← Chapters

လျှို့ဝှက်ကျောက်စာ!

Vol. 63 Ch. 937

လျှို့ဝှက်ကျောက်စာ!

Vol. 63 Ch. 937

ချင်လင်က ဂိမ်းရေးဆွဲသူကိုအတွန့်တက်ပြီး ဂိမ်းဇာတ်ကောင်အား အဖြေ B တန်းရွေးခိုင်းလိုက်သည်။

၁+၁=၂ က သူငယ်တန်းကလေးတောင်သိ!

(ဂုဏ်ယူပါတယ်... ပထမမေးခွန်းကိုမှန်အောင်ဖြေဆိုနိုင်ပါပြီ... တော်လိုက်တာ... ဒုတိယမေးခွန်းကိုသွားကြရအောင်!)

(၄ ကို ၈ နဲ့စားရင်?)

?a:0.5?b:2?c?1.5?d:4?

ကျွတ် ကျွတ်။ ချင်လင်ပြောစရာစကားမရှိတော့။ ဒီဂိမ်းဆွဲတဲ့သူက တကယ်ခွေးပဲ။ ဒီထက်ခက်တဲ့မေးခွန်းမရှိဘူးလား?

သူက B ကိုတန်းရွေးလိုက်သည်။

(နှမြောစရာ... နံပါတ်မှားသွားပြီ!)

“???”

ချင်လင်ကြောင်သွားသည်။

၂ မဟုတ်ဘူးလား?

ပြီးမှ သူ့ခေါင်းသူရိုက်ပြီး 'သြော်... ၀.၅ ပဲ'။

ကျောင်းပြီးတာကြာပြီဖြစ်၍ မူလတန်းတုန်းကအကြောင်းအရာတွေ အာရုံမရှိတော့။ မေ့နေပြီ။

မတတ်နိုင်။ ချင်လင် အစကပြန်စရသည်။ ထို့နောက် ထိုမေးခွန်းနှစ်ခုကိုပြန်ဖြေလိုက်သည်။ အဖြေမှန်ပြီးနောက် မေရီကတတိယမြောက်မေးခွန်းကိုပေးသည်။

(မင်းရဲ့သမီးက ငါ့သမီးရဲ့အမေဆိုရင် ငါက မင်းနဲ့ဘာတော်လဲ?)

(A: အမေ B: သမီး C: ယောက္ခမ D: ချွေးမ)

ချင်လင်က D ကိုတန်းရွေးလိုက်သည်။

(စိတ်မကောင်းပါ... အဖြေမှားပါတယ်!)

ကျွတ် ကျွတ်။ ချင်လင်က သူအတွေးတိမ်မိပြီဟုခံစားရသည်။

ဂိမ်းရေးဆွဲသူကို ထိုင်ကတော့ချင်လိုက်တာ။

ပထမမေးခွန်းက နှစ်သိမ့်တာပဲ။ ကစားသူတွေမမှန်ရင် စိတ်ညစ်မှာစိုးလို့။

သူ့ဂိမ်းဇာတ်ကောင်ကို မေးခွန်းများသာဆက်ဖြေခိုင်းရသည်။

စုစုပေါင်း မေးခွန်း ၁၀ ခုဖြေရ၏။

၁၀ ခုလုံးမှန်အောင်ဖြေဆိုနိုင်မှသာ လက်ဆောင်ရမည်။

နောက်မေးခွန်းများက ထူးဆန်းသည်။ ထူးဆန်းလွန်း၍ ချင်လင်ဦးနှောက်နှင့်လိုက်မမီ။ ခဏခဏမှားဖြေပြီး အစကပြန်စရသည်။

ထို့ကြောင့် နောက်ဆုံးစိတ်ရှုပ်စရာမေးခွန်းကိုဖြေပြီးသည်အထိ အချိန်အတော်ယူလိုက်ရသည်။

(ဂုဏ်ယူပါတယ်... မေးခွန်းအားလုံးမှန်ကန်အောင်ဖြေဆိုပြီးပါပြီ... တော်လိုက်တာ... ဒါသင့်အတွက်ပါ!)

မေရီကပြောပြီးသည်နှင့် စာကြည့်တိုက်ကောင်တာဆီပြန်လျှောက်သွားသည်။

စာကြည့်တိုက်ကောင်တာတွင်ထိုင်နေသော ပုံမှန် NPC အဖြစ်ပြန်ရောက်သွား၏။ စာကြည့်တိုက်ကောင်တာက ထလာမှသာ ခန့်မှန်းဂိမ်းဆော့ရသည်။

ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲတွင် (?)ပုံစံနှင့်လက်ဆောင်အိတ်တစ်အိတ်ပေါ်လာသည်။ ပဟေဠိလက်ဆောင်အိတ်ပင်။

ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား လက်ဆောင်အိတ်ဖွင့်စေသည်။ လက်ဆောင်အိတ်ပျောက်သွားပြီး စာအုပ်ပုံစံကျောက်ပြားတစ်ခုပေါ်လာ၏။ လျှို့ဝှက်ကျောက်စာပင်။

ဒါမူလပုံစံထဲမှာ မပါ။ ပုံစံအသစ်ထဲထပ်ထည့်ထားသောပစ္စည်းဖြစ်သည်။

သူကဘာပစ္စည်းလဲစူးစမ်းချင်၍ ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေပြီး ရုံးခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

(လျှို့ဝှက်ကျောက်စာ: ဆန်းကြယ်!)

(လျှို့ဝှက်ကျောက်စာဖြစ်သည်။ နတ်ဘုရားမတောင်အပျက်အစီးကြားမှထွက်လာခြင်းဖြစ်သည်။ သတ္တုမြို့တော်ဝန်က နတ်ဘုရားမတောင်ပေါ်မှရခဲ့ပြီး ခန့်မှန်းဂိမ်းအတွက်ဆုလာဘ်အဖြစ်အသုံးချခဲ့သည်။ မည်သည့်စာအုပ်အကြောင်းအရာကိုမဆို မိတ္တူဆွဲနိုင်ပြီး အတတ်ပညာပိုင်းစာအုပ်များထုတ်နိုင်သည်!)

ချင်လင်ကအကြောင်းအရာကိုဖတ်ပြီး ပြုံးလိုက်သည်။ အစ်ကိုလီကြောင့် သီးနှံသုတေသနစာအုပ်တွေမဖတ်ချင်ဘဲဖတ်နေရတာ။ ခေါင်းတွေကိုက်နေပြီ။

အခု ဒါမျိုးရလာတော့ အိပ်ချင်နေတုန်း ခေါင်းအုံးရောက်လာတာမလား?

သူကချက်ချင်းဂိမ်းထဲမှထွက်ပြီး လီခိုင်ကိုဖုန်းဆက်လိုက်သည်_

"အစ်ကိုလီ... သီးနှံသုတေသနစာအုပ်တွေရှိလား?''

"ညီလေးချင်... အဲဒီစာအုပ်တွေ ဘာလုပ်ချင်လို့လဲ?''

လီခိုင်က စသလိုနောက်သလိုမေးသည်_

"အင်တာနက်ပေါ်မှာ ဖတ်လို့ရတယ်လေ!''

ညီလေးချင် ဘာလို့လိုချင်လဲ သူခန့်မှန်းမိသည်။ သုတေသနမှတ်တမ်းမှာ စာအုပ်နာမည်များရေးထားသည်။ အရင်တစ်ခါကိစ္စ မျက်နှာပူပြီး ဗဟုသုတနည်းနည်းပါးပါးလေ့လာချင်တာဖြစ်မည်။

သူနာမည်ယူပြီးတိုင်း သက်ဆိုင်ရာသုတေသနအကြောင်းအရာများ၊ဗဟုသုတများကို လိုက်လေ့လာခဲ့သလိုပင်။

နာမည်ခံရတာ မလွယ်။

လီခိုင်၏စသလိုလိုအသံကြောင့် ချင်လင်ကအားနှင့်ပြောလိုက်သည်_

"လိုင်းပေါ်မှာဖတ်ရတာမကောင်းလို့ စာအုပ်နဲ့ဖတ်ချင်တာ''

လီခိုင်ကချက်ချင်းရယ်ပြီး_

"ရတာပေါ့! အဲဒီစာအုပ်တွေရှိတယ်... ဒါပေမဲ့ ငါအခုသုတေသနလုပ်စရာရှိနေလို့... တစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်မယ်''

မကြာမီ လုံခြုံရေးအစောင့်တစ်ဦးက စာအုပ်တထပ်ကြီးနှင့် သူ့ရုံးခန်းထဲရောက်ချလာသည်။

လုံခြုံရေးအစောင့်က ချင်လင်ကိုမြင်လျှင် တရိုတသေနှင့်_

"ဥက္ကဌချင်... ပါမောက္ခလီခိုင်ကမှာလိုက်တယ်... ဒီစာအုပ်တွေက အစဉ်အတိုင်းစီထားတာတဲ့... ထိပ်ဆုံးက ယေဘူယျဆန်တယ်... အောက်ရောက်လေ နက်နဲလေတဲ့... အပေါ်ကနေအောက်ကိုဖတ်သွားရမယ်တဲ့''

သော*က်။ ချင်လင်ကနားထောင်ရင်း အစ်ကိုလီကိုဆဲချင်လာသည်။ ဒီအစီအစဉ်က သူ့အတွက်အရမ်းကောင်း။

"သိပြီ... အလုပ်ပြန်သွားလုပ်တော့!''

ချင်လင်က လုံခြုံရေးအစောင့်ကိုအမိန့်ပေးလိုက်သည်။ အစောင့်ထွက်သွားသောအခါ သူကယူဖတ်ကြည့်သည်။ ထို့နောက် အောက်ဆုံးကစာအုပ်ကိုထုတ်လိုက်၏။

ဒီလျှို့ဝှက်ကျောက်စာကိုအသုံးချချင်ရင် အနက်နဲဆုံးစာအုပ်ကိုသုံးရမည်။ အနက်နဲဆုံးကိုလေ့လာနိုင်ရင် သူ့အခြေခံနှင့်လိုအပ်ချက်ကိုဖြည်းဖြည်းချင်းဖြည့်သွားနိုင်သည်။

နောက်ပြီး သူမတတ်သာတဲ့အချိန်ကျရင် အနက်နဲဆုံးကိုထုတ်ပြောမှ။ ဒါဆို ဘယ်ငတုံးက သူ့ကိုအခြေခံချင်းလာယှဉ်မလဲ?

စာအုပ်က 'သီးနှံမျိုးစိတ်တည်ဆောက်ရေးသုတေသနစွယ်စုံကျမ်း'တဲ့!

သီးနှံမျိုးစိတ်အမျိုးမျိုးကိုသုတေသနလုပ်ထားတဲ့အကြောင်းပဲ။ တချို့မျိုးစိတ်သုတေသနတွေက အရမ်းခက်ခဲပြီး ဒေါက်တာတွေသာအပြီးသတ်နိုင်သည်ဟုဆိုရမည်။

ချင်လင်က တံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ ထို့နောက် လျှို့ဝှက်ကျောက်စာကိုထုတ်လိုက်သည်။

(သင့်ရှေ့ကစာအုပ်ပေါ်မှာ ကျောက်စာသုံးလိုပါသလား?)

ချင်လင်က 'သုံးမည်'ကိုတန်းရွေးလိုက်သည်။

နောက်ခဏတွင် လျှို့ဝှက်ကျောက်စာက တောက်ပပြီးပျောက်ကွယ်သွားသည်။ အလင်းရောင်က သူယူလာသော'သီးနှံမျိုးစိတ်တည်ဆောက်ရေးသုတေသနစွယ်စုံကျမ်း'ထဲ ဖြည်းဖြည်းချင်းမြှုပ်ဝင်သွားသည်။

ခဏအကြာ လျှို့ဝှက်ကျောက်စာအလင်းရောင်က 'သီးနှံမျိုးစိတ်တည်ဆောက်ရေးသုတေသနစွယ်စုံကျမ်း'ထဲ လုံးဝရောက်သွားပြီး စာအုပ်ဘေးတွင် အရိပ်တစ်ခုပေါ်လာသည်။ 'သီးနှံမျိုးစိတ်တည်ဆောက်ရေးသုတေသနစွယ်စုံကျမ်း'မိတ္တူပင်။

All Chapters