ကစားသူတွေကို စော်ကားတာ?
Vol. 63 Ch. 936
"သူဌေးချင်... အရင်ဆုံး ပါမောက္ခလီခိုင်နဲ့တွေ့လို့ရမလား?''
ပါမောက္ခဖူရှုက ချင်လင်အပေါ်အလွန်ယဉ်ကျေးနေသည်။
သူမလာခင် ဝန်ကြီးလုဆီမှ ချင်လင်အကြောင်းအများကြီးကြားထားသည်။ အင်တာနက်ပေါ်တွင် ချင်းလင်ကုမ္ပဏီအကြောင်းသတင်းများလည်းဖတ်ဖူးသည်။
အထူးသဖြင့် အနောက်နိုင်ငံများသို့တင်ပို့ရန်တားမြစ်ထားသောထုတ်ကုန်များအကြောင်းဖတ်ရသောအခါ သူစိတ်သက်သာရာရခဲ့သည်။
ဒီလိုစီးပွားရေးလုပ်ငန်းရှင်မျိုးကို သူတောင်လေးစားရသည်။
နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် လူလေးစားရလောက်အောင် ထူးထူးခြားခြားအရည်အချင်းရှိသူပင်။
"ပါမောက္ခဖူ... ကျွန်တော် အစ်ကိုလီကိုဖုန်းဆက်လိုက်ပါမယ်''
ချင်လင်ကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီး လီခိုင်ကိုဆက်သည်။
လီခိုင်က ချင်းလင်အပန်းဖြေစံအိမ်သို့အမြန်ဆုံးရောက်လာ၏။ ဝန်ကြီးလုကိုတွေ့သောအခါ အံ့ဩသံနှင့်_
"ဝန်ကြီးလု.. ရောက်နေတာလား... ညီလေးချင်က အရေးကြီးကိစ္စရှိတယ်ဆိုပြီး လှမ်းခေါ်တာ?''
"ပါမောက္ခလီခိုင်... အဲဒါ ပညာရေးအတွက် အရမ်းအရေးကြီးတဲ့ကိစ္စပါ''
ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောသည်။
ထို့နောက် ပါမောက္ခဖူရှုကိုညွှန်ပြပြီး_
"အဲဒါ ပါမောက္ခဖူပဲ... ပြဌာန်းစာအုပ်အသစ်ရဲ့တာဝန်ခံအယ်ဒီတာလေ... ပဉ္စမတန်းပြဌာန်းစာအုပ်မှာ မင်းအကြောင်း အခန်းတစ်ခန်းရေးချင်လို့တဲ့''
"အာ!''
လီခိုင်မှာကြားကြားချင်း မှင်တက်သွားသည်။
ဒီအကြောင်း သူလုံးဝမတွေးမိ။
ရုတ်တရက် ပြဌာန်းစာအုပ်ထဲထည့်မယ်ကြားရတော့ ဘာမှမပြောနိုင်။
"ပါမောက္ခဖူ... ကျွန်တော်က ပြဌာန်းစာအုပ်ထဲထည့်သင်ရလောက်အောင်မဟုတ်ပါဘူး''
သူက စိတ်မောသံနှင့်_
"ကျွန်တော့်ကိုနောက်နေတာလား?''
"ပါမောက္ခလီခိုင်''
ပါမောက္ခဖူက လောလောနှင့်ပြောသည်_
"တို့က ကလေးတွေလေ့လာဖို့ မျိုးဆက်သစ်ပုံရိပ်တွေထည့်မှာလေ... မင်းမှအရည်အချင်းမပြည့်မီဘူးဆိုရင် သရုပ်ဆောင်တွေ အင်တာနက်ဆယ်လီတွေကပြည့်တယ်ထင်လား?''
သူကပြောရင်းဆိုရင်း ဝန်ကြီးလုကိုကူပြောပေးရန်အကူအညီတောင်းသလိုကြည့်လိုက်သည်။
ဝန်ကြီးလုကလည်း ဖျောင်းဖျဖို့ကြိုးစား၏_
"ပါမောက္ခလီခိုင်... သက်ဆိုင်ရာဌာနတွေက အစည်းအဝေးထိုင်ပြီး မင်းကိုရွေးထားတာ... ဟိုသင်ကြားရေးကိစ္စက ဘယ်လောက်ထိပြင်းထန်လဲ မင်းလည်းသိသားပဲ... ဌာနတွေကလည်း သေချာစဉ်းစားပြီးမှ မင်းကိုရွေးတာ''
"ပြီးတော့ မင်းသိတဲ့အတိုင်း ချင်းလင်ဓာတ်ခွဲခန်းနာမည်ကျသွားရင် ဒီပြဌာန်းစာအုပ်ကိစ္စက ဟိုးလေးတကျော်ကျော်ဖြစ်တော့မှာ... သရဲ ဘီလူးတွေပေါ်လာလိမ့်မယ်''
"တချို့က ပြဌာန်းစာအုပ်ကိုပြဿနာရှာမယ်... တချို့က သက်သက်မဲ့ဒုက္ခရောက်အောင်လုပ်မယ်... တကယ်လို့ မင်းသာ ပါမောက္ခဖူနဲ့ပူးပေါင်းလိုက်ရင် သူ့အလုပ်တွေကြိုပြီးနိုင်တယ်... အဲတော့ ပြဌာန်းစာအုပ်အသစ်ကို ကလေးတွေအဆင်ပြေပြေလေ့လာနိုင်တာပေါ့ကွာ''
"အစ်ကိုလီ... ဝန်ကြီးလုနဲ့ပါမောက္ခဖူပြောတာမှန်တယ်... အဲဒီလိုင်းပေါ်ကကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်တာကောင်းတယ်''
ချင်လင်ကလည်း နားချဖို့ကြိုးစားသည်။
သင်ထောက်ကူမှာပြဿနာရှိနေတာမှန်သော်လည်း လူတိုင်းကမထောက်ပြနိုင်။
အင်တာနက်ပေါ်တွင် သင်ထောက်ကူပြဿနာကိုအကောင်းဆုံးအဖြေရှာရန်ကြိုးစားနေသူများရှိသော်လည်း ပေါ်ပင်လိုက်ချင်သူကပိုများနေသည်။ တချို့ကပေါ်ပင်လိုက်ချင်ဇောနှင့် သင်ထောက်ကူအကြောင်း အရမ်းကာရောပြောကြသည်။
ပရမ်းပတာပင်။
သင်ရိုးမှာပြဿနာရှိတာမှန်သော်လည်း အားလုံးအမှားချည်းမဟုတ်။ အကြောင်းအရာအများစုက ကောင်းသေးသည်။
ဗီဒီယိုတွေထဲကမှတ်ချက်အများစုမှာ လူတွေမှာပြဿနာရှိကြောင်း၊ ပြဌာန်းစာအုပ်ပါအကြောင်းအရာမဟုတ်ကြောင်း အတိအလင်းပြောထားကြသည်။
ဥပမာ ပေါ်ပင်လိုက်ချင်သောအမျိုးသမီးတစ်ဦးက 'ငန်းသီချင်း'ကဗျာကိုတင်ထားသည်။ ထိုကဗျာထဲတွင် 'ရေပြင်စိမ်းစိမ်းပေါ် အမွေးဖြူဖြူကူးခတ်၊ နီရဲရဲလက်တွေနဲ့ ရေလှိုင်းကိုခွဲ!' ဆိုသောစာကြောင်းပါသည်။
အမျိုးသမီးက ကလေးချီထားပြီး 'ရေပြင်စိမ်းစိမ်း'အကြောင်း အသည်းအသန်ပြောနေသည်။ ရေကအစိမ်းရောင်မရှိမှန်း ကလေးတောင်သိတဲ့အကြောင်း စာရေးထားသေးသည်။
ဘာပြောနိုင်ဦးမလဲ?
ဘာပြောစရာလိုသေးလဲ?
ရေပြင်စိမ်းစိမ်းဆိုတာ အဲဒီတုန်းက ရေပြင်အခြေအနေကိုရည်ညွှန်းတာ။ ရေကအစိမ်းရောင်ရှိတဲ့အဓိပ္ပါယ်မဟုတ်။
နောက်ပြီး ဒီကဗျာမှာ 'ရေပြင်စိမ်းစိမ်း'ဆိုတဲ့စာလုံးလေးလုံးပါလို့ ဘာမှဖြစ်မနေ။
အချောင်နာမည်ကြီးချင်သူတွေက ဒီလောက်ထိပရမ်းပတာနိုင်သည်။
အစ်ကိုလီကို ပြဌာန်းစာအုပ်ထဲထည့်ချင်ရတဲ့ တခြားအကြောင်းအရင်းရှိသေးသည်။ အဲဒါ အစ်ကိုလီနာမည်ခံပေးဖို့ပင်။
ဘာပဲဖြစ်ဖြစ် သူကပြဌာန်းစာအုပ်ထဲပါသွားပြီ။
"ဒါဆို ကျွန်တော်ထောက်ခံပါတယ်!''
ချင်လင်စကားကြောင့် လီခိုင်မှာမတတ်သာဘဲ ခေါင်းညိမ့်လိုက်ရသည်။
နောက်တစ်နေ့_
ချင်းလင်အပန်းဖြေစံအိမ်သို့ လူသုံးလေးယောက် ထပ်ရောက်လာသည်။ သူတို့က ပါမောက္ခဖူ၏လက်ထောက်များပင်။
တချို့က လီခိုင်ကိုဓာတ်ပုံရိုက်၊ တချို့က သူ့ဘဝအကြောင်းအချက်အလက်များစုစည်းပြီး တချို့က သူသုတေသနအကြောင်းရှင်းပြသည်ကိုနားထောင်ကြသည်။
ထို့နောက် အချက်အလက်များကိုအကျဉ်းရုံးပြီး ပဉ္စမတန်းအတွက်စာစီကာ ပါမောက္ခဖူပြန်လည်ဆန်းစစ်ရန်လွှဲပေးသည်။
စာစီဖို့က မခက်ဟု ချင်လင်ထင်သည်။ ဘာပဲဖြစ်ဖြစ် သူစာစီစာကုံးရေးဖို့နာရီဝက်သာကြာသည်။
သို့ရာတွင် သူထင်သလိုဟုတ်ပုံမပေါ်။ ပါမောက္ခဖူ၏အတည်ပြုချက်မရမချင်း သူတို့တစ်နေကုန် စာမူကြမ်းများစွာရေးရသည်။
နောက်တစ်နေ့တွင် ပါမောက္ခလီခိုင်အကြောင်းစာစီပြီးထွက်လာသည်။
ချင်လင်နှင့်လီခိုင်လည်း ဖတ်ကြည့်သည်။
စာအလယ်တွင် လီခိုင်ရွှံ့ထဲဒူးထောက်ပြီးသီးနှံများလေ့လာနေသောပုံပါသည်။
ဒီပုံကို ချင်လင်မြင်ဖူးသလိုလို။
ဒိုနာစီမြက်ရင်းအခြေအနေကို ဝန်ကြီးလုတို့လာကြည့်တုန်းက ရိုက်ထားတဲ့ပုံပဲ။
အဲဒီဓာတ်ပုံက အခုလိုအသုံးတည့်မည်ဟု သူမထင်မိ။
"ပါမောက္ခလီခိုင်ကို မင်မြို့တော်မှာမွေးဖွားခဲ့သည်... သူငယ်စဉ်ကတည်းက သီးနှံနှင့်သိပ္ပံသုတေသနကိုစိတ်ဝင်စားခဲ့သည်... စာသင်ခန်းလှေကားထစ်မှာ မြက်ပင်တွေ့ရင်တောင် ဒီမြက်ပင်ဘယ်လိုကြီးလာလဲ သူစူးစမ်းလိမ့်မည်... ပါမောက္ခလီခိုင်က ကျွန်ုပ်တို့စံပြပုဂ္ဂိုလ်...''
စာဖတ်ပြီး ချင်လင်နည်းနည်းကြောင်သွားသည်။ ဘာလို့နာမည်ကြီးတဲ့လူတွေအကြောင်းက 'ငယ်ငယ်တုန်းက ဘယ်လို'ဆိုတာနဲ့စကြတာလဲ?
လီခိုင်က မျက်နှာရဲသွားသည်။
စာထဲမှာ အမှန်မဟုတ်တဲ့အပိုင်းတွေအများကြီးပါနေသည်။ အမွှမ်းတင်လွန်းသည်။
သူ့ဆီကသင်ယူချင်တယ်ဆိုတဲ့ သော*က်စာသားကပါနေသေး။
ဘာသင်မှာလဲ?
ဘယ်လိုနာမည်ယူရတယ်ဆိုတာလား?
"ပါမောက္ခလီ... စာကဘယ်လိုလဲ?''
ပါမောက္ခဖူကပြုံးပြုံးနှင့်မေးသည်။
"ပါမောက္ခဖူ... ကျွန်တော်က အဲလောက်လည်းမဟုတ်ပါဘူး''
လီခိုင်က အောင့်သီးအောင့်သက်နှင့်_
"ပြီးတော့ ကျွန်တော်ငယ်ငယ်တုန်းက အဲလိုစိတ်ကူးတွေမရှိဘူး... ကျွန်တော့်သူငယ်ချင်းတွေနဲ့ပြေးလွှားဆော့ကစားနေတာ... အတန်းတောင်လစ်သေးတယ်''
"ပါမောက္ခလီ... မင်းငယ်ငယ်က ပြေးလွှားဆော့ကစားပြီး အတန်းလစ်တာကို ငါတို့ရေးလို့မရဘူးလေ.. ဟုတ်တယ်မလား?''
ပါမောက္ခဖူက မေးသည်_
"မူလတန်းကလေးသာ အဲဒီစာကိုဖတ်ရင် စာမလေ့လာချင်ဘဲနေမှာပေါ့? ပြေးလွှားဆော့ကစား အတန်းလစ်ပြီး ဘယ်လိုလုပ်သိပ္ပံပညာရှင်ဖြစ်လာမှာလဲ?''
"ပြဌာန်းစာအုပ်ဆိုတာ ဒီလိုပဲလေ... နည်းနည်းမွမ်းမံလိုက်ရုံပဲ... ဒါမှ မူလတန်းကလေးတွေလေ့လာပြီးရင် ငယ်ငယ်ကတည်းက တွေးမှ စာကြိုးစားမှ ကောင်းကောင်းလေ့လာမှ မင်းလိုသိပ္ပံပညာရှင်ကြီးဖြစ်လာမယ်ဆိုပြီး သိကြမှာ''
"ဘာပဲဖြစ်ဖြစ် လူတိုင်းကမင်းလိုအစွမ်းရှိတာမဟုတ်ဘူး ပါမောက္ခလီ... မင်းကအတန်းလစ်ပြီး ပြေးလွှားခဲ့ရင်တောင် ကြီးလာတော့ သိပ္ပံပညာရှင်ဖြစ်နိုင်သေးတယ်... ကလေးအများစုက သာမန်လူပဲ... ငယ်ငယ်ကတည်းကကြိုးစားမှရတာကွ''
လီခိုင် ဒါကိုမငြင်းနိုင်။
ချင်လင်တောင် လက်သင့်ခံနိုင်သည်။
အမှန်ပင်။ အောင်မြင်ပြီး ကျောင်းသားတွေအတွက်စံပြဖြစ်လာရင် ငယ်ငယ်တုန်းကဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ကိစ္စမရှိ။
အရေးအကြီးဆုံးက စာထဲမှာပြောထားသလို ကြိုးကြိုးစားစားလေ့လာမှ သိပ္ပံပညာရှင်ဖြစ်မည်ဟု ကျောင်းသားတွေကိုသိစေခြင်းပင်။ ဒါက အဓိကအချက်ဖြစ်သည်။
ဒါကြောင့် နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အကြောင်းမှာ 'ငယ်ငယ်တုန်းက ဘယ်လို'ဆိုပြီး စကြတာဖြစ်မည်။
ဒီလူတွေငယ်ငယ်က ဒီလိုဟုတ်ဟုတ်မဟုတ်ဟုတ် အရေးမကြီး။ အရေးကြီးတာက သူတို့အောင်မြင်မှုနှင့် ကလေးတွေကိုနည်းပေးလမ်းပြနိုင်ဖို့ပင်။ ဒီအချက်က အရေးအကြီးဆုံးဖြစ်သည်။
ဒါက အကောင်းမြင်သဘော၊ ပညာပေးခြင်းသဘောပင်။
နောက်ဆုံး လီခိုင်မှာမတတ်သာဘဲ စာကိုလက်ခံလိုက်ရတော့သည်။
"ဂုဏ်ယူပါတယ် အစ်ကိုလီ... ခင်ဗျားက ပြဌာန်းစာအုပ်မှာလေ့လာရမယ့်ဇာတ်ကောင်ဖြစ်သွားပြီ''
ချင်လင်ကပြုံးပြုံးနှင့် လီခိုင်ကိုဂုဏ်ပြုလိုက်သည်။ နောက်နောင် ကျောင်းသားတွေကိုစာသင်တဲ့အခါ အစ်ကိုလီပုံစံဘယ်နှစ်မျိုးလောက်ဖြစ်မလဲ သူတွေးကြည့်သည်။
ဂိမ်းဇာတ်ကောင်တွေမှာ ပုံစံအမျိုးမျိုးရှိတယ်မလား? လီပိုင်နဲ့တုဖူလိုဇာတ်ကောင်တွေက ပုံစံအမျိုးမျိုးတွေ့ရတတ်သည်။
ကျောင်းစာအုပ်တွေမှာ ဒီဇာတ်ကောင်တွေရဲ့ပုံမရှိတဲ့သူရှိလား? မရှိရင် သူတို့ကျောင်းတက်ရက်တွေက အလဟဿပေါ့။
DJ လီပိုင်၊ ဓားသမားလီပိုင်၊ မော်တော်ဆိုင်ကယ်လီပိုင် စသည်ဖြင့်။
နေကာမျက်မှန်၊ ဆေးလိပ်၊ ဂစ်တာ တုဖူ။
ဘာရယ်မဟုတ် ရှေ့လျှောက် အစ်ကိုလီရဲ့ပုံစံဘယ်လိုဖြစ်မလဲ သူမြင်ယောင်မိသည်။
ရုတ်တရက် ပါမောက္ခဖူကဝင်ပြောသည်_
"သူဌေးချင်... မင်းကိုလည်း မျိုးဆက်သစ်စာရင်းထဲထည့်ရမှာပဲ... ဘာပဲဖြစ်ဖြစ် မင်းကစာလည်းတော် သိုင်းလည်းတော်တဲ့သူ... မင်းတည်ထောင်ထားတဲ့ချင်းလင်ကုမ္ပဏီနဲ့ အများကြီးပါဝင်ကူညီပေးခဲ့တယ်... တို့ပြည်သူတွေ ခဏခဏစိတ်ထွက်ပေါက် စိတ်ဖြေရာရတယ်... အဲဒါ မင်းကိုအရင်တန်းဝင်အောင်လုပ်ထားလို့ရတယ်''
"မလုပ်လိုက်ပါနဲ့... ကျွန်တော့်အကြောင်း သူများတွေမသိစေချင်ပါဘူးဗျာ''
ချင်လင်ကရုတ်တရက်ကြောင်သွားပြီး အမြန်ပြန်ပြောလိုက်သည်။
နောက်နေတာလား? သူ့ကိုပြဌာန်းစာအုပ်ထဲထည့်မယ်တဲ့။ အစ်ကိုလီနဲ့ဘယ်သူမျက်နှာပိုပြောင်လဲ ပြိုင်ရတော့မှာလား?
"ပါမောက္ခဖူ... ခင်ဗျား သူဌေးချင်ကိုခြောက်လိုက်တာ ကြည့်ပါဦး''
ဝန်ကြီးလုကပြုံးပြုံးနှင့်ဝင်ပြောသည်။
ပါမောက္ခဖူလည်း ရယ်လိုက်သည်။
သူဌေးချင်က ခေတ်သစ်ပြဌာန်းစာအုပ်ထဲမှာဇာတ်ကောင်ဖြစ်သင့်သည်ဟု သူထင်သည်။ သို့ရာတွင် ဝန်ကြီးလုကလည်း 'သူဌေးချင်သာသိုသိုသိပ်သိပ်နေချင်ရင် သူ့ကိုစာရင်းထဲထည့်တာမသင့်တော်'ဟု အထက်လူများကိုအသိပေးထားသည်။
သူ့အကြောင်းတကယ်သိစေချင်ရင် သူ့ကိုပြည်သူသိတဲ့အထိစောင့်ရပေမည်။
အဲဒီအချိန်ကျ အားလုံးအံ့ဩသွားလိမ့်မည်။ ဒီလူငယ်လေးက သူဌေးကြီးမာ၊ ရန်၊ လျိုနဲ့ စန်းရှစ်တို့ကိုကျော်တက်သွားမည်။
လီခိုင်၏စာကိုအတည်ပြုပြီးနောက် ပါမောက္ခဖူက သူ့လူများနှင့်ပြန်သွားသည်။
သင်ကြားမယ့်အထဲမှာ ပါမောက္ခလီခိုင်တစ်ယောက်တည်းမဟုတ်။ တခြားအကြောင်းတွေ ရေးရဦးမည်။
ဝန်ကြီးလုလည်း ပေကျင်းပြန်သွား၏။ သူလည်း အလုပ်များနေသည်။
ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်း၏မျိုးစေ့အထွက်တိုးနည်းပညာက တစ်ဖက်ကိုတားမြစ်နိုင်ရုံသာမက ပြည်တွင်းစိုက်ပျိုးရေးကိုလည်း အများကြီးပြောင်းလဲသွားစေသည်။
သူတို့ဘက်က လုပ်ပေးနိုင်တာအများကြီးရှိသည်။ တခြားဌာနများနှင့်ပူးပေါင်းပြီး တတ်နိုင်သမျှလုပ်ပေးရမည်။
ချင်းလင်စံအိမ်မှာ ပြန်လည်ငြိမ်သွားပြန်သည်။ သီးနှံအထွက်တိုးကိစ္စကို ချင်းလင်ဓာတ်ခွဲခန်းဆီလွှဲပေးပြီးနောက် ချင်လင်လည်းအားနေသည်။
မျိုးစေ့အသစ်ထုတ်ဖို့က အလျင်မလို။ ဘာပဲဖြစ်ဖြစ် မမှည့်သေးသောသီးနှံများရှိသေးသည်။
အဲဒီသီးနှံမျိုးစေ့တွေရရင် မျိုးစေ့ကုမ္ပဏီတွေကကြော်ငြာပြီး သူလည်းမျိုးစေ့အသစ်ထုတ်ဖို့အကြောင်းရှာမည်။
နေ့သစ်ရောက်လာသည်။
ချင်လင်က အပန်းဖြေစံအိမ်တွင်နိုးလာပြီး တစ်ခုခုစားကာ အပြင်ထွက်မည်အပြုတွင် သူ့စိတ်ထဲမှဂိမ်းက အချက်ပေးလာသည်။
မြို့တော်ဝန်သောမတ် ရောက်လာပြန်၏။
စာကြည့်တိုက်ပြီးပြီထင်သည်။ သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးစေရာ သောမတ်စကားပြောပေါ်လာသည်။
(ဟုတ်ပြီ! မင်းကစိုက်ပျိုးရေးခြံထဲမှာပဲ! မင်းကို စာကြည့်တိုက်ဖွင့်ပြီဆိုတဲ့အကြောင်း လာအသိပေးတာ... လှူဒါန်းသူတစ်ဦးအနေနဲ့ မင်းလာရမယ်... အရမ်းပျော်စရာကောင်းတဲ့ခန့်မှန်းဂိမ်းလည်းပါမယ်!)
သောမတ်ကသတင်းပေးပြီး အမြန်ပြန်သွားသည်။
ချင်လင်ကသတင်းရသည်နှင့် စာကြည့်တိုက်တန်းသွားသည်။
မူလစာကြည့်တိုက်နေရာမှာ ပိတ်ထားသောအဆောက်အဦးတစ်ခုဖြစ်ပြီး ယခုတံခါးဖွင့်ထားသည်။ အပြင်တွင် 'သတ္တုမြို့တော်စာကြည့်တိုက်'ဟုရေးထားသည်။
သူကဂိမ်းဇာတ်ကောင်ကို စာကြည့်တိုက်ထဲဝင်စေသည်။ မြို့ထဲတွင် NPC များစုဝေးပြီး စာကြည့်တိုက်ဖွင့်ပွဲကိုကျင်းပနေကြသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်အား စာကြည့်တိုက်ပတ်လည်လျှောက်သွားစေသည်။ အမှန်ပင်၊ ရှက်တတ်သော မျက်မှန်နှင့် NPC မေရီကိုတွေ့ရသည်။
မေရီက ပုံစံအသစ်ထဲတွင် အဟောင်းထက်ပိုလှနေသည်။ သူမကပိုနူးညံ့သိမ်မွေ့လာ၍ အရင်ပုံကိုပြန်မတွေးမိဘဲမနေနိုင်။
ဘာပဲဖြစ်ဖြစ် စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပထမပုံစံထဲတွင် ကစားသူ၏စိတ်ကိုစိုးမိုးနိုင်သူက မေရီပင်။
သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးပြီး မေရီပေါ်ကလစ်နှိပ်လိုက်ရာ စကားပြောပေါ်လာသည်:
(ကျွန်မက သတ္တုမြို့တော်စာကြည့်တိုက်မှူးပါ... ဒီနေ့ ခန့်မှန်းဂိမ်းရှိပါတယ်... ပါဝင်ချင်ပါသလား? မှန်ရင် ထူးထူးခြားခြားလက်ဆောင်ရပါမယ်!)
ချင်လင်က ပါဝင်မည်ကိုနှိပ်လိုက်သည်။
ခန့်မှန်းဂိမ်းမှာ တကယ်တော့ အဖြေရွေးရသောဗဟုသုတဉာဏ်စမ်းမေးခွန်းဖြစ်သည်။ မေးခွန်းတစ်ခုတွင် A B C D အဖြေ ၄ မျိုးပါသည်။
မေရီစကားပြောပြန်ပေါ်လာ၏။
(တကယ်လား? ဒါဆို လက်ဆောင်ရယူဖို့ မှန်ကန်တဲ့အဖြေကိုရွေးပေးပါ... အခု စကြစို့!)
(မေးခွန်း ၁: ၁+၁=?)
?a:1?b:2?c:3?d:4!?
“????”
မေးခွန်းကိုမြင်ပြီး ချင်လင်အသံတိတ်ဆဲပစ်လိုက်သည်။ သူပြောသင့်လားတော့ မသိ။
ဒီဂိမ်းကိုရေးဆွဲတဲ့၊အသုံးမကျတဲ့ဒီဇိုင်နာက ဒီလိုမေးခွန်းမျိုးမေးပြီး ကစားသူတွေကိုစော်ကားလိုက်တာလား?