ထိုက်ယန်နိယာမကို ဖမ်းဆုပ်မိခြင်း....
Vol. 23 Ch. 351
သူတို့က လင်းယွမ်ကို နဂါးငွေ့တန်းကြယ်နယ်မြေကို တတ်နိုင်သမျှ ထိန်းချုပ်နိုင်ရန်အတွက် အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်ထားခဲ့ကြသည်။
လူများကို စည်းရုံးရန်၊ အကျိုးကျေးဇူးများကို ကတိပြုရန်၊ နဂါးငွေ့တန်းကြယ်နယ်မြေကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့ကြသည်။
သို့သော် ယခု သူတို့ချမှတ်ခဲ့သော အစီအစဉ်များက ဘာမှမလိုအပ်တော့ပေ။ လင်းယွမ်က သူ၏ အကြွင်းမဲ့ခွန်အားဖြင့် ထိုမျိုးနွယ်ခြားများကို ကြောက်လန့်အောင် ပြုလုပ်ခဲ့သည်။
သူတို့နှစ်ယောက်က လင်းယွမ်၏ အတွင်းကမ္ဘာမှာ မိုင်ခုနှစ်သိန်း ရှိပြီး တိုက်ခိုက်ရေးစွမ်းအားမှာ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်နေပြီကို ယခင်ကတည်းက ကြိုသိခဲ့ကြသော်လည်း အဋ္ဌမအလွှာ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားရှိရုံနှင့် ထိုအဋ္ဌမအလွှာ မျိုးနွယ်ခြားများကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ဟု မဆိုလိုပေ။
လင်းယွမ်က ထိုအဋ္ဌမအလွှာ မျိုးနွယ်ခြားများကို လွယ်ကူစွာ ထိန်းသိမ်းနိုင်ခြင်းမှာ တိုက်ခိုက်ရေးစွမ်းအားအပေါ်တွင်သာမက ကဏ္ဍပေါင်းစုံတွင် ချို့ယွင်းချက်မရှိလုနီးပါး ဖြစ်နေသော နားလည်မှုပေါ်တွင် မှီခိုခဲ့သည်။
အချိန်များ ကုန်လွန်လာပြီး နှစ်လကြာသွားခဲ့သည်။
လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင် ပြုလုပ်နေခဲ့သည်။ ရုတ်တရက် နဂါးငွေ့တန်းပင်မကြယ်ပေါ်ရှိ လူတိုင်းက ကြီးမားသော နေမင်းကြီး ဆင်းသက်လာသကဲ့သို့ ကြီးမားသော အပူလှိုင်းများကို ခံစားလိုက်ရသည်။
" ဟမ် " ချွန်းပိုနှင့် ကျားလီတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့က ထိုအပူလှိုင်း ထွက်ပေါ်လာရာကို ကြည့်လိုက်ရာ ကြယ်သခင်၏ နန်းတော်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဟင်းလင်းပြင်ထဲတွင် အလင်းနှင်း အပူစွမ်းအားများက ပြည့်နှက်လာပြီး ထိုနန်းတော်က အသေးစားနေမင်းတစ်စင်းကဲ့သို့ ဖြစ်သွားသည်။
" အဲ့ဒါ နိယာမလှိုင်းတွေရဲ့ ပုံရိပ်ပဲ။ မီးနိယာမက ပုံဖော်နေပြီ။ " ဟုန်ပိနှင့် လုယန်တို့က စိတ်လှုပ်ရှားနေကြပြီး သူတို့က ထိုမြင်ကွင်း၏ အဓိပ္ပါယ်ကို သိကြလေသည်။
" မီးနိယာမပုံရိပ်။ ကြယ်သခင်က မီးနိယာမ အမျိုးအစားတစ်ခုကို နားလည်သွားတာလား။ " ချွန်းပိုနှင့် ကျားလီတို့က မျက်လုံးပြူးသွားကြသည်။
မည်သည့်နိယာမကိုမဆို ပုံမှန်နိယာမဖြစ်စေ ကျွမ်းကျင်နိုင်ခြင်းက အဋ္ဌမအလွှာ အထွတ်အထိပ်ရှိသူများသာ ဖြစ်နိုင်လေသည်။
လင်းယွမ်က အဋ္ဌမအလွှာသို့ မကြာသေးမီက ရောက်ရှိခဲ့ပြီး အဋ္ဌမအလွှာ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း တိုက်ခိုက်ရေးစွမ်းအားနှင့် နယ်ပင်က ကွဲပြားသော အရာများဖြစ်သည်။
လင်းယွမ်က အဋ္ဌမအလွှာ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာ သူကျင့်ကြံထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က စွမ်းအားကောင်းခြင်း သို့မဟုတ် လျို့ဝှက်နည်းစနစ်တစ်ခုကို ကျွမ်းကျင်ထားခြင်း စသည်တို့ ဖြစ်နိုင်လေသည်။
သို့သော် နိယာမတစ်ခုကို ကျွမ်းကျင်ခြင်းမှာ မိမိကိုယ်တိုင်အပေါ်တွင်သာ မှီခိုရသည်။ နဂါးငွေ့တန်းကြယ်သခင်က မီးနိယာမအမျိုးအစားတစ်ခုကို ကျွမ်းကျင်သွားခြင်းမှာ ထိုစွမ်းအားကို အပြည့်အဝ အသုံးချနိုင်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။
" ကြယ်သခင်..." ဟုန်ပိနှင့် လုယန်တို့က တိတ်ဆိတ်သွားကြသည်။
နဂါးငွေ့တန်းကြယ်သခင်က လေဟာနယ်နိယာမအပေါ် မယုံကြည်နိုင်လောက်အောင် နက်ရှိုင်းသော အဆင့်သို့ ရောက်နေပြီး ယခုအခါ သူက မီးနိယာမအမျိုးအစားတစ်ခုကိုလည်း ကျွမ်းကျင်သွားခဲ့သည်။
နန်းတော်ထဲတွင် လင်းယွမ်က မျက်လုံးများဖွင့်လိုက်ပြီး ကျေနပ်သော အမူအရာပေါ်လာသည်။
" ထိုက်ယန်နိယာမ..." လင်းယွမ်က အနည်းငယ် မော့ကြည့်လိုက်ရာ ပတ်ဝန်းကျင်မှ အဆုံးမဲ့ အလင်းနှင့် အပူတို့က သူ့ထံသို့ စုစည်းလာပြီး လက်မအရွယ် နေ တံဆိပ်တစ်ခု ဖြစ်ပေါ်လာကာ လင်းယွမ်၏ နဖူးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
" ထိုက်ယန်နိယာမကို ဒီလောက် ကျွမ်းကျင်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
သူက ထိုက်ယန်နိယာမကို ရည်ရွယ်ချက်ရှိရှိ နားလည်အောင် ပြုလုပ်ခဲ့ခြင်း မရှိပေ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင်လုပ်ရင်း ထိုက်ယန်နှင့် ထိုက်ယင်နိယာမများကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့ခြင်း ဖြစ်သည်။
လင်းယွမ် ကျင့်ကြံသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိုင်ယင်၊ ထိုက်ယန်နှင့် ထိုက်ကျိတို့ကို အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းကို မြှင့်တင်ခြင်းက ထိုက်ယန်နှင့် ထိုက်ယင် နိယာမများကို ပို၍ နားလည်လာခဲ့သည်။
" ထိုက်ယန်နိယာမကို စောစောစီးစီး နားလည်နိုင်တာက ချီခွန်မျိုးနွယ်က မီးစနစ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကြောင့်လည်း ပါလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ရှီခွန်မျိုးနွယ်၏ ရှစ်စန်းတောင်ထိပ်သခင်အနေဖြင့် လင်းယွမ်က သူ၏ မျိုးနွယ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို သဘာဝအတိုင်း နားလည်ခဲ့သည်။
ချီခွန်မျိုးနွယ်က မီးနှင့် လေဟာနယ် နိယာမများတွင် အကောင်းဆုံးဖြစ်လေသည်။ ချီခွန်ကြယ်သခင်ကလည်း ထိုလမ်းစဉ်နှစ်ခုကို လျှောက်လှမ်းခဲ့သည်။ ထို့ကြောင့် သူတို့စုဆောင်းခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက မီးနှင့်လေဟာနယ်ကို အခြေခံထားသော လမ်းစဉ်များ ဖြစ်ကြသည်။
ရလဒ်အနေဖြင့် လင်းယွမ်၏ ထိုက်ယန်နိယာမအပေါ်နားလည်မှုက ထိုက်ယင်နိယာမထက် များစွာ သာလွန်ခဲ့ပြီး ယခုအခါ ထိုက်ယန်နိယာမကို ဦးစွာ ကျွမ်းကျင်သွားခဲ့သည်။
ထိုက်ယန်နိယာမက မီးစနစ်အမျိုးအစားထဲမှ ဖြစ်ပြီး အဆုံးမဲ့ အလင်းနှင့် အပူကို ကိုယ်စားပြုလေသည်။
လူသားမျိုးနွယ်မဟာမိတ်မှ အစွမ်းထက်သော အဋ္ဌမအလွှာ ဝမ်ယန်ကြယ်သခင်က ထိုက်ယန်နိယာမကို နားလည်ခဲ့ပြီး ဘယ်သူမှမရောက်နိုင်သော အဆင့်ကို ရောက်ရှိခဲ့သည်။
" ထိုက်ယန်နိယာမကို နားလည်မှုနဲ့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သိသိသာသာ တိုးတက်လာတယ်။ " လင်းယွမ်က ကျေနပ်သွားသည်။
" ပြီးတော့ ငါ့ရဲ့ လမ်းစဉ်က ထိုက်ယင်နဲ့ ထိုက်ယန် နိယာမနှစ်ခုလုံးကို ပေါင်းစည်းတာပဲ။ ထိုက်ယန်နိယာမကို နားလည်ပြီးတဲ့နောက်မှာ ထိုက်ယင်နိယာမကို နားလည်ဖို့လည်း သိပ်မလိုတော့ဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ထိုက်ကျိလမ်းစဉ်က ယင်နှင့် ယန်ကို အားဖြည့်ပေးသည်။ ထိုက်ယင်အားကောင်းလာလျှင် ထိုက်ယန်ကို အားဖြည့်ပေးပြီး ထိုက်ယန်အားကောင်းလာလျှင် ထိုက်ယင်ကို အားဖြည့်ပေးမည်ဖြစ်သည်။
" ဒါပေမယ့် ထိုက်ယင်နဲ့ ထိုက်ယန် နိယာမနှစ်ခုလုံးကို အပြည့်အဝ နားလည်ရင်တောင် ပြည့်စုံတဲ့ လေဟာနယ်နိယာမကို နားလည်ဖို့က အချိန်အကြာကြီး လိုလိမ့်မယ်။ "
လင်းယွမ်က လေဟာနယ်နိယာမကို စဉ်းစားမိသွားသည်။ သူက ပင်မလေဟာနယ်ပုံစံ နှစ်ထောင်ကျော်ကို နားလည်ထားခဲ့သည်။
လူသားမျိုးနွယ်၏ လေဟာနယ်နိယာမကို အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်ခြင်းက လေဟာနယ်နိယာမကို ကျွမ်းကျင်ခြင်းနှင့် ညီမျှလေသည်။
သို့သော် ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို နားလည်ရန် အလွန်ခက်ခဲလေသည်။ အခြေခံနိယာမများအနေဖြင့် ၎င်းတို့က စကြာဝဠာ၏ အနှစ်သာရကို ကိုယ်စားပြုနိုင်သလောက်ပင် ဖြစ်သည်။ အစွမ်းထက်သော ချီခွန်ကြယ်သခင်ပင် ပင်မလေဟာနယ်ပုံစံအားလုံးကို နားလည်ခြင်းမရှိသေးဘဲ လေဟာနယ်နိယာမကို မကျွမ်းကျင်သေးပေ။
ချီခွန်ကြယ်သခင်က ကြယ်ပင်လယ်ခွန်ဖြစ်ပြီး စကြာဝဠာမူလရင်းမြစ်၏ နှစ်သက်ခြင်းခံရသူဖြစ်သည်။ သူပင် နားမလည်နခုင်လျှင် အခက်အခဲကို ခန့်မှန်းကြည့်နိုင်လေသည်။
" ဖြည်းဖြည်းပေါ့။ ငါ့မှာ အပေါဆုံးက အချိန်ပဲ။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။
ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် နိယာမများကို နားလည်မှုအပေါ်တွင် အခက်အခဲများ ကြုံတွေ့နိုင်လေသည်။ လေဟာနယ်နိယာမကဲ့သို့ ကျယ်ပြန်သော အရာများကို အချိန်ပေးလျှင် နောက်ဆုံးတွင် နားလည်နိုင်လာမည်ဖြစ်သည်။
သူ၏ လက်ရှိအဆင့်က မမြင့်မားသေး၍သာမဟုတ်လျှင် လင်းယွမ်က အချိန်နိယာမကိုပင် လေ့လာမိပေလိမ့်မည်။
" ဒါပေမယ့် ငါသာ ထိုက်ယင်နိယာမကို ကျွမ်းကျင်သွားရင် ထိုက်ယန်နိယာမနဲ့ ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာမလဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
အချိန်၊ လေဟာနယ်နှင့် အသက် ကဲ့သို့ အခြေခံနိယာမများကို သာမန်နိယာမအချို့နှင့် ပေါင်းစည်းခြင်းက အဋ္ဌမအလွှာမှ နဝမအလွှာသို့ တက်လှမ်းရာတွင် လိုအပ်ချက်များထဲမှ တစ်ခုဖြစ်သည်။
သို့သော် ထိုက်ယင်နှင့် ထိုက်ယန် နိယာမနှစ်ခုလုံးက အခြေခံနိယာမများမဟုတ်ကြပေ။ သူတို့ကို ပေါင်းစည်းလိုက်လျှင် ဘာဖြစ်လာမလဲ။ ထိုက်ကျိနိယာမလား။ ယခုအချိန်ထိ လင်းယွမ်က ထိုက်ကျိနိယာမကို မကြားဖူးပေ။
ထိုက်ကျိဆိုသည်မှာ ထိုက်ယင်နှင့် ထိုက်ယန်ကို ပေါင်းစည်းပြီးနောက် ဖြစ်ပေါ်လာသောအခါကို လင်းယွမ်က ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းသာ ဖြစ်သည်။
ထိုက်ယင်နှင့် ထိုက်ယန်ကို အချိုးအစား အတိအကျ ပေါင်းစည်းခြင်းက အဆုံးစွန်သော ထိုက်ကျိကို ဖြစ်ပေါ်စေနိုင်သည်။ ထိုက်ယင်နှင့် ထိုက်ယန် နိယာမများကို အပြည့်အဝ နားမလည်သေးဘဲ ၎င်းတို့ကို ပေါင်းစည်းခြင်းက ဖြစ်ပေါ်လာသော နိယာမကလည်း ပြည့်စုံခြင်းမရှိသေးပေ။
" အဲ့ဒါတွေ စဉ်းစားနေလို့ အဓိပ္ပါယ်မရှိဘူး။ ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်တဲ့အချိန်ထိ စောင့်ကြတာပေါ့။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။
လင်းယွမ် ကျင့်ကြံနေစဉ်အတွင်း နဂါးငွေ့တန်းကြယ်နယ်မြေက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။
" နဂါးငွေ့တန်းကြယ်နယ်မြေရဲ့ ပင်မကြယ်။ " ထိုပုံရိပ်နှစ်ခုက ဘေးချင်းယှဉ်ရပ်နေပြီး တစ်ယောက်က အမျိုးသားဖြစ်ပြီး တစ်ယောက်က အမျိုးသမီးဖြစ်သည်။ သူတို့က ကြီးမားသော ဂြိုလ်ကို ငုံ့ကြည့်နေကြသည်။
အမျိုးသားနှင့် အမျိုသမီး နှစ်ယောက်လုံးက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။ အမျိုးသားက အရပ်ရှည်ပြီး အပြာရောင်မျက်လုံးများရှိကာ ထူးခြားသော သွေးမျိုးဆက်မှ ဆင်းသက်လာသည်မှာ ထင်ရှားလေသည်။ အမျိုးသမီးက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်၍ နက်နဲသော အော်ရာတစ်ခုကို ထုတ်လွှတ်နေပြီး နဖူးတွင် ငွေရောင်ပုံစံအချို့က မှိန်ဖျော့စွာ လင်းလက်နေသည်။