တားမြစ်ရုံမဟုတ်ဘူးလား? ၂
Vol. 63 Ch. 932
ရှဲ့ယွမ်၏ထျန်းဖန်ကုမ္ပဏီနှင့်ဟွေ့ရှင်းမျိုးစေ့ကုမ္ပဏီနှစ်ခုကို ရှန်လီကချက်ချင်းမှတ်ထားလိုက်သည်။
ရှေ့လျှောက် သူတို့ပူးပေါင်းပြီး အချင်းချင်းဂရုစိုက်ရမည်။
ထို့နောက် ဖိတ်ကြားထားသောမျိုးစေ့ကုမ္ပဏီများက ချင်းလင်ဓာတ်ခွဲခန်းကိုရှယ်ယာပေးရန်ဆန္ဒရှိကြောင်း တစ်ယောက်ပြီးတစ်ယောက်ဖော်ပြကြ၏။
ရှယ်ယာကိုထိန်းထားပြီး မပေးချင်သူများလည်းရှိသည်ပင်။
လူငယ်တစ်ယောက်က မတ်တပ်ထရပ်ပြီး_
"ဥက္ကဌရှန်... ကျွန်တော့်အဖေက အပင်ပန်းခံပြီး ကုမ္ပဏီထောင်ခဲ့ရတာ... ပြင်ပရှယ်ယာကိုလက်မခံချင်ပါဘူး''
ထို့နောက် သူကတမင်ထပ်ဖြည့်ပြောလိုက်သေးသည်_
"ကျွန်တော့်လိုတွေးတဲ့သူဌေးတွေရှိဦးမယ်ထင်ပါတယ်... တစ်ခုကိုရွေးရမယ်ဆိုရင် ဆက်မဆွေးနွေးဖို့ရွေးနိုင်ပါတယ်''
သူ့ကိုထောက်ခံသူရှိမရှိ စကားခေါ်ပြီး ချင်းလင်ဓာတ်ခွဲခန်းကိုဖိအားပေးလိုက်ခြင်းပင်။
ရှန်လီက အပြုံးရယ်မပီပြင်သောအပြုံးနှင့် လူငယ်ကိုကြည့်လိုက်ပြီး_
"လူကြီးမင်း... ပူးပေါင်းရေးက ဆန္ဒအလျောက်ပူးပေါင်းမှုကိုအခြေခံထားတာပါ... ခင်ဗျားမပူးပေါင်းချင်ဘူးဆိုရင် ဆက်ဆွေးနွေးဖို့မလိုတော့ပါဘူး... သူ့လိုအတွေးရှိတဲ့သူတွေ အခုပြန်လို့ရပါပြီ''
လူငယ်ကချက်ချင်း သူ့ဘေးပတ်လည်မှသူဌေးများကိုဝေ့ကြည့်ပြီး သူ့ဘက်ရပ်တည်သူရှိမလားမျှော်လင့်မိသည်။
သို့ရာတွင် လူငယ်စိတ်ပျက်ရသည်။ သူ့နားကဘယ်မျိုးစေ့ကုမ္ပဏီသူဌေးမှ သူ့ကိုမထောက်ခံသောကြောင့် အောင့်သီးအောင့်သက်နှင့်ထွက်လာရလေသည်။
မကြာမီ မျိုးစေ့လုပ်ငန်းတွင် လူတွေပြောနေကြသောသတင်းတစ်ခုကြားရသည်။ ဒုတိယမျိုးဆက်သူဌေးသားတစ်ဦးမှာ သူ့ကုမ္ပဏီကိုယ်စား ချင်းလင်ကုမ္ပဏီသို့သွားပြီးပြန်အလာတွင် ဆေးရုံတက်နေသောသူ့အဖေက ဒေါသထွက်ထွက်နှင့် သူ့ခြေထောက်ကိုရိုက်ချိုးလိုက်သောကြောင့် ဆေးရုံတက်ရသည်ဟူသတတ်။
အစည်းအဝေးခန်းထဲတွင် ပူးပေါင်းရေးကိုဆက်ဆွေးနွေးကြသည်။
"အားလုံးဒီမှာရှိနေမှတော့..''
ရှန်လီကပြောသည်_
"ရင်းနှီးမြှုပ်နှံဖို့လက်ခံတယ်ဆိုတဲ့သဘောပေါ့... ဒီအကြောင်း နောက်မှအသေးစိတ်ပြောကြမယ်''
"အခု ပူးပေါင်းရေးအတွက်အရေးအကြီးဆုံးလိုအပ်ချက်ကိုပြောကြစို့... အဲဒါ မျိုးစေ့စျေးနှုန်းပဲ... ချင်းလင်ဓာတ်ခွဲခန်းကထုတ်တဲ့မျိုးစေ့က နိုင်ငံခြားမျိုးစေ့တွေထက်ပိုပြီးစျေးသက်သာမှဖြစ်မယ်''
ဒါကလည်း ဥက္ကဌချင်က အခိုင်အမာတောင်းဆိုထားခြင်းပင်။
အစက မျိုးစေ့များကို ပြည်တွင်းမှာအနိမ့်ဆုံးစျေးနှင့် ဥက္ကဌချင်ကပေးချင်သည်။ သို့သော် သူကဖျောင်းဖျလိုက်သည်။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေကိုသင်ခန်းစာပေးချင်ရုံနှင့် ဒီလောက်အကျိုးအမြတ်အများကြီး စွန့်လွှတ်စရာမလို။ နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေက အရမ်းဂုဏ်တက်နေလိမ့်မည်။
အထွက်နှုန်းနှစ်ဆဖြစ်၍ စျေးနှုန်းချင်းတူရင်တောင် တစ်ဖက်ကဘာမှဆုံးရှုံးစရာမရှိ။ စျေးနှုန်းချပေးလိုက်ရင် ပြိုင်ဘက်ကကြွပြီ။
"ကျုပ်တို့ထျန်းဖန်မျိုးစေ့ကုမ္ပဏီက ချင်းလင်ဓာတ်ခွဲခန်းရဲ့အစီအစဉ်အတိုင်း ဖဝါးထပ်တူလိုက်ပါမယ်''
"ကျုပ်တို့လင်းလက်ကြယ်မျိုးစေ့ကုမ္ပဏီကလည်း အတူတူပါပဲ!''
"လူတွေကို အကျိုးပြုကြတာပေါ့!''
"ကျုပ်တို့...''
“……”
မျိုးစေ့ကုမ္ပဏီသူဌေးများက တစ်ယောက်ပြီးတစ်ယောက် သူတို့အမြင်ကိုဖော်ပြကြသည်။ အရင်က နိုင်ငံခြားမျိုးစေ့များကို သူတို့ထက်ဆယ်ဆကျော်မြင့်သောစျေးနှင့်ရောင်းခဲ့သည်။
ဒီအခြေအနေကို သူတို့လုံးဝလက်သင့်ခံနိုင်သည်။
သို့သော် Wechat ၏ကင်မရာတစ်ဖက်တွင်မူ နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေးများ အသည်းအသန်ဖြစ်ကုန်သည်။
Barus လည်း မျက်နှာပျက်နေသည်။ ချင်းလင်ရဲ့အခြေအနေကို သူသိသည်။ ချင်းလင်ဓာတ်ခွဲခန်းရဲ့မျိုးစေ့အထွက်နှုန်းအရ အနောက်တိုင်းမျိုးစေ့ကုမ္ပဏီအားလုံးကို စျေးကွက်ထဲမှမောင်းထုတ်ပစ်နိုင်သည်။
နောက်ပြီး ဒီမျိုးစေ့တွေ အနောက်တိုင်းစျေးကွက်ထဲရောက်လာရင် မုံ့စံတုနဲ့တခြားမျိုးစေ့ကုမ္ပဏီတွေအဆုံးသတ်ပြီ။
မူလက တစ်ဖက်နိုင်ငံရဲ့စိုက်ပျိုးရေးကိုရပ်တန့်ပစ်နိုင်တဲ့၊ထက်မြတ်တဲ့ဓားသွားက မျက်စိတစ်မှိတ်အတွင်း သံတိုသံစဖြစ်တော့မည်။
ထိုအချိန်တွင် လျှို့ဝှက်ကင်မရာကိုဖြတ်တောက်လိုက်သည်။ သူတို့အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုကို အသိမပေးချင်တော့။
သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းမှသတ်မှတ်သောစျေးနှင့်တင် မျိုးစေ့ကုမ္ပဏီသူဌေးများလန့်ဖျပ်နေကြပြီ။
သူတို့မျိုးစေ့အထွက်နှုန်းက တခြားနိုင်ငံထက်မြင့်သောကြောင့် စျေးနှုန်းကိုဆယ်ဆကျော်တင်ရင်တောင် တခြားမျိုးစေ့ကုမ္ပဏီတွေခေါင်းထောင်နိုင်ဦးမည်မဟုတ်ချေ။
အခု တစ်ဖက်မျိုးစေ့အထွက်နှုန်းက သူတို့ရဲ့နှစ်ဆရှိပြီး စျေးကိုသူတို့ထက်ချမယ်ဆိုတော့ သူတို့ကိုအသေသတ်နေတာလား?
နိုင်ငံခြားမျိုးစေ့ကုမ္ပဏီသူဌေးများက Barus ကိုရန်ရှာကြပြန်သည်။
"Barus... ဒီကိစ္စကိုမင်းဘယ်လိုလုပ်မလဲ ငါတို့ကိုဖြေရှင်းချက်ပေး''
"မရဘူး... ဒီစျေးနဲ့ကြော်ငြာခွင့်မပေးနိုင်ဘူး... ငါတို့ကိုအပြတ်ရှင်းနေတာ!''
"မင်းသူတို့မျိုးစေ့ကိုရအောင်လုပ်ရမယ်... Barus မင်း အဲဒါရအောင်ယူရမယ်''
"Barus... အဲဒီနည်းပညာကိုရအောင်မလုပ်နိုင်ရင် မင်းဘယ်လိုဖြစ်မယ်ဆိုတာ သိတယ်နော်''
“……”
ခဏအကြာ ဗီဒီယိုအစည်းအဝေးပြီးသွားသည်။ Barus မှာ မတတ်သာဘဲဖုန်းထုတ်ပြီး မျက်စိမျက်နှာပျက်ပျက်နှင့်_
"ဝန်ကြီးလုကိုပြန်ဆက်သွယ်လိုက်ပါ... ငါကဆက်ဆွေးနွေးချင်တဲ့အကြောင်းပြောလိုက်''
…
ချင်းလင်စံအိမ်_
ရှန်လီလည်း ပြည်တွင်းမျိုးစေ့ကုမ္ပဏီသူဌေးများနှင့် မျိုးစေ့ရပိုင်ခွင့်ပူးပေါင်းရေးအကြောင်း ဆွေးနွေးပြီးသွားသည်။
ချင်လင်က လုံခြုံရေးအခန်းထဲ မာဟုန်နှင့်သွားတွေ့သည်။
မာဟုန်က သူ့ကိုမြင်မြင်ချင်း_
"သူဌေးချင်... ကျွန်တော်သူ့ကိုမေးပြီးပြီ... သူကသူ့သမီးရဲ့ရှင်းကျန့်တယ်ကကုမ္ပဏီကြောင့်လုပ်ခဲ့တာ... အဲဒါကြောင့် ဒီကိစ္စနောက်ကွယ်မှာ နိုင်ငံခြားမျိုးစေ့ကုမ္ပဏီတွေရှိရမယ်... ရှင်းကျန့်တယ်နဲ့ဆက်စပ်နေနိုင်တယ်''
"အင်း.. ကျွန်တော်သိပြီ!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒါအမှန်ပဲ။
သူကဖုန်းထုတ်ပြီး လင်းလန်ဇီကိုဆက်ကာ ညွှန်ကြားသည်_
"ပြီးရင် ချင်းလင်စံအိမ်တရားဝင်အကောင့်ကနေ ဗီဒီယိုတင်ပါ... ချင်းလင်ဓာတ်ခွဲခန်းကမျိုးစေ့တွေကို ဘယ်နိုင်ငံခြားမျိုးစေ့ကုမ္ပဏီကိုမှရောင်းချခွင့်မပေးတဲ့အကြောင်း...''
ဒါက နောက်ထပ်တားမြစ်ချက်။
သူတို့က တားမြစ်ခံချင်နေတာမလား?
သူတို့ကိုမတားမြစ်ရင် သူတို့အားထုတ်ထားတာတွေအလကားဖြစ်ကုန်မှာပေါ့?