လင်းယွမ်၏ ရှင်းလင်းရေး....
Vol. 23 Ch. 349
ဝုန်း....
ဂြိုလ်တစ်ခုအထက်တွင် လင်းယွမ်က ပေါ်လာပြီး ကြီးမားသော ကမ္ဘာစွမ်းအားက ဂြိုလ်တစ်ခုလုံးကို ဖိနှိပ်သွားသည်။
မျိုးနွယ်ခြားသန်မာသူနှစ်ယောက်က တုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်လိုက်ကြသည်။ " အရှင် ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ အရှင် ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ "
ရှန်ရှန်းနှင့် ယှဉ်လျှင် ထိုမျိုးနွယ်ခြားနှစ်ယောက်က လုံးလောက်သော ဗဟုသုတမရှိဘဲ နဂါးငွေ့တန်းကြယ်သခင်ကို မသိကြပေ။
လင်းယွမ်ကို မသိခဲ့လျှင်တောင် ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှုကြောင့် သူတို့က ကမ္ဘာပျက်တော့မည်ဟု ခံစားနေရသည်။ အစိမ်းရောင်ချပ်ဝတ်နှင့် ထိုလူက သူတို့ထက် များစွာ အစွမ်းထက်လေသည်။ အဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက် ဖြစ်နိုင်လေသည်။
" အရှင် ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခုရှိပါလိမ့်မယ်။ ကျွန်တော်တို့ကို အခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ်။ " မျိုးနွယ်ခြားနှစ်ယောက်က တောင်းပန်လိုက်ကြသည်။
လင်းယွမ်က ကောင်းကင်မှ မျိုးနွယ်ခြားနှစ်ယောက်ကို ကြည့်လိုက်သည်။ " မင်းတို့က သက်ရှိတွေရဲ့ ဝိညာဉ်တွေကို စားသုံးနေတာဆိုရင် ငါ့ရဲ့ လူသားမျိုးနွယ်ဝင်တွေ ဒီကိုပြောင်းရွေ့လာတဲ့အခါ သူတို့က မင်းတို့ရဲ့ အစားအစာတွေ ဖြစ်ကုန်မှာပေါ့။ "
" သူတို့ကို ချန်ထားလို့မဖြစ်ဘူး။ " လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်သည်။
လူသားမျိုးနွယ်များ ထိုနေရာသို့ ပြောင်းရွေ့မလာမီ ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။
" လူသားမျိုးနွယ်တွေ ဒီကို ပြောင်းရွေ့လာမယ်။ " မျိုးနွယ်ခြားနှစ်ယောက်၏ စိတ်များ အေးခဲသွားကြသည်။ သူတို့က အမှန်တကယ် ဝိညာဉ်များစားသုံးရသည်ကို နှစ်သက်သော်လည်း လူသားမျိုးနွယ်တွေကို စားသုံးဖူးလို့လား။
သို့သော် သူတို့၏ အတွေးများမဆုံးမီ သူတို့၏ အသိများက အမှောင်ထဲသို့ နစ်မြှုပ်သွားကြသည်။ လင်းယွမ်၏ အတွေးတစ်ချက်တည်းနှင့် မျိုးနွယ်ခြားနှစ်ယောက်က ပြာမှုန့်များ ဖြစ်သွားခဲ့သည်။
ပုံမှန်အားဖြင့် ထိုမျိုးနွယ်ခြားသန်မာသူနှစ်ယောက်က လူသားများကို ထိပါးခြင်းမရှိသေးပေ။ သို့သော် လင်းယွမ်က ဘေးကင်းစေရန်အတွက် အခြားအရာများကို ဂရုမစိုက်တော့ပေ။ သူတို့က ဝိညာဉ်စားသုံးရသည်ကို နှစ်သက်သူများဖြစ်ပြီး သူတို့ကို ထားရှိခြင်းက ဘာအကျိုးအမြတ်မှ မရှိပေ။ သူတို့ကို နှင်ထုတ်လိုက်လျှင်လည်း အနီးတွင် လူသားမျိုးနွယ်၏ ကြယ်နယ်မြေများသာ ရှိပြီး ထိုနေရာမှ လူသားမျိုးနွယ်များကို ထိခိုက်သွားစေနိုင်လေသည်။ ထို့ကြောင့် သူတို့ကို တိုက်ရိုက်သတ်လိုက်ခြင်းက ပိုကောင်းလေသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်၏ ပုံရိပ်က ဂြိုလ်တစ်လုံးရှေ့တွင် ပေါ်လာသည်။ အဝေးတွင် အကြေးခွံများဖုံးနေပြီး ဦးချိုတစ်ချောင်းပါသည့် မျိုးနွယ်ခြားတစ်ယောက်က ရူးသွပ်စွာ ထွက်ပြေးနေသည်။
သို့သော် သူက အဝေးတွင် ရပ်နေသော လင်းယွမ်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ရပ်တန့်သွားပြီး မျှော်လင့်ချက်မဲ့သော အမူအရာပေါ်လာသည်။
" နဂါးငွေ့တန်းကြယ်သခင် ကျုပ်ရဲ့ နည်းလမ်းတွေက ရက်စက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးက အရိပ်မျိုးနွယ်အပေါ်ပဲ အသုံးပြုတာပါ။ " ဦးချိုနှင့် မျိုးနွယ်ခြားက ပြောလိုက်သည်။
မကြာသေးမီက နဂါးငွေ့တန်းကြယ်သခင်က ရက်စက်ကြမ်းကြုတ်သော အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို လိုက်လံဖမ်းဆီးနေကြောင်း ကြားသိခဲ့ရသည်။
သို့သော် သူမတုန့်ပြန်နိုင်မီ နဂါးငွေ့တန်းကြယ်သခင်က ရုတ်တရက် ပေါ်လာခဲ့သည်။ သူက တစ်စက္ကန့်မျှပင် မတွေးဘဲ ရူးသွပ်စွာ ထွက်ပြေးတော့သည်။ အဋ္ဌမအလွှာသို့ ယခုမှ တက်လှမ်းလာသော နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ မျိုးနွယ်ခြားများကို မည်သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ကို နားမလည်သော်လည်း သူ့အတွက် ထွက်ပြေးခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
" ဒါဆိ အရိပ်မျိုးနွယ် ထွက်သွားတော့ မင်းက ဒီကြယ်နယ်မြေမှာ ဘာလို့ဆက်နေနေတာလဲ။ " လင်းယွမ်က ဦးချိုနှင့် မျိုးနွယ်ခြားကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျုပ်..." ဦးချိုနှင့် မျိုးနွယ်ခြားက ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူက အမှန်တကယ်ပင် ကြယ်သခင်၏ စိတ်သဘောထားကို စမ်းသပ်ရန် ဆက်နေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ကြယ်သခင်အသစ်က ထိုသို့သော ကိစ္စများကို ဂရုမစိုက်လျှင် သူက ယခင်အတိုင်း လူသားမျိုးနွယ်များကို တစ်ခါတစ်ရံ ဝါးမျိုပြီး သူ၏ စွမ်းအားကို မြှင့်တင်မည်ဖြစ်သည်။ အကယ်၍ ကြယ်သခင်အသစ်က လက်မခံလျှင် သူတို့က နာခံစွာ ထွက်သွားမည်ဖြစ်သည်။
၎င်းက အထူးသက်ရှိ အများစုနှင့် မျိုးနွယ်ခြားသန်မာသူများကြား တူညီသော အတွေးတစ်ခုဖြစ်သည်။
သို့သော် နဂါးငွေ့တန်းကြယ်သခင်က အလွန်ပြတ်သားပြီး သူတို့က စမ်းသပ်ရန် အခွင့်အရေးပင် မရလိုက်ပေ။
ဝှစ်....
ချက်ချင်း မျိုးနွယ်ခြား၏ ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
လင်းယွမ်က ဦးချိုနှင့် မျိုးနွယ်ခြားကို တိုက်ရိုက်သတ်ဖြတ်ပြီး နောက်ထပ်ပစ်မှတ်ဆီသို့ ဆက်လက်ထွက်ခွာသွားသည်။
လင်းယွမ်က အထူးသက်ရှိများနှင့် မျိုးနွယ် ခြားသန်မားသူများကို ခွဲခြားထားချက်အရ ပထမအမျိုးအစားထဲတွင် ပါဝင်သူ မည်သူကိုမဆို သတ်ပစ်မည်ဖြစ်သည်။
လူသားမျိုးနွယ်ကြယ်သခင်များက များသောအားဖြင့် နူးညံ့သော နည်းလမ်းကို လုပ်ဆောင်လေ့ရှိပြီး လူသားမျိုးနွယ်များကို တိုက်ရိုက်ထိလိုက်မှုမရှိလျှင် သတ်ပစ်ခြင်းကို ရွေးချယ်လေ့မရှိကြပေ။
လင်းယွမ်၏ နည်းလမ်းများကတော့ ပို၍ ရက်စက်လေသည်။ သို့သော် ခွန်အားကြီးစိုးသော ကြယ်စကြာဝဠာတွင် တစ်နေ့ လူသားမျိုးနွယ်ကျဆင်းသွားလျှင် ထိုမျိုးနွယ်ခြားများက လူသားမျိုးနွယ်များကို သတ်ဖြတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
ထို့ကြောင့် မျိုးနွယ်ခြားများက လူသားများကို ထိခိုက်ခြင်းမရှိလျှင်တောင် ထိုသို့သော အတွေးကို တွေးမိရုံနှင့် လင်းယွမ်က မည်သည့်သနားညှတာမှုကိုမှ ပြသခြင်းမရှိပေ။
မျိုးနွယ်ခြားများကို ကိုင်တွယ်ရာတွင် လူသားမျိုးနွယ်ကို အညံ့ခံခြင်း သို့မဟုတ် မဟာမိတ်ဖွဲ့ထားခြင်းမရှိလျှင် လင်းယွမ်က မည်သည့်အခါမှ လက်မနှေးခဲ့ပေ။
သနားညှာတာရန် မသင့်သူများကို မည်သည့်အခါမှ မလုပ်သင့်ပေ။
ရက်အတော်ကြာပြီးနောက် လင်းယွမ်က ပထမအမျိုးအစားရှိ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို အခြေခံအားဖြင့် ရှင်းလင်းပြီးသွားခဲ့သည်။
အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူ ကိုးဆယ်ရာခိုင်နှုန်းလောက်က လင်းယွမ်၏ လက်ထဲတွင် သေဆုံးခဲ့ပြီး ဆယ်ရာခိုင်နှုန်းလောက်က ကံကောင်းပြီး လွတ်မြောက်သွားခဲ့သည်။
တစ်ယောက်တည်းတိုက်ခိုက်ခြင်းက သတင်းများပေါက်ကြားရန် လွယ်ကူလေသည်။ အချို့မျိုးနွယ်ခြားသန်မာသူများက ကိုယ်ပွားများဖြစ်ကြပြီး ကိုယ်ပွားများသေဆုံးသည်နှင့် မူရင်းခန္ဓာကိုယ်များက အခြားသူများကို သတင်းများ ပို့နိုင်လေသည်။ သို့သော် သူတို့ နဂါးငွေ့တန်းကြယ်နယ်မြေမှ ထွက်သွားခြင်းကလည်း လင်းယွမ်၏ ရည်ရွယ်ချက် အောင်မြင်သည်ဟု ပြောနိုင်လေသည်။
လင်းယွမ်က နဂါးငွေ့တန်းကြယ်နယ်မြေရှိ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို သတ်ဖြတ်ခြင်းစတင်သောအခါ အခြားအင်အားစုများကလည်း သဘာဝအတိုင်း ထိတ်လန့်သွားကြသည်။
ထိုအင်အားစုများက အများစုမှာ လင်းယွမ် ဒုတိယအမျိုးအစားတွင် ထည့်သွင်းထားသော အထူးသက်ရှိများဖြစ်ပြီး သူတို့က နဂါးငွေ့တန်းကြယ်နယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုနိုင်ကြလေသည်။
" ဒီကြယ်နယ်မြေမှာ သတ္တမအလွှာနဲ့ အဋ္ဌမအလွှာ သန်မာသူတွေ အများကြီး သေဆုံးသွားကြတယ်။ ငါသိသလောက်ဆို သတ္တမအလွှာ ၁၃ ယောက်၊ အဋ္ဌမအလွှာ တစ်ယောက်က လုံးဝသေဆုံးသွားပြီ။ "
" ဘာတွေဖြစ်ခဲ့တာလဲ။ အဋ္ဌမအလွှာ အထူးသက်ရှိတွေက အံ့ဩစရာနည်းလမ်းတွေ ရှိတာကို ဘယ်သူက သူတို့ကို အလွယ်တကူ သတ်နိုင်တာလဲ။ "
" မျိုးနွယ်ခြားသန်မာသူအချို့လည်း သေသွားကြပြီ။ "
ပန်းနတ်ဘုရားမျိုးနွယ်ဟုခေါ်သော အထူးသက်ရှိမျိုးနွယ်မှ မျိုးနွယ်ဝင်များက စုစည်းနေကြပြီး စိုးရိမ်စွာဖြင့် ဆွေးနွေးနေကြသည်။
ပန်းနတ်ဘုရားမျိုးနွယ်က အထူးသက်ရှိမျိုးနွယ်ဖြစ်သော်လည်း တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းမှာ အားကောင်းခြင်းမရှိပေ။
ပန်းနတ်ဘုရားမျိုးနွယ်ဝင်များက ပန်းနတ်ဘုရားဝိုင်ဟူသော အရက်ကောင်းတစ်မျိုးကို ချက်လုပ်နိုင်ကြသည်။ ထိုဝိုင်ကို သောက်လိုက်သည်နှင့် ခဏတာ စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေပြီး နိယာမများနှင့် နည်းစနစ်များကို လေ့လာရာတွင် အထောက်အကူပြုနိုင်လေသည်။
ထို့ကြောင့်သာ အရိပ်မျိုးနွယ်က ထိုနယ်မြေကို အုပ်စိုးစဉ်ကာလကလည်း သူတို့က ပန်းနတ်ဘုရားဝိုင်ကို ဆက်သခြင်းဖြင့် ကပ်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
" သေဆုံးသွားတဲ့ သတ္တမအလွှာနဲ့ အဋ္ဌမအလွှာသန်မာသူတွေက ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဂြိုလ်တွေကို စားသုံးတတ်တဲ့ အမျိုးအစားတွေထဲကဆိုတာ သတိထားမိကြလား။ "
မိန်းမငယ်လေးနှင့်တူသော ပန်းနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်က ပြောလိုက်သည်။ သူမက သတ္တမအလွှာ စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး ပန်းနတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံးသူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ပန်းနတ်ဘုရားမျိုးနွယ်၏ သတ္တမအလွှာ စွမ်းအားရှင်များ၏ တိုက်ခိုက်နိုင်စွမ်းက နိမ့်ကျလေသည်။
" အဲ့ဒါဟုတ်တယ်။ "
" အဋ္ဌမအလွှာ သန်မာသူတွေ သေဆုံးသွားတာတောင် ငါတို့ ပန်းနတ်ဘုရားမျိုးနွယ်က ရှိနေတုန်းပဲ။ "
အခြားပန်းနတ်ဘုရားမျိုးနွယ်ဝင်များကလည်း နားလည်သွားကြပြီး အချင်းချင်း ဆွေးနွေးလိုက်ပြသည်။
ထိုအချိန်တွင် လိပ်ပြာတောင်ပံများနှင့် ပန်းနတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
သူမက ထရပ်လိုက်ပြီး အခြားသူများကို ပြောလိုက်သည်။ " အားလုံးပဲ ငါ အခု သတင်းတစ်ခု ရခဲ့တယ်။ "
" သတင်းတစ်ခု "
" ဘာသတင်းလဲ။ "
" မြန်မြန်ပြောပါဦး။ ဘာသတင်းလဲ။ "
ပန်းနတ်ဘုရားမျိုးနွယ်ဝင်များက တစ်ယောက်ပြီးတစ်ယောက် မေးလိုက်ကြသည်။ ယခုအချိန်တွင် ရရှိသော သတင်းက အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများ၏ သေဆုံးမှုနှင့် ပက်သက်နေနိုင်လေသည်။
" အဲ့ဒီ သတ္တမအလွှာနဲ့ အဋ္ဌမအလွှာ သန်မာသူတွေကို ပစ်မှတ်ထားနေတာ လူသားမျိုးနွယ်ရဲ့ ပါရမီရှင် နဂါးငွေ့တန်းကြယ်သခင်ပဲ။ သူက နဂါးငွေ့တန်းကြယ်နယ်မြေရဲ့ မတည်ငြိမ်မှုတွေကို ဖယ်ရှားဖို့ လုပ်နေတာပဲ။ " သူမက လေးနက်စွာ ပြောလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် "
" ငါ အဲ့ဒီလူသားပါရမီရှင်ကို သိတယ်။ ဒါပေမယ့် သူက အခုမှ အဋ္ဌမအလွှာကို ရောက်တာမဟုတ်ဘူးလား။ "
" ဟုတ်တယ်။ အဋ္ဌမအလွှာကို အခုမှ ရောက်တဲ့လူက အဋ္ဌမအလွှာ အထွတ်အထိပ်နီးပါး သန်မာတဲ့သူတွေကို ခွေးတွေဝက်တွေလို လိုက်သတ်နေတာလား။ "
ပန်းနတ်ဘုရားမျိုးနွယ်ဝင်များက ထိတ်လန့်သွားကြသည်။
စိတ်ကူးမယဉ်နိုင်သော နည်းလမ်းများနှင့် တိုက်ခိုက်နိုင်စွမ်းရှိသော အဋ္ဌမအလွှာ အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများက အလွယ်တကူ သတ်ခံလိုက်ရသည်။
ဖြစ်နိုင်ခြေနှစ်ခုရှိလေသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ သူတို့က အပေါ်ယံတွင် ကြောက်စရာကောင်းသော်လည်း တကယ်တမ်း အစွမ်းအစမရှိဘဲ ရှုံးနိမ့်သွားကြခြင်း ဖြစ်သည်။ သို့သော် ၎င်းက မဖြစ်နိုင်ပေ။ မဟုတ်လျှင် အရိပ်မျိုးနွယ်က သူတို့ကို အလျှော့ပေးပြီး ငြိမ်းချမ်းစွာ နေထိုင်ကြမည်မဟုတ်ပေ။
နောက်တစ်ခုမှာ နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက နားမလည်နိုင်လောက်အောင် သန်မာခြင်းကြောင့် သူတို့ကို အလွယ်တကူဖယ်ရှားပစ်နိုင်ခြင်းဖြစ်သည်။