တကယ့်ဝိုင်သစ်! လေလံပွဲစစချင်း လန့်စရာ! ၂
Vol. 63 Ch. 945
ဥက္ကဌပေါင်က စူးစမ်းလိုက်သည်_
"လီရှင်း... ချင်းလင်ဝိုင်လုပ်ငန်းမှာ ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်တဲ့ချင်းလင်ဝိုင်မရှိဘူးမလား? ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်က ဝယ်ရခက်တယ်... ချင်းလင်ဝိုင်လုပ်ငန်းက ဝိုင်လုပ်ဖို့သာမန်ရှန်းရွှေလက်ဆောင်ဆန်တောင် ကတ်တီများများမရနိုင်ဘူးမလား? အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်ဆိုမပြောနဲ့တော့''
ဒါက အဓိကအချက်။
လီရှင်းကပြုံးပြီး_
"ချင်းလင်ဝိုင်လုပ်ငန်းက ဒီတစ်ခါချင်းလင်ဝိုင်စိမ်ဖို့ ရှန်းရွှေလက်ဆောင်ဆန်သိပ်မသုံးရဘူး... ဒါပေမဲ့ ကတ်တီသုံးလေးဆယ်ကျော်တယ်... ကျွန်တော်တို့မှာ ကတ်တီ ၁၀၀ ကျော်ကျန်သေးတယ်''
"ပြီးတော့ ဒါချင်းလင်ဝိုင်လုပ်ငန်းက ရှန်းရွှေလက်ဆောင်ဆန်နဲ့လုပ်တဲ့ဝိုင် ပထမဆုံးအသုတ်ပဲ... အဓိပ္ပါယ်ထူးခြားတယ်''
သူ့စကားကြောင့် ဥက္ကဌလျိုတို့လုံးဝမှင်တက်သွားသည်။
ချင်းလင်ကုမ္ပဏီရဲ့နောက်ကွယ်ကသူဌေးက အစွမ်းအစရှိမှန်းသိပေမဲ့ ဒါကြီးကမများလွန်းဘူးလား?
ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၁၀၀ ကျော်သုံးပြီးဝိုင်စိမ်တာ။ ပြီးတော့ အရင်ကလုံးဝမကြားဖူးတဲ့အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်တဲ့။ အုတ်အော်သောင်းတင်းဖြစ်တော့မှာပဲ။
ဒါကြောင့် မနှစ်ကမှစိမ်တဲ့ချင်းလင်ဝိုင်က အရမ်းအရသာရှိနေတာကိုး။
ထို့ကြောင့် တစ်ခါတလေ မထင်မရှားက လူတွေကိုဆွဲဆောင်နိုင်သည်။ မထင်မရှားက လျှို့ဝှက်ဆန်းကြယ်သည်။ အခုအရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်က ဥက္ကဌပေါင်တို့အတွက်အလွန်ဆန်းကြယ်နေသည်။
အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်ကို သူတို့မစားဖူးသောကြောင့်ပင်။
ထို့နောက် သူတို့အာရုံကဝိုင်ဆီပြန်ရောက်သွားသည်။
"လီရှင်း... မင်း သူဌေးချင်နဲ့အရမ်းရင်းနှီးတယ်မလား?''
ဥက္ကဌပေါင်က အလောတကြီးမေးသည်_
"ငါတို့ကိုသူဌေးချင်နဲ့မိတ်ဆက်ပေးပြီး နည်းနည်းရောင်းပေးဖို့ပြောပေးပါလား?''
"ဟုတ်တယ်''
ဥက္ကဌလျိုက ဝင်ပြောသည်_
"တကယ်ခက်တယ်... သူဌေးချင်ဆီက တစ်ပုလင်းတောင်းရမယ်!''
တခြားသူများကလည်း လီရှင်းကိုကြည့်လိုက်ကြသည်။
ဝိုင်အရသာခံပြီးနောက် ကောင်းမှန်းသိကုန်ကြသည်။ ဝိုင်အသစ်ကအရသာရှိလွန်း၍ သုံးလေးနှစ်ကြာရင် အကောင်းဆုံးဖြစ်လာနိုင်သည်။
နောက်ပြီး အရည်အသွေးမြင့်ရှန်းရွှေလက်ဆောင်ဆန်ကတ်တီ ၁၀၀ ကျော်နဲ့ ဘယ်သူကလုပ်နိုင်လို့လဲ? တစ်ခုတည်းသောအသုတ်ဖြစ်ပြီး စုဆောင်းတန်ဖိုးတက်လာနိုင်သည်။ နောင်ကျရင် ဂုဏ်ယူစရာဖြစ်လာလိမ့်မည်။
လီရှင်းကနားထောင်ရင်း သူ့ရည်ရွယ်ချက်အထမြောက်ပြီဖြစ်၍ ချက်ချင်းပင်_
"အားလုံးပဲ... ကျွန်တော့်ကိုဒီလိုတောင်းဆိုနေစရာမလိုပါဘူး... ကျွန်တော်သိသလောက်တော့ ချင်းလင်ဝိုင်လုပ်ငန်းက ဒီချင်းလင်ဝိုင်တစ်သုတ်ကို နှစ်ရက်အတွင်း ချင်းလင်စံအိမ်တရားဝင်အကောင့်မှာတင်ပြီးလေလံဆွဲလိမ့်မယ်... ခင်ဗျားတို့ဘာသာသွားဆွဲကြပါ... ပမာဏတော့ မပြောတတ်ဘူး''
သူ့စကားကြောင့် ဥက္ကဌပေါင်၊ဥက္ကဌလျိုတို့ ဝမ်းသာသွားသည်။
ဒီဝိုင်ရအောင်ယူရမည်။ ရနိုင်တဲ့နေရာရှိသရွေ့ ငွေရေးကြေးရေးကပြဿနာမဟုတ်။ လေလံမှာအမြင့်ဆုံးစျေးပေးသူကရမည်။ ပိုက်ဆံသုံးနိုင်သလောက်သုံးရုံသာ၊ ဘယ်သူ့ကျေးဇူးကျွေးမှတင်စရာမလို။
အားလုံးကမြန်မြန်ဆန်ဆန်ပင် လေလံပွဲမှာဝင်ဆွဲမည့်အကြောင်းဆွေးနွေးကြသည်။ အွန်လိုင်းလေလံအကြောင်းမသိသူက ဘေးလူကိုစပ်စုကြသည်။
လီရှင်းက သူတို့ကိုကြည့်ပြီးရယ်လိုက်သည်။
သူ့တာဝန်ပြီးပြီ!
နှစ်ရက်ကုန်လွန်သွားသည်။
လင်းလန်ဇီလည်း ချင်လင်ကိုအစီရင်ခံရန် အပန်းဖြေစံအိမ်ရုံးခန်းထဲရောက်နေသည်_
"သူဌေးချင်... ရှင်စီစဉ်ခိုင်းတဲ့ချင်းလင်ဝိုင်လေလံပွဲပြီးတော့မယ်... live မှာ လေလံကိုတန်းချိတ်လိုက်ရုံပါပဲ... ပြီးတော့ ဒါတရားဝင်အကောင့်မှာတင်မယ့်ဗီဒီယိုပါ... ကြည့်ကြည့်ပါဦး''
ချင်လင်က ဗီဒီယိုယူကြည့်လိုက်သည်။ ဗီဒီယိုအကြောင်းအရာကရှင်းသည်။ လေလံဆွဲမည့်အကြောင်းကိုနားလည်လွယ်အောင်ရှင်းပြထားသည်။
ချင်လင်ကဗီဒီယိုကြည့်ပြီး လင်းလန်ဇီကိုပြန်ပေးကာ_
"ရပြီ... ဒီဗီဒီယိုတင်ရအောင်... တစ်ရက်လောက်ကြော်ငြာထားပြီး မနက်ဖြန်လေလံစဆွဲကြမယ်''
လင်းလန်ဇီခေါင်းညိမ့်လိုက်သည်။ ဗီဒီယိုပြန်ယူပြီးနောက် ချင်းလင်စံအိမ်မာတီမီဒီယာဌာနပြန်လာကာ ချင်းလင်စံအိမ်တရားဝင်အကောင့်တွင်ဗီဒီယိုတင်ခိုင်းလိုက်သည်။
ချင်းလင်စံအိမ်တရားဝင်အကောင့်မှာ ပရိသတ်ကကြောက်စရာကောင်းလောက်အောင်တက်နေပြီး ဗီဒီယိုတင်တင်ချင်းမြင်သွားကြသည်။
ပရိသတ်အတော်များများက စိတ်ဝင်စားကြ၏။
ဒါ ချင်းလင်ဝိုင်လေလံပွဲ။
ချင်းလင်ဝိုင်က မောက်ထိုက်ထက်နာမည်ပိုကြီးပြီး စုဆောင်းတန်ဖိုးပိုမြင့်မှန်းသိကြသည်။ အတော်များများက ဝယ်စုချင်ကြသည်။
ချင်းလင်ဝိုင်ရောင်းပြီး အိမ်ဝယ်၊ကားဝယ်သူများတောင်ရှိသည်။
သို့ရာတွင် စျေးကွက်ထဲမှာချင်းလင်ဝိုင်ဝယ်ဖို့ခက်သည်။ ဝယ်ထားနိုင်ရင် မကြာခင်စျေးတက်လာလိမ့်မည်။
အရင်က တစ်ပုလင်းကို ယွမ်ဆယ်ဂဏန်းနှင့်ဝယ်နိုင်သော်လည်း အခု ထောင်ဂဏန်းနှင့်တောင်မရ။
အခု ချင်းလင်ဝိုင်ကိုလေလံဆွဲတော့မည်ဖြစ်၍ စိတ်မဝင်စားဘဲမနေနိုင်။ တစ်ပုလင်း ယွမ် ၁၀၀၀ နှင့်ရောင်းရင်တောင် မကြာခင် တန်ဖိုးကထောင်ကျော်တက်လာမည်။
ချင်းလင်ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နှင့်လုပ်ထားသည်ဆိုသောအချက်က စိတ်ဝင်စားစရာအကောင်းဆုံးပင်။
အများစုက ရှန်းရွှေလက်ဆောင်ဆန်အကြောင်းမသိ။ သူတို့တစ်ဘဝလုံး အဆက်အစပ်မရှိဖူးပေ။ သို့ရာတွင် ချင်းလင်စံအိမ်ပရိသတ်များက ရှန်းရွှေလက်ဆောင်ဆန်အကြောင်းသိကြသည်။
ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်က ချင်းလင်စံအိမ်၏အကြီးအကဲစားပွဲမှာပါကြောင်း အားလုံးသိကြသည်။ နာမည်ကြီးလာမှ ရှန်းရွှေလက်ဆောင်ဆန်ဘယ်လောက်ရှားကြောင်းသိကြသည်။
အခု ချင်းလင်ဝိုင်လုပ်ငန်းက ဒီဆန်နဲ့ဝိုင်လုပ်လိုက်ပြီတဲ့။
အတော်များများကလေလံဆွဲပြီးစုဆောင်းရန် စိတ်ဆုံးဖြတ်ထားကြသည်။
အချိန်လွန်သည်နှင့်အမျှ ဒီဗီဒီယိုအကြောင်းပိုသိလာကြသည်။ နောက်ပြီး ညပိုင်းအချိန်တွင် ရေပန်းစားခေါင်းစဉ်ထဲမှာမှ နာမည်ကြီးခေါင်းစဉ်ဖြစ်လာသည်။
ကောင်းကင်ဧကရီနန်းတော်အမည်ရှိဘုရားကျောင်းတစ်ခုထဲတွင် ကားပါကင်လေးရှိသည်။ ဘုရားကျောင်းထဲတွင် ဧကရီကသစ်ခွပန်းကိုင်ထားပြီး ကားပါကင်ဘက်ကြည့်နေသည်။
ညကြီးမင်းကြီး ကားကဘာလို့လှုပ်ခါရမ်းနေလဲ စပ်စုနေတာဖြစ်မည်။
နောက်ဆုံး ကားကငြိမ်သွားသည်။
ကားထဲတွင်ဝမ်ကူက သူ့ဘေးမှဆေးဆိုးပန်းရိုက်မျက်နှာနှင့်အမျိုးသမီးအား အမောတကောအသံနှင့်_
"ဆောရီးကွာ... ဒီနေ့ အရမ်းပျင်းလို့... အမြန်လတ်စသတ်လိုက်တာ''
"အစ်ကိုကူ... ပြီးခဲ့တဲ့အပတ်က နေ့တိုင်းလာတာလေ... ရှင်သေချင်လို့လား?''
အမျိုးသမီးက ညုတုတုအသံနှင့်ပြန်ပြောသည်။