← Chapters

အရှင်ပိုင်ဖုန်း....

Vol. 23 Ch. 350

အရှင်ပိုင်ဖုန်း....

Vol. 23 Ch. 350

" ငါတို့ ပန်းနတ်ဘုရားမျိုးနွယ်က အသုံးဝင်နေသေးတာ ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင်..." ပန်နတ်ဘုရားမျိုးနွယ်ဝင်တစ်ယောက်က သက်ပြင်းချလိုက်သည်။

သူမရရှိသော အချက်အလက်များအရ နဂါးငွေ့တန်းကြယ်သခင်က စဉ်းစားခြင်းမရှိ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရွေးချယ်၍ ပစ်မှတ်ထားခြင်းဖြစ်သည်။

ပန်းနတ်ဘုရားမျိုးနွယ်က ကြယ်နယ်မြေကို အန္တရာယ်မပြုသည့်အပြင် ဆင့်ကဲပြောင်းလဲသူများအတွက် အကျိုးရှိသော ပန်းနတ်ဘုရားဝိုင်ကိုလည်း ချက်လုပ်နိုင်ကြလေသည်။

" ကောင်းပြီ။ " ပန်းနတ်ဘုရားမျိုးနွယ်ဝင်က သူမ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ " အရင်တုန်းက ဒီကြယ်နယ်မြေရဲ့ ကောင်းကင်က အရိပ်မျိုးနွယ်၊ စွမ်းအားကြီးတဲ့ အထူးသက်ရှိတွေနဲ့ မျိုးနွယ်ခြားသန်မာသူတွေပဲ။ "

" အခု ဒီကြယ်နယ်မြေမှာ ကောင်းကင်က တစ်ခုတည်းပဲရှိတယ်။ " သူမက ခဏရပ်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒါက နဂါးငွေ့တန်းကြယ်သခင်ပဲ။ "

နဂါးငွေ့တန်းကြယ်သခင်က အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို မညှာမတာ ချေမှုန်းခဲ့ရာ အခြေအနေများ ဆက်လက်ဆိုးရွားလာခဲ့သည်။ ကြယ်သခင်၏ ပစ်မှတ်များက ကြယ်နယ်မြေအတွင်းရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသူများ သို့မဟုတ် သတ္တဝါတို့၏ ခန္ဓာနှင့် ဝိညာဉ်ကို စားသူသူများ ဖြစ်သည်ဟု ခန်းမှန်ရသော်လည်း ၎င်းက ကျန်ရှိနေသော အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို ထိတ်လန့်စေခဲ့သည်။

" နဂါးငွေ့ဆန်းကြယ်သခင်က အရမ်းအနိုင်ကျင့်လွန်းတယ်။ "

" အရင်တုန်းက ချီခွန်ကြယ်သခင်လည်း အဲ့လိုပဲ။ ငါ့တို့ အထူးသက်ရှိတွေအပေါ် ညှာတာမှုမရှိဘူး။ "

" နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ အာဏာကို ထူထောင်နေတာပဲ။ ဒီလိုရက်စက်တဲ့ နည်းလမ်းတွေမရှိရင် သူက အနာဂတ်မှာ ဒီကြယ်နယ်မြေကို ဘယ်လိုလုပ် အပြည့်အဝ ထိန်းချုပ်နိုင်မှာလဲ။ "

အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများက အမျိုးမျိုး ဆွေးနွေးနေကြသည်။ သူတို့က လူသားမျိုးနွယ်ကဲ့သို့ အချိန်နှင့်တပြေးညီ ဆက်သွယ်နိုင်သော VR ကမ္ဘာမရှိသော်လည်း ကြယ်နယ်မြေအတွင်း ဆက်သွယ်မှုပြုလုပ်နိုင်သည့် နည်းလမ်းများ ရှိကြလေသည်။

" အခု ဘာလုပ်ကြမလဲ။ "

" ငါတို့က ဘာလုပ်နိုင်မှာလဲ။ လက်နက်ချရုံပေါ။ ပြီးတော့ ငါတို့က လူသားမျိုးနွယ်ကို ဆန့်ကျင်ရဲလို့လား။ "

" အားလုံး အလျင်မလိုကြပါနဲ့။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ နည်းလမ်းက ဒီကြယ်နယ်မြေကို အပြည့်အဝ ထိန်းချုပ်ဖို့ ရည်ရွယ်နေတာပဲ။ ကျုပ်တို့ မျိုးနွယ်ခြားတွေက လက်နက်ချဖို့ ရွေးချယ်ပေမယ့် အရှင်ပိုင်ဖုန်းကတော့ လွယ်လွယ်နဲ့ အရှုံးမပေးလောက်ဘူးနော်။ "

" အရှင်ပိုင်ဖုန်း..."

အထူးသက်ရှိများနှင့် မျိုးနွယ်ခြားများက ထိုနာမည်ကို ကြားသောအခါ တိတ်ဆိတ်သွားကြသည်။

တစ်ချိန်က အရိပ်မျိုးနွယ်အုပ်ချုပ်ခဲ့သော နဂါးငွေ့တန်းကြယ်နယ်မြေတွက် အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများက အမြဲတမ်း နေထိုင်ခဲ့ကြသည်။ သူတို့ကြားတွင် အဋ္ဌမအလွှာ အင်အားကြီးသူများလည်း ပါဝင်ပြီး အရှင်ပိုင်ဖုန်းက သံသယဝင်စရာမလိုဘဲ အသန်မာဆုံး ဖြစ်သည်။

အရှင်ပိုင်ဖုန်းက စွမ်းအားကြီးသော ရွှေခြင်္သေ့မျိုးနွယ်မှ ဆင်းသက်လာပြီး အဋ္ဌမအလွှာ အထွတ်အထိပ်တွင် ရှိနေသည်။ သူက နဝမအလွှာသို့ တက်လှမ်းရန် စကြာဝဠာအနှံ့ ခရီးနှင်နေပြီး ဤကြယ်နယ်မြေသို့ ရောက်လာခြင်းဖြစ်သည်။

အဋ္ဌမအလွှာ တစ်ယောက်က အထွတ်အထိပ်သို့ ရောက်ပြီးနောက် စကြာဝဠာစွမ်းအားတစ်မျိုးကို ကျွမ်းကျင်ရန် မလိုအပ်ဘဲ နဝမအလွှာသို့ တက်လှမ်းနိုင်လေသည်။ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ပြီးနောက် ပေါင်းစည်းနိယာမများကို ကျွမ်းကျင်ပြီး နဝမအလွှာသို့ တက်လှမ်းနိုင်လေသည်။

အရှင်ပိုင်ဖုန်းက အဋ္ဌမအလွှာ အထွတ်အထိပ်တွင် ရှိနေပြီး သူ၏ အဆင့်နှင့် အဆင့်တက်ရန် ပြင်ပအရာများက ကူညီနိုင်စွမ်းမရှိတော့ပေ။

ရလဒ်အနေဖြင့် အရှင်ပိုင်ဖုန်းက သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးပြီး ပြင်ပကိစ္စများတွင် ပါဝင်ပက်သက်ခြင်းမရှိပေ။ သူက လင်းယွမ်သတ်မှတ်ထားသော ဒုတိယအမျိုးအစားထဲတွင် ပါဝင်လေသည်။

" အရှင်ပိုင်ဖုန်းက အရမ်းစွမ်းအားကြီးတယ်။ နဂါးငွေ့တန်းကြယ်သခင်က သူ့ကို မဆင်မခြင် ပြုမူရဲမှာ မဟုတ်ဘူး။ "

" အရမ်းစွမ်းအားကြီးတယ်။ ချီခွန်ကြယ်သခင်လောက် စွမ်းအားကြီးလား။ လူသားမျိုးနွယ်လောက် စွမ်းအားကြီးလား။ "

" ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက အရှင်ပိုင်ဖုန်းနဲ့ နဂါးငွေ့တန်းကြယ်သခင်ကြားက ကိစ္စပဲ။ ငါတို့ကတော့ ရေစီးကြောင်းအတိုင်းပဲ လိုက်ရမှာပေါ့။ "

နဂါးငွေ့တန်းကြယ်သခင်နှင့် အရှင်ပိုင်ဖုန်းတို့ကြားမှ ကိစ္စက မည်သို့ပင်ဖြစ်စေ သူတို့နှင့် မသက်ဆိုင်ပေ။ ဤကြယ်နယ်မြေကို နဂါးငွေ့တန်းကြယ်သခင်က အုပ်ချုပ်ရန် သတ်မှတ်ထားပြီးသားဖြစ်သည်။

"ဒီမှာ ပုန်းနေတာတောင် အေးအေးချမ်းချမ်း ကျင့်ကြံလို့ မရဘူးလို့ ဘယ်သူထင်မိမှာလဲ။ " ရွှေရောင်ဆံပင်နှင့် သန်မာသော လူကြီးတစ်ယောက်က ဟင်းလင်းပြင်ထဲတွင် ထိုင်ပြီး ရေရွတ်လိုက်သည်။

သူ၏ အော်ရာက ကြယ်စကြာဝဠာနှင့် ပေါင်းစပ်သွားပြီး မိုင်သန်းပေါင်းများစွာ အဝေးထိ ပျံ့နှံ့သွားသည်။

" ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် အသက်တစ်ရာမပြည့်ခင် အဋ္ဌမအလွှာကို ရောက်ပြီး အခုဆို အဋ္ဌမအလွှာ အထွတ်အထိပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတောင် ပိုင်ဆိုင်ထားတယ်ပေါ့။ "

ထိုရွှေရောင်ဆံပင်နှင့်လူကြီးက စွမ်းအားကြီးသော အဋ္ဌမအလွှာ အထွတ်အထိပ် အရှင်ပိုင်ဖုန်းမှလွဲ၍ အခြားမဟုတ်ပေ။

" ပြဿနာမရှာဘဲ အခြားနေရာသွားတာ ပိုကောင်းပါတယ်။ " ရွှေရောင်ဆံပင်နှင့် လူကြီးက သက်ပြင်းချ၍ ထရပ်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ မိုင်သန်းပေါင်းများစွာ အဝေးတွင် သူ၏ ပုံရိပ်က ပေါ်လာသည်။

ရွှေခြင်္သေ့မျိုးနွယ်က လူသားမျိုးနွယ်မဟာမိတ်ထဲတွင် မပါဝင်သော်လည်း လူသားမျိုးနွယ်နှင့် ရန်ငြိုးမရှိပေ။ ပိုင်ဖုန်းအနေဖြင့် နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်ရန် မလိုအပ်ပေ။

နဂါးငွေ့တန်းကြယ်နယ်မြေအတွင်း အသန်မာဆုံးဖြစ်သော အရှင်ပိုင်ဖုန်း၏ ဆုတ်ခွာမှုက အထူးသက်ရှိများနှင့် မျိုးနွယ်ခြားသန်မာသူများကို ထိတ်လန့်သွားစေခဲ့သည်။

အစတွင် အရှင်ပိုင်ဖုန်း၏ ခွန်အားနှင့် နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်ရင်မဆိုင်လျှင်တောင် မထွက်ခွာမီ အကျိုးအမြတ်အချို့ ရရှိရန် ညှိနှိုင်းလိမ်မည်ဟု သူတို့က ထင်ခဲ့ကြသည်။ သို့သော် သူက နှစ်ခါမစဉ်းစားဘဲ နဂါးငွေ့တန်းကြယ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။

နဂါးငွေ့တန်းပင်မကြယ်။

" ရွှေခြင်္သေ့မျိုးနွယ် ပိုင်ဖုန်း " လင်းယွမ်က အဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက် ဆန္ဒအလျောက် ထွက်ခွာသွားသည်ကို သတင်းရရှိခဲ့သည်။

" တော်တော်သတိကြီးတာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

အရှင်ပိုင်ဖုန်းက အစွမ်းထက်သော်လည်း အများအားဖြင့် ကျင့်ကြံနေပြီး ပြင်ပကိစ္စများအပေါ် အာရုံစိုက်ခြင်းမရှိကြောင်း သူသိခဲ့သည်။ လင်းယွမ်က သူ့ကို ဆန့်ကျင်ရန် မရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူနှင့် ပူးပေါင်းချင်ခဲ့သည်။

" အခုဆို နဂါးငွေ့တန်းကြယ်နယ်မြေကို အခြေခံအားဖြင့် ရှင်းလင်းပြီးသွားပြီ။ ငါ့အတွက် သိပ်စိတ်ပူစရာမလိုတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်အနေဖြင့် လင်းယွမ်၏ အခန်းကဏ္ဍမှာ ထိန်းချုပ်ခြင်းဖြစ်ပြီး ပင်မကြယ်ကို ကြီးကြပ်၍ ဒေသတိုင်းကို ကြောက်ရွံ့စေခြင်းဖြစ်သည်။ ပင်မကြယ်ကို စီမံခန့်ခွဲခြင်း၊ ကြယ်နယ်မြေကို တိုးတက်အောင်လုပ်ခြင်း စသည့်တာဝန်များက ကြယ်သခင်ကိုယ်တိုင်လုပ်စရာမလိုပဲ သူ၏ လက်အောက်ခံများသာ တာဝန်ယူပေလိမ့်မည်။

ချီခွန်ကြယ်သခင်က သူ၏ အချိန်အများစုကို ကျင့်ကြံခြင်း သို့မဟုတ် အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့ပြီး ချီခွန်ကြယ်နယ်မြေက နတ်ဘုရားသုံးပါး၏ ကြီးကြပ်မှုအောက်တွင် ကြီးမားသော ပြဿနာများ ဖြစ်မလာဘဲ အေးချမ်းနေခဲ့သည်။

ချီခွန်ကြယ်သခင်က လင်းယွမ်ကို ပေးခဲ့သော မျိုးနွယ်ခြားနှစ်ယောက်ကလည်း ပင်မကြယ်နှင့် ကြယ်နယ်မြေကို စီမံခန့်ခွဲရန်အတွက် ဖြစ်သည်။

" ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်စရမယ်။ " လင်းယွမ်က မျက်လုံးများမှိတ်လိုက်သည်။ ချီခွန်ပင်မကြယ်တွင်ဖြစ်စေ ယခု နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် ဖြစ်စေ သူ့အတွက် ကွာခြားခြင်းမရှိဘဲ သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

အခြားခန်းမတစ်ခုတွင် ဟုန်ပိ၊ လုယန်၊ ချွန်းပိုနှင့် ကျားလီတို့ လေးယောက် စုဝေးနေကြသည်။

" အဲ့ဒီမျိုးနွယ်ခြားတွေက အရမ်းနာခံလွန်းနေတယ်။ ကျုပ်တို့က သူတို့ကို လာဖို့ပြောလိုက်တာနဲ့ သူတို့က ဘာမှမတောင်းဆိုဘဲ ချက်ချင်း ရောက်လာကြတယ်။ " ကျားလီက အံ့ဩစွာ ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေ၏ ဖွံ့ဖြိုးတိုက်တက်မှုအတွက် တည်ငြိမ်သော ကုန်သွယ်ရေးလမ်းကြောင်းများကို လိုအပ်ပြီး ပင်မကြယ်ပေါ်တွင် ကုန်သည်အမျိုးမျိုးကို နေရာချထားရန် လိုအပ်လေသည်။

ထိုကုန်သည်များက ကြယ်နယ်မြေအတွက်းမှ ဒေသခံမျိုးန်ခယ်ခြားများ ဖြစ်ပြီး သူတို့အားလုံးက ပန်းနတ်ဘုရားမျိုးနွယ်မှ ပန်းနတ်ဘုရားဝိုင်ကဲ့သို့ ကိုယ်ပိုင်စွမ်းရည်များနှင့် နည်းစနစ်များ ရှိကြလေသည်။ သူတို့က အနီးရှိ ကြယ်နယ်များတွင်ပင် နာမည်ကြီးကြလေသည်။

အစတွင် သူတို့က ထိုမျိုးနွယ်ခြားများကို နေထိုင်ခွင့်အခမဲ့ဟူသော ဆွဲဆောင်မှုများဖြင့် ဖိတ်ခေါ်ရမည်ဖြစ်သည်။ သို့သော် သူတို့က ထိုအရာများကို ပြောဆိုခြင်းမပြုရသေးမီ မျိုးနွယ်ခြားများက မည်သည့်တောင်းဆိုမှုမှမပြုဘဲ တက်ကြွစွာဖြင့် ပူးပေါင်းခဲ့ကြသည်။

" ဟမ့် ကြယ်သခင်ရဲ့ ရှင်းလင်းမှုအပြီးမှာ အဲ့ဒီမျိုးနွယ်ခြားတွေ ဘယ်မနာခံရဲဘဲ နေရဲမှာလဲ။ " ဟုန်ပိက သာမန်အတိုင်း ပြောလိုက်သည်။

ချီခွန်ကြယ်သခင်က လင်းယွမ်ထက်ပင် ပို၍ အာဏာရှင်ဆန်ခဲ့လေသည်။ ထိုဒေသခံ မျိုးနွယ်ခြားများက အသက်ရှင်ရန်အတွက် နာခံရုံသာ တတ်နိုင်ကြသည်။

သို့သော် ဟုန်ပိနှင့် လုယန်တို့က အဋ္ဌမအလွှာ မျိုးနွယ်ခြားများဖြစ်ကြသော်လည်း သူတို့၏ စိတ်ထဲတွင် တုန်လှုပ်မှုတစ်ခု ရှိနေခဲ့သည်။ သူတို့ကို တုန်လှုပ်စေသည်မှာ အလွန်နာခံနေသော မျိုးနွယ်ခြားများမဟုတ်ဘဲ လင်းယွမ်၏ ခွန်အားဖြစ်သည်။

All Chapters