ချင်းလင်ကုမ္ပဏီက အမြင်ကတ်စရာ!
Vol. 63 Ch. 934
ထိုအချိန်တွင် Barus တကယ်ရှက်နေသည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပစ္စည်းကောင်းနဲ့သူများကိုခြိမ်းခြောက်ချင်ကာမှ ရုတ်တရက် သူများပစ္စည်းကကိုယ့်ထက်ပိုကောင်းနေသောကြောင့် မဖြစ်မနေလိုအပ်လာသောအခါ တွင်းရှာပြီးပုန်းချင်လောက်အောင်ရှက်မိသည်။
ဝန်ကြီးလုက Barus ကိုခဏကြည့်ပြီး_
"မစ္စတာ Barus... မျိုးစေ့တားမြစ်တာကို ကျုပ်တို့လုံးဝဂရုမစိုက်ဘူး... တောင်းပန်စရာလည်းမလိုဘူး... အဲဒီတော့ ကျုပ်တို့ဒီဆွေးနွေးမှုကိုရပ်တန်းကရပ်သင့်ပြီ''
"မစ္စတာလု... ကျွန်တော်ပြောချင်တာတစ်ခုရှိပါသေးတယ်''
Barus က လောလောနှင့်_
"ခင်ဗျားသိပါတယ်.. ချင်းလင်ဓာတ်ခွဲခန်းမှာ မျိုးစေ့ထုတ်လုပ်ရေးနည်းပညာရှိတယ်... ခင်ဗျားသိတဲ့အတိုင်း ရိက္ခာက နိုင်ငံတကာမှာပြဿနာကြီးဖြစ်နေတာ... အဲဒါကြောင့် ချင်းလင်ဓာတ်ခွဲခန်းနဲ့ချိတ်ဆက်ပေးနိုင်မလား? ကျွန်တော်တို့မျိုးစေ့ကုမ္ပဏီက ကိုယ်စားလှယ်လုပ်ခွင့်အကြောင်းပြောချင်လို့ပါ''
ဝန်ကြီးလုကနားထောင်ရင်း Barus ဆီ မျက်စိကစားကြည့်သည်။
ဒီအရင်းရှင်ကောင်တွေရဲ့မျက်နှာက ထင်တာထက်အရေပိုထူသားပဲ။
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူတို့ဆိုရင်လည်း ဒီလိုအခြေအနေမှာ အရေထူထူနဲ့ညှိနှိုင်းရမှာပဲ။ ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာကောင်းတယ်လို့ပဲပြောရမယ်။
သူတို့နဲ့ဒီအရင်းရှင်ကောင်တွေရဲ့တစ်ခုတည်းသောကွာခြားချက်က သူတို့ကအကြောင်းအရင်းမရှိ တင်ပို့မှုကိုတားမြစ်မည်မဟုတ်။ တဖန်ပြောင်းပြီးတောင်းပန်ရမှ အခြေအနေတွေကကိုးရိုးကားရားဖြစ်ကုန်မည်။
"ဝန်ကြီးလု... ကျေးဇူးပြုပြီး ကူညီပေးပါ''
Barus က ထပ်ပြောသည်။
ဝန်ကြီးလုက မတတ်သာပုံနှင့်ခေါင်းခါပြီး_
"မစ္စတာ Barus... ကျုပ်မကူနိုင်မှာစိုးတယ်... အရင်ဆုံး သတင်းကြည့်လိုက်ပါဦး''
ဝန်ကြီးလုကပြောရင်းဆိုရင်း အစည်းအဝေးခန်းထဲရှိ TV ဖန်သားပြင်ပေါ်တွင် သတင်းတစ်ပုဒ်ဖွင့်ခိုင်းလိုက်သည်။
သတင်းက ချင်းလင်စံအိမ်တရားဝင်အကောင့်မှကြေညာချက်အသစ်ဖြစ်၏:
"အားလုံးပဲ.. ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းကိုစိတ်ဝင်စားကြတဲ့အတွက်ကျေးဇူးတင်ပါတယ်... အခုတလော အင်တာနက်မှာ မျိုးစေ့အကြောင်းနာမည်ကြီးနေပါတယ်... အခု ကျွန်တော်တို့ဓာတ်ခွဲခန်းက ပြည်တွင်းမျိုးစေ့ကုမ္ပဏီတွေနဲ့ ရပိုင်ခွင့်ပူးပေါင်းရေးသဘောတူညီချက်ရေးထိုးတဲ့အဆင့်ရောက်နေပါပြီ... မကြာခင် စျေးကွက်ထဲမှာ မျိုးစေ့အသစ်ကိုရောင်းချနိုင်မယ်လို့ယုံကြည်ပါတယ်!''
"ပြီးတော့ ကျွန်တော်တို့ဓာတ်ခွဲခန်းကကြေညာထားတာရှိပါသေးတယ်... ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်လိုပဲ အသစ်ထုတ်လုပ်တဲ့မျိုးစေ့လိုင်စင်ကို လောလောဆယ် ဘယ်နိုင်ငံခြားမျိုးစေ့ကုမ္ပဏီကိုမှပေးဦးမှာမဟုတ်ပါဘူးခင်ဗျာ''
Barus က ဗီဒီယိုကြည့်ပြီး မျက်နှာသွေးဆုတ်သွားသည်။ ဗီဒီယိုထဲမှာ လောလောဆယ်မပေးသေးဘူးဆိုတော့ ကိုယ်စားလှယ်လုပ်ခွင့်မပေးဘူးဆိုတဲ့သဘောပေါ့။
ဒါ နောက်ထပ်တားမြစ်ချက်ပဲ။
ဒီကုမ္ပဏီက သူတို့ကိုထပ်တားမြစ်ဖို့လုပ်နေပြန်ပြီ။
ခဏခဏ ဘာလို့သူတို့နိုင်ငံကိုအရေးယူတာလဲ? တားမြစ်ခံရတာလဲ သူတို့ပဲ။
အထူးသဖြင့် ချင်းလင်ကုမ္ပဏီရဲ့တားမြစ်ချက်က သူတို့ပြည်တွင်းကုမ္ပဏီတွေအစားမထိုးနိုင်သောထုတ်ကုန်များဖြစ်နေသောကြောင့် ဘာမှမတတ်နိုင်ပေ။
"မစ္စတာ Barus.. အားနာလိုက်တာ... ခင်ဗျားသိတဲ့အတိုင်းပဲ.. ကျုပ်တို့နိုင်ငံက ကုမ္ပဏီတွေရဲ့အယူအဆကိုလေးစားရတယ်... သူတို့မလုပ်ချင်တာကိုဖိအားပေးလို့မရဘူး... အဲဒါကြောင့် တကယ်အားနာပါတယ်''
ဝန်ကြီးလုကပြုံးပြုံးနှင့်_
"ကျုပ်မှာလုပ်စရာတွေရှိနေသေးလို့ မစ္စတာ Barus ကိုအချိန်မပေးနိုင်တော့ပါဘူး''
ထိုသို့ပြောပြီး ဝန်ကြီးလုက Barus ကိုဘာမှဆက်မပြောတော့ဘဲထွက်လာသည်။ အပြင်ရောက်သောအခါ အားရပါးရပြုံးလိုက်သည်။
သူ့မျက်နှာကြည့်ရတာ အားရလိုက်တာ။
ဝန်ကြီးလုစိတ်ချမ်းသာနေသော်လည်း Barus မှာမူ စိတ်ဓာတ်ကအောက်ဆုံးအထိထိုးကျသွားသည်။ သူ့ကိုအသေးစိတ်မပြောချင်ဘူးလို့တောင် မထင်မိ။
အစက အပေးအယူလုပ်ရလုပ်ရ၊ ဒီအကြောင်းဆက်ဆွေးနွေးနိုင်မည်ဟုထင်ခဲ့သည်။
Barus က စိတ်ပျက်လက်ပျက်ထွက်လာ၏။ သူ့ကားထဲပြန်ရောက်ရုံရှိသေး၊ ဖုန်းဝင်လာသည်။ နံပါတ်ကိုမြင်သောအခါ သူမျက်နှာပျက်သွားသည်။
လော်ဟန့်ဘဏ္ဍာရေးအဖွဲ့၏ဒါရိုက်တာတစ်ဦးဖြစ်သော မုံ့စံတုသူဌေးဖုန်းဆက်ခြင်းပင်။
မကိုင်မဖြစ်၍ကိုင်လိုက်ရာ တစ်ဖက်မှဒေါသတကြီးအသံထွက်လာသည်_
"Barus... မင်းဘာဖြစ်နေတာလဲ ွေး$တောင်း#စား? အဲဒါ မင်းဆွေးနွေးထားတဲ့ရလဒ်လား? ဆွေးနွေးညှိနှိုင်းရမယ့်အချိန်မှာ တန်းတားမြစ်ခံလိုက်ရတာလား? မင်းတော့ပြီးပြီ... ငါတို့မင်းကိုအလွတ်မပေးဘူး''
Barus အထင်လွဲခံနေရပြီ။
တားမြစ်ချက်က သူဆွေးနွေးညှိနှိုင်းတာနဲ့ဘာမှမဆိုင်။ သူတောင်ဘာမှမပြောရသေး၊ တားမြစ်တဲ့သတင်းက ထွက်ပြီးနေပြီ။
Barus ရှင်းပြမည်အပြုတွင် တစ်ဖက်ကဖုန်းချသွား၍ သူ့ထိုင်ခုံနောက်မှီပေါ်ပစ်မှီချလိုက်တော့သည်။
မင်မြို့တော်လေယာဉ်ကွင်း_
ရှဲ့ယွမ်ကစာချုပ်နှင့် လေယာဉ်စီးရန်စောင့်နေသည်။ ချင်းလင်ဓာတ်ခွဲခန်းနှင့် ရင်းနှီးမြှုပ်နှံမှု၊ အကျိုးအမြတ်ခွဲဝေခြင်း၊ လုပ်ပိုင်ခွင့်စာချုပ်လက်မှတ်ထိုးပြီး ကုမ္ပဏီကိုအပြေးပြန်ရန်ပြင်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းကပေးသောမျိုးစေ့ပထမအသုတ်တွင် မုန်လာဥဖြူ၊ပဲနှင့်နံနံသာပါသော်လည်း သက်ဆိုင်ရာကိစ္စများကိုပြေလည်သွားအောင် ဒီမျိုးစေ့သုံးမျိုးအရင်စိုက်ထားရင်တောင် စျေးကွက်ကိုထိန်းချုပ်နိုင်သေးသည်။
နိုင်ငံခြားမျိုးစေ့ကုမ္ပဏီက စျေးကွက်ကြီးကြီးပိုင်ဆိုင်ထားသည်။
"ဒါရိုက်တာရှဲ့... ချင်းလင်စံအိမ်က ကြေညာချက်ကိုကြည့်ပါဦး''
ဘေးမှလက်ထောက်က ရှဲ့ယွမ်ဆီဖုန်းပေးသည်။ ချင်းလင်စံအိမ်က အနောက်နိုင်ငံများကိုတားမြစ်ထားသောရေပန်းစားဗီဒီယိုတစ်ပုဒ်ပင်။
ရှဲ့ယွမ်ကဗီဒီယိုကြည့်ပြီး ပြုံးစိစိဖြစ်သွားသည်။
မျိုးစေ့ကိုနိုင်ငံခြားကုမ္ပဏီတွေဆီမရောင်းပေးတဲ့အကြောင်း ချင်းလင်ဓာတ်ခွဲခန်းမှသူသိခဲ့သည်။
တစ်ဖက်တွင် သူတို့နှင့်ပူးပေါင်းလုပ်ကိုင်သောမျိုးစေ့ကုမ္ပဏီများက နိုင်ငံခြားမျိုးစေ့ကုမ္ပဏီများ၏ပြည်တွင်းစျေးကွက်ကိုချုပ်ကိုင်နိုင်ရုံသာမက တဖက်နိုင်ငံ၏စျေးကွက်ကိုလည်းထိုးဖောက်ပြီး နိုင်ငံခြားစျေးကွက်ကိုပါထိန်းချုပ်နိုင်သည်။
ဒါ သူတို့ကိုချင်းလင်ဓာတ်ခွဲခန်းကပေးသောတာဝန်ဖြစ်သည်။
ပြီးတော့ ဘာကြောင့်မှန်းမသိ၊ ဒီတာဝန်က သူ့အသွေးအသားထဲဆူပွက်နေ၏။
ပြည်တွင်းမျိုးစေ့ကုမ္ပဏီများမှာကြာရှည်ဖိနှိပ်ခံရပြီး အသက်ရှူပေါက်ကောင်းကောင်းမရခဲ့၍ဖြစ်မည်။
အခု ချင်းလင်ဓာတ်ခွဲခန်းရဲ့တားမြစ်ကြောင်းကြေညာချက်က သူတို့အတွက်အကောင်းဆုံးအထောက်အပံ့ဖြစ်တော့သည်။