ငါ့သေဆုံးခြင်းရဲ့ အမှန်တရား
Vol. 122 Ch. 1592
ရွာလူကြီးက ကောင်းကင်နတ်အရှင်ဟွေ့ကို စိုးရိမ်တကြီး ကြည့်နေသည်။ သူ၏နှလုံးသားထဲတွင်လည်း စိုရိမ်းပူပန်စိတ်တို့ ပြည့်နှက်နေသည်။
ယခုတွင် ကောင်းကင်တတ်အရှင်ယွင်၏ ရုပ်ခန္ဓာမှာ ချင်မူ့ကြောင့် ကန့်သတ်ခံထားရပြီး မူလဝိညာဉ်ကိုသာ အသုံးပြုနိုင်သေး၏။ သူ၏မူလဝိညာဉ်က သန်မာအားကောင်းသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့အတွက် ပြိုင်ဘက်ဟုတ် မဟုတ်ကိုတော့ မသိနိုင်ချေ။
ကောင်းကင်နတ်အရှင်ဟွေ့သည် ဘိုးဘေးနန်းတော်မှ ပြန်လာပြီးနောက် များစွာတိုးတက်လာချေပြီ။ သူသည် ဘိုးဘေးနန်းတော်၌ ဗြုန်းစားကြီး ပေါ်လာပြီး သူတို့၏လမ်းကို ရှေ့ဖြစ်ဟောဆရာတစ်ဦးအလား ကြိုသိနေပြီး ပိတ်ဆို့ထားခြင်းမှာ စိတ်မတင်မကျ ဖြစ်စေသည်။
ကောင်းကင်နတ်အရှင်ယွင် ဘိုးဘေးနန်းတော်သို့ လာရောက်မည်ကို အဘယ်ကြောင့် ကြိုသိနေပါသနည်း။
သူတို့၏ လမ်းကို မည်သို့နည်းဖြင့် ပိတ်ထားနိုင်ခဲ့သနည်း။
ကောင်းကင်နတ်အရှင်ယွင်ကတော့ တည်ငြိမ်အေးဆေးလျက်ပင်။ ကောင်းကင်နတ်အရှင်ဟွေ့ လက်နှစ်ဖက်ကို ဆန်တန့်ထားသော်လည်း သူသည် ကောင်းကင်နတ်အရှင်အား သွားရောက်မပွေ့ဖက်ချေ။ ထိုအစား ပြုံးလျက် မေးလိုက်သည်။ “ငါလည်း ငါ့ရဲ့ မိတ်ဆွေဟောင်းတွေကို ပြန်တွေ့ရတာ သိပ်ကို ဝမ်းသာမိပါတယ်… ဟွေ့၊ မင်းက ကောင်းကင်နတ်အရှင်ယွီနဲ့ ကောင်းကင်နတ်အရှင်မူပေါ်ကို မကျေနပ်ချက်တွေ ရှိနေသလိုပဲ… ငါ့ကို ပြောပြလို့ရမလား”
ကောင်းကင်နတ်ဟွေ့မှာ စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို ပြန်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ယွင်သည် မိတ်ဆွေဟောင်းကို ပြန်တွေ့သည့်တိုင် ပွေ့ဖက်ခြင်း မရှိပေ။ သူက ပြုံးလျက် ဖြေလိုက်၏။ “ငါ သူတို့ကိစ္စတွေ မပြောချင်ပါဘူး… ငါက လူသားမျိုးနွယ်အတွက် တာဝန်ကျေပွန်တယ်… တခြားသူတွေက င့ါကို အမြဲတမ်းအထင်လွဲနေကြပဲ…. အဟက်… မင်းသေသွားပြီးတဲ့နောက် လူသားမျိုးနွယ်ကို မျိုးမသုဥ်းအောင် ကယ်တင်ပေးခဲ့တဲ့သူက ငါပဲလေ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ခိုင်ဧကရာဇ်နဲ့ ရုံတို့အားလုံး ငါ့ကို လှောင်ပြောင်သရော်ခဲ့ကြတယ်”
သူသည် စကားပြောလေလေ ပို၍ဒေါသထွက်လာလေလေ ဖြစ်သဖြင့် နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။ “အထူးသဖြင့် ကောင်းကင်နတ်အရှင်မူပေါ့… အစ်ကိုကြီးယွီအတွက် ကလဲ့စားချေပေးလို့ ငါ သူ့ကို အရင်က လေးစားခဲ့ပါတယ်… သူက စိတ်မြန်လက်မြန်ရှိတဲ့သူ တစ်ယောက်ဆိုပေမယ့် ငါ့ကို အများဆုံး အထင်လွဲတဲ့သူ ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး… လူသားမျိုးနွယ်အတွက် အရှက်ရစရာတွေအားလုံးကို ငါ ခံစားခဲ့တာ…. ငါ့ရဲ့ မျိုးနွယ်အပေါ် အန္တရာယ်ပေးနေတယ်ဆိုတဲ့ နာမည်ကိုတောင် ကြိတ်ခံခဲ့တာ… ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခဲ့ပြီး တောင်ကောင်းကင်မှာ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်… သူကရော လူသားမျိုးနွယ်အတွက် ဘာများ လုပ်ပေးခဲ့လို့လဲ… လူသားမျိုးနွယ်ကို ပုန်ကန်အောင်ပဲ ဦးဆောင်နေတာ… ငါ ဖန်တီးထားတဲ့ ကောင်းမွန်တဲ့ အခြေအနေတွေအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်… ဒါတောင်မှ ငါတို့က လူသားမျိုးနွယ်ရဲ့ အပြစ်သားတွေ ဆိုပြီး ပြောထွက်သေးတယ်”
သူက ကောင်းကင်နတ်အရှင်ယွင်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ “သူတို့ ငါ့ကို နားမလည်ဘူး… ယွင်၊ မင်းတော့ နားလည်တယ်မလား”
ကောင်းကင်နတ်အရှင်ယွင်က အချိန်အတော်ကြာစဉ်းစားနေပြီးနောက် ခေါင်းမော့ကာ ပြုံးလိုက်သည်။ “ငါ မင်းကို နားလည်ပါတယ်”
ကောင်းကင်နတ်အရှင်ဟွေ့မှာ အတော်လေး စိတ်ကျေနပ်သွားတော့သည်။ သူက ပြုံးလျက် ပြော၏။ “မင်း ငါ့ကို နားလည်မယ်ဆိုတာ ငါ သိနေတယ်လေ… နဂါးဟန်ခေတ်တုန်းက ငါတို့ ရည်ရွယ်ချက်တွေအကြောင်း အသေးစိတ် ဆွေးနွေးခဲ့ကြတာ တစ်ကြိမ် မကဘူးမလား… ငါတို့ရည်ရွယ်ချက်တွေက မတူညီပေမယ့် ငါက ဘယ်လိုလူလဲဆိုတာ မင်း သိပါတယ်”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်လိုက်သည်။ “နဂါးဟန်ခေတ်တုန်းက လူသားမျိုးနွယ်က အားနည်းနေခဲ့ပြီးတော့ စကြ၀ဠာရဲ့ မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေကြားမှာ အာရုံစိုက်ခံခဲ့ရတဲ့ မျိုးနွယ်စုတစ်စု ဖြစ်ခဲ့တယ်… ငါတို့ နဂါးဟန်ကောင်းကင်နတ်အရှင်ကိုးပါး မွေးဖွားလာခဲ့ကြတယ်… ဒါပေမဲ့ အဲဒီအချိန်တုန်းက လူသားမျိုးနွယ်ရဲ့ အင်အားက အရေးမပါသေးဘူး… ငါတို့ နဂါးဟန်ကောင်းကင်နတ်အရှင်တွေတောင်မှ ရှေးဟောင်းနတ်ဘုရားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ပြီး အခြားသူတွေရဲ့ လက်အောက်ကို ရောက်ခဲ့ကြတယ်… ကောင်းကင်နတ်အရှင်မူ ကောင်းကင်နတ်မြစ်မှာ ဓာတ်ကြီးငါးပါးရှေးဟောင်းနတ်ဘုရားကို သတ်ဖြတ်ခဲ့တဲ့အချိန်မှသာ လူသားမျိုးနွယ်ရဲ့ ခွန်အားကြောင့် တစ်ကမ္ဘာလုံး အံ့အားသင့်သွားခဲ့ကြတာ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်နှာအနည်းငယ် ပျက်သွားသည်။ သူသည် ချင်မူ၏ တိုက်ပွဲရလဒ်များကို ကြားလျှင် အနည်းငယ် မပျော်မရွှင် ဖြစ်မိ၏။
ကောင်းကင်နတ်အရှင်ယွင်က ဆက်ပြောသည်။ “ဒါတောင်မှ လူသားမျိုးနွယ်ရဲ့ အင်အား အားနည်းနေခဲ့တုန်းပဲ… ငါလည်း အမြဲတမ်း စိတ်ဓာတ်ကျနေခဲ့ရတာ… ငါ့မှာ ကိုယ်ပိုင်စွမ်းအား မရှိတဲ့အတွက် မင်းကို အကြိမ်ပေါင်းများစွာ အကူအညီ တောင်းခဲ့တယ်… မင်းက လူသားမျိုးနွယ်အတွက် တခြားလမ်းတစ်လမ်း ရှာဖွေချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား”
ကောင်းကင်နတ်အရှင်ဟွေ့သည် အတိတ်ကို ပြန်လည်သတိရသွား၍ တုံ့ပြန်၏။ “အဲဒီတုန်းက ငါတို့နှစ်ယောက် တိတ်တဆိတ် တွေ့ပြီး စကားအကြာကြီး ပြောခဲ့ကြတယ်… လူသားမျိုးနွယ်က အနိုင်ရဖို့ ခက်တဲ့အတွက် ရှေးဟောင်းနတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေကို တိုက်ခိုက်ဖို့ အင်အားမရှိဘူးလို့ မင်း ခံစားခဲ့ရတယ်… လူသားမျိုးနွယ်အတွက် အန္တရာယ်တွေ အချိန်မရွေး ကျရောက်လာနိုင်တာမလို့ ငါ မင်းကို ကူညီပေးနိုင်မလားဆိုပြီး မင်း မျှော်လင့်ခဲ့တာ”
ကောင်းကင်နတ်အရှင်ယွင်က သက်ပြင်းချလိုက်သည်။ “မင်းက ကိစ္စတစ်ခုတည်းကိုပဲ ပုံအပ်ပြီး လောင်းကြေးမထပ်နိုင်ဘူးလို့ တုံ့ပြန်ခဲ့တယ်လေ…. အစီအစဉ်နှစ်ခု ရှိရမယ်… ပထမတစ်ခုက ငါ လူသားမျိုးနွယ်အတွက် ဆက်လက်တိုက်ခိုက်နေဖို့ပဲ..”
ကောင်းကင်နတ်အရှင်ဟွေ့က ပြောသည်။ “ဒုတိယအစီအစဉ်က ငါ လူသားမျိုးနွယ်တစ်စိတ်တစ်ပိုင်းကို ဦးဆောင်လို့ နတ်ဘုရားတစ်ပိုင်းတွေနဲ့ ပူးပေါင်းပြီး ရှေးဟောင်းနတ်ဘုရားတွေကို တိုက်ခိုက်ဖို့… မင်း ကျရှုံးသွားခဲ့ရင် လူသားမျိုးနွယ် မျိုးသုဉ်းသွားမှာ မဟုတ်ဘူး… လူသားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းတော့ ရှင်သန်နေလိမ့်ဦးမယ်”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “ဒါကြောင့် မင်း ကောင်းကင်နတ်အရှင်ဟောင်ဆီမှာ အညံ့ခံခဲ့တာကို ငါ မကန့်ကွက်ခဲ့တာပဲ… မင်းမှာ ရေရှည်ရည်မှန်းချက်တစ်ခု ရှိပြီး လူသားတွေရဲ့ အကျိုးကို သယ်ပိုးချင်တယ်ဆိုတာ အဲဒီလုပ်ရပ်က သက်သေပြခဲ့တယ်… ကောင်းကင်နတ်အရှင်ဟောင်က သိပ်ကို စွမ်းအားကြီးတယ်… ရှေးဟောင်းနတ်ဘုရားတွေကို အနိုင်ယူခဲ့တဲ့အပြင် ငါ့ကိုပါ အနိုင်ယူခဲ့တယ်…. လုံဟန်ခေတ်ရဲ့ နောက်ဆုံးတိုက်ပွဲကို အောင်နိုင်ခဲ့တယ်”
ကောင်းကင်နတ်အရှင်ဟွေ့က ခပ်ဩဩ ပြောသည်။ “ငါတို့ အဲဒီအချိန်တုန်းက ဆွေးနွေးခဲ့ကြတယ်…. မင်းက လူသားမျိုးနွယ်ကို ပုန်ကန်ဖို့ ဦးဆောင်မယ်… မင်း ကျရှုံးသွားတဲ့အခါကျရင် ငါက မင်းကို သတ်ပြီး နတ်ဘုရားတစ်ပိုင်းတွေအပေါ် သစ္စာရှိတာကို သက်သေပြရမယ်… ငါ အဲဒီလို လုပ်ခဲ့တယ်”
သူက ရှိုက်ငိုလိုက်ရင်း ဆက်ပြောသည်။ “ငါ့မျက်ဝန်းထဲမှာ မျက်ရည်တွေအပြည့်နဲ့ မင်းကို သတ်ခဲ့တယ်… မင်း သေသွားတဲ့အချိန်က ငါ့ရဲ့နှလုံးသား အနာကျင်ဆုံးအချိန်ပဲ… ဒါပေမဲ့ အဲဒါကြောင့်မလို့ပဲ ငါ အပြစ်တင်ခံခဲ့ရတယ်… ယွဲ့၊ မင်းကို သတ်တဲ့အတွက် မင်း ငါ့ကို အပြစ်တင်တာ”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းရမ်းသည်။ “အဲ့ဒီအတွက် ငါ မင်းကို အပြစ်မတင်ပါဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏အသံတွင် ကျေးဇူးတင်စိတ်တို့ ပြည့်နှက်နေသည်။ “ယွင်တစ်ယောက်တည်းကပဲ ငါ့အပေါ် အကောင်းဆုံးနားလည်တဲ့ သူရဲကောင်းတစ်ယောက်ဆိုတာ ငါ သိပြီးသား… ကောင်းကင်နတ်အရှင်ချင်တို့ ကောင်းကင်နတ်အရှင်မူတို့က ယွင့်ခြေရာတောင် မမှီဘူး”
“နောက်ပိုင်း ချိမင်ခေတ်တော်လှန်ရေးမှာ မင်း မျက်ရည်တွေ ထိန်းပြီး မင်ဧကရာဇ်ကိုလည်း သွားသတ်ခဲ့သေးတယ်မလား” ကောင်းကင်နတ်အရှင်ယွင်က မေးလိုက်သည်။
ကောင်းကင်နတ်အရှင်ဟွေ့က မျက်နှာဖုံးက အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ပြော၏။ “သူက မင်းအောက် နိမ့်ကျတယ်လေ… သူ့အနေနဲ့ အောင်မြင်ဖို့ ခက်ခဲတယ်…. ဆူးငြောင့်ခလုတ်ပဲ ဖြစ်နေမှာ”
“ချုံဧကရာဇ်ခေတ်တုန်းကလည်း မျက်ရည်တွေ ထိန်းပြီး ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်လင်ကို သွားသတ်သေးတယ်မလား”
ကောင်းကင်နတ်အရှင်ယွင်က သူ့ဘေးသို့ ရောက်လာပြီး သူ့အနောက်ရှိ မီးတောက်များကြောင့် ပုံပျက်နေသည့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ခံစားချက်များ ပြည့်နှက်စွာဖြင့် သက်ပြင်းချလိုက်၏။ “ခိုင်ဧကရာဇ်ခေတ်တုန်းက မျက်ရည်ထိန်းပြီး ကောင်းကင်နတ်အရှင်ချင်ကို သတ်ခဲ့တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်ရောက်တော့လည်း မျက်ရည်တွေကို မြိုသိပ်ပြီး ကောင်းကင်နတ်အရှင်မူကို သွားသတ်ခဲ့သေးတာပဲမလား..”
ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်ခုံးများ ပို၍တွန့်ချိုးလာပြီး ကောင်းကင်နတ်အရှင်ယွင်၏ အနောက်ရှိ ကောင်းကင်သို့ ကြည့်လိုက်သည်။
ရုတ်တရက် သူက ကောင်းကင်နတ်အရှင်ယွင်၏ စကားကို ဖြတ်ပြောလေသည်။ “ယွင်၊ ဗျူဟာအရာမှာ ချိဧကရာဇ်ရော၊ မင်ဧကရာဇ်ရောက မင်းအောက် နိမ့်ကျတယ်…. ကောင်းကင်နတ်အရှင်လင်နဲ့ ယွဲ့က သိပ်ကိုတော်တဲ့ အမျိုးသမီးတွေဆိုပေမယ့် သူတို့ရဲ့ နည်းလမ်းတွေက မင်းအောက် အများကြီးနိမ့်ကျတယ်… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ချင်ယဲ့ကတော့ သူ ထွက်ပေါ်လာတဲ့အချိန်ကတည်းက စကြ၀ဠာတစ်ခုလုံးက ပြောင်းလဲလို့မရတဲ့ အနေအထား ဖြစ်နေပြီ… ကောင်းကင်နတ်အရှင်ဆယ်ပါးက တစ်လောကလုံးကို စုစည်းအုပ်ချုပ်နေတဲ့အတွက် ဘယ်သူမှ တွန်းလှန်နိုင်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်မူကတော့ လျှောက်ပြဿနာရှာနေတဲ့ ကလေးတစ်ယောက်ပါကွာ… ယွင်၊ မင်း ဒါတွေကို နားလည်မှာပါ”
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလိုက်ပြီး မေးလေသည်။ “ဒါဆိုရင် သူတို့ကို သတ်ပြီး ဘယ်အချိန်ကစလို့ မငိုမိတော့တာလဲ”
ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် လှည့်ကြည့်လာသည်။
သူတို့နှစ်ယောက်သည် လမ်းကြောင်းတစ်ခုတည်းအပေါ်တွင် ရပ်နေကြသည်။ တစ်ယောက်က အရှေ့အရပ်သို့ မျက်နှာမူထားပြီး ကျန်တစ်ယောက်ကတော့ အနောက်အရပ်ကို မျက်နှာမူနေ၏။
ကောင်းကင်နတ်အရှင်ဟွေ့ လှည့်ကြည့်လာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွင်ကလည်း လှည့်ကြည့်လိုက်သည်။
တောင်တန်းနှစ်လုံးကြားရှိ မီးတောက်များ ရုတ်တရက် ခြစ်ခြစ်တောက် ပူလာသည်ကို ရွာလူကြီး ခံစားလိုက်ရ၏။ မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေပြီး ခြောက်သွေ့ပူပြင်းသောလေများက သူ၏မျက်နှာကို ရိုက်ခတ်ကာ လောင်ကျွမ်းနေသည့် အနံ့အသက်များ ရနေစေသည်။
ရွာလူကြီးသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တိုက်ခိုက်လိုစိတ်လည်း ပိုပို၍အားကောင်းလာသည်။ သူက အာရုံမထွေပြားဘဲ ကောင်းကင်နတ်အရှင်ဟွေ့၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။
ဘိုးဘေးနန်းတော်၏ တောင်တန်းများမှာ ခမ်းနားတင့်တယ်သည်။ သို့သော် ၎င်းတို့ပင်လျှင် သူတို့၏ ထိတ်လန့်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ဖုံးအုပ်မထားနိုင်ချေ။
ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် ထပ်မေးသည်။ “ဘယ်အချိန်တုန်းက စခဲ့တာလဲ… မင်း ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါး ဖြစ်လာတဲ့အချိန်တုန်းကလား… မင်းလက်ထဲမှာ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်နိုင်သွားတဲ့အခါမှာ မင်းရဲ့မျိုးနွယ်ကို သတ်ဖြတ်ရလည်း မျက်ရည်မကျမိတော့ဘူးမလား’
ကောင်းကင်နတ်အရှင်ဟွေ့က တိတ်ဆိတ်နေသည်။ တောင်တန်းနှစ်လုံးကြားရှိ မီးတောင်များသည် တဝှီးဝှီး မြည်လျက် တောင်နံရံနှစ်ဖက်လုံးတွင် တိုက်ခတ်လောင်ကျွမ်းနေကြ၏။
တောင်တန်းနှစ်လုံးက မီးတောက်များအကြားတွင် အရည် ပျော်လာသည်။ မြေပြင်က ပြိုလဲလာပြီး မြေအောက်ချော်ရည်ပူတို့ စီးဆင်းလာာ၏။ မြေအပိုင်းအစများက ချော်ရည်များထဲတွင် အရည်ပျော်သွားကြသည်။
“နဂါးဟန်ခေတ်မှာတုန်းက ငါတို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြတယ်… မင်းရဲ့ ရွေးချယ်မှုကို ငါ နားလည်ခဲ့တယ်”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “တစ်ချိန်တုန်းက ပြည်သူပြည်သားတွေ ဒုက္ခရောက်နေတဲ့ တိုင်းပြည်တစ်ပြည် ရှိခဲ့တယ် ဆိုပါစို့ကွာ … ဧကရာဇ်အတိုင်ပင်ခံအမတ်ကြီးမှာ စူးစမ်းရှာဖွေချင်တဲ့ သားနှစ်ယောက် ရှိတယ်တဲ့… အကြီးဆုံးသားက ‘ကျွန်တော် လူကုံထံတွေကို ထောက်ခံပေးပြီး နန်းတွင်းကို တွန်းလှန်ပစ်မယ်… လူကုန်ထံတွေက အာဏာကို ချုပ်ကိုင်ထားတာ… ဒါကြောင့် လူကုန်ထံတွေ ဧကရာဇ်ဖြစ်လာပြီး ကျွန်တော်က လူကုံထံဖြစ်လာရင် ပြည်သူပြည်သားတွေရဲ့ ဘ၀ ကောင်းမွန်လာလိမ့်မယ်’ လို့ ပြောခဲ့တယ်”
“အငယ်ဆုံးသားလေးကတော့ “ကျွန်တော်ကတော့ လူကုန်ထံတွေကို မယုံဘူး… ကျွန်တော့်ရဲ့ ကိုယ်ပိုင်အင်အား ထူထောင်ပြီးတော့ ပြည်သူပြည်သားတွေ ပိုပြီး ချမ်းချမ်းသာသာနေနိုင်အောင် နန်းတွင်းကို တွန်းလှန်ပစ်မယ်” လို့ ပြောတယ်… ဆိုတော့ အငယ်ဆုံးသား ရှုံးနိမ့်ခဲ့ရင် စစ်ပွဲတွေဖြစ်မလာအောင် တားဆီးဖို့အတွက် အကြီးဆုံးသားက အငယ်ဆုံးသားကို သတ်ပေးဖို့ သဘောတူခဲ့ကြတယ်”
ကောင်းကင်နတ်အရှင်ဟွေ့က မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် နားထောင်နေသည်။
“နောက်ဆုံးတော့ ရက်စက်ကောက်ကျစ်တဲ့ နန်းတွင်းကို တွန်းလှန်နိုင်ခဲ့ကြတယ်… အကြီးဆုံးသား ထောက်ခံပေးထားတဲ့ လူကုန်ထံတွေက ဧကရာဇ် ဖြစ်လာခဲ့ပြီး အငယ်ဆုံးသားလေးကတော့ သစ္စာဖောက် ဖြစ်သွားခဲ့ရတာပေါ့… အကြီးဆုံးသားက မျက်ရည်တွေ မဖြေဆည်နိုင်အောင် ကျနေရင်းနဲ့ပဲ အငယ်ဆုံးသားကို သတ်ဖြတ်လို့ စစ်ပွဲကို တားဆီးခဲ့တယ်…”
ကောင်းကင်နတ်အရှင်ယွင်က မေးသည်။ “ငါတို့ အရင်က ထင်ခဲ့တဲ့အရာက အဲ့ဒီလိုမျိုးလား”
ကောင်းကင်နတ်အရှင်ဟွေ့သည် မဖြေပေ။
ကောင်းကင်နတ်အရှင်ယွင်က ဆက်ပြော၏။ “ဒီလိုနဲ့ အကြီးဆုံးသားက အင်အားကြီးတဲ့ အမတ်ကြီးတစ်ယောက် ဖြစ်လာပြီးတော့ ဧကရာဇ်ကို ဆက်လက်ထောက်ခံခဲ့တာပေါ့… ဒါပေမဲ့ ပြည်သူပြည်သားတွေက ဒုက္ခရောက်နေတဲ့အပြင် တိုင်းပြည်ကလည်း ဆင်းရဲနေတုန်းပဲ… အဲဒီအချိန်မှာ အကြီးဆုံးသားက ဧကရာဇ်အသစ်စက်စက်ကို တွန်းလှန်ဖို့ အကြံမရှိတော့ဘူး… ဘာလို့လဲဆိုတော့…”
သူက မှင်သေသေ ပြောသည်။ “ဘာလို့လဲဆိုတော့ သူက နန်းတွင်းရဲ့ လူဖြစ်နေပြီး ဧကရာဇ်ရဲ့ ဘက်တော်သားတွေထဲမှာ အာဏာအရှိဆုံးလည်း ဖြစ်နေပြီလေ… သူ့ကိုယ်တိုင်သူ့ ဘယ်လိုလုပ် တွန်းလှန်တော့မှာလဲ…. ဒါကြောင့် ဖိနှိပ်မှုကို မခံနိုင်တဲ့သူတွေ တွန်းလှန်တိုင်း အကြီးဆုံးသားဟာ အဲဒီလူကို သတ်ဖြတ်ပြီး သူပုန်တပ်တွေကို ချေမှုန်းခဲ့တဲ့သူ ဖြစ်လာခဲ့တယ်… ဘာလို့လဲဆိုတော့ သူဟာ နဂါးဟန်ခေတ်မှာ တစ်လောကလုံး သုံးပိုင်း ကွဲထွက်သွားတာကို တွေ့ကြုံခဲ့ရတယ်… သူပုန်တပ်တွေ သူ့ရဲ့အာဏာကို ဖျက်ဆီးလို့ မဖြစ်ဘူးဆိုတာ သိခဲ့တယ်… သူဟာ မိသားစုအတွက် တိုက်ခိုက်နေတဲ့ အရင်တုန်းက အကြီးဆုံးသား မဟုတ်တော့ဘူး”
“ယွင်၊ မင်း ပြောင်းလဲသွားပြီ”
ကောင်းကင်နတ်အရှင်ဟွေ့က သက်ပြင်းချ၍ ခေါင်းရမ်းလိုက်သည်။ “မင်းက အရင်တုန်းက ယွင် မဟုတ်တော့ဘူး… ငါ့ကို နားလည်တဲ့ ယွင် မဟုတ်တော့ဘူး…”
သူ၏မျက်နှာထက်ရှိ မျက်နှာဖုံးက ပုံပျက်သွားပြီး တစ်ချိန်တည်းမှာပင် ငိုလိုက်ရယ်လိုက်ဖြစ်နေသော မျက်နှာအမူအရာဖြစ်နေ၏။ “မင်းက မူနဲ့ ချင်လိုပဲ… မင်းလည်း ငါ့ကို သေစေချင်နေတာလား”
ကောင်းကင်နတ်အရှင်ယွင်က လက်နှစ်ဖက်ကို ကျောနောက်ပစ်၍ သူ၏အနောက်ရှိ တာအိုမီးတောက်များကြောင့် ပုံပျက်နေသော ကောင်းကင်ဆီသို့ မော့ကြည့်နေသည်။ သူက အေးဆေးစွာ ဖြေလိုက်သည်။ “ရွှင်ပျော်စွာ သီဆိုခဲ့သော နေ့ရက်များ၊ လွတ်လပ်စွာ မျှော်မှန်းခဲ့သော ရည်ရွယ်ချက်များ... ငယ်ရွယ်က သစ္စာကို မပျက်စေနှင့်တဲ့,,”
သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။ “ငါသာ အစက သေသွားခဲ့ရင် ဘယ်သူက ငါ့ရဲ့ အဖြစ်မှန်ကို သိမှာတဲ့လဲ… ဟွေ့၊ မင်းမှာ လမ်း ရှိပါသေးတယ်”
သူက လှည့်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့ကို ကြည့်ကာ ပြောသည်။ “ဟွေ့၊ မင်း ကောင်းကင်နတ်အရှင်ဟောင်ကို လုပ်ကြံသတ်ဖြတ်ပြီး သူနဲ့ ဆက်ဆံရေးကို ဖြတ်တောက်နိုင်မယ်ဆိုရင် လူသားမျိုးနွယ် အနိုင်ရပြီး လက်ရှိကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်လိမ့်မယ်… မင်းတစ်ယောက်တည်း အောင်မြင်မှုကို သိမ်းပိုက်သွားလို့ ရတယ်… ငါ၊ လင်၊ ယွဲ့၊ ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်မူတို့ရဲ့ အောင်မြင်မှုတွေက မင်းလောက် ခမ်းနားမှာမဟုတ်တော့ဘူး…. နှစ်တစ်သန်းအတွင်း ငါတို့ မလုပ်နိုင်ခဲ့တဲ့အရာကို မင်း လုပ်နိုင်မှာလေ..”
သူက အသံကို မြှင့်၍ ပြောလိုက်သည်။ “မင်းရဲ့ အတိတ်တုန်းက အပြစ်တွေအားလုံးကို မင်းအစား ငါ ဖုံးကွယ်ပေးထားနိုင်တယ်… မင်းဟာ လူတွေရဲ့အရှေ့မှာ အရှက်ရမှုတွေ နာမည်ဆိုးတွေကို ခါးစည်းခံပြီး တစ်ချက်တည်းနဲ့ အောင်ပွဲယူပေးနိုင်တဲ့ ခမ်းနားကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်… မရေမတွက်နိုင်တဲ့လူတွေက မင်းရဲ့ အားထုတ်မှုတွေကို ချီးမွမ်းကြပြီး အနာဂတ်မျိုးဆက်တွေက မင်းရဲ့ လုပ်ရပ်တွေကို လေးစားအားကျကြလိမ့်မယ်.. မင်းရဲ့အတိတ်က လုပ်ရပ်တွေကို သူတို့ သိကြတော့မှာမဟုတ်ဘူး… မင်းရဲ့အတိတ်ကို ပယ်ဖျက်ပြီးသား ဖြစ်လိမ့်မယ်… ကောင်းကင်နတ်အရှင်ဟောင်ကို လုပ်ကြံသတ်ဖြတ်သရွေ့ပေါ့”
ကောင်းကင်နတ်အရှင်ဟွေ့က ထိုနေရာ၌ မလှုပ်မယှက်ရပ်နေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ကောင်းကင်နတ်အရှင်ယွင် မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့ ၏ ရယ်သံက ပိုပို၍ ကျယ်လောင်ပြီး တောင်ကြားနံရံများကို တုန်ခါလာစေ၏။ တောင်တန်းနှစ်လုံးက တာအိုမီးတောက်ထဲသို့ ပြိုကျလာပြီး လိမ့်ဆင်းသွားသော ချော်ရည်ပူများအဖြစ် ပြောင်းလဲသွားကြသည်။
“ယွင်၊ မင်းက ကောင်းကင်နတ်အရှင်မူထက် လှည့်စားတတ်တာ ငြင်းလို့မရဘူးပဲ”
ကောင်းကင်နတ်အရှင်ဟွေ့က သူ၏မျက်နှာကို လှည့်ကြည့်လာသော်လည်း သူ၏လေသံက နွေးထွေးမနေဘဲ ပိုပို၍ အေးစက်လာသည်။ “ဒါပေမဲ့ မင်း ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်ဘုံကို အနိုင်မယူနိုင်ဘူး… ငါ ကောင်းကင်နတ်အရှင်ဟောင်ကို လုပ်ကြံသတ်ဖြတ်နိုင်ရင်တောင်မှ သူ့ရဲ့ နောက်ဆုံးတိုက်ကွက်ကြောင့် သေသွားလိမ့်မယ်… ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တဲ့ မင်းရဲ့ အစီအစဉ်က တော်တော်လေးကောင်းပါတယ်”
သူက ခပ်ရွဲ့ရွဲ့ ပြောသည်။ “အဲဒီနောက်ပိုင်းတော့ မင်း ကောင်းကင်နတ်ဘုံကို တစ်ပြိုင်တည်း အနိုင်ယူနိုင်မယ်မလား…ပြီးရင် ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်မူတို့ကို ရှင်းလင်းသတ်ဖြတ်လို့ရပြီ… အာဏာကို တစ်ယောက်တည်း သိမ်းပိုက်နိုင်ပြီပေါ့…အဲဒီငတုံးတွေက မင်းကို ဘယ်လိုယှဥ်နိုင်မှာလဲ… မင်း သေချာစဉ်းစားထားတာပါလား…. ငါ့ကို သတ်မယ်၊ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်မယ်… ပြီးရင် ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်မူကို သတ်မယ်ပေါ့လေ”
ကောင်းကင်နတ်အရှင်ယွင်က သက်ပြင်းချလိုက်ပြီး ခြောက်ကပ်ကပ်လေသံဖြင့် တုံ့ပြန်သည်။ “မင်း တကယ်ပြောင်းလဲသွားပြီပဲ… မင်းရဲ့ မူလနှလုံးသားကို သစ္စာဖောက်ခဲ့ပြီ”
“မှားတယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ ပတ်ပတ်လည်ရှိ မီးတောက်များက ပိုပို၍ပြင်းထန်လာသည်။ ၎င်းက အရာအားလုံးကို လောင်ကျွမ်းစေနေပြီး သူ၏နှလုံးသားထဲမှ ဒေါသများကို ထင်ဟပ်နေသည့်အလားပင်။ သူသည် အရာအားလုံးကို ဝါးမြိုနိုင်သည့် သားရဲတစ်ကောင်အလားပင်။ “မင်းသာ င့ါကို သစ္စာဖောက်သွားတာ”