← Chapters

ယွင် နှင့် ဟွေ့ တွေ့ပြီ

Vol. 122 Ch. 1591

ယွင် နှင့် ဟွေ့ တွေ့ပြီ

Vol. 122 Ch. 1591

ကောင်းကင်နတ်အရှင်ယွင်မှာ ပိုပို၍ အူတူတူ ဖြစ်လာတော့သည်။ အချိန်တိုအတွင်း သူ၏ကောင်းကင်ရတနာများတွင် ဝိညာဉ်သန္ဓေသားသာ ကျန်ရစ်ခဲ့ချေပြီ။

ထို့အပြင် ချင်မူ ပြောခဲ့သော ဆန့်ကျင်ဖက် လုပ်မည်ဆိုသည်က မည်သည့်အဓိပ္ပာယ်နည်း။

သူတို့ကား မြေအောက်ဘုံအရှင်သခင်ကို ကာကွယ်ပေးရမည် မဟုတ်လော။

ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများသည် မြေအောက်ဘုံအရှင်သခင်အား ဓားစာခံ လုပ်၍ ချင်မူတို့ လာရောက်ကယ်တင်သည့်အချိန်တွင် ထောင်ချောက်ထဲ ကျသွားအောင် အကွက်ချထားခြင်း ဖြစ်၏။ အဘယ်ကြောင့် ချင်မူက ဓားစာခံဖြစ်သည့် မြေအောက်ဘုံအရှင်သခင်ကို ဦးစွာ ရှင်းလင်းလိုပါသနည်း။

မြေအောက်ဘုံအရှင်သခင်အနေဖြင့် မည်မျှပင် အားနည်းနေပါစေ သူတို့၏ မဟာမိတ်တစ်ဦး ဖြစ်နေသေးသည်။ မဟာစစ်ပွဲပင် မဖြစ်ပွားသေးသည့်အချိန်၌ အင်အားအကြီးမားဆုံး မဟာမိတ်ကို ရှင်းလင်းဖယ်ရှားရသည့် အကြောင်းအရင်း ရှိပါသည်လော။

မြေအောက်ဘုံအရှင်သခင်သည် ကြီးမားလှသည့် အတိုက်အခိုက်စွမ်းရည် ပိုင်ရှင်လည်း ဖြစ်၏။ လက်ရှိ ကောင်းကင်နတ်အရှင်များက ယခင်ကထက် ပို၍ အစွမ်းထက်လာသည်မှာ မှန်သော်ငြား မြေအောက်ဘုံအရှင်သခင်ကား ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် သူသေကိုယ်သေ တိုက်ခိုက်နိုင်ပေလိမ့်မည်။

မြေအောက်ဘုံအရှင်သခင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်ကို တိုက်ခိုက်ရင်း သေဆုံးခွင့်မပေးဘဲ မြေအောက်ဘုံအရှင်သခင်ကို အရင်သတ်ဖြတ်မည့် ကောင်းကင်နတ်အရှင်မူ၏ အကြံအစည်မှာ နားလည်နိုင်ရန် မလွယ်လှပေ။

“မြေအောက်ဘုံအရှင်သခင်က အသက်ရှင်နေသေးတာ ဆိုတော့ ပစ်မှတ်ကြီးတစ်ခု ဖြစ်နေတယ်… ပြေးဝင်လာတဲ့ မြားတွေ မှန်သမျှ ပစ်မှတ်ကို ထိနိုင်လိမ့်မယ်”

ချင်မူက ကောင်းကင်နတ်အရှင်ယွင်၏ ကောင်းကင်နန်းဆောင်ကို သွက်သွက်လက်လက် ချိပ်ပိတ်၍ စွမ်းအင်များ စိမ့်ထွက်မလာနိုင်အောင် တားဆီးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင် ပစ်နိုင်တယ်ဆိုရင် ကျွန်တော်တို့လည်း ဘာလို့ မလုပ်နိုင်ရမှာလဲ…. အဓိကရည်ရွယ်ချက်က ယိုတု ကောင်းကင်နတ်ဘုံလက်ထဲ ရောက်မသွားအောင် ကာကွယ်ဖို့ပဲလေ … နောက်တစ်ခုက မြေအောက်ဘုံအရှင်သခင် ရှေးဟောင်းနတ်ဘုရားအချုပ်အနှောင်တွေက‌‌နေ လွတ်မြောက်ပြီး လူသားတစ်ယောက်အနေနဲ့ ပြန်လည်မွေးဖွားလာဖို့ပဲ.... ကျွန်တော်တို့ လှုပ်ရှားသရွေ့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ အခြားသူတွေ အသာစီးမရနိုင်ခင် ယိုတုကို နေရာချထားလို့ရပြီ…”

ကောင်းကင်နတ်အရှင်ယွင်မှာ မျက်လုံးများ ပြူးကျယ်လျက် ဆွံ့အနေသည်။ “ငါ…”

“ကောင်းကင်နတ်အရှင်ဟောင်နဲ့ ထိုက်ချူက စောစောစီးစီး အသာစီး ရထားတာဆိုတော့… သူတို့ ယိုတုကို တိုက်ခိုက်ပြီး မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်လိုက်ရင် ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်ရလိမ့်မယ်.. သူတို့ကို တိုက်ခိုက်တာနဲ့ ထောင်ချောက်ထဲ ရောက်သွားပြီပဲ”

ချင်မူ၏ လက်ချောင်းဆယ်ချောင်းက ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ဟိုသည်ပြေးလွှားနေကြသည်။ သူ၏စကားများက လက်ချောင်းများထက်ပင် ပို၍မြန်ဆန်၏။ “သူတို့ ကြိုက်တဲ့အချိန် လှုပ်ရှားလို့ရသွားလိမ့်မယ်” သူက လျင်မြန်စွာ ပြောသည်။ “သူတို့ အေးအေးဆေးဆေး ထောင်ချောက်ဆင်နေတာကို ကျွန်တော်တို့ ကြည့်နေရမယ့်အပြင် ပိုက်ကွန်ကျလာပြီး အဖမ်းခံရမှာကိုလည်း စောင့်နေရမှာ… ပြီးရင်တော့ အသတ်ခံရမှာပေါ့… ဆန့်ကျင်ဘက်အနေနဲ့ မြေအောက်ဘုံအရှင်သခင်ကို သတ်ဖြတ်လိုက်ပြီး သူတို့အတွက် ထောင်ချောက် ပြန်ဆင်လိုက်ရင်ရော….”

သူက တောက်ပနေသော မျက်လုံးများဖြင့် ကောင်းကင်နတ်အရှင်ယွင်အား အားကိုးတကြီး ကြည့်သည်။

ကောင်းကင်နတ်အရှင်ယွင်က ပါးစပ်ဟလိုက်သည်။ “ငါ…”

“နောင်တော် သဘောတူမယ်ဆိုတာ ကျွန်တော် ကြိုသိပြီးသားဗျ...”

ချင်မူက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်ကာ ပြုံးလိုက်သည်။ “ဒါဆိုရင် ဆုံးဖြတ်ပြီးသွားပြီ… ကောင်းကောင်းကျင့်ကြံပါခင်ဗျာ”

ကောင်းကင်နတ်အရှင်ယွင်က အလောတကြီး သူ့ကို လှမ်းဆွဲလိုက်သည်။ “မသွားနဲ့ဦး… မင်း ငါ့ရဲ့ ကောင်းကင်ရတနာတွေကို ဖျက်ဆီးသွားတာလေ… ဘယ်လို ကျင့်ကြံရမှာတုန်း…. ပြန်လုပ်ပေးခဲ့”

ချင်မူက သူ၏လက်ထဲမှ ရုန်းထွက်လိုက်သည်။ “နောင်တော့်အတွက် ဆရာတစ်ယောက် ရှာပေးပြီးသားပါ… နောင်တော့်မှာ ရုပ်ခန္ဓာရှိနေပြီဆိုတော့ မဟာခြုံလွှမ်းကောင်းကင်ဘုံကနေ ထွက်သွားလို့ရပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကျွန်တော် လိုက်ပို့ပေးမယ်…. ပြီးရင် လူတစ်ယောက်က ဘိုးဘေးနန်းတော်ရဲ့ လောကသစ်ပင်ဆီ ခေါ်သွားလိမ့်မယ်… အဲဒီမှာ နောင်တော်ရဲ့ ဆရာ စောင့်နေတယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ သူ၏ရုပ်ခန္ဓာထဲရှိ ခွန်အားတစ်စက်မှ ထုတ်လွှတ်မရသည်ကို ခံစားနေရသောကြောင့် မှိုင်တွေနေသည်။

သူသည် အတိတ်တုန်းက ချင်မူနှင့် ဘေးချင်းယှဉ်လျက် တိုက်ခိုက်ရမည့် အခွင့်အရေးတို့ကို မျှော်မှန်းကာ စိတ်ကူးယဉ်ခဲ့ဖူး၏။ ချင်မူနှင့်အတူ သောက်စား၍ တောင်တန်းများ၊ မြစ်ချောင်းများအကြောင်း ဆွေးနွေးနိုင်မည့် အခြေအနေအား မျှော်လင့်ခဲ့ဖူးလေသည်။

သို့သော် ချင်မူ့အကြောင်း သိလာရလေလေ ချင်မူသည် သူ ပုံဖော်ထားသည့် ကောင်းကင်နတ်အရှင်မူနှင့် အလွန်တရာကွဲပြားကြောင်း သဘောပေါက်လာရသည်။

ဤ ကောင်းကင်နတ်အရှင်မူအစစ်ကား ယုံကြည်အားကိုးရသော ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။

ချင်မူက တစ်စုံတစ်ခုကို သတိရသွားသည်။ “နောင်တော်ယွင်၊ ဧကရာဇ်ဓားကို သေချာ ဖွက်ထားခဲ့... ယူမသွားနဲ့ဦး… မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ထိုက်ချူအနေနဲ့ ဧကရာဇ်ဓားကို အာရုံခံလို့မရပေမယ့် မဟာခြုံလွှမ်းကောင်းကင်ဘုံကနေ ထွက်လာတာနဲ့ သူ့ အထွတ်အမြတ်ရတနာကို အာရုံခံမိသွားပြီး နောင်တော့်ကို သတ်လိမ့်မယ်…. သူ့လက်ထဲ ဧကရာဇ်ဓား လုံးဝရောက်သွားလို့မဖြစ်ဘူး”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “အန္တိမဟင်းလင်းပြင်က အရမ်းကျယ်ပြန့်တယ်… ထိုက်ချူနဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့မှာလည်း မဟာခြုံလွှမ်းကောင်းကင်ဘုံတွေ ရှိပေမယ့် ငါ ဖွက်ထားသရွေ့ သူတို့ ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

သူက အရာအားလုံး ပြင်ဆင်ပြီးနောက် ချင်မူနှင့် အတူ ရွှေသင်္ဘောပေါ်သို့ တက်လာခဲ့သည်။

သူ့မှာ ခွန်အားကို အသုံးမပြုနိုင်သေးသဖြင့် ချင်မူက ရွှေသင်္ဘောပေါ် မှော်စွမ်းအင်ဖြင့် တင်ပေးလေသည်။ ကောင်းကင်နတ်အရှင်ယွင်သည် ကောင်းကင်နတ်အရှင်လင်၏ ဘေးသို့ ရောက်သွားသည့်တိုင် သူမက တစ်စုံတစ်ခုကို တွက်ချက်နေရင်း သူ့ကို အဖက်ပင် မလုပ်ပေ။

“လင်၊ နင်က ထူးဆန်းနေတုန်းပဲ” ကောင်းကင်နတ်အရှင်ယွင်က ခေါင်းတရမ်းရမ်းဖြင့် ကတုန်ကယင် ထိုင်လိုက်သည်။

သူသည် ချင်မူ့ထက် ပို၍ ကောင်းကင်နတ်အရှင်လင်နှင့် ကြာကြာနေခဲ့ရသူ မဟုတ်လော။ နဂါးဟန်ခေတ်ကတည်းက ကောင်းကင်နတ်အရှင်လင်တွင် ထူးဆန်းသော အကျင့်စရိုက် ရှိခဲ့ပြီး သူ့ကို ဂရုမစိုက်သလို စကားလည်း မပြောပေ။

ချင်မူက ပြော၏။ “ဘိုးဘေးနန်းတော် ရောက်ပြီး နောင်တော့်ဆရာနဲ့ တွေ့တဲ့အခါကျ ကောင်းကင်ရတနာတွေကို အချိန်တိုအတွင်း ပြန်ဖွင့်နိုင်မှာပါ…. အဲဒီအချိန်ကျ ကောင်းကင်နန်းဆောင်က အလိုအလျောက် ပေါ်လာလိမ့်မယ်… ဟုတ်တယ်… ကျွန်တော် နောင်တော်ရဲ့ ရုပ်ခန္ဓာကိုပဲ ချိပ်ပိတ်ထားခဲ့တာ… ရန်သူတစ်ယောက်နဲ့ တွေ့ရင် မူလဝိညာဉ်ရဲ့ စွမ်းအားကို သုံးပြီး တိုက်ခိုက်လို့ ရဦးမှာပါ”

ကောင်းကင်နတ်အရှင်ယွင်က အံ့အားသင့်စွာ မေးလိုက်သည်။ “မင်း ငါနဲ့ ဘိုးဘေးနန်းတော်ဆီ မလိုက်ဘူးလား”

ချင်မူက ခေါင်းရမ်းပြသည်။ “ကျွန်တော် ကောင်းကင်နတ်အရှင်ရုံနဲ့ သွားတွေ့ရဦးမယ်”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်ပြီးနောက် ရုတ်တရက် မေးသည်။ “ဘာလို့ မင်းကိုယ်တိုင် ငါ့ကို သင်မပေးတာလဲ… အဲဒီဆရာရဲ့ စွမ်းဆောင်ရည်က မင်းနဲ့ ဘာကွာလဲ… မင်းနဲ့ မယှဉ်နိုင်ဘူးဆိုရင်တော့ မင်းနဲ့ပဲ လိုက်ခဲ့တော့မယ်”

ချင်မူက ပြုံးလိုက်သည်။ “သူ့စွမ်းဆောင်ရည်က ထုံးစံအတိုင်း ကျွန်တော့်အောက်တော့ နိမ့်ကျတာပေါ့… ဒါပေမဲ့ သူ ကျင့်ကြံတာက သမာရိုးကျလမ်းစဉ်ပဲ… ကျွန်တော်လျှောက်လှမ်းနေတဲ့ လမ်းစဉ်က သမာရိုးကျ မဟုတ်တဲ့အပြင် ရှုပ်ထွေးတယ်… ဆိုတော့ နောင်တော်နဲ့ မသင့်တော်ဘူး… ရောက်ရင် သိပါလိမ့်မယ်… သိပ်ပြီး မေးခွန်းထုတ်မနေပါနဲ့ဗျာ”

သူ ထိုသို့ပြောလိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွင်မှာ ထို ဆရာဆိုသည့် ပုဂ္ဂိုလ်အကြောင်း ပို၍ပင် သိချင်လာမိသည်။ သို့သော် ချင်မူက မည်သည့်နည်းနှင့်မှ မပြောပြသောကြောင့် သူ့မှာ မည်သို့မှ မတတ်နိုင်ပေ။

လောက‌ပေါင်းကူးရွှေသင်္ဘောက အန္တိမဟင်းလင်းပြင်မှ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရှိခဲ့သည်။ ချင်မူက တာအိုဒဿနကောလိပ်ထဲသို့ ဝင်သွားပြီး ရွာလူကြီးကို သွားတွေ့သည်။ သူက လူသားဧကရာဇ်များ ဆရာကို ရိုက်နှက်တတ်သည့် ဓလေ့ထုံးစံကို သည်းခံမြိုသိပ်ထား၏။ “ဘိုးဘိုးရွာလူကြီး၊ ဒါက ကောင်းကင်နတ်အရှင်ယွင်ပါ… သူ့ကို ဘိုးဘေးနန်းတော်ထဲ ခေါ်သွားပြီး ဖက်တီးလန်နဲ့ ပေးတွေ့လိုက်ပါဦး”

ရွာလူကြီးက ကောင်းကင်နတ်အရှင်ယွင်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျုပ်က စုမူကျဲပါ… ကောင်းကင်နတ်အရှင်ယွင်ကို ဂါဝရပြုပါတယ်… ကျုပ် နောက်လိုက်ခဲ့ပါ”

ကောင်းကင်နတ်အရှင်ယွင်က သူ့နောက်မှ လိုက်ပါသွားသည်။ အဝေးသို့ ရောက်သောအခါ ပျံ့လွင့်လာသော ရွာလူကြီး၏အသံကို ချင်မူ ကြားလိုက်ရလေသည်။ “ကောင်းကင်နတ်အရှင်ယွင်နဲ့ မူအာက မိတ်ဆွေကောင်းတွေ မဟုတ်လားဗျ… ပြောရရင် ကျုပ်ကလည်း မူအာ့ဆရာပါပဲ…. သူ့ကို ဓားပညာ သင်ပေးခဲ့တာလေ… သူ ငယ်ငယ်တုန်းကဆို ကျုပ်တို့ရွာက အဘွားစစ်က အ၀တ်ဆိုင်မှာ ပေါင်ထားခဲ့တာလေ.. ဟားဟား… လမ်းမှာ ဒီကိစ္စကို ပြောပြရတာပေါ့..”

ချင်မူ့မျက်နှာကြီးမှာ မည်းမှောင်နေပြီး သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေ၏။ ထို့နောက်မှသာ ယိုတုသို့သွားရန် ရွှေသင်္ဘောကို အသက်သွင်းလိုက်သည်။

ကောင်းကင်နတ်အရှင်လင်သည် သင်္ဘောပေါ်၌ ရှိနေဆဲဖြစ်ပြီး လုံးဝမလှုပ်ရှားပေ။ ရွှေသင်္ဘောက ယိုတိုသို့ ပြန်ရောက်လာပြီး မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်ခုဆီသို့ ပျံသန်းသွားသည်။ ချင်မူက မီလော့နန်းတော်၏ တာအိုအမှတ်အသား ပြောင်းလဲမှုများကို လေ့လာနေသော်လည်း ပြဿနာများ တွေ့နေရသေး၏။ သူ့မှာ အချိန်အတော်ကြာသည်အထိ နားမလည်နိုင်သေးပေ။

ကောင်းကင်နတ်အရှင်အလင်ကို မေးကြည့်ချင်သော်လည်း ကောင်းကင်နတ်အရှင်လင်၏ စကားကြောင့် အရှိုက်ထိခဲ့ရသဖြင့် ယုံကြည်ချက် ပျောက်ကာ ဘာမှမပြောရဲတော့ချေ။

အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်လင်က ခေါင်းမော့ကြည့်လာပြီး နားထင်ရှိ ဆံနွယ်များ သပ်တင်လိုက်သည်။ “နင် တကယ်နားမလည်ဘူးဆိုရင် မေးလိုက်”

ချင်မူမှာ စိတ်ဓာတ်တက်ကြွလာပြီး သူ နားမလည်သည်များကို ချက်ချင်း မေးမြန်းတော့၏။

အခြားတစ်ဖက်တွင် ရွာလူကြီးက ကောင်းကင်နတ်အရှင်ယွင်အား ဘိုးဘေးနန်းတော်သို့ ခေါ်လာခဲ့သည်။ နှစ်ယောက်သား ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ အရင်ဆုံး ရောက်လာခဲ့၏။ ဤစွမ်းအင်အကူးအပြောင်းတံတားသည် ဘိုးဘေးနန်းတော်နှင့် ဆက်သွယ်ထားလေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွင်မှာ စွမ်းအင်အကူးအပြောင်းတံတားအနောက်၌ ရပ်နေသော ကောင်းကင်နတ်အရှင်ယွဲ့ကို တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်ယွဲ့သည် သူ့ကို စောင့်နေသည့်အလား တိတ်ဆိတ်စွာ ရပ်နေသည်။

ရွာလူကြီးက ချင်မူ့အကြောင်း မပြောတော့ပေ။ ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် လျှောက်သွားကာ နှုတ်ဆက်လိုက်သည်။ “ယွဲ့၊ မတွေ့ရတာကြာပြီနော်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ မျက်ရည်များ မထိန်းနိုင်သော်လည်း ပြုံးလိုက်၏။ “အင်း မတွေ့ရတာ သိပ်ကိုကြာခဲ့ပြီ… ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ”

ကောင်းကင်နတ်အရှင်ယွင်လည်း နဂါးဟန်ခေတ်၏ ခမ်းနားခဲ့သော နေ့ရက်များကို ပြန်လည်အမှတ်ရသွားခဲ့သည်။ ထိုအချိန်တုန်းက လူသားမျိုးနွယ်သည် အဆင့်အတန်း နိမ့်ပါးခဲ့သောကြောင့် အင်အားကြီးမားသူဟူ၍ လူသားမျိုးနွယ်၏ ကောင်းကင်နတ်အရှင်များသာ ရှိခဲ့သည်။

သို့သော် ကောင်းကင်နတ်အရှင်ယွီ သေဆုံးခဲ့ပြီးနောက် လူသားမျိုးနွယ်၏ မျှော်လင့်ချက်များမှာ ရိုက်ချိုးခံခဲ့ရလေသည်။ ကောင်းကင်နတ်အရှင်ရုံက ယိုတုသို့ ရောက်သွားခဲ့ပြီး ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟောင်နှင့် ပူးပေါင်းခဲ့သည်။ ကောင်းကင်နတ်အရှင်ချင်နှင့် ကောင်းကင်နတ်အရှင်မူတို့က ကောင်းကင်မဟာမိတ်အဖွဲ့ကိုသာ ချန်ထားခဲ့ပြီး အစအနမရှိ ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်မဟာမိတ်ကလည်း အခွံတစ်ခုသာ ဖြစ်နေခဲ့လေသည်။

ထိုအချိန်တုန်းက လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် မရှိခဲ့ပေ။

သူ့အနေဖြင့်် တစ်ခုခုလုပ်ချင်ခဲ့သော်လည်း သူ့ကို ထောက်ခံအားပေးသူ ဟူ၍ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့သာ ရှိခဲ့သည်။ သူတို့နှစ်ယောက်လုံးသည် သူ ကျရှုံးသည်အထိ သူနှင့်အတူ လိုက်ပါဆောင်ရွက်ပေးခဲ့ကြ၏။

သူ့တွင် ခမ်းနားသော ရည်ရွယ်ချက်များ ရှိခဲ့သော်လည်း သူ၏အင်အားက အားနည်းနေခဲ့သည်။ ဧကရာဇ်ပလ္လင်အဆင့်ကို ပထမဦးဆုံး ကျင့်ကြံနိုင်ခဲ့သူ ဖြစ်သော်လည်း ထိုခေတ်တွင် ကိစ္စများကို ပြောင်းပြန်လှန်နိုင်ရန် ခက်ခဲနေသေး၏။ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများကို မတိုက်ခိုက်နိုင်ခဲ့ပေ။

နဂါးဟန်ခေတ်သည် စိတ်ဓာတ်ကျမှုနှင့် ပူဆွေးသောကတို့ အဆုံးအစွန်အထိ ရောက်ရှိခဲ့ရသော ခေတ်တစ်ခေတ်ဖြစ်သည်။ သူ့ကို မျှော်လင့်ချက်နှင့် စိတ်ဓာတ်ခွန်အားတို့ ပြည့်ဝစေခဲ့သူများမှာ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်တို့သာ ဖြစ်ကြ၏။

ရွာလူကြီးက သူတို့နှစ်ယောက် အလွမ်းသယ်နေကြသည်ကို တိတ်ဆိတ်စွာ စောင့်နေသည်။ အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ယွဲ့က ထွက်ခွာသွားသဖြင့် ရွာလူကြီးသည် ကောင်းကင်နတ်အရှင်ယွင်နှင့်အတူ စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ရောက်သွားတော့သည်။

သူတို့နှစ်ယောက် စွမ်းအင်အကူးအပြောင်းတံတားမှ ထွက်လာသည့်အချိန်၌ ဘိုးဘေးနန်းတော်သို့ ရောက်လာကြချေပြီ။

ကောင်းကင်နတ်အရှင်ယွင်က အံ့ဩမှင်သက်စွာ အသံပြုလိုက်မိပြီး သူ၏နှလုံးသားထဲတွင် ခံစားချက်များ ရောထွေးနေတော့သည်၊။

စွမ်းအင်အကူးအပြောင်းတံတားမှာ ကမ္ဘာလောကများကို ဖြတ်သန်းသွားလာနိုင်သည့် တံတားတစ်စင်း ဖြစ်သည်။ ၎င်း၏အရှိန်က မြန်ဆန်လွန်းသည့်အတွက် သူ့အား မျက်လုံးပြူးကျယ်နေစေ၏။

လမ်းတွင် သူသည် ရွာလူကြီး ချင်မူ့အကြောင်း ပြောသည်ကို နားထောင်နေရင်း ချင်မူ့ကို အနည်းငယ် နားလည်လာမိ၏ဩ။ ‘ကောင်းကင်နတ်အရှင်မူက ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ အဘိုးအဘွားကိုးယောက် ပေါင်းထားတဲ့ ကောင်းလေးးပဲ… ခဏခဏ စိတ်ပြောင်းတတ်ပြီး တစ်ခါတလေကျ ကြောက်စရာအတွေးတွေ တွေးတတ်တာ အံ့သြစရာမရှိဘူး’

ရုတ်တရက် သူ၏ သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက တုံ့ခနဲ ရပ်လိုက်သည်။

ရွာလူကြီးမှာ အနည်းငယ် ကြောင်အသွားပြီး ဇဝေဇဝါမျက်နှာဖြင့် လှည့်ကြည့်လေသည်။

“စုမူကျဲ၊ မင်း အခု ပြန်လို့ရပါပြီ”

ကောင်းကင်နတ်အရှင်ယွင်က အသက်တစ်ရှိုက် ရှူသွင်းလိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။ သူက ခပ်ဩဩ ပြော၏။ “ငါ အောက်ဘုံကို ဆင်းသက်လာတာ မိတ်ဆွေဟောင်းတစ်ယောက် အာရုံခံမိသွားပြီး လမ်းမှာ စောင့်နေတယ်… မင်း ဆက်သွားမယ်ဆိုရင် မင်းကိုယ်မင်း ကာကွယ်နိုင်မှာမဟုတ်ဘူး”

ရွာလူကြီးက သူ၏ အကြည့်အတိုင်း ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်၏ တောင်တန်းနှစ်လုံးကြားတွင် မီးတို့ တောက်လောင်နေသည်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားမိလေသည်။

၎င်းက တာအိုမီးတောက်ပင်။

မီးတောက်က တောင်တန်းနှစ်လုံးအား ထွန်းတောက်နေစေသည်။ မီးတောက်ထဲတွင် ရပ်နေသည့် လူရိပ်တစ်ခုကို မှုန်ဝါးဝါး မြင်ရနိုင်၏။

“ကောင်းကင်နတ်အရှင်ဟွေ့”

ရွာလူကြီးမှာ မျက်ခုံးလှုပ်သွားပြီး ဓားကို ဆွဲထုတ်လိုက်သည်။

ကောင်းကင်နတ်အရှင်လင်က မျက်ခုံးပင့်၍ ဓားအလုံးစုံ ထွက်မလာခင် ရွာလူကြီး၏လက််အား ဖိကိုင်လိုက်၏။ ထို့နောက် ဓားကို ဓားအိမ်ထဲ ပြန်သွင်းလိုက်သည်။ “အလျင်စလို မလုပ်နဲ့” သူက ဩရှသောအသံဖြင့် သတိပေးသည်။ “သူ့ဆီက တိုက်ကွက်လေး တစ်ကွက်ကိုတောင် မင်း ခံနိုင်မှာမဟုတ်ဘူး… ငါတို့က မိတ်ဆွေဟောင်းတွေပါ… အန္တရာယ် မရှိဘူး… မင်း အခုပြန်လိုက်တော့”

ရွာလူကြီးကား ဓားရိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ သူ၏ခန္ဓာကိုယ်သည် အသက်အရွယ်အိုမင်းနေရာမှ ပြန်လည်သက်သာလာပြီး မကြာမီ နုပျိုဖျတ်လတ်သော အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူ၏ကြွက်သားများသည် တောင့်တင်းခိုင်မာနေပြီး မည်သည့်အဆီပိုမှ မရှိပေ။ သူက ခပ်ဩဩ ပြော၏။ “ကောင်းကင်နတ်အရှင်ယွင်၊ ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ကျုပ် မူအာ့ကို မျက်နှာပြရဲမှာ မဟုတ်တော့ဘူး”

ကောင်းကင်နတ်အရှင်ယွင်က တခဏတုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ ဆက်‌လျှောက်သွားသည်။ “ငါ့နောက်ကနေ ဘာစကားမှမပြောဘဲ တိတ်တိတ်လေး လိုက်လာခဲ့…. မင်းကိုယ်မင်း ဆွံ့အနားမကြားသလိုနေ”

ရွာလူကြီးက သူ့အနောက်မှ တစ်လှမ်းချင်းလိုက်လာပြီး သူတို့နှစ်ယောက်သည် တောင်တန်းနှစ်လုံးကြားသို့ ဝင်ရောက်လာခဲ့ချေပြီ။

တာအိုမီးတောက်များက နှစ်ခြမ်းကွဲပြီး လမ်းတစ်လမ်းကို ဖွင့်ပေပးသည်။

ကောင်းကင်နတ်အရှင်ယွင်က လူရိပ်အနောက်သို့ လျှောက်သွားသည်။ ထိုပုဂ္ဂိုလ်သည် ထူးဆန်းသော မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး လှည့်ကြည့်လာ၏။ မျက်နှာဖုံးက သူ၏မျက်နှာနှင့်အတူ လှုပ်ရှားနိုင်သည့်အလား အတော်လေး ကြောက်စရာကောင်းလှသည်။ မျက်နှာဖုံးက ပျော်ရွှင်နေသော အမူအရာဖြစ်နေပြီး သူ့အား အပြုံးတစ်ခုနှင့်မတူသည့် အပြုံးဖြင့် ကြည့်လိုက်သည်။ ၎င်းက ငိုနေခြင်းတော့ မဟုတ်ပေ။

“ကောင်းကင်နတ်အရှင်ယွင်၊ ငါ့ရဲ့ ထာ၀ရ တာအိုမိတ်ဆွေ”

မျက်ရည်များက မျက်နှာဖုံးအောက်ရှိ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာပေါ်တွင် စီးကျလာသော်လည်း ၎င်းတို့က သူ၏ပတ်ပတ်လည်တွင် ပျံသန်းသွားသည့် တာအိုမီးတောက်များအဖြစ် ပျံ့လွင့်သွားကြသည်။ “နောက်ဆုံးတော့ ငါတို့ပြန်တွေ့ရပြီပေါ့”

ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်ပြီး ရှေ့သို့လျှောက်သွားသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့”

ကောင်းကင်နတ်အရှင်ဟွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံက ရှင်းလင်းပြတ်သားနေသည်။

“ကောင်းကင်နတ်အရှင်လင်က ခေါင်းမာလွန်းတယ်… ကောင်းကင်နတ်အရှင်ယွဲ့က ရိုးအလွန်းတယ်… ကောင်းကင်နတ်အရှင်ရုံကတော့ တစ်ဖက်ပိတ်ဆန်လွန်းတယ်… ကောင်းကင်နတ်အရှင်မူကတော့ မစင်ပေနေတဲ့ ကျောက်တုံးတစ်တုံးလိုပဲ…. ဘယ်သူမှ ငါ့ကို နားမလည်ကြဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က လက်နှစ်ဖက်ကို ဆန့်တန်း၍ ပြုံးနေသည်။ “အစ်ကိုကြီးလန်ယွီတျန်းကိုတောင် လေးစားပေမယ့် ဖွင့်ဟတိုင်ပင်လို့မရဘူး… ကောင်းကင်နတ်အရှင်ယွင် တစ်ယောက်ပဲ ငါ့အတွက် အားကိုးစရာ ရှိတာ… ကောင်းကင်နတ်အရှင်ယွင်က ငါ့အကြောင်း အသိဆုံး၊ ငါ့ကို နားအလည်ဆုံးသူပဲ…. မင်း အသက်ပြန်ရှင်လာတာ ငါ သိပ်ကို ဝမ်းသာမိတယ်ကွာ”

All Chapters