမ်ကျဲ ကိုကယ်တင်ရန် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသောကြောင့် လင်းဟွေ့ကို မတွေ့ရှ်ိခဲ့ခြင်းဖြစ်သည်။ လင်းဟွေ့သည့် နာကျင်လွန်းသည့် အမူအရာဖြင့် လှဲလျောင်းနေရသည်။ လင်းယိုဟန်သည် သူ့အား ဝိညာဉ်စွမ်းအင်များနှင့် ကာကွယ်ပေးထားသည့်အတွက်သာ အနည်းငယ်သက်သာနေခြင်းဖြစ်သည်။

"ယိုဟန်၊ ဘာတွေဖြစ်ခဲ့တာလဲ"

ယဲ့ချန်ရန်သည် ဖြစ်စဉ်ကို အစဆုံး မေးလိုက်၏။ လင်းယိုဟန်၏ ရှင်းပြသည့်စကားကြားပြီးနောက်တွင် ယဲ့ချန်ရန်သည် မျက်မှောင်ထပ်ကြုတ်သွားပြန်သည်။

"နတ်အင်ပါယာထိုက် ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ကျုပ်လင်းအိမ်တော်ကနေ ဖြေရှင်းချက်တောင်းပေးပါ့မယ်၊ ဒီကိစ္စကို ဒီမှာ အဆုံးသတ်ပေးလို့ရမလား"

ယဲ့ချန်ရန်သည် ထိုက်ဟုန်ကျွင်းနှင့် ပြသနာမတက်ချင်ပေ။ သို့သော် လင်းဟွေ့သည် လင်းအိမ်တော်၏ မျိုးဆက်ဖြစ်သည့်အပြင် လင်းယွင်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ဦးလည်းဖြစ်နေသေးသည်။ ထို့ကြောင့် မကာကွယ်ပေးလို့ မဖြစ်ချေ။

"ဒီကိစ္စကို ကျုပ်မဆုံးဖြတ်နိုင်ဘူး၊ အဲ့ကလေးရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်တယ်"

ထိုက်ဟုန်ကျွင်း ခေါင်းခါယမ်းကာပြောလိုက်၏။ သူသာ ယဲ့ချန်ရန်၏ စကားကို သဘောတူလိုက်ပါက ဟွမ်းသည် သူ့အားသေသည်အထိ ရိုက်နှက်ပေလိမ့်မယ်။

"နတ်အင်ပါယာထိုက်၊ သူက ခင်ဗျားတို့ရဲ့ နယ်မြေက ပါရမီရှင်တစ်ဦးဆို၊ ခင်ဗျားထိန်းချုပ်မှုအောက်မရှိဘူးလား"

ယဲ့ချန်ရန်၏ လေသံသည် အနည်းငယ်မာလာခဲ့သည်။ သူသည် လျှိုမင်ယွမ်အားဂရုမစိုက်ချေ။ ထိုက်ဟုန်ကျွင်းကိုသာ မျက်နှာသာပေးခြင်းဖြစ်သည်။ သို့သော် ထိုက်ဟုန်ကျွင်း၏ စကားကြောင့် အံ့အားသင့်သွားရသည်။

"သူတို့က လင်းယွမ်နယ်မြေကဆိုပေမဲ့ ထိုက်ရွှမ်ဂိုဏ်းတပည့်မဟုတ်ဘူး၊ သူတို့ဆရာက သပ်သပ်ရှိတယ်"

"ကောင်လေး မင်းတို့ဆရာကို ခေါ်လိုက်၊ ငါ့ကို မျက်နှာသာ မပေးပဲ နေမလား ကြည့်ရအောင်"

ယဲ့ချန်းရန်သည် လျှိုမင်ယွမ်တို့ကိုကြည့်ကာပြောလိုက်၏။ သို့သော် ထိုအချိန်တွင် သူထံသို့ ဆူးချွန်တစ်ခုရောက်ရှိလာပြီး အေးစက်သည့် စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ဝုန်း.."

"ရှင့်ကိုရှင် အထင်ကြီးနေတာပဲ"

All Chapters