← Chapters

နဂါးငွေ့တန်းကြယ်သခင်လာရဲရင် ဘာလုပ်မှာလဲ...

Vol. 23 Ch. 346

နဂါးငွေ့တန်းကြယ်သခင်လာရဲရင် ဘာလုပ်မှာလဲ...

Vol. 23 Ch. 346

ရက်အနည်းငယ်ကြာပြီးနောက် ချွန်းပိုနှင့် ကျားလီတို့က နဂါးငွေ့တန်းကြယ်နယ်မြေရှိ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများ၏ အချက်အလက်များကို ပေးပို့ခဲ့သည်။

လင်းယွမ်က အချက်အလက်များကို သေချာစစ်ဆေးလိုက်သည်။

" ဒီအထူးသက်ရှိတွေက တကယ်မောက်မာတာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါပြီး ရေရွတ်လိုက်သည်။

စကြာဝဠာထဲတွင် မွေးဖွားလာသော အထူးသက်ရှိများက စကြာဝဠာအတွင်းရှိ အရာအားလုံးကို သူတို့အပိုင်အဖြစ် သတ်မှတ်ထားကြသည်။

အထူးသဖြင့် အိုတုဆိုသော အထူးသက်ရှိဖြစ်သည်။ သူက ဂြိုလ်များကို ဝါးမျိုရန်လိုအပ်ပြီး ရင်းမြစ်ဂြိုလ်ဖြစ်ဖြစ် အသက်ဂြိုလ်ဖြစ်ဖြစ် အားလုံးက အိုတုအတွက် အစားအသောက်များသာ ဖြစ်သည်။

ထိုလုပ်ရပ်က နဂါးငွေ့တန်းကြယ်နယ်မြေတွင် အရိပ်မျိုးနွယ် ဆုတ်ခွာသွားပြီး လူသားမျိုးနွယ်က သိမ်းပိုက်ပြီးနောက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အသက်ဂြိုလ်များစွာကိုပင် ဝါးမျိုခဲ့သည်။

အသက်ဂြိုလ်များက လူသားများ နေထိုင်ရန် သင့်တော်သောကြောင့် လူသားမျိုးနွယ်အတွက် တန်ဖိုးရှိလေသည်။ လူဦးရေများမှသာ လူသားမျိုးနွယ်က ပါရမီရှင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ရင်းမြစ်ဂြိုလ်များကလည်း အတူတူပင်ဖြစ်သည်။ ရင်းမြစ်ဂြိုလ်များတွင် ရှားပါးသတ္တများနှင့် ရတနာများ ရှိနေနိုင်လေသည်။ ဥပမာ ဝမ်ရွှယ်ကြယ်နယ်မြေနှင့် ရွှေနဂါးကြယ်နယ်မြေတို့က ရင်းမြစ်ဂြိုလ်တစ်ခုကြောင့် ပဋိပက္ခ ဖြစ်နေကြခြင်းဖြစ်သည်။ ထိုရင်းမြစ်ဂြိုလ်ကို တူးဖော်ခဲ့လျှင် စကြာဝဠာသလင်းကျောက် တစ်သောင်းကျော် တန်ဖိုးရရှိမည်ဖြစ်သည်။

" ငါ့ဟာပဲ။ အဲ့ဒီရင်းမြစ်ဂြိုလ်တွေ အသက်ဂြိုလ်တွေအားလုံးက ငါ့ဟာပဲ။ " လင်းယွမ်က မျက်ခုံးများပင့်သွား၏။

ကြယ်သခင်တစ်ဦးအနေဖြင့် သူက သူ၏ ကြယ်နယ်မြေအတွင်းရှိ ရင်းမြစ်ဂြိုလ်များကို ပိုင်ဆိုင်လေသည်။ ထို့အပြင် မကြာမီ လူသားမျိုးနွယ်က ထိုနေရာသို့ ပြောင်းရွေ့တော့မည်ဖြစ်သောကြောင့် အသက်ဂြိုလ်ပိုများသည်နှင့် အကျိုးကျေးဇူး ပိုများနိုင်လေသည်။

" ဒီအိုတုကို လွှတ်ထားလို့မဖြစ်ဘူး။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

အရိပ်မျိုးနွယ်က အိုတု၏ ခွန်အားနှင့် နောက်ခံကို သတိထားခဲ့သော်လည်း လင်းယွမ်က ဂရုမစိုက်ပေ။

လူသားမျိုးနွယ်က ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်းမရှိဘဲ အရမ်းရှစ်မျက်နှာလုံးတွင် စစ်ပွဲများ ဆင်နွှဲခဲ့သည်။

" သူကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ " လင်းယွမ်က မတ်တပ်ရပ်ပြီး နန်းတော်ထဲမှ ထွက်ခွာသွားသည်။

အိုတုက အဋ္ဌမအလွှာ အထွတ်အထိပ် ရောက်လုနီးပါး အထူးသက်ရှိဖြစ်၏။ ထို့အပြင် အိုတုက အခြား အဋ္ဌမအလွှာ အထူးသက်ရှိတစ်မျိုးနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိပြီး နှစ်ယောက်လုံးက ဂြိုလ်တစ်ခုတည်းပေါ်တွင် နေထိုင်ကြလေသည်။

လက်ရှိ နဂါးငွေ့တန်းကြယ်နယ်မြေတွင် လင်းယွမ်တစ်ယောက်သာ အိုတုနှင့် ရင်ဆိုင်နိုင်သော ခွန်အားရှိလေသည်။

ဂြိုလ်ကြီးတစ်ခုပေါ်တွင် ကြီးမားသော အသားတောင်ကြီးက အပြင်မှ သွေးနီရောင်ရေဘဝဲ အိုတုပြန်လာသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

" အိုတု ငါမင်းကို သတိထားပြီး အပြင်မထွက်ဖို့ ပြောပြီးပြီ။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က အခု ရောက်ခါနီးလောက်ပြီ။ "

" ဒီလိုအချိန်မှာ မင်း အပြင်ထွက်ပြီး နဂါးငွေ့တန်းကြယ်သခင်ကို စိတ်အနှောက်အယှက်ဖြစ်အောက် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ။ "

သူက နဂါးငွေ့တန်းကြယ်သခင်ကို မကြောက်ပေ။ သို့သော် သူ့နောက်က ချီခွန်ကြယ်သခင်ကိုတော့ ကြောက်လေသည်။ ထို့အပြင် နောက်ကွယ်မှ လူသားမျိုးနွယ်ကို ပိုကြောက်လေသည်။

" ငါက အစွမ်းထက်တဲ့ အထူးသက်ရှိတစ်မျိုးပါ။ ဂြိုလ်လေးနည်းနည်း ဝါးမျိုမိတာ ဘာမှားလို့လဲ။ "

မကြာသေးမီက သူက ပုံမှန်အတိုင်းနေထိုင်ခဲ့ပြီး အသက်ဂြိုလ်များကို ထပ်မံဝါးမျိုခြင်းမရှိခဲ့ပေ။ သို့သော် သူက ရင်းမြစ်ဂြိုလ်များကို ဆက်လက်ဝါးမျိုသော်လည်း ၎င်းတို့တွင် ကြီးမားသော စွမ်းအားမရှိလျှင် အိုတုက အဋ္ဌမအလွှာ အထွတ်အထိပ်အဆင့်ကို တိုးတက်မှုက များစွာ နှောင့်နှေးသွားပေလိမ့်မည်။

" ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်သိသွားရင် မင်းဘယ်လိုလုပ်မလဲ။ " အသားတောင်ကြီးက မေးလိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်.... အသက်တစ်ရာမပြည့်သေးဘဲ အဋ္ဌမအလွှာကို တက်လှမ်းခဲ့တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ဘယ်လောက်အားကောင်းနိုင်မှာလဲ။ "

" သူက ငါတို့ကို ဘာလုပ်နိုင်မှာလဲ။ " အိုတုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" အို့ နဂါးငွေ့တန်းကြယ်သခင်ကို ထားပါတော့။ ဒါပေမယ့် ချီခွန်ကြယ်သခင်ဆိုရင်ရော ဘယ်လိုလဲ။ ပြီးတော့ လူသားမျိုးနွယ်ရော။ "

အသားတောင်ကြီးက အိုတုကို ကြည့်လိုက်သည်။ " ငါမင်းကို သတိထားဖို့ပြောနေတာ နဂါးငွေ့တန်းကြယ်သခင်ကြောင့်မဟုတ်ဘူး။ လူသားမျိုးနွယ်မဟာမိတ်ကြောင့်ပဲ။ "

" လူသားမျိုးနွယ်မဟာမိတ်က ဒီနယ်မြေကို သူတို့နယ်မြေထဲ ထည့်ထားပြီးသား။ မင်း သက်သောင့်သက်သာနေချင်ရင် လုသားမျိုးနွယ်မဟာမိတ်ရဲ့ မျက်နှာကို ကြည့်ရလိမ့်မယ်။ "

" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဘာကောင်မလို့လဲ။ " အသားတောင်ကြီး၏ အသံက ပဲ့တင်ထပ်လာသည်။

" စိတ်ချပါ။ ငါက ရင်းမြစ်ဂြိုလ်နည်းနည်းပဲ ဝါးမျိုခဲ့တာ။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်သာ လာရဲရင်..." အိုတုက ခဏတိတ်ဆိတ်သွားပြီးနောက် စကားပြောလိုက်သည်။

သို့သော် သူ၏ စကားမဆုံးမီ သူ၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

အသားတောင်ကြီးကလည်း တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

" ဘယ်သူလဲ။ "

ဂြိုလ်၏ အပြင်ဘက်တွင် အစိမ်းရောင်ချပ်ဝတ်နှင့် လူတစ်ယောက်က လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်။ သူက အိုတုနှင့် အသားတောင်ကြီးကို တည်ငြိမ်စွာ ငုံ့ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

" ပြောပါဦး။ နဂါးငွေ့တန်းကြယ်သခင်လာရဲရင် ဘာလုပ်မှာလဲ။ "

ထိုလူက သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ လေဟာနယ်လှိုင်းများ စတင်လှုပ်ရှားလာပြီး ကြီးမားလှသော ဂြိုလ်က ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် ထိုလူ၏ လက်ထဲသို့ ကျဆင်းသွားသည်။

အိုတုနှင့် အသားတောင်ကြီးတို့က ထိုအခိုက်အတန့်တွင် ပုရွက်ဆိတ်နှစ်ကောင်သဖွယ်ဖြစ်သွားကြပြီး ကောင်းကင်ယံမှ သူတို့ကို ငုံ့ကြည့်နေသော ဧရာမမျက်နှာကြီးကို မော့ကြည့်နေကြသည်။

" ဒါက..." အိုတု၏ အမူအရာက မဲမှောင်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသော ဧရာမပုံရိပ်ကြီးကို ကြည့်လိုက်သည်။

အမှန်တွင် ထိုလူ၏ အရပ်အမောင်းက ပြောင်းလဲသွားခြင်းမရှိဘဲ သူတို့၏ အောက်မှ ဂြိုလ်ကသာ လေဟာနယ်နိယာမ၏ ဖိအားများအောက်တွင် လျင်မြန်စွာ ကျုံ့ဝင်သွားခြင်းဖြစ်သည်။ ထိုနည်းလမ်းကို လေဟာနယ်နိယာမအပေါ် အလွန်မြင့်မားစွာ နားလည်ထားသူများသာ ကျွမ်းကျင်နိုင်လေသည်။ ထိုသို့ပြုလုပ်ရန် အနည်းဆုံး ပင်မလေဟာနယ်ပုံစံ ၁၈၀၀ကို နားလည်ထားရန် လိုအပ်လေသည်။

ယေဘုယျအားဖြင့် ပင်မလေဟာနယ်ပုံစံကို ထိုမျှအထိနားလည်ထားသူများမှာ အဋ္ဌမအလွှာ အထွတ်အထိပ်တွင် ရှိနေကြသည်။ အိုတုက နဂါးငွေ့တန်းကြယ်နယ်မြေနှင့် ပတ်ဝန်းကျင်ကြယ်နယ်မြေများရှိ အဋ္ဌမအလွှာ အထွတ်အထိပ်အားလုံးကို ရင်းနှီးလေသည်။

သို့သော် သူတို့က ထိုအစိမ်းရောင်ချပ်ဝတ်နှင့် လူအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ကြပေ။

အိုတုက စိတ်ရှုပ်ထွေးနေပြီး ပတ်ဝန်းကျင်မှ လေဟာနယ်ဖိအားများကြောင့် သူတို့၏ ခန္ဓာကိုယ်များပင် ထုံကျဉ်လာသည်။

" အဲ့ဒါ နဂါးငွေ့တန်းကြယ်သခင်ပဲ။ " အသားတောင်ကြီးက ထိုလူကို ချက်ချင်းမှတ်မိသွားသည်။

သူက နဂါးငွေ့တန်းကြယ်သခင်အကြောင်း အချက်အလက်များကို သိရှိထားပြီး သူ၏ အသွင်အပြင်လည်း အပါအဝင်ဖြစ်သည်။ ယခု ကောင်းကင်တွင် ရပ်နေသော ပုံရိပ်ကြီးက နဂါးငွေ့တန်းကြယ်သခင်နှင့် အလွန်တူလေသည်။ ထို့အပြင် တစ်ဖက်လူ၏ စကားများကြောင့် သူက နဂါးငွေ့တန်းကြယ်သခင်ဖြစ်ကြောင်း သေချာလုနီးပါး ဖြစ်လေသည်။

" နဂါးငွေ့တန်းကြယ်သခင်လား။ " အိုတုက ကြောင်တောင်တောင်ဖြစ်သွားပြီး အသားတောင်ကြီးကို စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က အခုမှ အဋ္ဌမအလွှာကို တက်လှမ်းခဲ့တာမဟုတ်လား။ ဒါဆို သူက ထိုမျှကြီးမားသော ဂြိုလ်ကြီးကို လက်တစ်ဖက်လှုပ်ရုံဖြင့် သေးငယ်သော အမှုန်လေးအဖြစ် ဘယ်လိုလုပ်လုပ်နိုင်တာလဲ။

၎င်းက အဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက်၏ လေဟာနယ်အပေါ် နားလည်မှုဖြင့်သာ ပြုလုပ်နိုင်လေသည်။ သို့သော် အဋ္ဌမအလွှာသို့ တက်လှမ်းခါစ နဂါးငွေ့တန်းကြယ်သခင်က ထိုသို့လုပ်နိုင်လေသည်။

" ကြယ်တာယာမဟာမိတ်အဖွဲ့ ရှန်ရှန်းက နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ "

အသားတောင်ကြီးက အိုတုကို ဂရုမစိုက်ဘဲ အနည်းငယ် ရိုသေစွာဖြင့် ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က ထိုမျှ ကြီးမားသော ခွန်အားကို မည်သို့ပိုင်ဆိုင်ကြောင်း နားလည်ရခက်ခဲသော်လည်း ယခု ထိုကိစ္စများကို စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူတို့ကြားမှ တင်းမာမှုကို ဖြေလျှော့ရန် ဖြစ်သည်။

" ကြယ်တာယာမဟာမိတ် အိုတုက နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ " ၎င်းကို မြင်သောအခါ အိုတုကလည်း နောက်မှလိုက်လုပ်လိုက်သည်။

" မင်းတို့ အထူးသက်ရှိတွေ မင်းတို့ရဲ့ မြင့်မြတ်တဲ့သွေးမျိုးဆက်ကို အခွင့်ကောင်းယူပြီး တစ်ယောက်ပြီးတစ်ယောက် မဆင်မခြင် ပြုမူနေကြတယ်။ အခု ဒီကြယ်နယ်မြေက လူသားမျိုးနွယ်ရဲ့ နယ်မြေဖြစ်နေပြီ။ မင်းတို့က ဂြိုလ်တွေကို စည်းမဲ့ကမ်းမဲ့ ဝါးမျိုနေတုန်းပဲ။ "

" မင်းတို့က ငါတို့လူသားမျိုးနွယ်ကို အရိပ်မျိုးနွယ်လိုပဲ ထင်နေတာလား။ " လင်းယွမ်က ပြောလိုက်သည်။

အရိပ်မျိုးနွယ်က အထူးသက်ရှိများကို ကိုင်တွယ်ရာတွင် အလွန်သည်းခံခဲ့သည်။ အကြောင်းရင်းတစ်ခုမှာ ထိုအထူးသက်ရှိများ၏ နောက်ကွယ်မှ အင်အားစုများကို စော်ကားလိုစိတ်မရှိခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ထိုအထူးသက်ရှိများ ကိုယ်တိုင်ကလည်း ကိုင်တွယ်ရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ပုံမှန်အားဖြင့် အရိပ်မျိုးနွယ်၏ သန်မာသူများက မျက်စိမှိတ်နေကြသည်။ ဥပမာ အိုတုက ဂြိုလ်များအား ဝါးမျိုရသည်ကို နှစ်သက်သူဖြစ်ပြီး အလွန်အကျွံမဟုတ်သရွေ့ သူတို့က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

All Chapters