← Chapters

နောက်နေတာလား? တော်ရုံဝိုင်ထင်လား?

Vol. 63 Ch. 942

နောက်နေတာလား? တော်ရုံဝိုင်ထင်လား?

Vol. 63 Ch. 942

ချင်လင်ကသူ့ရုံးခန်းထဲတွင် နေ့စဉ်တာဝန်များလတ်စသတ်နေစဉ် လီရှင်းရောက်လာပြီး_

"ချင်လင် ငါလာပြီ... ဝိုင်လုပ်ငန်းထဲသွားရအောင်''

"အခုပဲရောက်တယ်... ဘာလို့အရမ်းလောနေတာလဲ?''

ချင်လင်ကခေါင်းခါပြီးမေးသည်။

"ဒီဝိုင်တစ်သုတ်ကိုစောင့်နေတာ ကြာပြီကွ''

လီရှင်းက ချင်လင်ကိုရုံးခန်းအပြင်ဆွဲခေါ်ရင်းပြောသည်။

ဝိုင်အကြောင်းဆို သူကလူတိုင်းထက်ပိုလောသည်။

ချင်လင်မှာ ခေါင်းသာရမ်းနိုင်သည်။

လီရှင်းပြောတဲ့ဝိုင်က အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နဲ့စိမ်သောချင်းလင်ဆန်အရက်ဖြစ်သည်။

အရက်ဖြူကို စိမ်ပြီးပြီးချင်းမရောင်း။ အသစ်ကို လပိုင်း ဒါမှမဟုတ် နှစ်ဝက်လောက်သိုလှောင်ထားသည်။

ဒီချင်းလင်ဝိုင်တစ်သုတ်ကို အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားပြီး အရသာ +၂ ရှိသော်လည်း အရက်ဖြူ၏စူးရှရှနှင့်ဝိုင်နံ့မထွက်သေးသောကြောင့် သိုလှောင်ထားဖို့လိုသည်။

အရင်က လီရှင်း နည်းနည်းအိမ်ပြန်ယူသွားသော်လည်း ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းမှာထားတာလောက် အာနိသင်ရှိမည်မဟုတ်။

အခုဝိုင်သိုလှောင်ခန်းမှထုတ်တော့မည်ဖြစ်၍ ဝိုင်ချစ်သူလီရှင်းက အပြေးအလွှားရောက်လာသည်။

ဒါရှန်းရွှေလက်ဆောင်ဆန်နဲ့ ပထမဆုံးအကြိမ်ချင်းလင်ဝိုင်စိမ်ခြင်းပင်။ ရှေ့လျှောက် ချင်လင်ရဲ့ရှန်းရွှေလက်ဆောင်ဆန်တွေအကုန် အသုတ်လိုက်ခွဲပြီးဝိုင်စိမ်ရင်တောင် ဒီတစ်သုတ်ရဲ့တန်ဖိုးနဲ့အဓိပ္ပါယ်ကထူးခြားသည်။

ပြီးတော့ ဝိုင်ရဲ့ ၂၀% က သူ့ဟာ!

ချင်လင်နှင့်လီရှင်း အပန်းဖြေစံအိမ်ဧည့်ခန်းထဲရောက်သောအခါ လင်းလျိုတို့အမျိုးသမီးသုံးဦးနှင့် အဖွဲ့ထဲဝင်ခါစ ထန်ရှိုးဝမ်တို့ကိုအတူတူတွေ့ရသည်။

ကျောက်မိုချင်းကလည်း ကလေးကိုဘယ်လိုပြုစုရမည့်အကြောင်း စနည်းနာနေသည်။ ကလေးမမွေးခင် အမေဖြစ်နှင့်ပြီ။

သူတို့ကြောင့် အပန်းဖြေစံအိမ်ကစည်ကားနေသည်။ တော်ဝင်ပညာရှင်လီတို့ပဲ အပန်းဖြေနေရင် စံအိမ်ကနည်းနည်းတိတ်ဆိတ်သည်။

နောက်ပြီး ကျောက်မိုချင်းကိုယ်ဝန်ဆောင်နေသည့်အတောအတွင်း ချင်လင်ကနောက်ထပ်ဧည့်သည်ထားဖို့အစီအစဉ်မရှိ။

အမျိုးသမီးများကိုနှုတ်ဆက်ပြီးနောက် ချင်လင်နှင့်လီရှင်းက ချင်းလင်ဝိုင်လုပ်ငန်းဘက်ထွက်လာသည်။

အခုချင်းလင်ဝိုင်လုပ်ငန်းက အရင်ထက်အများကြီးပိုကြီးလာပြီဖြစ်၍ တောင်တက်လမ်းတစ်ဝက်တွင်ဝင်ပေါက်ထားပြီး လုံခြုံရေးအစောင့်များနှင့် အထူးစောင့်ကြပ်သည်။

ဥက္ကဌပေါင်ယူသွားသော နှစ် ၇၀ ချင်းလင်ဝိုင်က နိုင်ငံတကာအရက်ဖလှယ်ပွဲတွင် နိုင်ငံခြားဝိုင်များကိုအနိုင်ရခဲ့သောကြောင့် ချင်းလင်ဝိုင်နာမည်က မောက်ထိုက်ကိုကျော်တက်ပြီး စုဆောင်းတန်ဖိုးကလည်း မောက်ထိုက်ထက်သာနေသည်။

ချင်လင်နှင့်လီရှင်းရောက်သောအခါ ဆရာမာကအသင့်စောင့်နေသည်။

သူတို့နှစ်ဦးကိုမြင်မြင်ချင်း ဆရာမာကဝမ်းသာအားရနှင့်_

"ဥက္ကဌချင်... လူကြီးမင်းလီ... ရောက်လာပြီလား''

"ဆရာမာ... ဝိုင်တွေကဘယ်လိုနေလဲ?''

လီရှင်းက တွေ့တွေ့ချင်းမေးသည်။

ဆရာမာက အခိုင်အမာပြောသည်_

"ကျုပ်ကိုယ်တိုင်စောင့်ကြည့်တာပါ... ပြဿနာမရှိဘူး... အခုအပေါ်သွားရအောင်!''

ဆရာမာကပြောရင်းဆိုရင်း ဝိုင်လုပ်ငန်းထဲစီးသောယာဉ်တစ်စီးပေါ်တက်သည်။ လုံခြုံရေးအစောင့်ကဝင်ခွင့်ပေးသောအခါ အထဲမောင်းဝင်လိုက်သည်။

ဝိုင်လုပ်ငန်းချဲ့ထွင်သည်နှင့် ဝိုင်သိုလှောင်ခန်းများထပ်ဆောက်ထားသည်။ ဝိုင်သိုလှောင်ခန်းအသစ်မှအနံ့ကောင်းကောင်းနှင့်ဝိုင်ကောင်းထွက်ဖို့မလွယ်။ လီရှင်းကဝိုင်လုပ်နည်းဖော်မြူလာပေးခဲ့သောကြောင့်သာ ဝိုင်အသစ်က အဆင့်အတန်းမြင့်လာသည်ဟုဆိုနိုင်သည်။

အမှန်အတိုင်းဆိုရရင် နာမည်ကြီးဝိုင်များမှာ သူတို့နာမည်ရအောင် အလယ်အလတ်နှင့်အထက်တန်းစားအများစုကိုလွှမ်းမိုးထားသည်။ အဆင့်နိမ့်ဝိုင်များနှင့်ကွာခြားချက်ရှိသော်လည်း ကွာဟချက်က ဒီလောက်မဟုတ်။

ဥပမာ မောက်ထိုက်ကိုကြည့်ပါ။ စျေးကွက်ထဲမှမောက်ထိုက်အသစ်က ပိုကောင်းမလာသော်လည်း စျေးပိုကြီးလာသည်။ အားလုံးက နာမည်ကြောင့်ပင်။

ပွင့်ပွင့်လင်းလင်းပြောရရင် အဆင့်နိမ့်ဝိုင်ဝယ်သူအများစုက ဝိုင်ကောင်းမကောင်းမပြောနိုင်။ နာမည်ကြီးသောကြောင့် သောက်ချင်သောက်မည်။ ဒီနေ့ မောက်ထိုက်သောက်ခဲ့သည်ဟုထင်ကောင်းထင်မည်။ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုကြောင့် ဝိုင်အရသာပိုကောင်းသည်ဟုခံစားရမည်။

ချင်းလင်ဝိုင်မှာ ဒီအယူအဆရှိသည်။

ရှေ့လျှောက် ချင်းလင်စံအိမ်ဝိုင်သိုလှောင်ခန်းအသစ်မှထွက်သောဝိုင်မှာအဆင့်နိမ့်ပြီး စျေးသိပ်ကြီးမည်မဟုတ်။ အဲဒီဝိုင်က မောက်ထိုက်ဝိုင်သိုလှောင်ခန်းမှဝိုင်အသစ်ထက်စျေးကြီးရင်ရပြီ။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဝိုင်က မောက်ထိုက်ထက်နာမည်ကြီးနေပြီ။

အလယ်အလတ်တန်းစားဝိုင်မှာ ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းထဲလှောင်ထားသောဝိုင်ဖြစ်မည်။ ဆယ်စုနှစ်ချီသောဝိုင်သိုလှောင်ခန်းကြောင့် ဝိုင်အသစ်က ဝိုင်နံ့ကောင်းမည်။

နောက်နောင်မှာ ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းထဲတွင်လှောင်ထားသော အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်ဝိုင်က အထက်တန်းစားဖြစ်မည်။

အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ဝိုင် ဒါမှမဟုတ် သူဂိမ်းထဲဆယ်စုနှစ်ချီလှောင်ထားသောဝိုင်များမှာ ဂန္တဝင်ဝိုင်များဖြစ်ပြီး အလွယ်တကူမရနိုင်။

အရင်တစ်ခါ နှစ် ၇၀ ချင်းလင်ဝိုင်ကို အရက်ဖြူအဖွဲ့အစည်းအား ယွမ်သန်း ၂၀ နှင့်ရောင်းခဲ့ကြောင်းသိထားကြသည်။ နိုင်ငံတကာအရက်ဖလှယ်ပွဲအပြီးတွင် ပိုစျေးကြီးလာသည်။

ဝိုင်စက်ရုံထဲရောက်သောအခါ ဆရာမာကကားပေါ်မှဆင်းပြီး ချင်လင်နှင့်လီရှင်းကိုဘေးဘက်ခေါ်သွားသည်။ ချဲ့ထွင်ထားသောကြောင့် စက်ရုံဝင်ပေါက်က ဘေးရောက်သွား၏။

“ဆရာမာ!”

“ဆရာမာ!”

“……”

ဆရာမာဖြတ်လျှောက်လာစဉ် ဝိုင်လုပ်ငန်းထဲမှလူငယ်များက တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်သောကြောင့် သူဝမ်းသာနေသည်။

အရင်က ဝိုင်လုပ်ငန်းမှာပိတ်လုဆဲဆဲအခြေအနေအထိရောက်ခဲ့ပြီး ဝိုင်လုပ်ငန်းမှာလုပ်ချင်သူလူငယ်မရှိသောကြောင့် အလုပ်သင်နည်းလာသည်။

အခုအခြေအနေက မတူတော့။ လူငယ်အတော်များများက ဝိုင်လုပ်ငန်းမှာအလုပ်ရအောင် အမျိုးမျိုးကြံစည်ကြသည်။ တချို့က သူတို့မိသားစုအဆက်အသွယ်များကိုသုံးကြသည်။

အခု ဝိုင်လုပ်ငန်းတစ်ခုလုံးက အင်တိုက်အားတိုက်ဖြစ်နေပြီ။ သူ့တစ်ဘဝလုံးဒီမှာလုပ်ခဲ့၍ သူကျေနပ်အားရသည်။

ချင်လင်နှင့်လီရှင်းက ဆရာမာနောက်လိုက်ရင်း ဘေးဘက်မှဝိုင်သိုလှောင်ခန်းထဲဝင်လိုက်သည်။ အခန်းထဲရောက်ရောက်ချင်း ဝိုင်နံ့ကမွှေးလာသည်။

ဒီဝိုင်သိုလှောင်ခန်းက သာမန်ဝိုင်လုပ်ငန်းကြီးများမှဝိုင်သိုလှောင်ခန်းထက်မညံ့။ အစပိုင်းရှာတွေ့သောဆယ်စုနှစ်ချီဝိုင်တစ်သုတ်မှာ ဝိုင်လုပ်ငန်းကြီးများမှထွက်နိုင်သောအရာမဟုတ်ချေ။

ချင်လင်စိမ်သောဆေးဖက်ဝင်ဝိုင်တချို့မှလွဲ၍ ဝိုင်လုပ်ငန်းတွင်ကျန်သောဝိုင်များမှာ ဝိုင်လုပ်ငန်းအတွက်အဓိကဖြစ်သည်။ ထိုဝိုင်များက ဆရာမာ ဝိုင်လုပ်ငန်းအတွက်ချန်ထားသောအကြီးဆုံးအမွေပင်။

အခု အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်စိမ်ထားသော ဒီချင်းလင်ဝိုင်တစ်သုတ်လည်းရှိလာပြီ။ ဒါ ဘယ်ဝိုင်လုပ်ငန်းကမှ လုံးဝမထုတ်နိုင်သောအရာပင်။

All Chapters