← Chapters

မှတ်ဉာဏ်အဆိပ်....

Vol. 23 Ch. 359

မှတ်ဉာဏ်အဆိပ်....

Vol. 23 Ch. 359

ကြီးမြတ်သူရှချင်က ထိုအချက်ကို သိရှိပြီး လင်းယွမ်၏ အရည်အချင်းက လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက် ထိပ်ဆုံးနှစ်ဆယ် သို့မဟုတ် ထိပ်ဆုံးဆယ်ယောက်ထဲသို့ပင် ဝင်နိုင်ကြောင်း ပြောခဲ့သည်။ ထိုသတ်မှတ်ချက်က လူသားမျိုးနွယ်၏ သမိုင်းတစ်ခုလုံးဖြစ်ပြီး အင်းဆက်မျိုးနွယ်၏ စာရင်းက လက်ရှိခေတ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။

အင်းဆက်မျိုးနွယ်က လင်းယွမ်အပေါ် ကြီးမြတ်သူရှချင်၏ အကဲဖြတ်မှုကိုသာ သိခဲ့လျှင် သဘောတူညီချက်ကို တဖန်ချိုးဖျက်ပြီူ လင်းယွမ်ကို အပြီးတိုင် ဖယ်ရှားပစ်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုပေလိမ့်မည်။

ယနေ့ခေတ်တွင် အဆင့်ခုနှစ်ရှိသူတစ်ယောက်က ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အခွင့်အရေးက အလွန်နည်းပါးလေသည်။ သို့သော် လူသားမျိုးနွယ်သမိုင်းတွင် ထပ်ဆုံးနှစ်ဆယ် သို့မဟုတ် ထိပ်ဆုံးဆယ်ယောက်တွင် အဆင့်သတ်မှတ်ခံရသော ပါရမီရှင်တစ်ယောက်က ၎င်းထက် များစွာပို၍ အခွင့်အရေးရှိလေသည်။

လူသားမျိုးနွယ်က အခြားအထွတ်အထိပ်မျိုးနွယ်များကို ကြီးမြတ်သူတစ်ယောက် ရရှိရန် ခွင့်မပြုနိုင်ဘဲ အင်းဆက်မျိုးနွယ်ကလည်း လူသားမျိုးနွယ်မှ နောက်ထပ်ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာမည်ကို အပြည့်အဝ တားဆီးပေလိမ့်မည်။

အမှန်တွင် ကြီးမြတ်သူရှချင်ပင် လင်းယွမ်၏ အရည်အချင်းကို လျှော့တွက်ခဲ့သည်။ ရှချင်က လင်းယွမ်ကိကု မူလကမ္ဘာ၏ ပြင်ပရှိ အင်အားစုများ၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်အကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။ ထိုအမွေအနှစ်မှ မရေတွက်နိုင်သော ကျင့်ကြံမှုအရင်းအမြစ်များနှင့် ကံကောင်းသော အခွင့်အလမ်းများ ပါဝင်သည်မှာ သေချာလေသည်။ ထိုကြောင့် လင်းယွမ်က ယနေ့အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။

သို့သော် အမှန်တကယ်တွင် လင်းယွမ်က ဆင့်ကဲပြောင်းလဲသူဖြစ်လာချိန်မှ နဂါးငွေ့တန်းကြယ်သခင်ဖြစ်လာသည့်အချိန်အထိ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ လွဲ၍ မည်သည့်ကံကောင်းမှုမျိုးကိုမှ မကြုံတွေ့ခဲ့ပေ။

" ဒီလုပ်ကြံမှုမှာ မင်းတို့က အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်ကို ပြန်မရှင်နိုင်အောင် လုံးဝ သတ်ပစ်ရမယ်။ " အင်းဆက်အသိုက်ပုံရိပ်က စိတ်ဝိညာဉ်လှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။

" ပြန်မရှင်နိုင်အောင် လုံးဝသတ်ပစ်ဖို့လား။ " အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လာကြသည်။

လင်းယွမ်၏ အဆင့်အတန်းနှင့် ခွန်အားအရ နဂါးငွေ့တန်းကြယ်နယ်မြေတွင် ရှိနေသူမှာ ကိုယ်ပွားဖြစ်နိုင်ချေအလွန်များလေသည်။ မူလခန္ဓာကိုယ်က အလွန်လုံခြုံသော နေရာတွင် ရှိနေပေလိမ့်မည်။အဋ္ဌမအလွှာ တားဆီးမရသူငါးယောက် ပူးပေါင်းလျှင် ကြယ်သခင်က မခုခံနိုင်သည်မှာ သေချာလေသည်။ သို့သော် သူ၏ မူလခန္ဓာကိုယ်နှင့်အတူ သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လင်းယွမ်ကလည်း အဋ္ဌမအလွှာတွက် ရှိနေပြီး ထိုတားဆီးမရသူများနှင့် အဆင့်တူဖြစ်၏။ ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကဲ့သို့သော နည်းလမ်းများပင် သက်ရောက်မှုရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့က သူ့ကို လုံးဝ မသတ်ပစ်နိုင်ရုံသာမက ပြန်လည်ရှင်သန်ခြင်းမှလည်း တားဆီးနိုင်မည်မဟုတ်ပေ။

" စိတ်ချပါ။ " အင်းဆက်အသိုက်ပုံရိပ်က အနည်းငယ် လင်းလက်သွားပြီး လေးထောင်ပုံးတစ်ခုပေါ်လာသည်။ ထိုလေးထောင့်ပုံးက ကြည်လင်နေပြီး အတွင်းတွင် မြူခိုးများ လှည့်ပတ်နေသည်။

" ဒါက မှတ်ဉာဏ်အဆိပ်ပဲ။ မင်းတို့ငါးယောက်က နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွားကို ထိန်းချုပ်ပြီး မှတ်ဉာဏ်အဆိပ်ကို သူ့ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်။ ဒါဆို ကျန်တာစိတ်ပူစရာမလိုတော့ဘူး။ " အင်းဆက်အသိုက်ပုံရိပ်က ပြောလိုက်သည်။

" မှတ်ဉာဏ်အဆိပ်လား။ " အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်က ထိတ်လန့်သွားကြသည်။

မှတ်ဉာဏ်အဆိပ်က အလွန်ထူးခြားသေယ ပစ္စည်းတစ်ခုဖြစ်သည်။ ကိုယ်ပွားစွမ်းရည်က မူလခန္ဓာကိုယ်၏ စိတ်အသိနှင့် မှတ်ဉာဏ်များကို မျှဝေထားသည်။ ကိုယ်ပွားထဲသို့ မှတ်ဉာဏ်အဆိပ်ကို ထိုးထည့်လိုက်သည်နှင့် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များကလည်း ညစ်ညမ်းပြီး ရှုပ်ထွေးသွားပေလိမ့်မည်။ ထိုအချိန်တွင် ကြီးမြတ်သူတစ်ယောက်က သူ့ကို ပြန်လည်ရှင်သန်စေလျှင်တောင် အဓိပ္ပါယ်မရှိတော့ပေ။

ပြန်လည်ရှင်သန်ခြင်းမှာ ကြီးမြတ်သူတစ်ယောက်က အချိန်နိယာမကို အသုံးပြုပြီး အချိန်နှင့်လေဟာနယ်ကို ပြောင်းပြန်လှန်ပြီး သေဆုံးသွားသော သက်ရှိကို အတိတ်မှ ပစ္စုန်ပ္ပန်သို့ ခေါ်ယူခြင်းဖြစ်သည်။ သို့သော် မည်သည့်အချိန်က ဆွဲခေါ်သည်ဖြစ်စေ ထိုသက်ရှိက ပြန်လည်ရှင်သန်လာသည်နှင့် မသေဆုံးခင်က မှတ်ဉာဏ်များကို ပြန်လည်ရရှိပေလိမ့်မည်။ နောက်ဆုံး ကြီးမြတ်သူတစ်ယောက်က မှတ်ဉာဏ်မညစ်ညမ်းသေးသော အတိတ်သို့ ပြန်သွားပြီး သက်ရှိတစ်ဦးကို ပြန်လည်ခေါ်ယူလာလျှင်တောင် ကြယ်စကြာဝဠာထဲသို့ ပြန်ရောက်လာပြီး မှတ်ဉာဏ်များ ထပ်တူပြုလိုက်သည်နှင့် တဖန်ပြန်လည်ညစ်ညမ်းသွားပေလိမ့်မည်။

" လူသားအဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို မှတ်ဉာဏ်အဆိပ်သုံးဖို့လား။ သူက ထူးချွန်တဲ့ ပါရမီရှင်ဖြစ်နေရင်တောင်..." တားဆီးမရသူတစ်ယောက်က ရေရွတ်လိုက်သည်။

မှတ်ဉာဏ်အဆိပ်က အလွန်တန်ဖိုးရှိလေသည်။ ကြီးမြတ်သူတစ်ယောက်ပင် ကြီးမားသော အားထုတ်မှုနှင့် တန်ဖိုးအချို့ ပေးဆပ်ပြီးမှ ဖန်တီးနိုင်လေသည်။ ထို့အပြင် အင်းဆက်မျိုးနွယ်တွင် မှတ်ဉာဏ်အဆိပ်များစွာ မရှိပေ။

" ငါတို့ သတ်မှတ်ထားတဲ့ စားရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက ဘယ်သူ့ကိုမဆို မှတ်ဉာဏ်အဆိပ် သုံးသင့်ပါတယ်။ " အင်းဆက်အသိုက်ပုံရိပ်က မှတ်ချက်ချလိုက်သည်။ " ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်ရဲ့ အဆင့်အတန်းကို ကြည့်ရင် သူ့မှာ အသက်ကယ်ပစ္စည်းတွေ ရှိမှာ သေချာတယ်။ မင်းတို့ငါးယောက်လုံး အင်အားအပြည့်တိုက်ခိုက်ပြီး ဘာအခွင့်အရေးမှ မပေးမိစေနဲ့။ "

မှတ်ဉာဏ်အဆိပ်က ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းက မှတ်ဉာဏ်များကိုသာ ပစ်မှတ်ထားလေသည်။ ထို့ကြောင့် အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်က နဂါးငွေ့တန်းကြယ်သခင်ကို လုံးဝအနိုင်ယူပြီး ခုခံနိုင်သည့် အခွင့်အရေးအားလုံးကို ဖြတ်တောက်မှသာ မှတ်ဉာဏ်အဆိပ်ကို အသုံးပြုနိုင်လေသည်။

နဂါးငွေ့တန်းပင်မကြယ်။

လင်းယွမ်က သူ၏ အတွင်းကမ္ဘာထဲသို့ ရောက်လာသည်။

" မိုးကြိုးနှလုံးသား။ " လင်းယွမ်က မိုးကြိုးနှလုံးသားကို သူ၏ အတွင်းကမ္ဘာနှင့် ပေါင်းစပ်လိုက်သည်။

ဝုန်း....

ခရမ်းရောင်လျှပ်စီးများက မိုင်နှစ်သန်းကျော်ကျယ်ဝန်းသော သူ၏ အတွင်းကမ္ဘာထဲတွင် လှည့်ပတ်သွားသည်။ ခရမ်းရောင်လျှပ်စီးများက ဖျက်ဆီးခြင်းစွမ်းအားများပြည့်နှက်နေပြီး အသက်ဓာတ်များက ပြင်းထန်စွာ ထွက်ပေါ်ကာ အတွင်းကမ္ဘာက ပို၍ စစ်မှန်လာသည်။

" မိုးကြိုးနှလုံးသားလို့ ခေါ်ထိုက်ပါတယ်။ " လင်းယွမ်က အတွင်းကမ္ဘာ၏ ပြောင်းလဲမှုများကို ကြည့်ပြီး ကျေနပ်သွားသည်။

စကြာဝဠာရတနာအချင်းချင်းပင် ကွဲပြားခြားနားမှုများ ရှိလေသည်။ မိုးကြိုးနှလုံးသားက မူလမီးတောက်ကဲ့သို့ စကြာဝဠာရတနာများထက် သာလွန်လေသည်။

" ငါ့ရဲ့ လက်ရှိခွန်အားက အဋ္ဌမအလွှာရဲ့ တားဆီးမရသူတွေအောက်မှာ ပထမလို့ ပြောလို့ရလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ " ခုတော့ ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်ဖို့ နည်းနည်း လိုသေးတယ်။ "

လင်းယွမ်က အတွင်းကမ္ဘာထဲတွင် ထိုင်ပြီး သူ၏ အတွေးများက လှုပ်ရှားနေသည်။ စတုတ္ထအလွှာမှစ၍ ထိုက်ယင်နှင့် ထိုက်ယန် နိယာမကို နားလည်ခဲ့ပြီး ယခု အဋ္ဌမအလွှာအထိ ထိုက်ယန်နိယာမက အမြဲတမ်းရှေ့ဆုံးမှ ဦးဆောင်နေခဲ့သည်။

ထို့အပြင် ထိုက်ယင်နှင့် ထိုက်ယန်တို့က တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး ထိုက်ကျိဖြစ်ပေါ်လာသောကြာင့် ထိုက်ယင်နိယာမက အနည်းငယ် အားနည်းနေလျှင်တောင် လင်းယွမ်အပေါ် များစွာ သက်ရောက်မှုမရှိပေ။

" အလျင်မလိုဘူး။ မကြာခင် နားလည်တော့မယ်လို့ ငါခံစားရတယ်။ အများဆုံး နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုလောက်ပဲ။ " လင်းယွမ်က ကောင်းကောင်း ခံစားနေရသည်။

အခြားဆင့်ကဲပြောင်းလဲသူများက ထိုက်ယင်နိယာမကို အပြည့်အဝ နားလည်ရန် မရေတွက်နိုင်သော အခက်အခဲများနှင့် အတားအဆီးများကို ဖြတ်ကျော်ရန် လိုအပ်လေသည်။ သို့သော် သူက ထိုက်ယန်နိယာမကို ထိုက်ယင်နိယာမအဖြစ် ပြောင်းလဲနိုင်သောကြောင့် အခက်အခဲ သို့မဟုတ် အတားအဆီးများ ရှိမနေပေ။

" စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲ။ " လင်းယွမ်က ကြီးမြတ်သူရှချင်ပေးခဲ့သော အသက်ကယ်ပစ္စည်းကို တစ်ချက်ကြည့်လိုက်သည်။

စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက စိတ်စွမ်းအားကို စောင့်ရှောက်ပြီး မှတ်ဉာဏ်များကိုလည်း ကာကွယ်ပေးသည်။ ကြီးမြတ်သူတစ်ယောက်က တိုက်ခိုက်ခဲ့လျှင်တောင် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက ခဏမျှ ပိတ်ဆို့ပေးပြီး လင်းယွမ်ကို ကိုယ့်ကိုကိုယ် ဖျက်ဆီးရန် အခွင့်အရေး ပေးနိုင်လေသည်။ သို့သော် စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက ကြီးမြတ်သူတစ်ယောက် တိုက်ခိုက်မှ အသက်ဝင်မည်ဟု မဆိုလိုပေ။

လင်းယွမ်၏ စိတ်စွမ်းအား သို့မဟုတ် မှတ်ဉာဏ်များကို ခြိမ်းခြောက်နိုင်သည့် မည်သည့်တိုက်ခိုက်မှုကို မဆို စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက ပိတ်ဆို့ပေးလိမ့်မည်ဖြစ်သည်။

နဂါးငွေ့တန်းပင်မကြယ်၏ နန်းတော်ထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း အနီရောင်မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေသည်။ အချိန်မည်မျှကြာသွားသည်မသိလိုက်ဘဲ လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။

" ငါ ငါ့ခန္ဓာကိုယ်က မပျက်ဆီးသွားဘူးလား။ " လင်းယွမ်က ဆန်းကြယ်သော ဘူးသီးခြောက်မှ ရရှိသော အချက်အလက်များအရ ခန္ဓာကိုယ်က အဆုံးထိ မထိခိုက်ဘဲ ရှိနေလျှင် ဘူးသီးခြောက်အတွင်းမှ အနီရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်ပြီဖြစ်သည်။

ယခင် မရေတွက်နိုင်သော အကြိမ်များတွင် လင်းယွမ်၏ ခန္ဓာကိုယ်က ပြာမှုန်များ ဖြစ်သွားခဲ့ပြီး ပြန်လည်မွေးဖွားခြင်းစွမ်းရည်ဖြင့် ပြန်လည်ရှင်သန်ခဲ့ရသည်။ ယခုအခါ လင်းယွမ်၏ ခန္ဓာကိုယ်က ဆက်လက်တည်ရှိနေခဲ့သည်။

" တကယ် ၃.၃၃ဆ တိုးလာတာပဲ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်နှင့် အတွင်းကမ္ဘာကို အာရုံစိုက်ပြီး မှတ်ချက်ချလိုက်သည်။ သူ၏ အတွင်းကမ္ဘာက ယခုအခါ ၂.၇သန်းနီးပါး ကျယ်ဝန်းလာပြီဖြစ်သည်။

All Chapters