← Chapters

၃.၃၃ဆ...

Vol. 23 Ch. 357

၃.၃၃ဆ...

Vol. 23 Ch. 357

B520 မျိုးနွယ်ခြားစစ်မြေပြင်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး စစ်မြေပြင်၏ လူသားမျိုးနွယ် ထိန်းချုပ်ရေး ဧရိယာသို့ ဝင်ရောက်လာသည်။

အလတ်စား မျိုးနွယ်ခြားစစ်မြေပြင်တွင် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလွန်များလေသည်။ အဋ္ဌမအလွှာ စဦးအဆင့်မှ နှောင်ပိုင်းအဆင့်ထိ၊ အဋ္ဌမအလွှာ တားဆီးမရသူများပင် တွေ့ရလေသည်။

အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က အလတ်စား စစ်မြေပြင်တွင် လွှမ်းမိုးနိုင်စွမ်းရှိလေသည်။ သူတို့က နဝမအလွှာတစ်ယောက်နှင့် တွေ့ခဲ့လျှင်တောင် လွတ်မြောက်နိုင်မည့် အခွင့်အရေးရှိလေသည်။

" ဒီစစ်မြေပြင်ရဲ့ ထာဝရလေဟာနယ်အက်ကွဲကြောင်းက မီတာတစ်သောင်းကျယ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းခွဲက ကြီးမြတ်သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတာပဲ။ " လင်းယွမ် သို့မဟုတ် ယင်စိတ်ဝိညာဉ်က လူသားဆင့်ကဲပြောင်းလဲသူများနောက်မှ လိုက်လာပြီး မကြာမီ ကြောက်စရာကောင်းသော ထာဝရလေဟာနယ်အက်ကြောင်းကို တွေ့လိုက်ရသည်။

" ဒါက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားရဲ့ စုဆောင်းမှုကို ဘယ်လောက်မြှင့်တင်ပေးနိုင်မလဲ ကြည့်ရအောင်။ " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အာရုံစိုက်လိုက်သည်။

ခဏအကြာတွင် လင်းယွမ်က အံ့အားသင့်သွားပြီး ပျော်ရွှင်သော အမူအရာ ပေါ်လာသည်။

" ဒီနေရာမှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းမှုနှုန်းက စစ်မြေပြင်ငယ်တွေမှာထက် ပိုမြန်တယ်။ အဲ့ဒီတော့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားစုဆောင်းမှုအပေါ် သက်ရောက်မှုရှိတာ ထာဝရလေဟာနယ်အက်ကြောင်းတွေရဲ့ အရွယ်အစားထင်တယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

သူက ယခင် စမ်းသပ်ခဲ့ဖူးသည်။ ယင်စိတ်ဝိညာဉ်နှင့်ယန်စိတ်ဝိညာဉ်တို့ကို မတူညီသော မျိုးနွယ်ခြားစစ်မြေပြင်များသို့ စေလွှတ်ပြီး ထာဝရလေဟာနယ်အက်ကြောင်းများအနီးတွင် ရှိနေစေခဲ့သည်။ သို့သော် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တိုးတက်မှုအပေါ် သိသာသော အကျိုးသက်ရောက်မှုမရှိခဲ့ပေ။

သို့သော် အလတ်စား စစ်မြေပြင်ရှိ မီတာတစ်သောင်းကျယ်သော ထာဝရလေဟာနယ်အက်ကြောင်းအနီးသို့ ရောက်သောအခါ လင်းယွမ်က ထူးခြားမှုကို ခံစားမိခဲ့သည်။

" အနန္တကမ္ဘာများ ဂိတ်တံခါးရဲ့ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းမှုနှုန်းက တစ်မျှင်ကို ၃၃၃ရက်ကနေ ၂၉၀ ရက်ထိ ရောက်သွားခဲ့တယ်။ အခုတော့ တစ်မျှင်ကို ရက်၂၀၀ပဲ စုဆောင်းရမယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားစုဆောင်းနှုန်းက ရက် ၂၀၀တွင် တစ်မျှင်ဖြစ်ပြီး ယခင်ထက် နှစ်ဆနီးပါး တိုးလာခဲ့သည်။

" အခု ငါ့မှာ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၁၇မျှင် ရှိတယ်။ " လင်းယွက တွေးလိုက်သည်။ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၁၇မျှင်က သူ့ကို ၁၇ကြိမ် ဆင်းသက်စေနိုင်လေသည်။

သို့သော် ၎င်းက ကျပန်းဆင်းသက်ခြင်းသာဖြစ်ပြီး လင်းယွမ်၏ ခွန်အားမကြီးသည့်အချိန်တွင် ကျပန်းဆင်းသက်ခြင်းက သူ့ကို ကောင်းစွာ တိုးတက်စေလေသည်။ သို့သော် ယခု လင်းယွမ်က အဋ္ဌမအလွှာသို့ ရောက်နေပြီဖြစ်ပြီး ကမ္ဘာအများစုကို သူဆင်းသက်လျှင်တောင် ရရှိနိုင်သော အကျိုးအမြတ်က အကန့်အသတ်နှင့် ရှိလေသည်။ ဥပမာ အဆင့်နိမ့်ကမ္ဘာများသို့ ရောက်သွားလျှင် သူက နောက်တစ်ဆင့်တက်ရန် မပြောနှင့် မူလခွန်အားကို ရရှိရန်ပင် မေးခွန်းထုတ်ရပေလိမ့်မည်ဖြစ်သည်။

အရေးကြီးဆုံးမှာ ခုနှစ်ကြိမ်မြောက်ဆင်းသက်ခြင်းပြီးနောက် သူရောက်ရှိသော ကမ္ဘာများတွင် နေထိုင်ချိန်က ထိုကမ္ဘာ၏ အဆင့်နှင့် သက်ဆိုင်နေသည်။ ပြောရလျှင် လင်းယွမ် ဆင်းသက်သော ကမ္ဘာက အဆင့်နိမ့်လျှင် နေထိုင်ချိန်နည်းပြီး ကမ္ဘာအဆင့်မြင့်လျှင် နေထိုင်ချိန်ကြာမြင့်မည်ဖြစ်သည်။

မကြာမီ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် အကောင်းဆုံးနေရာကို ရှာတွေ့သွားခဲ့သည်။ ထိုနေရာက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုဆောင်းမှုကို အများဆုံး တိုးမြှင့်ပေးပြီး ၁၉၈ရက်တွင် တစ်မျှင် စုဆောင်းနိုင်လေသည်။

" ငါ့ရဲ့ အတွင်းကမ္ဘာက... " လင်းယွမ်က သူ၏ ချီပင်လယ် ဒန်တန်ထဲမှ ထိုက်ယင်ကမ္ဘာကို ခံစားကြည့်လိုက်သည်။

အဋ္ဌမအလွှာသို့ ရောက်ပြီးနောက် မူလစိတ်ဝိညာဉ်ကလည်း အတွင်းကမ္ဘာတစ်ခု ဖွင့်နိုင်ခဲ့သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က မီးလျှံများပြည့်နှက်နေသော ထိုက်ယန်ကမ္ဘာကို ဖန်တီးခဲ့ပြီး ထိုက်ယင်မူလစိတ်ဝိညာဉ်ကလည်း ထိုက်ယင်ကမ္ဘာကို ဖန်တီးနိုင်ခဲ့သည်။

ထိုက်ယန်နိယာမကို ကျွမ်းကျင်သွားသောကြောင့် ထိုက်ယန်စိတ်ဝိညာဉ်မှ ဖန်တီးခဲ့သော အတွင်းကမ္ဘာက မိုင်လေးသိန်းကျယ်ဝန်းပြီး အဋ္ဌမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် မူလခန္ဓာကိုယ်၊ ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့၏ အတွင်းကမ္ဘာများက ကွဲပြားကြလေသည်။ ထိုက်ယင်၊ ထိုက်ယန် သို့မဟုတ် ထိုက်ကျိကို ထိန်းချုပ်ထားသော မူလခန္ဓာကိုယ်က မိုင်ခုနှစ်သိန်းရှိသော အတွင်းကမ္ဘာကို ဖွင့်လှစ်နိုင်ခဲ့သည်ယာ ဆန်းကြယ်သော ဘူးသီးခြောက်မှ အရည်ကြောင့် အတွင်းကမ္ဘာက မိုင်နှစ်သန်းအထိ ကျယ်ပြန့်သွားခဲ့သည်။

ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက ယခု မိုင်နှစ်သိန်းသာ ရှိသေးသည်။ လင်းယွမ်က ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်သည်နှင့် ၎င်း၏ ထိုက်ယင်ကမ္ဘာကလည်း မိုင်လေးသိန်းအထိ ကျယ်ပြန့်သွားပေလိမ့်မည်။

" ကံမကောင်းစွာနဲ့ ဘူးသီးခြောက်ထဲက အရည်က အသားနဲ့ သွေးရှိတဲ့ သက်ရှိတွေအပေါ်ပဲ သက်ရောက်မှုရှိပြီး စွမ်းအင်သက်ရှိတွေအပေါ် သက်ရောက်မှုမရှိဘူး။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ခေါင်းခါလိုက်သည်။

စကြာဝဠာက ကျယ်ပြောလှပြီး မရေတွက်နိုင်သော သက်ရှိများကို မွေးဖွားပေးသည်။ ထိုသက်ရှိများထဲမှ အသားနှင့် သွေးရှိသော သက်ရှိများက အဓိကသက်ရှိအမျိုးအစားဖြစ်သည်။ အသားနှင့် သွေးရှိသော သက်ရှိများအပြင် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော သက်ရှိပုံစံများလည်း ရှိသည်။၎င်းတို့၏ အနှစ်သာရမှာ စိတ်ဝိညာဉ် သို့မဟုတ် နက်နဲသည့် စွမ်းအင်တစ်မျိုးဖြစ်သည်။ လင်းယွမ်၏ မူလစိတ်ဝိညာဉ်နှစ်ခုကို စွမ်းအင်သက်ရှိများဟု ခေါ်နိုင်လေသည်။

အသားနှင့် သွေးရှိသော သက်ရှိများနှင့်ယှဉ်လျှင် စွမ်းအင်သက်ရှိများက အားသာချက်များ ရှိသည်။ ဥပမာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအများစုကို ခုခံနိုင်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်တွင် သွေးမျိုးဆက်အချို့နှင့် နည်းလမ်းအချို့က ခန္ဓာကိုယ်ကို စွမ်းအင်ပုံစံအဖြစ် ယာယီပြောင်းလဲနိုင်သော်လည်း ၎င်းတို့က စွမ်းအင်သက်ရှိများနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။

" လောလောဆယ်တော့ ဒီမှာ နေဖို့ လိုလိမ့်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။

သူ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသော အလတ်စား မျိုးနွယ်ခြားများ၏ စစ်မြေပြင်က ထာဝရလေဟာနယ်အက်ကြောင်းရှိသည့်အပြင် ပြင်းထန်သော တိုက်ပွဲများလည်း နည်းပါးသောကြောင့် ဖြသ်သည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်သည်။ ပင်မကြယ်နှင့် ကြယ်နယ်မြေ၏ သေးငယ်သော ကိစ္စများကို သူ၏ လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးထားပြီး ဉာဏ်ပညာနတ်ဘုရားက ကြီးကြပ်နေသောကြောင့် ပြဿနာများ ဖြစ်မည်မဟုတ်ပေ။

လင်းယွမ်က ပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အသုံးပြုပြီးနောက် သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာရှိ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။

" တိုးတက်နှုန်းက တဖြည်းဖြည်း နှေးလာပြီ။ " လင်းယွမ်က စဉ်းစားလိုက်သည်။ ပထမဆုံးအကြိမ် အနီရောင်အရည်စက်ကို စုပ်ယူချိန်တွင် လင်းယွမ်၏ အတွင်းကမ္ဘာက ချက်ချင်း နှစ်ဆ တိုးလာခဲ့သည်။

နောက်ထပ်စုပ်ယူမှုတိုင်းတွင် ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာ၏ တိုးတက်မှုက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ လင်းယွမ်က ၎င်းကို အံ့ဩခြင်းမရှိပေ။ဘူးသီးခြောက်ထဲမှ အနီရောင်အရည်က အတွင်းကမ္ဘာကို အတင်းအကျပ် ချဲ့ထွင်နိုင်ခြင်းကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။

လက်ရှိတွင် လင်းယွမ်က ပထမဆုံး အနီရောင်အရည်ကိုသာ စုပ်ယူရဆဲ ဖြစ်ပြီး နောက်ထပ် မတူညီသော အရောင်ခြောက်မျိုး ကျန်နေသေးသည်။

" အခု ငါ့ရဲ့ အတွင်းကမ္ဘာက မိုင်ပေါင်း နှစ်သန်းနှစ်သိန်းဖြစ်နေပြီ။ မူလ မိုင်ခုနှစ်သိန်းရဲ့ ၃.၁ဆပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ တိုးတက်မှုအတိုင်းအတာက လျော့နည်းလာသည်။ လင်းယွမ်၏ ခန့်မှန်းချက်အရ ပထမဆုံး အနီရောင်အရည်က သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာကို အများဆုံး ၃.၃၃ဆ အထိ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။ သူက အနီရောင်အရည်ကို အပြည့်အဝ စုပ်ယူပြီးသည်နှင့် လိမ္မော်ရောင်အရည်ကို စတင်စုပ်ယူနိုင်ပြီဖြစ်သည်။

" ၃.၃၃ဆ..." လင်းယွမ်က အတွေးနက်သွား၏။ သူက ထိုနံပါတ်နှင့် အလွန်ရင်းနှီးနေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာရန် လိုအပ်ချက်များထဲမှ တစ်ခုမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ခြင်းဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို ရက်ပေါင်း ၃၃၃ရက်နှုန်းဖြင့် စုဆောင်းခဲ့သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်တို့က နက်ရှိုင်းသော မူလဇစ်မြစ်များ ရှိကြသည်။ အထူးသဖြင့် အနန္တကမ္ဘာများ၏ ဂိတ်တံခါးက လင်းယွမ်ကို အခြားကမ္ဘာများသို့ ပို့ဆောင်ပေးနိုင်သည်။

သူ အားနည်းစဉ်အချိန်က ၎င်းကို သိပ်မတွေးမိခဲ့ပေ။ သို့သော် သူ၏ ခွန်အားတိုးတက်လာပြီး လေဟာနယ်နိယာမကို ပို၍ နက်ရှိုင်းစွာ နားလည်လာသည်နှင့်အမျှ ထိုသို့သော နည်းလမ်းက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ပိုမိုသိရှိလာခဲ့သည်။ ကြီးမြတ်သူများပင် အခြားကမ္ဘာများသို့ လမ်းကြောင်းတစ်ခု ဖန်တီးနိုင်မည်မဟုတ်ပေ။

" ဆက်လုပ်ရမယ်။ အနီရောင်အရည်ကို အပြည့်အဝ စုပ်ယူပြီးရင် လိမ္မော်ရောင်အရည်က ဘယ်လိုသက်ရောက်မှုမျိုးရှိမလဲ ကြည့်ရမယ်။ " လင်းယွမ်က ခနအနားယူပြီးနောက် အနီရောင်အရည်ကို ပြန်လည်စုပ်ယူလိုက်သည်။

ထို့အပြင် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင်လုပ်ရန်နှက့် ပင်မလေဟာနယ်ပုံစံများကို လေ့လာရန်လည်း မမေ့လျော့ခဲ့ပေ။ အရာအားလုံးက စနစ်တကျ ရှေ့ဆက်နေပြီး လင်းယွမ်၏ ခွန်အားကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

အတွင်းကမ္ဘာ တစ်မိုင်တိုးလာခြင်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အတွက် သိသာသော တိုးတက်မှုဖြစ်ပြီး တစ်နေ့ တစ်မိုင်တိုးတက်နေသော လင်းယွမ်အတွက် ပြောစရာပင်မလိုပေ။

All Chapters