← Chapters

တားမြစ်ရုံမဟုတ်ဘူးလား?

Vol. 63 Ch. 931

တားမြစ်ရုံမဟုတ်ဘူးလား?

Vol. 63 Ch. 931

ရုတ်တရက်အပြောင်းအလဲကြောင့် Barus တို့အငြင်းအခုံရပ်သွားသည်။

သူခိုင်းထားတဲ့သူကို လူမိသွားပြီမှန်း Barus သိသည်။

သို့ရာတွင် ကင်မရာကိုမပိတ်လိုက်သောကြောင့် Barus တို့အံ့ဩမိသည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့်မျိုးစေ့ကုမ္ပဏီမှလူများ၏မြင်ကွင်းကို ဆက်လက်ပြထားဆဲပင်။

ထိုလူများက စိုက်ခင်းထဲမှထွက်ပြီး လာရာလမ်းအတိုင်းပြန်သွားကြပြီ။

Barus တို့ပိုပြီး ဇဝေဇဝါဖြစ်လာသည်။

သူတို့ဘာလုပ်တာလဲ?

တွေ့သွားပြီလေ။

လုံးဝဂရုမစိုက်ဘူးလား? တမင်သက်သက် သူတို့ကိုပြပြီးလှောင်တာလား?

Barus တို့က သူတို့အတွေးမှန်သည်ထင်သော်လည်း ဘာမှမတတ်နိုင်။

ဟိုဖက်ကကြည့်ခွင့်ပေးမှတော့ ခေါင်းမာမာနဲ့မကြည့်ဘဲနေလို့လည်းမရဘူးမလား?

သူတို့ပူးပေါင်းမှုအခြေအနေကို သေသေချာချာသိချင်သေးသည်။

ချန်တပေက လျှို့ဝှက်ကင်မရာကိုထုတ်ပြီး ချင်းလင်စံအိမ်စိုက်ခင်းထဲမှလူဦးရေကိုမှတ်တမ်းတင်ထားသည်။

ချင်လင်တို့က နောက်မှလိုက်သွား၏။

ဒီလျှို့ဝှက်ကင်မရာနောက်ကွယ်ကလူတွေကို ဒီပူးပေါင်းမှုရလဒ်အကြောင်း ကြည့်စေချင်၊သိစေချင်သည်။

ဒီနောက်ကွယ်က နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတစ်ခုဖြစ်ရင်ကောင်းမည်။

ဒီဘက်ကပူးပေါင်းမယ့်အကြောင်းဆွေးနွေးနေကြချိန်မှာ သူတို့ဘက်ကဘာမှမတတ်နိုင်တာကိုမြင်စေချင်သည်။

အနောက်တွင် ခေါင်းဆောင်ဟုန်ကလည်း သက်လတ်ပိုင်းလူတစ်ယောက်ကိုချုပ်ထားသည်။ ဒီလူကို ချင်းလင်စံအိမ်လုံခြုံရေးအခန်းထဲမဖြစ်မနေပို့ရမည်။

"ခင်ဗျားကံကိုပဲအပြစ်တင်လိုက်တော့... ဒီနေ့ ခင်ဗျားကိုစောင့်ကြည့်နေတဲ့လက်ရဲဇက်ရဲလူရှိတယ်''

ခေါင်းဆောင်ဟုန်က မာဟုန်ကိုကြည့်ရင်းပြောလိုက်သည်။

နိုင်ငံတကာသူခိုးနှစ်ယောက်ဖြစ်ရပ်က သူတို့စိတ်ထဲမှာစွဲထင်နေဆဲ။

နိုင်ငံတကာသူခိုးနှစ်ယောက်တောင် ကြံရာမရဖြစ်သွားတာ။ ဒီသက်လတ်ပိုင်းလူက ဘာမလို့လဲ?

ရှန်လီက မျိုးစေ့ကုမ္ပဏီသူဌေးများကို ချင်းလင်စံအိမ်အစည်းအဝေးခန်းထဲတန်းခေါ်သွားသည်။ ချန်တပေက ဗီဒီယိုရိုက်ရင်းအလုပ်ရှုပ်နေ၏။

Barus နှင့် မျိုးစေ့ကုမ္ပဏီသူဌေးများက ဘာမှမပြောဘဲ live ကြည့်နေကြသည်။

သူတို့အငွေ့အသက်ကတော့ လေးလေးလံလံပင်။

အစည်းအဝေးခန်းထဲတွင်_

ရှန်လီက မျိုးစေ့ကုမ္ပဏီသူဌေးများကိုထိုင်ခိုင်းပြီးနောက်_

"ကျုပ်တို့ချင်းလင်ဓာတ်ခွဲခန်းက မျိုးစေ့အထွက်တိုးပူးပေါင်းရေးအတွက်ဆွေးနွေးဖို့ဖိတ်ထားတယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်''

"အရင်ဆုံးပြောဖို့လိုတာက ရပိုင်ခွင့်နဲ့ပူးပေါင်းရေးပဲ''

ချင်းလင်ဓာတ်ခွဲခန်းက ပူးပေါင်းမှုဆိုင်ရာအစည်းအဝေးလုပ်ပြီးဖြစ်သည်။ ဒီဆွေးနွေးမှုက အသိပေးခြင်းသက်သက်သာ။

လက်ခံရင် ယူ၊ လက်မခံရင် သွား ပဲ။

ဘာပဲဖြစ်ဖြစ် ပူးပေါင်းရေးမှာ မျိုးစေ့ကုမ္ပဏီတွေမျက်နှာချိုသွေးရတာ ဓာတ်ခွဲခန်းကို။ ကုမ္ပဏီကိုမဟုတ်။

နောက်ပြီး ဥက္ကဌချင်က သူတို့ကိုတားမြစ်သောမျိုးစေ့ကုမ္ပဏီများကို သင်ခန်းစာပေးချင်သည်ဟုအပြတ်ဆိုထားသည်။ ဒီပြည်တွင်းမျိုးစေ့ကုမ္ပဏီတွေက သူတို့ကိုသင်ခန်းစာပေးဖို့ အကောင်းဆုံးလက်နက်ပင်။

လက်ထဲမှာဓားရှိရင် ပိုအထိနာလိမ့်မည်။

အဲဒီမတိုင်ခင် သူတို့လုပ်ရမှာက ဓားကိုလက်ထဲမြဲမြဲကိုင်ထားဖို့သာ။

သို့ရာတွင် ရှန်လီပြောပြီးရုံရှိသေး မျိုးစေ့ကုမ္ပဏီသူဌေးတစ်ယောက်က ရုတ်တရက်ထပြောသည်_

"ဥက္ကဌရှန်... ကျုပ်တို့လင်းလက်ကြယ်မျိုးစေ့ကုမ္ပဏီက ချင်းလင်ဓာတ်ခွဲခန်းနဲ့လုံးဝပူးပေါင်းချင်ပါတယ်... ကျုပ်တို့သဘောထားကိုပြဖို့ ချင်းလင်ဓာတ်ခွဲခန်းကိုရင်းနှီးမြှုပ်နှံခွင့်ပေးချင်ပါတယ်''

သူ့စကားကြောင့် ရှဲ့ယွမ်တို့ကြောင်သွားသည်။

သူတို့ဘယ်လိုလုပ်ပူးပေါင်းရမလဲ? ချင်းလင်ဓာတ်ခွဲခန်းကသူတို့အခြေအနေကိုတောင်ပြီးအောင်မပြောရသေး၊ စားပွဲလှန်သူကရှိလာပြီ။

ချင်းလင်ဓာတ်ခွဲခန်းကရင်းနှီးမြှုပ်နှံရင် ချင်းလင်ဓာတ်ခွဲခန်းကိုရှယ်ယာပေးတာနဲ့အတူတူပဲမလား?

ဒီလိုအခြေအနေနဲ့ ဘယ်လိုညှိနှိုင်းရမလဲ? သူတို့ထွက်ရမလား၊ ဒါမှမဟုတ် ချင်းလင်ဓာတ်ခွဲခန်းကိုရင်းနှီးမြှုပ်နှံခိုင်းရမလား?

အရေးအကြီးဆုံးက ချင်းလင်ဓာတ်ခွဲခန်းရဲ့အထောက်အပံ့ကိုလိုအပ်နေသောကြောင့် မထွက်နိုင်။

ဒီတော့ ရွေးစရာတစ်ခုသာကျန်တော့သည်။ အဲဒါ ချင်းလင်ဓာတ်ခွဲခန်းကရင်းနှီးမြှုပ်နှံတာကိုလက်ခံပေးဖို့ပင်။

ဒီလိုချက်ချင်းလက်ငင်းစားပွဲလှန်ပြီး အားလုံးကိုဆုံးရှုံးရအောင်လုပ်တဲ့သူမျိုးက စိတ်ရှုပ်စရာကောင်းလိုက်တာ။

"ကျုပ်လည်း ချင်းလင်ဓာတ်ခွဲခန်းကို ကျုပ်တို့ထျန်းဖန်မျိုးစေ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံခွင့်ပေးနိုင်ပါတယ်''

ဒုတိယမြောက်ဆန္ဒထုတ်ဖော်လာသူက ရှဲ့ယွမ်ပင်။

တကယ်တော့ သူနည်းနည်းနောင်တရသည်။

သူလာခဲ့ပြီးမှတော့ ချင်းလင်ဓာတ်ခွဲခန်းကိုရှယ်ယာပေးရမယ်ဆိုရင်တောင် ဒီခြေသလုံးကိုဖက်လိုက်ရဦးမည်။

ဒီအချိန်မှာ ကိုယ့်သဘောထားကိုအရင်ဖော်ပြတဲ့သူရှိလာမယ်လို့ဘယ်ထင်မလဲ?

ဒီတော့ သူ့ရပ်တည်ချက်ကိုဖော်ပြဖို့ ဒုတိယအခွင့်အရေးကိုလွတ်လို့မဖြစ်။

နောက်ပြီး ရလွယ်သောအမှတ်လည်းဖြစ်သည်။

သူတို့တရုတ်နိုင်ငံကမျိုးစေ့ကုမ္ပဏီတွေအများကြီးပေါင်းရင်တောင် ရှင်းကျန့်တယ်ရဲ့မုံ့စံတုကုမ္ပဏီရောင်းအားသုံးပုံတစ်ပုံကိုမမီနိုင်။

တခြားနိုင်ငံခြားမျိုးစေ့တွေရဲ့ရောင်းအားပါပါရင် စျေးကွက်တစ်ခုလုံးက ဘယ်လောက်ကြီးလိုက်မလဲ? သူတို့ကုမ္ပဏီအသီးသီးရဲ့စျေးကွက်ကရော ဘယ်လောက်ကြီးမလဲ?

ဒီတော့ ချင်းလင်ဓာတ်ခွဲခန်းကိုရှယ်ယာပေးရင်တောင် နိုင်ငံခြားကုမ္ပဏီစျေးကွက်ကိုချုပ်ကိုင်နိုင်ရင် ကုမ္ပဏီကဘယ်လောက်ထိကြီးလာမလဲ? အရွယ်အစားက အခုထက်အများကြီးသာမည်။

တစ်ခါတလေ အနာခံမှ အသာစံရသည်။

သူတို့နှစ်ဦးစကားကြောင့် ရှန်လီကနည်းနည်းအံ့ဩသွားသည်။

ဥက္ကဌချင်က ပြည်တွင်းမျိုးစေ့ကုမ္ပဏီများကိုလုပ်ပိုင်ခွင့်လွှဲပေးရန်ရွေးချယ်ထားသော်လည်း သူက ဘယ်လိုလုပ်မလဲစဉ်းစားရဦးမည်။

ဥက္ကဌချင်ကလမ်းကြောင်းပေးထားမှတော့ အသေးစိတ်ကို သူသေချာလုပ်ရမည်။

ဓာတ်ခွဲခန်းအတွက်အကျိုးအမြတ်ပိုရအောင်၊ ဒီမျိုးစေ့ကုမ္ပဏီများအပေါ် သူတင်းကြပ်ချင်သည်။

သူ့အခြေအနေတွေကိုတောင်မပြောရသေးခင် ဒီနည်းနဲ့သဘောထားဖော်ပြသူတွေရှိလာပြီ။

အဲဒီအပြင် ဒီကုမ္ပဏီရှယ်ယာတွေကိုတန်းယူပြီး ထိန်းချု​ပ်ဖို့က ကိုယ်စားပြုဒါရိုက်တာလွှတ်တဲ့နည်းကလွဲပြီး ပိုကောင်းတဲ့နည်းမရှိ။

ရှယ်ယာကတော့ ရှယ်ယာပေါ့။ မျိုးစေ့ရပိုင်ခွင့်အကျိုးအမြတ်အတွက်က နှစ်ဦးနှစ်ဖက်ဆက်လက်ဆွေးနွေးရဦးမည်။

တစ်နည်းပြောရရင် အခုဒီပူးပေါင်းရေးအတွက် အခြေခံလိုအပ်ချက်က ချင်းလင်ဓာတ်ခွဲခန်းကိုရှယ်ယာပေးဖို့ဖြစ်လာပြီ။ ဒီအ​ခြေခံအချက်နဲ့ကိုက်ညီမှ ဆက်ဆွေးနွေးနိုင်တော့မည်။

All Chapters