ကြောက်စရာကောင်းသော တိုးတက်မှု...
Vol. 23 Ch. 355
သွေးပြန်လည်မွေးဖွားခြင်းဆိုသည်မှာ သာမန်သွေးတစ်စက်ကို ဆိုလိုခြင်းမဟုတ်ဘဲ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော အသက်အနှစ်သာရပါဝင်သည့် သွေးအဆီးအနှစ်ကို ရည်ညွှန်းလေသည်။ သွေးက အသက်အနှစ်သာရကို သယ်ဆောင်ထားသော ကြားခံအရာမျှသာဖြစ်သည်။
" ဘယ်လိုအရာမျိုးက ဒီလိုအခြေအနေမျိုးကို လိုအပ်တာလဲ။ " လင်းယွမ်က အံ့အားသင့်နေ၏။ ယခုအချိန်ထိ သူက သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အလားတူပိုင်ဆိုင်သော ဒုတိယမြောက် ဆင့်ကဲပြောင်းလဲသူကို မတွေ့ဖူးသေးပေ။
လင်းယွမ်၏ ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းက မူလကမ္ဘာမှ ဆင်းသက်လာခြင်းမဟုတ်ဘဲ အင်မော်တယ်တာအိုကမ္ဘာမှ ဖြစ်၏။ လင်းယွမ်က ထိုနတ်စွမ်းရည်ကို အပြည့်အဝ နားလည်ခဲ့သောကြောင့်သာ မူလကမ္ဘာတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။
" ဘယ်လိုသက်ရောက်မှုရှိလဲ ကြည့်ရအောင်။ " လင်းယွမ်က ဘူးသီးခြောက်ကို ကောက်ယူပြီး အဝကို အောက်သို့ လှည့်လိုက်သည်။
လင်းယွမ်က ၎င်းကို အသုံးပြုရန် အခြေအနေများ ကိုက်ညီနေပြီဖြစ်သည်။ ခဏအကြာတွင် အောက်သို့လှည့်ထားသော ဘူးသီးခြောက်အဝမှ အရည်တစ်စက်စုစည်းလာသည်။
ထိုအရည်က နီရဲနေပြီး အနီရောင်သမုဒ္ဒရာတစ်ခုကဲ့သို့ နက်ရှိုင်းလှသည်။
" အရမ်းလှတာပဲ။ " လင်းယွမ်က ထိုအရည်စက်ကို စိုက်ကြည့်နေပြီး သူ၏ စိတ်ဝိညာဉ်က နစ်မျောသွားသည်။ ၎င်းကို ကြည့်နေရုံနှင့် ထိုအရည်စက်ထဲတွင် ကြယ်စကြာဝဠာတစ်ခု ပါဝင်နေသကဲ့သို့ ခံစားရလေသည်။
" ငါရရှိခဲ့တဲ့ အချက်အလက်တွေအရဆို တိုက်ရိုက်သောက်လိုက်ရုံပဲ။ " လင်းယွမ်၏ စိတ်အသိက ပြင်ပကမ္ဘာသို့ ရောက်လာပြီး အနီရောင်ရောနှောနေသော မီးခိုးရောင်ဘူးသီးခြောက်ကလည်း ပြန်လည်ရောက်ရှိလာသည်။ အနီရောင်အရည်စက်ကလည်း ဘူးသီးခြောက်ဝတွင် စုစည်းနေဆဲ ဖြစ်၏။
" ဘူးသီးခြောက်ထဲက အရည်က အဆင့်အလိုက် အရောင်ခုနှစ်မျိုးရှိတယ်။ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်။ အနီရောင်အရည်ကို စုပ်ယူပြီး ခန္ဓာကိုယ်ကို အပြည့်အဝ ပြောင်းလဲနိုင်မှ ဒုတိယအရောင် အရည် ထပ်ပေါ်လာလိမ့်မယ်။ "
" စမ်းကြည့်တာပေါ့။ " စိတ်လှုပ်ရှားမှုအနည်းငယ်ဖြင့် လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။ ဘူးသီးခြောက်မှ ရရှိသော အချက်အလက်များအရ ထိုအရည်ကို စုပ်ယူခြင်းက ကြီးမားသော အန္တရာယ်ရှိလေသည်။ သွေးတစ်စက်ကို အပြင်တွင်ထားရှိခြင်းက တစ်ခုခုမှားယွင်းခဲ့လျှင်တောင် သူက လျင်မြန်စွာ ပြန်လည်မွေးဖွားနိုင်လေသည်။ ချီခွန်ကြယ်တွင် သွေးတစ်စက်ချန်ခဲ့သော်လည်း အလွန်ဝေးကွာလှသည်။
" စမယ် " လင်းယွမ်က သူ၏ စိတ်ကို တည်ငြိမ်စေလိုက်ပြီး ဘူးသီးခြောက်အဝတွင် စုစည်းနေသော အနီရောင်အရည်တစ်စက်ကို မျိုချလိုက်သည်။
ဝုန်း....
ချက်ချင်းပင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများကဲ့သို့ လောင်ကျွမ်းနေသည်ကို ခံစားလိုက်ရသည်။ သွေးနှင့်အသားများ လောင်ကျွမ်းနေသည်၊ ကိုယ်တွင်းအင်္ဂါများ လောင်ကျွမ်းနေသည်၊ အရိုးများလောင်ကျွမ်းနေသည်၊ အရာအားလုံး လောင်ကျွမ်းနေသည်။
ထို့နောက် ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းအောက်တွင် လင်းယွမ်၏ လောင်ကျွမ်းနေသော အရာအားလုံးက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ ထို့ကြောင့် အနီရောင်အရည်စက်နှင့် လင်းယွမ်၏ ပြန်လည်မွေးဖွားခြင်းစွမ်းအားတို့က အပြန်အလှန် အားပြိုင်နေကြသည်။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်၏ ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ရုတ်တရက် ပြာမှုန်များအဖြစ် ပြောင်းလဲသွားသည်။ အနီရောင်အရည်၏ အာနိသင်ပျောက်ကွယ်သွားပြီးနောက် ပြန့်ကျဲနေသော ပြာများက လျင်မြန်စွာ ပြန်လည်စုစည်းသွားပြီး မျက်စိတစ်မှိတ်အတွင်း လင်းယွမ် ပြန်ပေါ်လာသည်။
" ဒါက ဘာလဲ..." လင်းယွမ်က အကဲမဖြတ်ရသေးမီ သူ၏ ပြန်လည်မွေးဖွားလာသော ခန္ဓာကိုယ်က သွေးနှင့်ချီ လှည့်ပတ်လိုက်ရုံနှင့် ခွန်အားနှစ်ဆ တိုးလာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
ဆယ်ရာခိုင်နှုန်းတိုလာလျှင်တောင် မယုံကြည်နိုင်စရာဖြစ်၏။ ယခု နှစ်ဆတိုးလာခြင်းဖြစ်သည်။
လင်းယွမ်၏ အဆင့်တွင် သူ၏ ရုပ်ခန္ဓာက က ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေပြီး ဆက်လက်အဆင့်တက်မှသာ တိုးတက်နိုင်လေသည်။ သို့မဟုတ် စကြာဝဠာရတနာများကိုလည်း အသုံးပြုနိုင်လေသည်။ သို့သော် တိုးတက်လာသော စွမ်းအားက နှစ်ဆမပြောနှင့် ရာခိုင်နှုန်းအနည်းငယ်သာ ရှိလေသည်။
" မဟုတ်သေးဘူး။ ရုပ်ခန္ဓာပဲ တိုးတက်လာတာမဟုတ်ဘူး။ အတွင်းကမ္ဘာ..." လင်းယွမ်၏ အမူအရာက အံ့အားသင့်နေပုံရပြီး သူက အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားသည်။
ဝုန်း ဝုန်း ဝုန်း....
အတွင်းကမ္ဘာက ကျယ်ပြောလှပြီး မူလက မိုင်ခုနှစ်သိန်းကျယ်ဝန်းခဲ့သော အတွင်းကမ္ဘာမှာ ယခု မိုင် ၁၅သိန်း အထိ တုန်လှုပ်ဖွယ်ရာ ကျယ်ပြန့်လာခဲ့သည်။
ကမ္ဘာစွမ်းအားက ကောင်းကင်ပြိုကျပြီး မြေကြီးအက်ကွဲသွားသကဲ့သို့ လည်ပတ်နေသည်။ ကောင်းကင်အောက်တွင် စကြာဝဠာရတနာ မူလမီးတောက်၏ နေလုံးက အတွင်းကမ္ဘာ၏ ကျယ်ပြန့်မှုကို အမှီမလိုက်နိုင်တော့ပဲ များစွာ သေးငယ်သွားခဲ့သည်။
" ငါ့ရဲ့ အတွင်းကမ္ဘာကလည်း အရွယ်အစား နှစ်ဆ တိုးလာတာလား။ " လင်းယွမ်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
အတွင်းကမ္ဘာ၏ အရွယ်အစားကို အချက်နှစ်ချက်နှင့် ခွဲခြားထားပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းတို့ဖြစ်သည်။
အတွင်းပိုင်းအချက်မှာ ရုပ်ခန္ဓာခွန်အားနှင့် လေဟာနယ်နိယာမအပေါ် နားလည်မှု စသည့်အရာများဖြစ်သည်။ ပုံမှန်အားဖြင့် လေဟာနယ်နိယာမ၏ ပင်မလေဟာနယ်ပုံစံများကို နားလည်လာသည်နှင့်အမျှ အတွင်းကမ္ဘာကလည်း ပိုမိုကြီးထွားလာမည်ဖြစ်သည်။ ရုပ်ခန္ဓာက အချိန်တိုအတွင်း မြှင့်တင်ရန် ခက်ခဲလေသည်။ သို့သော် ရုပ်ခန္ဓာကို အချိန်ယူပြီး တဖြည်းဖြည်း မြှင့်တင်ခြင်းက မခက်ခဲပေ။
ပြင်ပအရာများက လေဟာနယ်နိယာမနှင့် သက်ဆိုင်သော စကြာဝဠာရတနာများဖြစ်ငည်။ ဥပမာ အလွန်တန်ဖိုးကြီးသော ကမ္ဘာသစ်သီးက အတွင်းကမ္ဘာကို ဖန်တီးနေစဉ် ၎င်း၏ အရွယ်အစားကို အတင်းအကျပ် ချဲ့ထွင်နိုင်လေသည်။
သို့သော် ထိုသို့ ချဲ့ထွင်ခြင်းက တစ်ကြိမ်သာ ပြုလုပ်နိုင်၏။ အကယ်၍ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကမ္ဘာသစ်သီးကို ပထမဆုံးအကြိမ် အသုံးပြုလျှင် မိုင်ထောင်ပေါင်းများစွာ ကျယ်သော အတွင်းကမ္ဘာကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုအတွင်းကမ္ဘာကို ဆက်လက်ချဲ့ထွင်နိုင်ရန် ဆင့်ကဲပြောင်းလဲသူက လေဟာနယ်နိယာမကို နားလည်ရန် လိုအပ်လေသည်။
သို့သော် ယခု လင်းယွမ်၏ လေဟာနယ်နိယာမ နားလည်မှုကလည်း တိုးတက်လာခြင်းမရှိသေးပေ။ သူက ကမ္ဘာသစ်သီးကဲ့သို့ ရတနာများကို အသုံးမပြုခဲ့သော်လည်း သူ၏ အတွင်းကမ္ဘာက နှစ်ဆတိုးလာခဲ့သည်။
" ဒါက..." လင်းယွမ်က ပင့်သက်ရှိုက်သွား၏။ အတွင်းကမ္ဘာက အဋ္ဌမအလွှာ၏ အခြေခံဖြစ်ပြီး နဝမအလွှာနှင့် ဒသမအလွှာများထိပင် သက်ရောက်မှုရှိလေသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူနှစ်ယောက် တိုက်ခိုက်ရာတွင် တစ်ယောက်၏ အတွင်းကမ္ဘာက မိုင်တစ်သိန်းကျယ်ဝန်းပြီး အခြားတစ်ယောက်၏ အတွင်းကမ္ဘာက မိုင်ငါးသောင်းကျယ်ဝန်းလျှင် မိုင်တစ်သိန်းရှိသူသာ အနိုင်ရရှိပေလိမ့်မည်။
ဘူးသီးခြောက်ထဲမှ အနီရောင်အရည်က အတွင်းကမ္ဘာ၏ အရွယ်အစားကို ချက်ချင်းနှစ်ဆတိုးစေခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားက နှစ်ဆထက်ပင် ကျော်လွန်သွားနိုင်လေသည်။
" ပြီးတော့။ " လင်းယွမ်က ခဏအာရုံစိုက်ပြီးနောက် ပို၍ အံ့ဩစရာကောင်းသော အချက်တစ်ချက်ကို ရှာတွေ့ခဲ့သည်။ ၎င်းက သူ၏ အခြေခံကိုပင် တိုးတက်စေနိုင်ခဲ့သည်။
ပုံမှန်အားဖြင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာက မိုင်ရာဂဏန်းဖြင့် စတင်ဖန်တီးလေသည်။ ထို့နောက် ရုပ်ခန္ဓာနှင့် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်သွားလျှင် သူတို့၏ အတွင်းကမ္ဘာက မိုင်ဆယ်သန်း ရှိသွားပေလိမ့်မည်။
၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် သီအိုရီအရ အမြင့်ဆုံးကန့်သတ်ချက် ဖြစ်လေသည်။ အလွန်နည်းပါးသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများသာ သူတို့၏ အတွင်းကမ္ဘာကို ထိုအတိုင်းအတာထိ ချဲ့ထွင်နိုင်ကြသည်။ ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ရန်မှာ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် မတတ်နိုင်သော အရာဖြစ်သည်။
လင်းယွမ်၏ အခြေခံတိုးမြင့်မှုကြောင့် သူ့အတွက် အဋ္ဌမအလွှာ အတွင်းကမ္ဘာ၏ အမြင့်ဆုံးကန့်သတ်ချက်မှာ မိုင်ဆယ်သန်းမဟုတ်တော့ဘဲ မိုင်သန်းနှစ်ဆယ်ဖြစ်သွားခဲ့သည်။
ထိုသက်ရောက်မှုက အဋ္ဌမအလွှာတွင်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ လင်းယွမ်က နဝမအလွှာ၊ ဒသမအလွှာသို့ တက်လှမ်းခဲ့လျှင် တူညီသော အဆင့်ရှိသူများကြားတွင် ကြီးမားသော အားသာချက်ကို ရရှိပေလိမ့်မည်။
" မယုံနိုင်စရာပဲ။ တကယ်မယုံနိုင်စရာပဲ။ " လင်းယွမ်၏ စိတ်က အချိန်အတော်ကြာထိ မတည်ငြိမ်နိုင်သေးပေ။
မိုင်ဆယ်သန်းရှိသော အတွင်းကမ္ဘာက လူသားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် အချုပ်အနှောင်များဖြစ်သည်။ သို့သော် အထူးသက်ရှိအချို့က ထိုကန့်သတ်ချက်ထက် ကျော်လွန်သော အတွင်းကမ္ဘာများရှိကြသည်။ ဥပမာ အထူးသက်ရှိ ကြယ်ပင်လယ်ခွန်ကဲ့သို့ သက်ရှိများ၏ အမြင့်ဆုံးကန့်သတ်ချက်က လူသားများထက် ကျော်လွန်လေသည်။ သို့သော် ၎င်းက သဘာဝသာ ဖြစ်သည်။
" ဒါက အနီရောင်အရည်ရဲ့ ပထမဆုံးတစ်စက်ပဲ ရှိသေးတယ်။ အဲ့ဒီတစ်စက်ကိုလည်း ငါအပြည့်အဝ မစုပ်ယူနိုင်သေးဘူး။ နောက်ထပ် အရည်ခြောက်မျိုးရှိသေးတယ်။ ငါ့ရဲ့ အတွင်းကမ္ဘာရဲ့ အမြင့်ဆုံးကန့်သတ်ချက်က ဘယ်ခေါက်ထိ ရောက်သွားမလဲ။ သန်းပေါင်းများစွာလား။ ဒါမှမဟုတ် ဘီလီယံပေါင်းများစွာအထိ ရောက်သွားနိုင်မလား။ "
လင်းယွမ်၏ အကြည့်က ပြောင်းလဲသွားပြီး သူ၏ ရှေ့မှ ဘူးသီးခြောက်ကို ကြည့်လိုက်သည်။ အတွင်းကမ္ဘာ၏ အရွယ်အစားက မိုင်သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံပေါင်းများစွာ ရောက်ရှိခဲ့လျှင် လင်းယွမ်က စကြာဝဠာစွမ်းအားတစ်ခုမှ မပိုင်ဆိုင်လျှင်တောင် ထိုအဋ္ဌမအလွှာ တားဆီးမရသူများကို ရိုက်နှက်နိုင်ဆဲ ဖြစ်သည်။ စကြာဝဠာစွမ်းအညးက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ စွမ်းရည်များကို မြှင့်တင်သည့်နည်းလမ်းတစ်ခုသာ ဖြစ်ပြီး အတွင်းကမ္ဘာကလည်း ထိုသို့ လုပ်ဆောင်နိုင်လေသည်။