← Chapters

ချင်းလင်ကုမ္ပဏီက အမြင်ကတ်စရာ! ၂

Vol. 63 Ch. 935

ချင်းလင်ကုမ္ပဏီက အမြင်ကတ်စရာ! ၂

Vol. 63 Ch. 935

ချင်းလင်ဓာတ်ခွဲခန်း၏တားမြစ်ချက်ကြောင့် အင်တာနက်မှာလည်း ပလူပျံနေသည်။

နိုင်ငံခြားမျိုးစေ့ကုမ္ပဏီများက သူတို့ကိုတားမြစ်ပြီး ပြည်တွင်းမျိုးစေ့ ၈၀% ခန့်ကတင်ပို့ထားခြင်းဖြစ်ကြောင်းအသိပေးခဲ့သည်။ သူတို့ကိုသက်သက်အရှက်ရအောင်လုပ်ခြင်းဖြစ်ပြီး ဒေါသထွက်လွန်း၍ နေ့စဉ်စားနေသောသီးနှံများတောင် လည်ချောင်းမှာတစ်ကုန်သည်။

အခု ချင်းလင်ကုမ္ပဏီက အထွက်တိုးမျိုးစေ့အသစ်ထွက်လာပြီး အထွက်နှုန်းက နိုင်ငံခြားမျိုးစေ့များထက်နှစ်ဆပိုများသည်။ နိုင်ငံခြားကုမ္ပဏီများ၏တားမြစ်ချက်ကိုလှောင်ပြောင်လိုက်သလိုပင်။ အခုအခြေအနေကိုပြောင်းပြန်လှန်ပြီး တန်ပြန်တားမြစ်ချက်တောင်ကြေညာလိုက်ပြီ။

ကျေလည်းကျေနပ်စရာ။

သူတို့စိတ်ထဲမှာ ချင်းလင်ဓာတ်ခွဲခန်းက သူရဲကောင်းနှင့်မခြားပေ။

နောက်ပြီး အနောက်နိုင်ငံများကိုဒီလိုတားမြစ်နိုင်စွမ်းက ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်ကုမ္ပဏီမှာသာရှိသည်။ ဒီလိုနှင့် ချင်းလင်ကုမ္ပဏီက အားလုံးဂုဏ်ယူစရာဖြစ်လာသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ရေပန်းစားသတင်းအားလုံးမှာ ချင်းလင်ဓာတ်ခွဲခန်းနှင့်အထွက်တိုးမျိုးစေ့အကြောင်းချည်းသာဖြစ်လေသည်။

ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းသောပြည်တွင်းမျိုးစေ့ကုမ္ပဏီများကလည်း သတင်းရယူနိုင်သောပစ်မှတ်များဖြစ်လာသည်။ သတင်းထောက်များအဖို့ ချင်းလင်ဓာတ်ခွဲခန်း၏အချက်အလက်ကိုရယူဖို့ခက်ခဲသော်လည်း ထိုကုမ္ပဏီများကရယူဖို့မခက်။

ရလဒ်အနေနှင့် ချင်းလင်ဓာတ်ခွဲခန်းမှပြည်တွင်းမျိုးစေ့ကုမ္ပဏီများသို့လွှဲပေးသောမျိုးစေ့ပထမအသုတ်အကြောင်း အချက်အလက်များပေါ်လာသည်။

ထိုသတင်းကြောင့်လည်း နိုင်ငံခြားမျိုးစေ့ကုမ္ပဏီများထိတ်လန့်ပြီး လှုပ်ရှားကြရတော့သည်။ အလွယ်ဆုံးနည်းက စျေးချခြင်းပင်။ ချင်းလင်ဓာတ်ခွဲခန်းကမထွက်ခင် မျိုးစေ့စျေးချရန်ပြင်ကြရသည်။

မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်လွန်သွား၏။

ချင်းလင်အပန်းဖြေစံအိမ်တွင် ချင်လင်တစ်ယောက် ကွန်ပျူတာပေါ်မှအချက်အလက်များကိုအသည်းအသန်ဖတ်နေသည်။

"မော်ဒန်ခေတ်သီးနှံသုတေသနမှာ မျိုးစေ့တည်ဆောက်ရေးသုတေသန ဆဲလ်တည်ဆောက်ရေးသုတေသန စသည်ဖြင့်...

...အပင်မျိုးကွဲများမျိုးစိတ်ပြောင်းလဲခြင်း''

ခဏဖတ်ပြီး ချင်လင်ခေါင်းကိုက်လာသည်။ သူကျောင်းတက်တုန်းက အဆင့်ကောင်းပြီး တိတ်တိတ်ဆိတ်ဆိတ်စာဖတ်နိုင်သည်။

အခု ဘာကြောင့်မှန်းမသိ၊ ခဏဖတ်ပြီး မဖတ်နိုင်တော့။ သူ့မှာသာ ဝတ္ထုထဲကအဓိကဇာတ်ကောင်လို အမြန်ဖတ်ပြီးမှတ်မိနိုင်တဲ့အစွမ်းများရှိရင်လေ...

နောက်ဆုံး ချင်လင်ကသူ့ခေါင်းကိုပွတ်ပြီး သူ့စိတ်ထဲမှဂိမ်းကိုသာကြည့်လိုက်တော့သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို နေ့စဉ်တာဝန်များအပြီးသတ်စေသည်။

မြို့တော်ဝန်သောမတ်က သူ့ဆီအလှူငွေတောင်းသွားပြီး စာကြည့်တိုက်ဖွင့်ကြောင်းအသိပေးဖို့ရောက်မလာသေး။

ဒီကောင် သူ့အလှူငွေတွေကိုဖြောင်ပစ်လိုက်တာလား?

ပြောမယ့်သာပြောရ။ ဂိမ်း NPC က ဒါမျိုးလုပ်ဖို့မဖြစ်နိုင်။

ချင်လင်ကအရင်ဆုံး နတ်ဘုရားမတောင်သွားပြီး ဒီနေ့ထွက်လာသောသစ်ပင်များခုတ်သည်။ ထို့နောက် တောင်တန်းထွက်ကုန်များလိုက်ရှာရာ ချူကီနှင့်မက်မွန်သီးများပေါ်နေသည်။

အခု ဒီပစ္စည်းတွေက သိုလှောင်ခန်းထဲမှာ တောင်လိုပုံနေပြီ။ ချက်ချင်းဆေးဖက်ဝင်ဝိုင်စိမ်ဖို့မလိုသေး။

ထို့နောက် ဂိမ်းဇာတ်ကောင်ကိုငါးမျှားတံထုတ်မျှားစေသည်။

(ဂုဏ်ယူပါတယ်... အရည်အသွေး ၂ သဘာဝငွေငါးကြင်းရလိုက်ပါပြီ!)

ဒီနေ့ဖမ်းမိသောငါးကြောင့် ချင်လင်အံ့ဩနေသည်။

အရင်ကငါးများစွာဖမ်းခဲ့သော်လည်း ငွေငါးကြင်းလိုငါးမျိုးမရဖူး။ ရုတ်တရက်ပေါ်လာသောငါးမျိုးအသစ်ဖြစ်သည်။

ငွေငါးကြင်းမှာ ရေလှောင်တမံနှင့်မြစ်ကြီးများတွင်တွေ့ရအများဆုံးငါးမျိုးစိတ်ဖြစ်သည်။ ငါးဖမ်းဝါသနာရှင်များမှာ ငွေငါးကြင်းကိုမကြာခဏဖမ်းမိတတ်သည်။

ငွေငါးကြင်းတွေ၊ ငါးကြင်းကြီးတွေကို ချင်လင်ဂရုမစိုက်သော်လည်း ငါးမျိုးစိတ်အသစ်ထွက်လာခြင်းကမတူ။ ရှေ့လျှောက် နောက်ထပ်ငါးမျိုးတွေဖမ်းမိနိုင်သည်။

အံ့ဩစရာပေါ်လာနိုင်ခြေလည်းရှိသည်။

အချိန်တစ်ခုကြာပြီးနောက် ချင်လင်ကနေ့စဉ်တာဝန်များပြီးသွားသည်။ ဘာမှထူးထူးခြားခြားမရချေ။

ဂိမ်းထဲမှအာရုံပြန်ရုတ်လိုက်ပြီးနောက် ဝန်ကြီးလုဆီမှဖုန်းဝင်လာသည်။

ဖုန်းကိုင်လိုက်သောအခါ ဝန်ကြီးလု၏ကြည်ကြည်လင်လင်အသံကိုကြားရသည်_

"သူဌေးချင်... ငါမနက်ဖြန် ချင်းလင်အပန်းဖြေစံအိမ်ကိုလာမယ်... အခုဖုန်းဆက်ရတာက ငါ့အတွက်အခန်းနှစ်ခန်းပြင်ထားပေးဖို့ပါ... ငါနဲ့အတူ တစ်ယောက်ခေါ်လာမလို့''

ချင်လင်ကဖုန်းချပြီး ညည်းလိုက်သည်။

နောက်ဆုံးတော့ ဝန်ကြီးလုကဖုန်းကြိုဆက်ရမှန်းသိပြီပဲ။ သူ့အိမ်ပေါက်ကို အသံမပေးဘာမပေးနဲ့ ရောက်မလာတော့ဘူး။

ဒါကလည်း ဝန်ကြီးလုခေါ်လာမည့်လူက လုံးဝသာမန်မဟုတ်သည့်သဘောပင်။ သို့ဖြစ်၍ သူကကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး ပြင်ဆင်ခိုင်းထားသည်။

နောက်တစ်နေ့_

ချင်လင်က ဝန်ကြီးလုအား အပန်းဖြေစံအိမ်မှကြိုနေသည်။ ထင်ထားသည့်အတိုင်း ဝန်ကြီးလုဘေးမှာ လူကြီးတစ်ယောက်ပါလာသည်။

ထိုလူကြီးမှာ အားအင်အပြည့်နှင့်စိတ်ဓာတ်တစ်မျိုးရှိနေသည်။ ပညာရှိအငွေ့အသက်မျိုးတောင်တွေ့ရသည်။

အတော်ထူးခြားသောခံစားချက်ပင်။ တစ်ချက်ကြည့်ရုံနှင့် ယဉ်ကျေးမှုရှိသောလူမှန်းသိနိုင်သည်။

သိပ္ပံသုတေသနမှ တော်ဝင်ပညာရှင်ကျူးနှင့်တော်ဝင်ပညာရှင်လီကိုတောင် ဒီလိုခံစားချက်မျိုးမဖြစ်ဖူးပေ။

သို့ရာတွင် အခုဒီလူကြီးဆီက စာပေနှစ်သက်သော၊စာပေကျမ်းဂန်နှံ့စပ်သောခံစားချက်မျိုးရနေသည်။

"သူဌေးချင်... မိတ်ဆက်ပေးဦးမယ်''

ဝန်ကြီးလုက ချင်လင်ကိုမြင်မြင်ချင်းပြောသည်_

"ဒါက ပါမောက္ခဖူရှုတဲ့... ယဉ်ကျေးမှုအထူးပြုပါ''

ယဉ်ကျေးမှုအထူးပြုပါမောက္ခတစ်ယောက်ပဲ။ ဒါကြောင့်လည်း ပညာရှိအငွေ့အသက်မျိုးရနေတာ။

"ပါမောက္ခဖူရှု... တွေ့ရတာဝမ်းသာပါတယ်... ဝန်ကြီးလု... ဒီတစ်ခါအပန်းဖြေစံအိမ်မှာအနားယူမှာ ပါမောက္ခဖူရှုလား?''

ချင်လင်ကချက်ချင်း လူကြီးနှင့်လက်ဆွဲနှုတ်ဆက်ပြီးမေးလိုက်သည်။

ဝန်ကြီးလုကခေါင်းခါပြီး မတတ်သာပုံနှင့်_

"ပါမောက္ခဖူရှုကို မင်းဆီမှာအနားယူစေချင်တာပေါ့... ဒါပေမဲ့ သူက အခုတလောအလုပ်များနေတာ... ပြီး​တော့ သူဒီကိုရောက်လာတာ ပါမောက္ခလီခိုင်ကြောင့်... ငါတို့အလုပ်ပြီးရင်ပြန်မှာ''

"အစ်ကိုလီကြောင့်?''

ချင်လင်ဇဝေဇဝါဖြစ်သွားသည်။

အစ်ကိုလီမှာ သုတေသနနယ်ပယ်ကဖြစ်သော်လည်း ယဉ်ကျေးမှုသုတေသနနှင့်မဆိုင်။ နှစ်ဖက်က နယ်ပယ်ချင်းမတူပေ။

ဝန်ကြီးလုကခေါင်းညိမ့်ပြီး_

"သူဌေးချင်... အင်တာနက်ပေါ်မှာ နောက်ထပ်သတင်းရှိသေးတယ်... မင်းလည်းသတိထားမိမှာပါ... ပြဌာန်းစာအုပ်အကြောင်းလေ... အဲဒီလူတွေ မင်းရဲ့ချင်းလင်ဓာတ်ခွဲခန်းသတင်းတက်လာတာကိုကျေးဇူးတင်သင့်တယ်... သူတို့နာမည်မကြီးအောင်ထိန်းပေးသွားတာ''

"တွေ့ပြီးပါပြီ!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ချင်းလင်ဓာတ်ခွဲခန်းနာမည်ကြီးနေစဉ် ထိုသတင်းကလည်း ရေပန်းစားရှာဖွေမှုထဲပါသည်။ အဆိပ်သင့်သင်ထောက်ကူပစ္စည်းများအကြောင်းပင်။

မည်သို့ဆိုစေ ထိုသတင်းတွေ့ပြီး သူပါးစပ်အဟောင်းသားဖြစ်ခဲ့သည်။

ကလေးတွေသင်ကြားရေးမှာ ဒီလိုနည်းနှင့်ဖျက်လိုဖျက်ဆီးလုပ်သူရှိမည်ဟု သူမထင်ခဲ့။

ကလေးများ၏ကိုယ်နှင့်စိတ်ကျန်းမာရေးအတွက်မသင့်တော်သော အကြောင်းအရာမျိုးစုံကို သရုပ်ပြထည့်သွင်းထားသည်။

ဒီနေ့ခေတ်ကလေးတွေ အဲဒီအပိုင်းမှာစောစောစီးစီးတတ်သိနေကြတာ အံ့ဩစရာမဟုတ်တော့။ ဒါတွေနှင့်ဆိုင်ကောင်းဆိုင်မည်။

အဆိုးဆုံးက သမိုင်းကိုထင်ယောင်ထင်မှားဖြစ်စေပြီး ရှင်းကျန့်တယ်နှင့်ဂျပန်ကိုအမွှမ်းတင်ထားသောအကြောင်းအရာများပါနေခြင်းပင်။

တလောက ပြဌာန်းစာအုပ်ထဲမှသရုပ်ပြပုံများမှာ ရှင်းကျန့်တယ်၏ရုပ်ပြကာတွန်းများပုံစံဖြစ်နေကြောင်း ပြောဖူးသူရှိသည်။

ရှင်းကျန့်တယ်ရဲ့ရုပ်ပြကာတွန်းက ဘယ်လိုပုံစံလဲ? ဂျပန်မှာတောင်တားမြစ်ထားတဲ့၊ ကလေးတွေတဏှာထစေတဲ့ ရုပ်ပြကာတွန်းမျိုးပေါ့။ အခု ကျွန်ုပ်တို့ကလေးတွေရဲ့ပြဌာန်းစာအုပ်ထဲပါလာပြီ။

ဒါ လုံးဝအရေးကြီးသောကိစ္စပင်။

နောက်ပြီး ထိုပြဌာန်းစာအုပ်တာဝန်ခံအယ်ဒီတာ၏မိသားစုနောက်ခံကို အင်တာနက်ပေါ်တွင်ဖွင့်ချကြရာ အမှန်ပင် ရှင်းကျန့်တယ်၊ဂျပန်တို့နှင့် အဆက်အစပ်ရှိနေသည်။

ဖော်ထုတ်မရသော လျှို့ဝှက်ချက်တချို့ရှိကောင်းရှိနိုင်သည်။

သို့ရာတွင် ဒီကိစ္စကိုစစ်ဆေးနေဆဲဖြစ်ပြီး ကောက်ချက်မချရသေး။

"ပါမောက္ခဖူရှုက အဲဒါကြောင့်ရောက်လာတာ''

ဝန်ကြီးလုကပြောပြသည်_

"သင်ထောက်ကူပစ္စည်းတွေ သူအမြန်ဆုံးစုစည်းရမှာ''

"တစ်ခါတည်း မူလပြဌာန်းစာအုပ်ကနေ မသင့်တော်တဲ့အကြောင်းအရာတွေကိုဖယ်ထုတ်ပြီး အချိန်နဲ့တပြေးညီ တချို့အကြောင်းအရာတွေထပ်ဖြည့်ရမယ်''

"ပါမောက္ခဖူရှု အချိန်နဲ့တပြေးညီထပ်ဖြည့်ချင်တဲ့အကြောင်းအရာက သရုပ်ဆောင်တွေ အင်တာနက်ဆယ်လီအကြောင်းတွေမဟုတ်ဘူး... အဲဒါတွေအားလုံးကိုဖယ်ရှားဖို့ ပါမောက္ခဖူရှုကရည်ရွယ်ထားတယ်... အချိန်နဲ့တပြေးညီဖြည့်ရင်တောင် အဓိပ္ပါယ်ရှိတဲ့အကြောင်းအရာတွေရေးချင်တာ''

"ဒီတော့ မစ္စတာယွမ်တို့ မစ္စတာကျုံးတို့အကြောင်းတွေ ပြဌာန်းစာအုပ်အသစ်မှာပါလာမယ်... ပါမောက္ခလီခိုင်ကလည်း ပြဌာန်းစာအုပ်အတွက်ပါမောက္ခဖူရှုရွေးထားတဲ့ မျိုးဆက်သစ်ထဲကတစ်ယောက်ပဲ''

"?? အစ်ကိုလီက စာသင်ခန်းထဲရောက်တော့မှာလား?''

ချင်လင်အံ့ဩသွားသည်။

ရှေ့လျှောက် ပြဌာန်းစာအုပ်တွေထဲမှာ အစ်ကိုလီကစံပြပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်ဟု အင်တာနက်မှာပြောကြတာရှိသော်လည်း ဒီလောက်မြန်မည်ဟုသူမထင်မိ။

ပါမောက္ခဖူရှုကခေါင်းညိမ့်ပြီး_

"အမှန်ပဲ... သူက သက်သက်သာသာဘဝနဲ့မနေဘဲ ရွှံ့ထဲမှာသုတေသနလုပ်တဲ့သူ... ပြီးတော့ SMA ရောဂါကိုဖြေရှင်းပေးခဲ့တဲ့သူ.. သန့်စင်မြက်ကိုဖန်တီးပေးတယ်... ဒီတစ်ခါ အထွက်တိုးသီးနှံလုပ်ခဲ့ပြန်ပြီ... သူ့အကြောင်း ကလေးတွေအားလုံးကိုသင်ကြားထိုက်ပါတယ်ကွာ''

All Chapters