← Chapters

လျှို့ဝှက်ကျောက်စာ! ၂

Vol. 63 Ch. 938

လျှို့ဝှက်ကျောက်စာ! ၂

Vol. 63 Ch. 938

(မျိုးစေ့တည်ဆောက်ရေးစွယ်စုံကျမ်း: ပုံမှန်)

…

(သီးနှံမျိုးစိတ်သုတေသနတည်ဆောက်ရေးစွယ်စုံကျမ်း: ဆန်းကြယ်)

(လျှို့ဝှက်ကျောက်စာမှကူးယူထားသောစာအုပ်ဖြစ်သည်။ အသုံးပြုပြီး စာအုပ်ထဲကူးယူထားသောပညာကိုလေ့လာနိုင်သည်။ အသုံးပြုလိုပါသလား?)

ချင်လင်က 'အသုံးပြုမည်'ကိုတန်းရွေးလိုက်သည်။

လျှို့ဝှက်ကျောက်စာမှကူးယူထားသောစာအုပ်မှာ အလင်းရောင်ဖန်သားပြင်အဖြစ်ပြောင်းသွားပြီး သူ့စိတ်ထဲတိုးဝင်လာသည်။ ထို့နောက် သတင်းအချက်အလက်စီးကြောင်းက သူ့မှတ်ဉာဏ်ထဲစွဲထင်လာ၏။

အချက်အလက်အားလုံး စာအုပ်ထဲမှဖြစ်ပြီး သူမေ့မသွားနိုင်။ နောက်ပြီး သုတေသနအမျိုးမျိုးပါဝင်ကာ သူအကြိမ်ပေါင်းများစွာလုပ်ခဲ့ဖူးသလို ကြွက်သားမှတ်ဉာဏ်လည်းပါသည်။

အတော်ထူးထူးဆန်းဆန်းပင်။ ခံစားချက်က အရမ်းအံ့ဩစရာလည်းကောင်း။

ချင်လင်က သူယူလာသော 'သီးနှံမျိုးစိတ်သုတေသနတည်ဆောက်ရေးစွယ်စုံကျမ်း'ကိုကောက်ယူလိုက်သည်။ စာအုပ်ပါအချက်အလက်အားလုံး၊ ဘယ်စာမျက်နှာ ဘယ်စာကြောင်းက ဘယ်စာလုံးဆိုတာအစ သူသေသေချာချာမှတ်မိသည်။

ဂိမ်းထဲမှာ ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ပစ္စည်းတွေရှိနေတာ တကယ်အံ့ဩစရာ။

ဒီတော့ သူထိပ်တန်းကျောင်းသားဖြစ်လာနိုင်ပြီပေါ့။

ထိုအတွေးနှင့် ချင်လင်က ဂိမ်းအပြင်ထွက်လိုက်သည်။

နောက်တစ်နေ့_

ချင်လင်က ဂိမ်းဇာတ်ကောင်အား စာကြည့်တိုက်ထပ်သွားစေပြီး ကောင်တာတွင်မေရီကိုရှာလိုက်သည်။

မေရီထွက်မလာ။ ဒီနေ့ ခန့်မှန်းဂိမ်းမရှိဘူးပေါ့။ ပြီးတော့ နေ့တိုင်းခန့်မှန်းဂိမ်းမရှိတဲ့သဘောပင်။

မဟုတ်ရင် ထိပ်တန်းကျောင်းသားဖြစ်ရုံသာမက စာပေဉာဏ်ကြီးရှင်တောင်ဖြစ်လာနိုင်သည်။

မနက်စာတစ်ခုခုစားပြီးနောက် သူ့စိတ်ထဲမှဂိမ်းကိုပြန်ကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား ဒီနေ့ နေ့စဉ်တာဝန်များအပြီးသတ်စေသည်။ ထို့နောက် အပန်းဖြေစံအိမ်မှထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းသွားလိုက်သည်။

ဒီ'သီးနှံမျိုးစိတ်သုတေသနတည်ဆောက်ရေးစွယ်စုံကျမ်း'မှာ သီးနှံမျိုးစိတ်အားလုံး၏သုတေသနများကိုမှတ်တမ်းတင်ထားသည်။

ဒီလိုသုတေသနမျိုးက အသစ်မဟုတ်။ ရှိပြီးသားသုတေသနဗဟုသုတများပါဝင်သည်။ သို့ရာတွင် သုတေသနကို အဆင့်ဆင့်လည်းပိုင်းခြားနိုင်သည်။

စိုက်ပျိုးရေးမေဂျာကောလိပ်ကျောင်းသားများအဖို့ ဒီသုတေသနလုပ်ရန်မဖြစ်နိုင်။

လက်တွေ့သုတေသနတချို့ကို ဒေါက်တာများသာအပြီးသတ်နိုင်သည်။

အခုသူက လျှို့ဝှက်ကျောက်စာမှဗဟုသုတတိုက်ရိုက်ရလိုက်ပြီ။ လက်တွေ့သုတေသနက သူ့မှတ်ဉာဏ်ထဲမှာစွဲနေတယ်ဆိုရင်တောင် သူစမ်းကြည့်ချင်သေးသည်။

ပထမဆုံး ဟင်းချက်လက်ရာရခဲ့တုန်းကလိုပင်။

ချင်လင်က သူ့ကားကို ချင်းလင်ဓာတ်ခွဲခန်းကားပါကင်မှာထိုးပြီးနောက် အတွင်းဘက်ဝင်လာရာ တန်းစစ်ဆေးခံရသည်။

"ဥက္ကဌချင်... ကျွန်တော် ပါမောက္ခလီကိုအသိပေးလိုက်ပါမယ်''

လုံခြုံရေးအစောင့်ကစစ်ဆေးပြီး ပြဿနာမရှိကြောင်းသေချာမှ ချင်လင်ကိုရိုရိုသေသေနှင့် အတွင်းဘက်ခေါ်လာသည်။

လီခိုင်က အဖြူရောင်ဓာတ်ခွဲခန်းကုတ်အင်္ကျီနှင့်အမြန်ရောက်လာပြီး_

"ညီလေးချင်... ဘာလို့ရုတ်တရက်ကြီး ဓာတ်ခွဲခန်းကိုရောက်လာတာလဲ? ငါ အထွက်တိုးသီးနှံတွေကို မျိုးစိတ်ဖယ်ထုတ်တဲ့သုတေသနလုပ်နေတာ''

ချင်လင်ကပြုံးပြီး ရှင်းပြသည်_

"မနေ့ညက စာအုပ်ထဲမှာအရမ်းစိတ်ဝင်စားစရာကောင်းတဲ့မျိုးစိတ်သုတေသနကိုတွေ့လိုက်တယ်... အဲဒါကြောင့် ကိုယ့်ဘာသာသုတေသနလုပ်လို့ရမရ လာစမ်းကြည့်တာ... တကယ်အဲလိုစိတ်ဝင်စားစရာကောင်းမကောင်းသိချင်တယ်''

"ဘယ်လို?''

ချင်လင်စကားကြောင့် လီခိုင်​ကြောင်သွားသည်။ သူကမျိုးစိတ်သုတေသနလုပ်ချင်တယ်ပြောနေတာလား?

ဒါ...

"အစ်ကိုလီ... ကျွန်တော့်အတွက် သုတေသနစားပွဲပြင်ပေးပါလား!''

ချင်လင်ကပြုံးပြုံးနှင့်ပြောလိုက်သည်။

"ဟုတ်ပြီလေ... ညီလေးချင်.. မင်းအရင်ဆုံး ပိုးသတ်ပြီး ဓာတ်ခွဲခန်းကုတ်အင်္ကျီဝတ်ရမယ်... ဒါဓာတ်ခွဲခန်းရဲ့စည်းကမ်းပဲ''

နောက်ဆုံး လီခိုင်ကမတတ်သာဘဲပြောလိုက်ရသည်။

ညီလေးချင်က ဘာမျိုးစိတ်သုတေသနမှလုပ်နိုင်မည်မထင်။

ဒီအပိုင်းကို လေ့တောင်မလေ့လာဖူးဘဲနဲ့။

အရင်က ညီလေးချင်ရဲ့နာမည်ကိုထည့်ခဲ့တယ်ဆိုပေမဲ့ ဒါနဲ့ဆက်စပ်တဲ့သီးနှံသုတေသနတွေ သူလေ့လာတာ ဘယ်လောက်ကြာသေးလို့လဲ?

ဒီလောက်အချိန်တိုအတွင်းမှာ မျိုးစိတ်သုတေသနဘယ်လိုလုပ်နိုင်မလဲ?

စိုက်ပျိုးရေးအထူးပြုကောလိပ်ကျောင်းသားတွေတောင် ၂ နှစ်၊ ၃ နှစ်နဲ့ မျိုးစိတ်သုတေသနမလုပ်နိုင်သေး။

ဒါပေမဲ့ ညီလေးချင်က သူဌေးဆိုတော့ သူဘာတတ်နိုင်မလဲ? သူပြင်ဆင်ပေးပြီး ဘာမှမဖြစ်အောင် ဘေးကစောင့်ကြည့်ရုံပေါ့။

ချင်လင်ကဓာတ်ခွဲခန်းအင်္ကျီလဲပြီး ပိုးသတ်သန့်စင်လိုက်သည်။ ထို့နောက် သူနှင့်လီခိုင်က သာမန်ဓာတ်ခွဲခန်းတစ်ခုထဲဝင်ကြသည်။

အထဲတွင် သုတေသနလုပ်နေသူအများကြီးရှိသော်လည်း အားလုံးက ပုံမှန်သီးနှံသုတေသနလုပ်နေကြသော သာမန်သုတေသနသမားများသာဖြစ်သည်။

ချင်လင်ကို အထူးဓာတ်ခွဲခန်းထဲခေါ်လို့မဖြစ်။ သုတေသနလုပ်ရင်းတစ်ခုခုဖြစ်ပြီး အထဲကသုတေသနသမားများကိုထိခိုက်မှာလည်း လီခိုင်စိုးရိမ်သည်။

သုတေသနသမားများကလည်း ချင်လင်ကိုမြင်သောအခါ ဘယ်သူမှန်းသိ၍ အားလုံးစိတ်ဝင်စားသွားကြသည်။

အရင်တစ်ခါ ပါမောက္ခလီခိုင်ရဲ့မျိုးစေ့အထွက်တိုးနည်းပညာသုတေသနမှတ်တမ်းမှာ သူဌေးနာမည်ပါသည်။

သူတို့အတော်အံ့ဩမိသည်။ သူတို့သူဌေးကလည်း သုတေသနသမားတစ်​ယောက်မှန်းမသိခဲ့။

လီခိုင်က ချင်လင်အား သုတေသနစားပွဲဆီခေါ်လာပြီး_

"ညီလေးချင်... ဒီစားပွဲကိုမင်းသုံးလို့ရတယ်... ဒီပေါ်တင်ထားတဲ့ကိရိယာတွေအကုန်လုံးက မျိုးစိတ်သုတေသနနဲ့ဆက်စပ်တဲ့ပစ္စည်းတွေချည်းပဲ''

ထိုသို့ပြောပြီး သူကချင်လင်ကိုကြည့်ရှုစောင့်စားလိုက်သည်။ ဖြစ်ဖြစ်မြောက်မြောက်ရှိမည်မထင်သော်လည်း မျိုးစိတ်သုတေသနကို ညီလေးချင်ဘယ်လိုလုပ်မလဲ သူတကယ်ကြည့်ချင်သည်။

ချင်လင်ကခေါင်းညိမ့်ပြီး သုတေသနစားပွဲဆီလျှောက်သွားကာ ကိရိယာများကိုစကိုင်သည်။ သူ့ပုံစံက အသားကျနေသောသုတေသနသမားတစ်ဦးလို ရှောရှောရှူရှူရှိနေသည်။

သူ့ပုံစံကြောင့် လီခိုင်အံ့ဩသွားသည်။ တခြားသုတေသနသမားများကလည်း လုပ်ရင်းကိုင်ရင်း ချင်လင်ဘက်ကိုစောင်းငဲ့ကြည့်ကြသည်။

သူတို့သာဆိုရင် ဒီလောက်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်။

လီခိုင်ကမနေနိုင်ဘဲဖုန်းထုတ်ပြီး ချင်လင်လုပ်ပုံကိုင်ပုံကိုဗီဒီယိုရိုက်ထားလိုက်သည်။

ဓာတ်ခွဲခန်းထဲဖုန်းသုံးခွင့်မရှိသော်လည်း ဓာတ်ခွဲခန်းတာဝန်ခံလီခိုင်က ခြွင်းချက်ပင်။ နောက်ပြီး ဓာတ်ခွဲခန်းတစ်ခုလုံးကိုလိုင်းဖြတ်ထားသည်။ အတွင်းပိုင်းဆက်သွယ်ရုံကလွဲပြီး အပြင်ကိုပို့မရ။

ချင်လင်က သုတေသနအတွက်ပြင်ဆင်ထားသောမုန်လာဥဖြူကိုယူပြီး စတင်စမ်းသပ်သည်။

မျိုးစိတ်သုတေသနတွင် အရင်ဆုံး မျိုးစိတ်ကိုအဆီအနှစ်ကိုထုတ်ယူပြီးမှ စမ်းသပ်ရသည်။

အလွန်ရှုပ်ထွေးသောလုပ်ငန်းစဉ်ဖြစ်ပြီး သုတေသနအရည်အချင်းနှင့်သက်ဆိုင်ရာအသိပညာအများကြီးလိုအပ်သည်။

ချင်လင်က သူ့အချက်အလက်များအတိုင်းလုပ်နေသည်။

သို့ရာတွင် ချင်လင်ထုတ်ယူပုံက ဒီမေဂျာကိုလုံးဝမလေ့လာဖူးသူနှင့်မတူသောကြောင့် လီခိုင်ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထူးချွန်ကောလိပ်ကျောင်းသားများတောင် ဒီလောက်ရှောရှောရှူရှူမထုတ်ယူနိုင်။

ကြည့်နေရင်း ချင်လင်ဆက်လုပ်မည့်စမ်းသပ်မှုကြောင့် သူကကြောင်သွားကာ_

"ညီလေးချင်... မင်းမျိုးစိတ်ပေါင်းစပ်ပြီး စမ်းသပ်မလို့လား?''

“အင်း!”

ချင်လင်ခေါင်းညိမ့်လိုက်သည်။

“သော*က်!”

လီခိုင်မှာ နေမထိထိုင်မသာဖြစ်ပြီး ထဆဲလိုက်သည်။

ဒီမျိုးစိတ်သုတေသနက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့သုတေသန။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့သုတေသန။

ဒါပေမဲ့ ဒီသုတေသနကိုသာမန်လူတွေမလုပ်နိုင်။ မာစတာဘွဲ့ရကျောင်းသားတောင် ဒီလိုပြီးပြည့်စုံအောင်မလုပ်နိုင်ပေ။ PhD ကျောင်းသားများသာလုပ်နိုင်လိမ့်မည်။

ညီလေးချင်က ဒီသုတေသနကိုတကယ်လုပ်ချင်တာပဲ။

တကယ်တော့ မအောင်မြင်နိုင်လောက်ပါဘူးနော်?

All Chapters