လင်းယွမ်၏ လက်အောက်ခံများ....
Vol. 23 Ch. 352
" ဒီဂြိုလ်က အစက အရိပ်မျိုးနွယ်ရဲ့ မဟာဗျူဟာဂြိုလ်ဖြစ်ပြီး ကြယ်နယ်မြေကို ဒီကနေ ထိန်းချုပ်ခဲ့နာ။ ဒါပေမယ့် အခုတော့ ငါတို့ လူသားမျိုးနွယ်ရဲ့ ပင်မကြယ်ဖြစ်နေပြီ။ " အမျိုးသား ဆင့်ကဲပြောင်းလဲသူက ပြောလိုက်သည်။
" အတိအကျပြောရရင် နဂါးငွေ့တန်းကြယ်နယ်မြေပေါ့။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဒီဂြိုလ်ကို အဆင့်နှစ်ပြင်ဆင်မှု တိုက်ရိုက်လုပ်လိုက်တာ တကယ်ချမ်းသာတာပဲ။ " အမျိုးသမီး ဆင့်ကဲပြောင်းလဲသူက ပြုံး၍ ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က သူ၏ ချမ်းသာကြွယ်ဝမှုကလည်း လူသိများသော အချက်တစ်ချက် ဖြစ်သည်။ စကြာဝဠာသလင်းကျောက် တစ်သိန်းက နည်းသော ပမာဏမဟုတ်ဘဲ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပင် ထိုပမာဏကို မစုဆောင်းနိုင်သောကြောင့် ဖြစ်သည်။
လင်းယွမ်က လူသားမျိုးနွယ်၏ ပါရမီရှင်၊ အသက်တစ်ရာမပြည့်မီ အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့သူမဟုတ်လျှင် သူ၏ ဂုဏ်ပြုပွဲတွင် စကြာဝဠာသလင်းကျောက် တစ်သိန်းကို ရရှိရန် မဖြစ်နိုင်ပေ။
အင်အားကြီးမားသော အဖွဲ့အစည်းများနှင့် တကိုယ်တော် ဆင့်ကဲပြောင်းလဲသူများက အရူးများမဟုတ်ကြပေ။ လင်းယွမ်က သာမန်ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာဖြစ်လျှင် သူတို့က ဂုဏ်ပြုပွဲသို့ တက်ရန် မပြောနှင့် ချီခွန်ကြယ်သခင်၏ မျက်နှာကြောင့်သာ လက်ဆောင်အနည်းငယ်ကို ပေးပို့ကြပေလိမ့်မည်။
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က တကယ်ထူးခြားတယ်။ ငွေကြေးတင်မကဘူး ခွန်အားကလည်း ပြည့်စုံတယ်။ ရာထူးရပြီး မကြာခင်မှာပဲ ဒီကြယ်နယ်မြေက အထူးသက်ရှိတွေနဲ့ မျိုးနွယ်ခြားသန်မာသူတွေကို ရှင်းပစ်ခဲ့တယ်။ အဋ္ဌမအလွှာ မျိုးနွယ်ခြား ခြောက်ယောက် ခုနှစ်ယောက်ရဲ့ သွေးနဲ့ သူ့လက်ကို ဆေးကြောခဲ့တယ်။ "
ထို့နောက် အမျိုးသားက အနည်းငယ် ချီတုံချတုံ ဖြစ်သွား၏။ " သူက ငါတို့ရဲ့ သစ္စာခံမှုကို လက်ခံပါ့မလား မသိဘူး။ "
" ပြီးတော့ ဒီနဂါးငွေ့တန်းကြယ်သခင်က အသက်တစ်ရာတောင်မပြည့်သေးဘူး။ ငါတို့နှစ်ယောက်က သူ့နောက်ကို အရင်လိုက်ဖို့ဆိုရင်..."
ကြယ်စကြာဝဠာထဲတွင် မျိုးနွယ်စုတစ်သောင်းကျော်ရှိပြီး အားနည်းသူများက အားကြီးသူနောက်လိုက်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်။ သို့သော် သူတို့နှစ်ရောက်လုံးက အသက် နှစ်သောင်း သုံးသောင်းမက ရှိပြီဖြစ်ရာ အသက်တစ်ရာမပြည့်သေးသော လူငယ်နောက်လိုက်ရန်မှာ ခက်ခဲသော ခံစားချက်တစ်ခုဖြစ်သည်။
လူသားမျိုးနွယ်မဟာမိတ်အဖွဲ့တွင် သို့မဟုတ် အခြားအဖွဲ့အစည်းများတွင် နောက်လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် ခေါင်းဆောင်နှင့် အပြည့်အဝ ချည်နှောင်ခြင်းခံရမည်ဖြစ်သည်။ အနာဂတ်တွင် မည်သို့ပင်ဖြစ်စေ ထိုဆက်သွယ်မှုကို ဖြတ်တောက်နိုင်မည်မဟုတ်ပေ။
" လုရန် နင်က ကိုယ့်မျက်နှာကို အရမ်းဂရုစိုက်တော့ အခွင့်အရေးတွေ လွဲချော်ခဲ့တာပဲ။ " အမျိုးသမီးက ခေါင်းခါပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က အရမ်းငယ်သေးတာက ငါတို့အတွက် သူ့နောက်လိုက်ဖို့ အချိန်ကောင်းမဟုတ်လား။ မဟုတ်ရင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကျင့်ကြံမှုနဲ့ နှစ်ထောင်ချီ သောင်းချီကြာရင် အဋ္ဌမအလွှာရဲ့ တားဆီးမရသူ ဒါမှမဟုတ် နဝမအလွှာတောင် ရောက်နေလောက်ပြီ။ ဒါဆို ငါတို့ကို လှည့်တောင်ကြည့်မှာမဟုတ်တော့ဘူး။ "
" အခုအချိန်မှာ သူ့နောက်လိုက်တာက ငါတို့ အကျိုးအမြတ်တွေ ရမယ့်အပြင် နောက်မှရောက်လာတဲ့သူတွေထက်လည်း ပိုမြင့်တဲ့အဆင့်အတန်းကို ရလိမ့်မယ်။ " အမျိုးသမီး ဆင့်ကဲပြောင်းလဲသူက ရှင်းပြလိုက်သည်။
" မင်းပြောတာ မှန်တယ်။ " ထိုစကားကို ကြားသောအခါ အမျိုးသားဆင့်ကဲပြောင်းလဲသူက ခေါင်းညိမ့်လိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာသို့ တက်လှမ်းပြီး ကြယ်နယ်မြေကို ယခုမှ တာဝန်ယူထားသူဖြစ်သည်။ သူတို့က ယခုအချိန်တွင် သူ့နောက်လိုက်ခြင်းက အမှန်တကယ် အကူအညီဖြစ်နိုင်လေသည်။
" နောက်လိုက်တွေဖြစ်လာရင် ငါတို့က နဂါးငွေ့တန်းကြယ်သခင်ရဲ့ အမိန့်ကို နာခံရလိမ့်မယ်။ မဟုတ်ရင် နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို သတ်ရင်တောင် နတ်ဘုရားသုံးပါးက ဝင်စွက်ဖက်မှာမဟုတ်ဘူး။ " အမျိုးသား ဆင့်ကဲပြောင်းလဲသူက ပြောလိုက်သည်။
" တစ်ခုကိုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမှာပဲ။ စွန့်စားမှုမရှိဘဲ အကျိုးအမြတ်ကို မျှော်လင့်တာက မိုက်မဲတာပဲ။ "
အမျိုးသမီးဆင့်ကဲပြောင်းလဲသူက နဂါးငွေ့တန်းပင်မကြယ်သို့ တိုက်ရိုက်ဦးတည်သွားသည်။ ၎င်းကို မြင်သော် အမျိုးသားကလည်း နောက်မှလိုက်သွားသည်။ သူတို့နှစ်ယောက်က နဂါးငွေ့တန်းပင်မကြယ်၏ ကြယ်ရင်ပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။
ဝုန်း ဝုန်း ဝုန်း...
နဂါးငွေ့တန်းပင်မကြယ်၏ ဂြိုလ်ကာကွယ်ရေးစနစ်မှ အင်အားကြီးသော စွမ်းအားလှိုင်းများ ထုတ်လွှတ်ပြီး သူတို့ကို ဖုံးလွှမ်းသွားသည်။ အဆင့်နှစ်ပြင်ဆင်မှု၏ ကာကွယ်ရေးစနစ်က အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအများစုကို ချေမှုန်းရန် လုံလောက်ပေသည်။
" မင်းတို့ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူနှစ်ယောက် ဘာကိစ္စနဲ့ ဒီကို လာကြတာလဲ။ " နီညိုရောင်အသားအရေနှင့် မျိုးနွယ်ခြားတစ်ယောက်က ပျံသန်းလာပြီး သူတို့ကို သတိကြီးစွာဖြင့် စစ်ဆေးနေသည်။
" အဋ္ဌမအလွှာ " သူတို့နှစ်ယောက်က စိတ်ထဲတွင် အံ့အားသင့်သွားကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ ဦးဆုံးနောက်လိုက်များ ဖြစ်မည်ဟု ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ အဋ္ဌမအလွှာ မျိုးနွယ်ခြားတစ်ယောက်က သူ၏ နောက်လိုက်ဖြစ်နေပြီဖြစ်သည်။
" ကျွန်မတို့က နဂါးငွေ့တန်းကြယ်သခင်ရဲ့ ဂုဏ်သတင်းကြောင့် လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ " အမျိုးသမီး ဆင့်ကဲပြောင်းလဲသူက သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်း ပြောလိုက်သည်။
" မင်းတို့က ကြယ်သခင်နဲ့ တွေ့ချင်တာလား။ " ဟုန်ပိက ခနစဉ်းစားပြီး ပြန်ပြောလိုက်သည်။ " ငါ ကြယ်သခင်ကို မေးပေးပါမယ်။ "
ကြယ်သခင်ကို တွေ့ဆုံရန် ကြယ်သခင်၏ ခွင့်ပြုချက်လိုအပ်လေသည်။ သူက ထိုကိစ္စကို ဆုံးဖြတ်နိုင်စွမ်းမရှိပေ။
ခဏအကြာတွင် ဟုန်ပိက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ကြယ်သခင်က သဘောတူတယ်။ ငါ့နောက်လိုက်ခဲ့ပါ။ "
မကြာမီ အမျိုးသားနှင့် အမျိုးသမီးတို့က နန်းတော်ထဲသို့ ရောက်လာကြသည်။
လင်းယွမ်က အဋ္ဌမအလွှာ အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပင်မလေဟာနယ်ပုံစံများကို စဉ်းစားနေသည်။ သူတို့ဝင်လာသည်နှင့် သူက မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
နေထွက်လာသကဲ့သို့ အမျိုးသားနှင့် အမျိုးသမီးတို့က ပါးစပ်များခြောက်သွေ့လာပြီး လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို အရိုအသေပေးပါတယ်။ "
" လုရန်နဲ့ ရွမ်ဝေ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ လူသားမျိုးနွယ်မဟာမိတ်အဖွဲ့တွင် အဋ္ဌမအလွှာများကို မှတ်တမ်းတင်ထားပြီး လင်းယွမ်က သူတို့ကို အလွယ်တကူ ရှာဖွေနိုင်လေသည်။
ထိုနှစ်ယောက်က လွန်ခဲ့သော နှစ်ပေါင်းများစွာက အဋ္ဌမအလွှာသို့ ဝင်ရောက်ခဲ့ကြသည်။ ကြယ်နယ်မြေတစ်ခုကို နှစ်ငါးရာ ဦးဆောင်ပြီးနောက် သူတို့၏ ရာထူးကို စွန့်လွှတ်ကာ စကြာဝဠာအနှံ့ ခရီးများသွားလာခဲ့ကြသည်။
ကြယ်နယ်မြေတစ်ခုကို တာဝန်ယူပြီး ကြယ်သခင်ဖြစ်လာခြင်းက အကျိုးအမြတ်များသော ရာထူးတစ်ခုဖြစ်သော်လည်း နယ်မြေတစ်ခုအတွင်း ပိတ်လှောင်ခံရခြင်းနှင့် တူလေသည်။
ကြယ်သခင်တစ်ယောက်က ကြယ်နယ်မြေတွင် နေရမည်ဖြစ်ပြီး ထိုအချက်ကို ဆင့်ကဲပြောင်းလဲသူအချို့က လက်မခံသောကြောင့် ကြယ်သခင်အဖြစ် အမြဲတမ်းနေထိုင်ခြင်းမရှိကြပေ။
" နဂါးငွေ့တန်းကြယ်သခင်က ကြယ်နယ်မြေထဲက အထိန်းအချုပ်မဲ့တဲ့ မျိုးနွယ်ခြားတွေကို ရှင်းလိုက်တာ ကြားရတော့ ကျွန်မတို့ တကယ်ပဲ လေးစားမိပါတယ်။ ဒါကြောင့် ကြယ်သခင်နောက်လိုက်ဖို့ လာရောက်ခဲ့ကြတာပါ။ " ရွမ်ဝေက ပြောလိုက်သည်။
" ငါ့နောက်လိုက်မှာလား။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။ ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်အနေဖြင့် သူတွင် နောက်လိုက်များ ရှိပြီးသားဖြစ်သည်။
" မင်းတို့က ဘာလိုချင်လို့လဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။ နောက်လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်နှင့် လင်းယွမ်က သူတို့၏ ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး နတ်ဘုရားသုံးပါးပင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ထို့ကြောင့် နောက်လိုက်များကလည်း သူတို့၏ ကိုယ်ပိုင်ဆန္ဒများ ရှိကြလေသည်။
ဟေးယုမျိုးနွယ်မှ ဟေးယုမိုက ချီခွန်ကြယ်သခင်နောက်လိုက်ရန် ဆုံးဖြတ်ခဲ့သောအခါ သူ၏ တောင်းဆိုမှုက မျိုးနွယ်တစ်ခုကို တည်ထောင်ရန် ဖြစ်သည်။ ထို့ကြောင့် ဟေးယုမျိုးနွယ်က ချီခွန်ကြယ်နယ်မြေတွင် တောက်ပသော အချိန်ကာလတစ်ခု ရှိခဲ့လေသည်။
" အဋ္ဌမအလွှာကို ရောက်ပြီးတဲ့နောက်မှာ ကျုပ်တို့က ကျင့်ကြံခြင်းမှာ အခက်အခဲကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် အနာဂတ်မှာ ကြယ်သခင်က နဝမအလွှာကို ရောက်ခဲ့မယ်ဆိုရင် ကျုပ်တို့ကို လမ်းညွှန်မှုအချို့ ပေးရုံနဲ့ လုံလောက်ပါတယ်။ " လုရန်က ရိုသေစွာ ပြောလိုက်သည်။
လူသားမျိုးနွယ်၏ VR ကမ္ဘာတွင် နဝမအလွှာများ၏ လမ်းညွှန်မှုများရှိသော်လည်း ၎င်းတို့က သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး သူတို့အတွက် များစွာ အထောက်အကူမဖြစ်ပေ။ သို့သော် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ထံမှ လမ်းညွှန်မှုရရှိရန် လွန်စွာ ခက်ခဲလှသည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။ လမ်းညွှန်မှုအနည်းငယ်ပေးခြင်းက လွယ်ကူသော ကိစ္စတစ်ခု ဖြစ်၏။
ယခု သူက နဂါးငွေ့တန်းကြယ်နယ်မြေကို စတင်တာဝန်ယူပြီဖြစ်ရာ လက်အောက်ခံများစွာကို လိုအပ်ပြီး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူနှစ်ယောက်က သူ့အတွက် ပြဿနာများစွာကို သက်သာစေနိုင်သည်။ ထို့အပြင် လုရန်နှင့် ရွမ်ဝေတို့၏ နောက်ကြောင်းက ရှင်းလင်းပြီး လူသားဆင့်ကဲပြောင်းလဲသူများဖြစ်သောကြောင့် အတိုင်းအတာတစ်ခုအထိ ယုံကြည်ရလေသည်။ ထို့ကြောင့် လင်းယွမ်က သူတို့ကို တိုက်ရိုက်လက်ခံခဲ့ခြင်းဖြစ်သည်။
" ကျေးဇူးတင်ပါတယ် ကြယ်သခင်။ " လုရန်နှင့် ရွမ်ဝေတို့က စိတ်သက်သာရာရသွားကြသည်။
သူတို့က နဂါးငွေ့တန်းကြယ်သခင်နောက်လိုက်ရန် ပြဿနာမရှိဟု အစကထင်ခဲ့သော်လည်း လင်းယွမ်နှင့် တွေ့ဆုံသောအခါ သူတို့က ကြယ်သခင်ကို လျှော့တွက်ခဲ့မိကြောင်း နားလည်သွားကြသည်။ ကြယ်သခင်၏ နိယာမများအပေါ် နားလည်မှုက သူတို့ စိတ်ကူးထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ ကြယ်သခင်၏ အကြည့်တစ်ချက်ကပင် သူတို့၏ စိတ်များကို တုန်ခါသွားစေခဲ့သည်။ ထို့ကြောင့် လင်းယွမ် သဘောတူလိုက်မှသာ သူတို့က စိုးရိမ်မှုများကို လွှတ်ချနိုင်ကြသည်။