← Chapters

မျိုး​​ပြောင်းဆန်ရဲ့ထူးခြားချက်! အဖေလီခိုင်! ၂

Vol. 63 Ch. 941

မျိုး​​ပြောင်းဆန်ရဲ့ထူးခြားချက်! အဖေလီခိုင်! ၂

Vol. 63 Ch. 941

ချင်လင်က အထွက်နှုန်းနှစ်ဆတိုးသောမျိုးစေ့ကိုကြည့်ရင်း စတွေးသည်။

ဒီပြဿနာပဲ။ မျိုးပြောင်းဆန်ကိုလက်သင့်ခံနိုင်အောင် ဘယ်လိုလုပ်မလဲ?

သူကတွေးတောရင်း ဖုန်းထုတ်ကာ လီခိုင်ကိုဆက်သည်။

"အစ်ကိုလီ... ရှန်းရွှေလက်ဆောင်ဆန်ပရောဂျက်က ဘယ်လိုဖြစ်သွားပြီလဲ?''

ချင်လင်ကမေးသည်။

မျိုးစေ့အတွက် အစ်ကိုလီကိုဓားစာခံလုပ်ရဦးမည်။

တစ်ဖက်မှ လီခိုင်အသံကိုတန်းကြားရသည်_

"ညီလေးချင်... တိုက်ဆိုင်လိုက်တာ? ရှန်းရွှေလက်ဆောင်ဆန်ပရောဂျက်ကို သုတေသနနှစ်ဖွဲ့ခွဲထားတာ... တစ်ဖွဲ့ကပျိုးပင်စိုက်တယ်... အဲဒါ ငါသွားစစ်ကြည့်မလို့''

"ဟုတ်ပြီ... ကျွန်တော် အစ်ကိုလီနဲ့လိုက်မယ်... ရှန်းရွှေလက်ဆောင်ဆန်အကြောင်းသိချင်နေတာ''

ချင်လင်ကချက်ချင်းပြောသည်။

ချင်းလင်ဓာတ်ခွဲခန်းတွင် ချင်းလင်ဖရဲသီး၊ ရှန်းရွှေလက်ဆောင်ဆန်၊ ကိုလာသီး၊ အလှအပသခွားသီး၊ သန့်စင်မြက်နှင့် သုံးရောင်စပ်ဖရဲသီးကဲ့သို့ ပစ္စည်းကောင်းများစွာရှိသည်။

ဒီပစ္စည်းတွေကအံ့ဩစရာကောင်းပြီး ကြော်ငြာသည်နှင့်စျေးကွက်ကိုတန်းသိမ်းပိုက်နိုင်သော်လည်း ဒီအတိုင်းပဲထားမည့်သဘောမဟုတ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ဆယ်စုနှစ်က လေယာဉ်တွေ၊ကားတွေ ဘယ်လိုပုံလဲ? အခု ဘယ်လိုပုံလဲ?

ဘယ်ပစ္စည်းဖြစ်ဖြစ် သိပ္ပံသုတေသနနဲ့တိုးတက်အောင်လုပ်နိုင်သည်။

ဒါကလည်း သိပ္ပံသုတေသနရဲ့အရေးပါမှုပင်။

ချင်လင်ဓာတ်ခွဲခန်းလည်း အတူတူဖြစ်သည်။ ချင်းလင်ဓာတ်ခွဲခန်းတွင် ပစ္စည်းအသီးသီးကိုလေ့လာရန် သုတေသနအဖွဲ့ငယ်များဖွဲ့ထားသည်။

နောက်ပြီး ဒီပစ္စည်းတွေကြောင့် ချင်းလင်ဓာတ်ခွဲခန်းက သူများထက်ပိုပြီးတာထွက်ကောင်းခဲ့သည်။

ထို့ကြောင့် ရှန်လီက ဓာတ်ခွဲခန်းအတွက်တောက်လျှောက်လူခေါ်ပေးရသည်။ လီခိုင်ကလည်း လုပ်ရည်ကိုင်ရည်ရှိသောသီးနှံသုတေသနသမားများကိုဆက်သွယ်ပေးသည်။

သူများတွေက ငွေအကုန်အကျခံ၊အပင်ပန်းခံပြီး

ဒီပစ္စည်းတွေကိုတုပလာတဲ့အခါ ချင်းလင်ဓာတ်ခွဲခန်းက သုတေသနကြောင့် နောက်တစ်ဆင့်ရောက်နေလောက်ပြီ။

ရလဒ်အနေနဲ့ အပြင်ဓာတ်ခွဲခန်းတွေကဘယ်လောက်ပဲထိုးဖောက်ဖို့ကြိုးစားကြိုးစား၊ ချင်းလင်ဓာတ်ခွဲခန်းနောက်မှာကျန်ခဲ့မည်။

နောက်ဆုံး ဒါကိုကျော်တက်နိုင်သေးရင် ချင်းလင်ဓာတ်ခွဲခန်းကလူတွေညံ့လို့၊ ဒါမှမဟုတ် တစ်ဖက်ကလှည့်စား၍သာဖြစ်မည်။

ရှန်းရွှေလက်ဆောင်ဆန်နာမည်ကြီးသော်လည်း သုတေသနကမရပ်။ အထူးသဖြင့် မင်မြို့တော်စီရင်စုအသီးသီးတွင် ရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းသပ်စိုက်ပျိုးနေသည်။

နောက်ပြီး ပတ်ဝန်းကျင်သက်ရောက်မှုမရှိသောရှန်းရွှေလက်ဆောင်ဆန်ကိုထုတ်ရန် ရှန်းရွှေလက်ဆောင်ဆန်စိုက်သောပတ်ဝန်းကျင်နှင့်အထွက်နှုန်းကိုလေ့လာသော အထူးပြုအဖွဲ့ရှိသည်။

ခက်ခဲသည်ဆိုသော်လည်း သိပ္ပံသုတေသနမှာ ခက်ခဲရုံနှင့်လက်လျှော့ရသောအရာမဟုတ်။

နောက်ပြီး ချင်းလင်ဖရဲသီးနှင့်သန့်စင်မြက်ကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှာ ဝင်ငွေမရှားပေ။

ချင်လင်က ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ လီခိုင်နောက်လိုက်ပြီး ထိုအဖွဲ့၏သုတေသနကိုစစ်ဆေးကြည့်သည်။

ထိုအဖွဲ့တွင် သုတေသနသမား ၆ ယောက်ပါပြီး လီခိုင်ကအထူးတာဝန်ယူထားသည်။

သုတေသနသမားတစ်ယောက်က လီခိုင်ကိုမြင်သည်နှင့်နှုတ်ဆက်ပြီး_

"ပါမောက္ခလီ... ပါမောက္ခညွှန်ကြားတဲ့အတိုင်း စိုက်ပျိုးတဲ့ပတ်ဝန်းကျင် ၆ မျိုးဖန်တီးထားပါတယ်''

သုတေသနသမားက လီခိုင်နောက်မှချင်လင်ကိုတွေ့သောအခါ ချက်ချင်းရိုရိုသေသေနှင့်_

"ဥက္ကဌချင်''

ချင်လင်ကခေါင်းညိမ့်ပြပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ နှစ်ဆတိုးမျိုးပြောင်းဆန်ကို ဘယ်သူမှမသိအောင် ဘယ်လိုခိုးထည့်ရမလဲ သူလိုက်ကြည့်သည်။

သို့ရာတွင် သူစမ်းသပ်မည့်စိုက်ခင်းကနည်းနည်းထူးခြားကြောင်း သတိထားမိသည်။ အနက်ရောင်မြေကြီးတစ်မျိုးနှင့်ရောထားသည်။

သူလုပ်ရကိုင်ရလွယ်သွားပြီ။

အထူးမြေကြီးနဲ့ဆို ဘာမျိုးစေ့ပစ်ပစ် ရှင်နိုင်သည်။

လီခိုင်ကအနားကပ်လာပြီး တိုးတိုးပြောသည်_

"ညီလေးချင်... ပုံမှန်မဟုတ်တာ သတိထားမိတယ်မလား? ဒီတစ်ခါ ဟိုနေရာကအထူးမြေကြီးယူပြီး အထူးအပင်ဖြန်းဆေးရည်လည်းလုပ်ထားတယ်''

"ဒီတစ်ခါ ပတ်ဝန်းကျင် ၆ မျိုးလုပ်ထားတာ... အထူးမြေကြီးနဲ့ဆို ရှန်းရွှေလက်ဆောင်ဆန်က မျိုးပြောင်းမှာပဲ... ဒါပေမဲ့ စိတ်မပူနဲ့... သူတို့အထူးမြေကြီးအကြောင်းမသိဘူး... ငါသေချာပြင်ဆင်ထားတဲ့မြေဩဇာလို့ထင်ကြမှာ''

သူ့စကားနားထောင်ရင်း ချင်လင်ကတန်းရယ်ပြီး_

"အစ်ကိုလီက ဒီလောက်ယုံကြည်မှုရှိတော့လည်း သတင်းကောင်းစောင့်ရတာပေါ့''

"သေချာတာပေါ့!''

လီခိုင်က သုတေသနသမားများကိုပြုံးပြပြီး ပတ်ဝန်းကျင် ၆ မျိုးတွင် ပျိုးပင်စစိုက်သည်။

ထိုလူများက အလုပ်စသောအခါ ချင်လင်ကိုတောင်အာရုံမစိုက်တော့။ သိပ္ပံသုတေသနသမားများအလုပ်လုပ်လျှင် စိတ်နစ်ဝင်သွားတတ်သည်။

ချင်လင်ကတုံ့ဆိုင်းမနေ။ ထိုလူများအာရုံပြောင်းသည်နှင့် ငုတ်တုတ်ထိုင်ချပြီး ကြည့်ရှုစစ်ဆေးချင်ယောင်ဆောင်သည်။ ထို့နောက် စပါးကျဲထားသောအကွက်ထဲ မျိုးစေ့ချလိုက်သည်။

သူကလုပ်ပြီးသည်နှင့် လက်များကိုသပ်ပြီး ပြုံးလိုက်သည်။

ဒီတစ်ခါ အစ်ကိုလီ နာမည်ခံရပြန်ပြီ!

လီခိုင်က လူတချို့နှင့် သုတေသနပျိုးပင်များစစ်ဆေးကြည့်ရာပြဿနာမရှိ။ ချင်လင်ကိုလှည့်ကြည့်လိုက်သောအခါ သူကငုတ်တုတ်ထိုင်ပြီး စပါးမျိုးစေ့များကိုစစ်ဆေးနေသည်ကိုတွေ့၍ အမှတ်တမဲ့ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ယူထားလိုက်သည်။

သူနာမည်ခံလက်မှတ်ထိုးရတဲ့အခါ ညီလေးချင်ရဲ့နာမည်ကိုလည်းထည့်မည်။ ဒီပုံက သက်သေပင်။

လီခိုင်တွေးတောနေစဉ် ဖုန်းမြည်လာသည်။ သူကနံပါတ်ကိုကြည့်ပြီး ချက်ချင်းကိုင်လိုက်၏_

"အမေ... ရှိုးဝမ်မွေးပြီလား? ဘာလို့ဆေးရုံသွားတာလဲ? အပန်းဖြေစံအိမ်မှာ သားဖွားခန်းရှိတယ်မလား? ဟုတ်ပြီ... ကျွန်တော်ချက်ချင်းလာမယ်!''

လီခိုင်ကဖုန်းချပြီး ချင်းလင်ဓာတ်ခွဲခန်းအပြင်ထွက်လာသည်။ သူခေါ်တဲ့'အမေ'ဆိုတာ ထန်ရှိုးဝမ်အမေပင်။

"ဘာဖြစ်လို့လဲ အစ်ကိုလီ? ဒေါက်တာထန်မွေးတော့မှာလား?''

ချင်လင်ကလည်း မေးရင်းမြန်းရင်း ချက်ချင်းလိုက်လာသည်။

လီခိုင်ကခေါင်းညိမ့်ပြီး_

"အင်း... ရှိုးဝမ်မွေးတော့မယ်... ဒီနေ့ အမေနဲ့စျေးဝယ်သွားတာ... ဒါပေမဲ့ ဒီလောက်စောမယ်မထင်မိဘူး... စီရင်စုဆေးရုံနားမှာဆိုတော့ အရင်ဆုံး စီရင်စုဆေးရုံ OG နဲ့ပြရမယ်''

“အင်း!”

ချင်လင်ခေါင်းညိမ့်လိုက်သည်။

ကလေးမွေးတာတကယ်အရေးကြီးသောကြောင့် သူကလီခိုင်ကို စီရင်စုဆေးရုံဆီမောင်းပို့ပေးသည်။

သားဖွားမီးယပ်ဌာနတွင် ထန်ရှိုးဝမ်အမေက လီခိုင်ကိုမြင်လျှင် ချက်ချင်းပြေးလာပြီး_

"လီခိုင်... ရှိုးဝမ်ကရုတ်တရက်ကြီးမွေးမယ်လို့ ငါတကယ်မထင်မိဘူး''

လီခိုင်က အမြန်နှစ်သိမ့်ပေးလိုက်သည်_

"အမေ ရပါတယ်... တမင်လုပ်တာမှမဟုတ်တာ... အခု ရှိုးဝမ်ဘယ်လိုနေသေးလဲ?''

"သားဖွားခန်းထဲရောက်နေပြီ''

ထန်ရှိုးဝမ်အမေကဖြေသည်_

"ဆရာဝန်က အဆင်ပြေတယ်ပြောတယ်''

"ကောင်းတယ် ကောင်းတယ်''

လီခိုင်သက်ပြင်းချလိုက်သည်။ ပထမဆုံးဖခင်ဖြစ်မည့်အတွေ့အကြုံ​ဖြစ်သောကြောင့် နိုးနိုးကြားကြားဖြစ်နေသောချင်လင်ကိုတောင်မေ့သွားသည်။ သူကချက်ချင်း သားဖွားခန်းရှေ့သွားပြီး စိုးရိမ်တကြီးနှင့်စောင့်နေ၏။

လီခိုင်စိုးရိမ်နေပုံကိုကြည့်ပြီး ချင်လင်ကသူ့ကိုယ်သူတွေးမိသည်။ နောင် ကျောက်မိုချင်းမွေးတော့မည့်မြင်ကွင်းကိုမြင်ယောင်လာသည်။

ထန်ရှိုးဝမ်က ဒုတိယကလေး​ဖြစ်သောကြောင့် နှစ်နာရီအကြာတွင် သားဖွားခန်းပွင့်လာသည်။ အားလုံးအဆင်ချောတဲ့သဘော။

"ဂုဏ်ယူပါတယ်... မိန်းကလေးပါ!''

ဆရာဝန်ကလည်းထွက်လာပြီး သူ့ကိုဂုဏ်ပြုသည်။

"ကောင်းတယ် ကောင်းတယ်!''

လီခိုင်ပြုံးရွှင်နေသည်။ ထန်ရှိုးဝမ်ကိုယ်ဝန်က မိန်းကလေးမှန်း သူတို့နှစ်ယောက်လုံးသိပြီးသား။ အပန်းဖြေစံအိမ်မှာ စမ်းသပ်ကြည့်ထားသည်။

ထိုသတင်းကြားပြီး ချင်လင်က ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့ကိုတွေးမိသည်။ သူတို့အားလုံးမှာသမီးချည်း။ ကြည့်ရတာ ချင်းလင်ဆေးဖက်ဝင်ဝိုင်နှင့်ကလေးရပြီး မိန်းကလေးမှန်းသိ၍ မိသားစုကနာမည်ပေးထားခြင်းဖြစ်မည်။

သူတို့အားလုံး သမီးချင်းပြိုင်ကြသည်။

သူလည်း ကျောက်မိုချင်းကိုယ်ဝန်ကိုတွေးမိသည်။ မိန်းကလေးမဟုတ်နိုင်ပါဘူးနော်?

ကျောက်မိုချင်းကို မစစ်ကြည့်ရသေး။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်​ဖြစ်၊ သူတို့နှစ်ယောက်အဖို့တော့ သူတို့ကလေးက သူတို့ကလေးသာ။ ဘာမှထူးခြားမှုမရှိပေ။

ထိုအချိန်တွင် လီခိုင်ကရုတ်တရက်ပြုံးလိုက်ပြီး ချင်လင်အား_

"ညီလေးချင်... ငါသမီးလေးမွေးတယ်... မင်း မိုချင်းကိုသားမွေးခိုင်း... အချိန်တန်ရင် ငါ့သားမက်ဖြစ်လာအောင်လို့... ချန်ရှန်းဖေတို့ မာလဲ့ဝမ် လီရှင်းတို့သမီးတွေက ငါ့သမီးလောက်ကြည့်ကောင်းမှာမဟုတ်ဘူး!''

“ကျွတ် ကျွတ်''

ချင်လင်မှင်သက်သွားသည်။

အရင်တစ်ခေါက်က ဒီလူတွေသူ့ကလေးကိုမျက်စိကျနေတာ၊ အခုထိ မမေ့သေးပဲကိုး?

တကယ်ဝဋ်ကြီးတဲ့ကလေး။ သူ့အမေဗိုက်ကတောင် မထွက်ရသေးဘူး။ မိန်းမတွေတန်းစီနေပါရော။ တကယ် တကယ်!

ချင်လင်က လီခိုင်ကိုမျက်စိစွေကြည့်ပြီး အလိုက်တသိထွက်လာသည်။

အစ်ကိုလီတို့မိသားစုကိုအချိန်ပေးရမယ်ဟုတ်?

ချင်လင်ကဆေးရုံထဲမှထွက်ပြီး သူ့ကားဆီလျှောက်လာရာ ဆေးရုံဝင်ပေါက်တွင် တစ်ယောက်တစ်ခွန်းအော်နေသောစုံတွဲတစ်တွဲကိုတွေ့ရသည်။

ယောက်ျားဖြစ်သူက အသည်းအသန်ပင်_

"ဘာလို့ဒီလိုလုပ်ရတာလဲ? ငါတို့အိမ်ထောင်သက် ၁၆ နှစ်ရှိပြီ... ကလေးသုံးယောက်လုံးက ငါ့ကလေးမဟုတ်ဘူးတဲ့... ဘာလို့ ငါ့ကိုဒီလိုလုပ်ရတာလဲ?''

ယောက်ျားက လည်ချောင်းကွဲမတတ်အော်ပြီး သူ့ခေါင်းသူထုရိုက်နေသည်။

မိန်းမဖြစ်သူက ယောက်ျားကိုမကျေနပ်။ သူမကပိုပြီးအသံမာမာနှင့်_

"သွေးသားတော်စပ်တာ အဲလောက်အရေးကြီးလို့လား? ကလေးက ရှင့်ကိုအဖေခေါ်တာ ၁၀ နှစ်ကျော်နေပြီ... ရှင်က တိရစ္ဆာန်ထက်ဆိုးတယ်... သူများကလေးကိုမွေးစားတယ်လို့သဘောမထားနိုင်ဘူးလား?''

သူတို့ကိုအားလုံးကဝိုင်းကြည့်ပြီး အံ့ဩပုံနှင့်ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ဘာကိုအံ့ဩသလဲက အားလုံးအသိ။

ချင်လင်က သူတို့ကိုကြည့်ပြီး မှင်တက်နေသည်။

ဒီကမ္ဘာကြီးမှာ ဝမ်းသာတဲ့သူတွေရှိသလို ဝမ်းနည်းကြေကွဲသူတွေလည်းရှိနေသည်။ ထူးဆန်းတဲ့ကိစ္စတွေ၊ ထူးဆန်းတဲ့လူတွေ နေရာတကာမှာရှိနေကြသည်။

All Chapters